ဩဒုက္ခ

unclegyi1974December 15, 20111min024

https://lh4.googleusercontent.com/-YNB57vkfxkQ/TtO1Y8-9O9I/AAAAAAAAACg/aSpMJkZyIMc/w500-h375-k/Photo0502.jpg

ကျွန်တော်တို့ငယ်စဉ်ကလေးတုန်းကကြက်တွေသယ်သွားသယ်လာလုပ်ကြတာတွေ့
ဖူးပါတယ်
ကြက်ခြင်းကြီးတွေနဲ့တခြင်းကိုကြက်ဘယ်နှစ်ကောင်ထည့်ရမယ်သတ်မှတ်ထားတယ်လို့
ပြောပါတယ်
နောက်နဲနဲကြီးလာတော့အင်္ဂလိပ်အစိုးရကိုမှီလိုက်တဲ့လူကြီးတွေပြောတာကိုမှတ်သားဖူးပါတယ် ဘယ်လိုပြောသလဲဆိုတော့ လူစားဖို့သတ္တဝါကိုမသတ်ခင်သယ်ယူရင်
ကြောက်လန့်မှုမဖြစ်စေရဖူး ဖြစ်ရင်အသတ်ခံရမယ့်သတ္တဝါကိုယ်တွင်းမှာ
သွေးအတွင်းမှာအဆိပ်ဖြစ်လာတယ်အဲဒီသတ္တဝါကိုသတ်စားရင်လူမှာလည်းအဆိပ်သင့်
တယ်ဒါကြောင့်အင်္ဂလိပ်တွေကကြက်တွေကိုကြက်ခြင်းတွေနဲ့သယ်ယူစေတယ်လို့ပြော
ပါတယ်
နောက်နဲနဲထပ်ကြီးလာလို့စာတွေဖတ်လာချိန်မှာဆေးပညာပေးစာတွေထဲမှာဖတ်ဖူး
တာကသတ္တဝါတွေကြောက်လန့်လာရင်သွေးတွင်းမှာအမှန်ပဲမကောင်းတဲ့ဓာတ်ပြုမှုတွေ
ဖြစ်တယ်ဆိိုတာမှတ်သားဖူးပါတယ်
အသက်ကလေးရလာတော့ဆင်ခြင်ကြည့်ပါတယ်ဟိုးအရင်လူတွေကင်ဆာသိပ်မဖြစ်
ကြဖူး အခုလူတွေကင်ဆာအဖြစ်များလာတယ်ဆိုတာသတိပြုမိလာပါတယ်
အစားအသောက်အနေအထိုင်ပြောင်းလာတာကြောင့်လို့သိပ္ပံပညာရှင်တွေကကောက်
ချက်ချကြပါတယ်
ကျွန်တော်ကတော့ပုံမှာမြင်ရတဲ့ကြက်သယ်ယူနည်းတွေကိုကြည့်ပြီးအတွေးပွားမိပါတယ်
ဟိုးအရင်ကကြက်တွေကိုဒီလိုသယ်လို့မရပါဖူးအခုသယ်လို့ရနေပါတယ်
ဟိုးတုန်းကကြက်တွေကိုဒီလိုသယ်ရင်စည်ပင်ကအရေးယူတယ်လို့သိရပါတယ်
အခုစည်ပင်ကအလုပ်များနေလို့အရေးမယူနိုင်တော့ဖူးလို့တွေးမိပါတယ်
ဘာပြောပြောသတ်တာကသတ်တာပေါ့လေ
မသေခင်ညှင်းဆဲသလိုမဖြစ်အောင်သယ်ယူနိုင်ရင်မကောင်းဖူးလားလို့အတွေးပွားမိပါတယ်
ဘယ်သူတွေကများကြက်တွေရဲ့ဒီဒုက္ခကလွတ်အောင်ဆောင်ရွက်ပေးနိုင်ပါလိမ့်

