အငိုမင်းသားကြီးက ပြည်ပမီဒီယာကို ဖိတ်ကြားသတဲ့

chatsuDecember 16, 20111min00

အီးမေးထဲရောက်လာတဲ့ စာတစောင်ပါ။
ပေးပို့သူက သူ့စာကို ကျေးဇူးပြုပြီး forward မလုပ်ပါနဲ့တဲ့။
ဒါကြောင့် forward မလုပ်ပါ။ ဆီလျှော်အောင် မြန်မာမှုပြုပြီး ရှယ် ပေးလိုက်ပါတယ်။

အရှိကို အရှိအတိုင်းဖော်ပြခြင်းဖြစ်သည့်အတွက် သတင်းမှားခြင်း မှန်ခြင်း တာဝန်ယူမည်မဟုတ်ပါ။

(သားဆွေ)
——————————–

ဂျပုကျော်ဆန်းက ပြည်ပမဒီယာက လူတချို ့ကို ဗမာပြည်လာဖို့ ဖိတ်ခေါ်ထားတယ်ကြားပါတယ်။ VOA ဗမာပိုင်းအစီအစဉ်အရာရှိကတော့ ဗမာပြည်ထဲရောက်နေပြီးပါပြီ။ BBC နဲ့ RFA ကိုတော့ ဖိတ်ခေါ်ထားတယ်လို့ မကြားမိသေးပါ။

ဧရာဝတီက အောင်ဇော်က ၂၀၁၂ ခုနှစ်၊ ၁ ရက်နေ့မှာ ဗမာပြည်ကိုလာပါလိမ့်မယ်။ သူက Czech Republic ကထုတ်ပေးထားတဲ့ Travel document ကိုင်ထားသူဖြစ်ပါတယ်။ DVB က ကိုအေးချမ်းနိုင်လည်း ဗမာပြည်ကို လာဖို့ရှိကြောင်း သိရပါတယ်။ ဘယ်တော့လဲဆိုတာ မသိရသေးပါ။ ချင်းမိုင်အခြေစိုက် SHAN News agency က ဦးခွန်ဆိုင်း၊ မဇ္ဈိမက ကိုစိုးမြင့် တို့ကို ပြန်ကြားရေးဝန်ကြီး (ဆိုသူ) ကျော်ဆန်းက ဖိတ်ခေါ်ကမ်းလှမ်း ထားပါ တယ်တဲ့။

အောင်နိုင်ဦး လည်း နောက်နှစ်လလောက်အတွင်းမှာ ဗမာပြည်ကို လာဖို့ရှိပါတယ်တဲ့။ ဗဟု အုပ်စုက ရန်ကုန်မှာ ရုံးခွဲဖွင့်ပြီးပါပြီ၊ မကြာမှီ တင်မောင်သန်း ရုံးထိုင်ဖို့ ရှိပါတယ်တဲ့။
by facebook

Leave a Reply

Your email address will not be published.