ဆန်အထူးပြု ကုမ္ပဏီများ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်

klnMay 27, 20101min02

မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း၏ ဦးဆောင်မှုဖြင့် ဆန်အထူးပြုကုမ္ပဏီများ၏ ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို မေလ ၂၈၊၂၉ ရက်များတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) တွင် ကျင်းပရန်စီစဉ်ထားကြောင်း သိရသည်။ ယင်းဆွေးနွေးပွဲတွင် ဆန်စပါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် ငွေကြေးတတ်နိုင်သူများက လယ်သမားများကို ယခုထက်ပိုမို ကူညီနိုင်ရန် ဆန်အထူးပြုကုမ္ပဏီများ အနေနှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်ထားသည့် အစီအမံများအကြောင်းကိုလည်း ဆွေးနွေးကြမည် ဖြစ်သည်။ ထို့ပြင် ဆန်စက်လုပ်ငန်းများတွင် ရင်းနှမြှုပ်နှံထားရှိမှုများနှင့် ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်နှင့်လည်း ပတ်သက်သည့်အချက်အလက်များကိုလည်း အဆိုပါဆွေးနွေးပွဲတွင် ဖလှယ်သုံးသပ်ကြမည်ဖြစ်ကြောင်း သိရသည်။ “ ဒီပွဲကို ဥက္ကဋ္ဌ အပါအဝင် ဦးဆောင်ကုမ္ပဏီတွေ အကုန်လုံးတက်ကြဖို့ရှိပါတယ်။ အနာဂတ် ဆန်စပါးလုပ်ငန်းကို အခုထက်တိုးတက်ဖို့ စည်းစည်းလုံးလုံးနဲ့ ဆောင်ရွက်နိုင်ဖို့ ကျင်းပရခြင်းပါ ” ဟုမြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။ မြန်မာနိုင်ငံတွင် လယ်ယာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် လယ်သမားများ လယ်ယာလုပ်ငန်းကို အာရုံစူးစိုက်လုပ်ကိုင်နိုင်ရန် ဆန်စပါးထုတ်လုပ်မှုကို တိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် ဆန်အထူးပြု ကုမ္ပဏီများကို ၂၀၀၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ယင်းသို့ ဖွဲ့စည်းပြီး လယ်သမားများအား အတိုးနှုန်း ၂ ကျပ်ဖြင့် တစ်ဧကလျှင် သတ်မှတ်ငွေ ပမာဏ၊ ငွေကြေး၊ ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး စသည့် သွင်းအားစုများ ပံ့ပိုးပေးခဲ့သည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ဆန်အထူးပြုကုမ္ပဏီ၊ ပဲအထူးပြုကုမ္ပဏီ စုစုပေါင်း ၃၁ခုရှိပြီး မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရေး ပါဝင်ဆောင်ရွက်နေကြောင်း ၂၀၁ဝခုနှစ် မေလ ၂ရရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

2 comments

  • kyaw swar

    June 24, 2012 at 7:55 am

    အကိုရေအလုပ်ရုံဆွေးနွေးလဲ လယ်သမားတွေ ခေါင်းစဉ်တပ်ပြီး
    အချိန်တန်ရင်သူတို့ပါပဲအကိုရယ်
    လယ်သမားကတော့လည်နေတာပါပဲ

    Reply

  • the best

    June 24, 2012 at 10:26 am

    လယ်သမားတွေ ကို ဘယ်လိုကယ်တင်မလဲဆွေးနွေးကြပါ။

    မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း အမှုဆောင်မှာ ဆင်းရဲသားဘယ်နှစ်ယောက်ပါသလဲ။

    အမှုဆောင်တွေရဲ့ ကိုယ်ကျိုးရှာဖို ့ အသင်းသားတွေကို အသုံးချတာဟာ
    “ မြန်မာနိုင်ငံ ……အသင်း” တွေရဲ့ ထုံးစံတစ်ခုဖြစ်ပါတယ်။

    သေချာပေါက် စားရမဲ့ လုပ်ငန်းဆို အသင်းသားတွေ ချမပြရဲဘူး။

    အသင်းကိုတစ်ခါမှ မလာဘူးတဲ့ သူဟာ သူတို ့နဲ ့ဂွင်ရိုက်လို ့ရမဲ့သူဆိုရင်
    အမှုဆောင်ထဲ တန်းထည့်ပေးတဲ့နည်းတွေ လည်းရှိတယ်။

    အမှုဆောင်အသစ်ရွေးဖို ့နီးလာရင် ဥက္ကဌ လုပ်ချင်လို ့ အုပ်စုဖွဲ ့ ရန်ဖြစ်တာ တွေ ့ဘူးတယ်။

    သူဌေးတွေပဲ ပါဝင်နေတဲ့ အမှုဆောင်အဖွဲ ့ထဲ သာမန်အသင်းသားတွေ ဘယ်လိုဝင်ရဲပါ့မလဲ။

    လယ်သမားတွေကို တကယ်ကူညီပါ။

    Reply

Leave a Reply to kyaw swar Cancel Reply

Your email address will not be published.