24 comments

  • thit min

    December 15, 2011 at 11:30 pm

    ကောင်းလိုက်တာဗျား။
    ကျနော် သိထားတဲ့ “ဒေါသ” ထွက်ရင် ပြောင်းလဲသွားတတ်တဲ့ လူ့သွေးလှဲ့ပါတ်မှုနဲ့ ကိုက်ညှိပြီး
    လုံးဝ လက်ခံပါတယ်။ ကိုယ့်ကိုယ်ပိုင် သွေးထဲမှာအဆိပ်အတောက်ဖြစ်မှုနဲ့ လူကိုရောဂါရစေသေးရင်
    အခုလို အကောင်တွေရဲ့ သွေးအဆိပ်သင့်ပြီးရောဂါရစေတယ်ဆိုတာ 100% ဖြစ်နိုင်ခြေရှိတာပေါ့။
    ကျေးဇူးပါ။

    Reply

  • comegyi

    December 16, 2011 at 2:23 am

    ဆရာသော်တာဆွေ စကားနဲ့ပြောရရင်တော့
    ဒီကြက်တွေဟာ စိတ်ညစ်နေတဲ့ ကြက်တွေလို့
    ဆိုရမှာပါပဲ ……

    Reply

  • kai

    December 16, 2011 at 4:57 am

    အခုဓါတ်ပုံက… သတင်းဓါတ်ပုံအစစ်ပဲ..။
    စေတီစွန်းလေးပါတာရယ်..။
    လမ်းကြောမမြင်ရလောက်အောင် မှုန်နေ(ဒါမှမဟုတ်) မရှိသလောက်ရယ်..။
    ဘယ်အကြောနဲ့.ဘယ်လိုမောင်းနေမှန်းမသိတဲ့.. ဘတ်စ်ရယ်..။ ဆိုင်ကယ်ရယ်..။
    အိပ်တွေကိုအလွတ်ကြီးတင်ထားပြီးမောင်းနေတဲ့..ထရပ်ကားရယ်…။

    ဆိုင်ကယ်ပေါ်ဖြစ်သလိုတင်ထားတဲ့..ကြက်တွေရယ်…။


    သတ္တဝါတွေကို.. မသတ်ခင်ညှင်းပန်းနှိပ်စက်တာ မပြုရတာဟာ..ယဉ်ကျေးတဲ့..လူတွေရဲ့… ယဉ်ကျေးမှုပါ..။
    ဒါကိုမြင်တဲ့.. ကလေးငယ်တွေမှာ.. စိတ်ကြမ်းတွေ..ကူးစက်နိုင်လို့လည်း ဖြစ်ပါတယ်…။
    ဆိုတော့..
    ဥပဒေလုပ်ထုံးတွေလိုနေသေးတယ်ထင်မ်ိပါတယ်..။

    အောက်မှာ..နိုင်ငံကြီးတချို့… ဥပဒေတချို့ရဲ့.. လင်ခ်ပေးထားတယ်..။
    ဥပဒေပြုသူတွေ.. အတုယူ..လုပ်နိုင်ဖို့ပါ..။
    http://www.legislation.gov.uk/uksi/1995/731/contents/made
    http://uscode.house.gov/download/pls/07C48.txt

    Reply

  • aye.kk

    December 16, 2011 at 6:24 am

    မြင်သားကြားသား..
    သတ်ပြီးစားတာ..
    ဘုရားဟောမှာပါတာ..
    ငရဲအလွန်ကြီးကာ..
    စားလဲမစားသင့်ပါတဲ့ဗျား..
    အခုလိုပုံနဲ့တွေ ့ရတော့..စားချင်စိတ်တောင်ပျောက်တယ်..
    အဲတာကိုမြင်တွေ ့ပြီးစားရင်ငရဲကြီးမယ့်အပြင်အဆိ်ပ်ပါသင့်ဦးမယ်..
    တာဝန်နှင့်ဝတ္တရားကိုတော့နားမလည်အဂတိတရားနောက်ကိုသာလိုက်နေတဲ့
    ဝန်ထမ်းတွေနဲ့တော့အတော်လေးတော့ခက်ပါတယ်ဗျား..။

    Reply

  • MaMa

    December 16, 2011 at 7:45 am

    တရားတစ်ပုဒ်မှာ လူ့ဘဝဆိုတာ ကုသိုလ်ကံ အကျိုးပေးကြောင့် ရောက်ရတယ်။
    မတော်လို့များ အကုသိုလ်ကံက အကျိုးပေးလို့ တိရိစ္ဆာန်ဘဝကိုရောက်သွားရင်
    ကြီးနိုင်ငယ်ညှင်း သတ်ဖြတ်စားသောက်တာတွေ၊
    လူတွေက မညှာမတာ ပြုမူတာတွေကို
    ပြန်ပြောလို့လည်းမရ၊ တွန်းလှန်ခြင်းလည်း မပြုနိုင်ပဲ
    အဆပေါင်းများစွာ နာကျင်ခံစားရမယ် တဲ့လေ။
    အဲဒါကြောင့် ကုသိုလ်ကောင်းမှု (ဒါန၊ သီလ၊ ဘာဝနာ) ကို စိတ်ပါလည်းပြု စိတ်မပါလည်းပြုပါတဲ့။

    Reply

  • inz@ghi

    December 16, 2011 at 8:32 am

    ဒါတွေမြင်ရင် ဂီ့ဖောက်တွေ စိတ်စိတ်လာတယ်နော ….

    အသတ်စားခံ ရမှာချင်း အတူတူ .. ဘီယာတိုက် မာဆတ်ဂျိ ပေးပီး…
    အသားမွေးလာခဲ့တဲ့ ကိုဘေးနွား နဲ့များ ..အကျိုးပေးပုံချင်းကွာထှာ …
    အော် ….. တလိတ်ဆံ ဖစ်ရတာတောင်….ပြောပါဒယ်….

    ဒါပေသိ …တရုတ်ပြည်သွားပီး ကြက်ဖြစ်ရင် သားပေါက်ဘဝကတည်းက
    အရှင်လတ်လတ် မိကျောင်းကျွေးခံရတာထက်တော့ သာသေးကြောင်း
    ဖြေတွေးလိုက်ပါတယ်ဗျာ….

    သဂျီး ရေ ဗျိတိသျှ လဲဂျစ်စလေးရှင်း ကောင်ဆယ်လ်က အာတီကယ်လ်တွေတော့
    ဆွဲမထုတ်ပြပါနဲ့ဂျာ … ရင်ဘတ်ထဲက အောင့် အောင့်လာလို့ပါ……
    ကျုပ်မလဲ ခုတလော မမာဘူးဂျာ တိုက်၂လေးရယ်မှ ဆိုင်၂….ခုတလော ရွာထဲမလဲ
    ကီးမြင့်တာတွေချည်း ကြားနေရတယ်…ကျုပ်ပဲ ကီး နိမ့် နိမ့်သွားတာဘဲ ဖြစ်မှာပါလေ…….

    🙁

    Reply

  • “ဘီလူးကြီး”ogre

    December 16, 2011 at 8:57 am

    ဒီလို ပုံဆိုရင်
    ဒါကို
    တိရိစာ္ဆန် ညှင်းပန်းနှိပ်စက်မှုနဲ့ (ရဲအရေးပိုင်တဲ့ အမှုအနေနဲ့)
    တရားစွဲလို့ရတယ် ထင်တာပဲဗျ
    နိုင်ဂျံဂါးကဘောလုံးသမားတစ်ယောက်တောင်
    ဇီးကွက်ကို ဘောလုံးလိုကန်မိတာနဲ့ အရေးယူခံရသေးတာပဲ
    မြန်မာပြည်မှာကြက်တွေခြေထောက်ကြိုးပူချည်ပြီး
    စက်ဘီး ဝါးလုံးတန်းလေးမှာ ဇောက်ထိုးဆွဲသယ်တာတွေ လိုက်ပြီးအရေးယူမယ်ဆို
    အင်း……ဒွတ်ခတော့ရောက်ဘီပဲ 🙂 😛

    Reply

  • တကယ်လို့သာ
    အခုလို စည်းမဲ့ကမ်းမဲ့ လုပ်နေတာကို အရေးယူမယ်ဆိုရင်
    ဘုမသိဘမသိကောင်က နှိပ်စက်နေပါတယ်ဆိုပြီး အသံတွေထွက်လာအုံးမယ်ထင်ပါတယ်။
    အခုမြန်မာပြည်ဥပဒေ က မြည်းတစ်ကောင်နဲ့သားအဖနှစ်ယောက်ဇာတ်လမ်းခင်းနေတယ်လို့မြင်ပါတယ်။

    Reply

    • naywoonni

      December 16, 2011 at 11:50 am

      မြည်းတစ်ကောင်နဲ့သားအဖနှစ်ယောက်ဇာတ်လမ်းခင်းနေတယ် ဆိုတာ ဟုတ်ရဲ့လား ကိုပေါက်ရဲ့…။ မနှုတ်လောက်လို့ တစ်ဆယ်ချေးနေတာ မဟုတ်ဘူးလား….။ ရိုက်စရာတွေ့တိုင်းသာ ရိုက်ထည့်လိုက်ရရင်လည်း ” သုမနကျောမှာ ဒဏ်ရာတွေချည့် ” ဖြစ်ကုန်တော့မယ်………..။ ဟင်းဟင်းးး 😛

      Reply

  • kotun winlatt

    December 16, 2011 at 9:07 am

    အင်းးးးးဒုက္ခ..ဒုက္ခ..ဒုက္ခ…
    ပြုပြင်ဆင်ခြင်သင့်သည်များကို
    ပြုပြင်ဆင်ခြင်နိုင်ကြပါစေလို့သာ…
    ဆုတောင်းနေမိပါတယ်ခင်ဗျာ…။

    Reply

  • Gipsy

    December 16, 2011 at 9:19 am

    သတ္တဝါတခု ကံတခု လို့ပဲသတ်မှတ်ပေးနိုင်ရင်ကောင်းသွားမှာပါ ..
    ဖြစ်ဖို့ရှိလာလို့ ဖြစ်တယ် .. ပျက်ဖို့ရှိလာရင်လဲ ပျက်မယ်လို့ ထင်ပါတယ်…။

    Reply

  • blackchaw

    December 16, 2011 at 9:52 am

    ‘မသေခင်ညှင်းဆဲသလိုမဖြစ်အောင်သယ်ယူနိုင်ရင်မကောင်းဖူးလားလို့အတွေးပွားမိပါတယ်’
    အန်ကယ်ကြီးရေ။
    ကျွန်တော် လည်း အဲဒါကို ထောက်ခံပါတယ်ဗျာ။
    မူဆလင်တွေ ပိုင်တဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ခဲ့ဘူးပါတယ်။
    သူတို့တွေ ကြက်တွေကို လည်လှီးတာ က လည်ပင်းမှာ ရှိတဲ့ သွေးပျံ့ကြောကြီးကို
    လှီးတာတဲ့။ အဲဒီသွေးပျံ့ကြောကြီး ပြတ်သွားရင် ကြက်ဟာ နာကျင်မှုကို မခံစားရတော့ဘူးတဲ့။
    သက်သက်သာသာနဲ့ သေသွားတယ်ပေါ့ခင်ဗျာ။
    ခင်ဗျားတို့ လူမျိုးတွေကတော့တဲ့ ကြက်ကို မသေခင် ဒုတ်နဲ့ရိုက်၊ မသေမရှင်မှာပဲ
    ရေနွေးအိုးထဲ ပစ်ထည့် နဲ့ ရက်စက်ကြတာကို တော့ ဘယ်သူမှ မပြောကြဘူးတဲ့။
    ပုဇွန်တောင် ကြက်ဘဲဈေးမှာ သွားကြည့်ရင် မြင်နိုင်ပါတယ်တဲ့။
    အခု အန်ကယ်ကြီး ရိုက်ပြတဲ့ ဓါတ်ပုံထဲမှာလိုပဲ ဆိုက်ကားပေါ်မှာ တွဲလောင်းဆွဲထားခံရတဲ့
    ကြက်တွေဟာ ခေါင်းနဲ့ လမ်းမတစ်လျှောက် ပွတ်တိုက်ပြီး ပါသွားတာတွေ
    ခဏခဏတွေ့ခဲ့ဘူးပါတယ်။
    အန်ကယ်ကြီးပြောသလို ပဲ ကျွန်တော်တို့ သူတို့ အသားကိုလည်းစားကြတယ်။
    သူတို့ကို မသေခင် နှိတ်စက်သလိုတော့ မဖြစ်သင့်ပါဘူးလို့ ထောက်ခံပါတယ်ခင်ဗျာ။

    Reply

  • ချစ်စ/ဆ ရာ

    December 16, 2011 at 10:28 am

    ဒီကိစ္စတွေကတော့ အတော်ပြောဆိုရခက်တာဘဲနော
    ဒါ့ကြောင့်ဖြစ်မယ်ထင်ပါတယ်
    အပါယ်လေးပါးဘုံသား သစ္စာတရားဝေးရတဲ့အထဲ
    အနှိပ်စက်ခံရတဲ့အချိန် ဘယ်သူများဘာတတ်နိုင်လို့
    သဘာဝ ( ကံ ) ကိုက သူများစားဘို့ဘဝဖြစ်လာတာ
    ပြောရဦးမယ် ( ငခြောက်လေသံဖြင့် )
    အချို့အသားစား ကြက်မွေးတဲ့သူတွေဆိုတာ နယ်ဖက်မှာပါ
    ကြက်တွေကို သီတင်းကျွတ် ကထိန်ခင်းလတွေနဲ့ တွက်ချက်ပြီးမွေးကြတယ်
    ကထိန်ခင်းလ ရောက်တဲ့အခါ အလှူအတန်းတွေတွက် ကွက်တိပါဘဲ

    Reply

    • ကြောင်ကြီး

      December 16, 2011 at 10:39 am

      ဟုတ်ပါ့ ဆြာချစ်ရေ… ဒါကိုပဲ သူများသတ်ပြီးသား စားတယ်လို့ ကိုယ့်ကိုယ်ကို လိမ်နေကြတယ်။ ပြောတဲ့ဘုန်းကြီးလည်း ဆွမ်းငတ်တာပဲ။ မနေနိုင် စားကြပေါ့ဗျာ၊ သို့သော် လိုရာဆွဲတော့ မပြောကြေး။ နို့မို့ရင် သဂျီးတို့လို မိစာ္ဆဝါဒီများ ဝါဒဖြန့်ဖို့ အကွက်ကောင်းရတယ်။ အခုဟာက ဘာနဲ့တူနေသလဲဆိုတော့ ရေအမှတ်နဲ့သောက်တာပဲ၊ မူးတာတော့ မတတ်နိုင်ဆိုတဲ့ အရက်သမားစကားနဲ့ သွားတူနေတယ်။ လူရယ်ဖြစ်လာမှတော့ အကုသိုလ်နဲ့ မကင်းနိုင်ဆိုရင် ကုသိုလ်တရားကိုလည်း မမေ့ဖို့ အရေးကြီးပါတယ်။ ရိုးသား ကြိုးစားကြပါဗျာ။ သဂျီးလို အကုသိုလ်နွံထဲ နစ်မြှုပ်မနေစေနဲ့။ အနည်းဆုံးတော့ အတ္တ၊ ပရ သူ့ဖက်ကိုယ့်ဖက် မြင်တတ်ပါစေ။။။

      မေတ္တာဓာတ် စေတလုံးပိုင်ရှင် ကြောင်ကြီး 🙂

      Reply

  • ကြောင်ကြီး

    December 16, 2011 at 10:30 am

    အင်္ဂလိပ်တွေ လုပ်ပေးသွားလို့ မြန်မာပြည်မှာ ဥပဒေ အတော်များများ ရှိပြီးသားပါ။ လက်တွေ့ မကျင့်သုံးနိုင်ကြလို့သာ ဥပဒေမဲ့သလို ဖြစ်နေတာ။ မသုံးတာကြာတော့လည်း မရှိတော့ဘူးပေါ့။ ဥပဒေအသစ် ချမှတ်လိုသူများ ရှိပြီးသားများကို ပြန်လည်လေ့လာပြီး ဘာကြောင့် မအောင်မြင်ရသလဲ မလိုက်နာကြသလဲ အရေးမယူနိုင်ရသလဲ ဆန်းစစ်ဖို့ အပူတပြင်းလိုအပ်နေပြီ။ အစိုးရတင်မက ဘာသာရေးအဖွဲ့အစည်းများလည်း အပြောနဲ့အလုပ် တထပ်ထဲကြဖို့ လိုအပ်တယ်။ သူတို့က မြင့်မြတ်တဲ့နေရာယူထားလို့ ပိုပြီး စည်းကမ်းကျန သေဝပ်ရမယ်။ မွတ်စလင်တွေ လည်လှီးသတ်တာ အညှင်သာဆုံးဆိုတာ ဖြစ်နိုင်တယ်။ လည်ပင်းက သွေးပြန်ကြော ပြတ်သွားရင် အမြန်ဆုံး သေမှာကိုး။ မသတ်ခင် စနစ်တကျ ကောင်းကောင်းမွန်မွန် ထားဖို့တော့လိုတယ်။ ဒီနေရာမှာတော့ အတော်အားနဲတယ်။ မင်္ဂလာတောင်ညွှန့်၊ တာမွေဖက်က ဗလီတွေမှာ ဒန်ပေါက်ဆိုင်တွေအတွက် သတ်ဖို့ထားတဲ့ ကြက်ခြင်းတွေထဲ ကြက်တွေ မဆံ့မပြဲထားတာ တွေ့ဖူးတယ်။ အသိတယောက်ပြောတာ မွတ်စလင် သားသတ်သမားတယောက်ရဲ့ ဆယ်ကျော်သက်ရွယ်ခလေးတယောက် သားသတ်ရုံမှာ ငုတ်တိုင်နှစ်ဖက်နှာ ခေါင်းညှပ်ချည်ထားတဲ့ သတ်တော့မဲ့နွားလည်ပင်းကို ဒါးနဲ့ထိုး လက်တဲ့စမ်းနေတာ မြင်ဖူးတယ်တဲ့။ အရွယ်မရောက်သေးသူတွေကို သားသတ်ရုံမှာ မထားသင့်ဘူး။။။။ ပြောရရင်တော့ အများကြီးပဲ။ မြန်မာပြည်မှ ဗုဒ္ဓဘာသာကို တိုးရစ်လုပ်ငန်း ဆွဲဆောင်မှုတခုအဖြစ် ပြချင်ရင် စေတီ၊ပုထိုးများ ထုံးသုတ် ရွှေသင်္ကန်း ကပ်ပြရုံနဲ့ မလုံလောက်ဘူး။ ပတ်ဝန်းကျင် သန့်ရှင်းစင်ကြယ်ပြီး စည်းကမ်းတကျဖြစ်နေမှ ပေးချင်တဲ့ သတင်းစကား အောင်မြင်မယ်။။။။။

    Reply

  • windtalker

    December 16, 2011 at 2:05 pm

    အန်ကယ်ကြီး စာ ကို ဖတ်အပြီးမှ ဘဲ
    မသေခင် ကြောက်လန် ့အောင် လုပ်ရင် သွေးထဲမှာ အဆိပ်တစ်မျိုး ထွက်လာတယ် ဆိုတာ ကို သိရပါတယ် ခင်ဗျာ ။ လေးစားကျေးဇူးတင်စွာဖြင့်

    Reply

    • koyinmaung

      December 17, 2011 at 4:43 pm

      ဟုတ်ပ…အရင်ကတခါမှမကြားမိခဲ့ဖူးဘူး
      ခုလိုရေးပြပေးတာကိုအထူးဘဲကျေးဇူးတင်ပါတယ်……

      Reply

  • unclegyi1974

    December 16, 2011 at 11:00 pm

    ဝင်ရောက်ဆွေးနွေးပေးသွားသူအားလုံးကိုကျေးဇူးအထူးတင်ပါတယ်
    ကျွန်တော်မျှော်လင့်တာထက်ကိုပြည့်စုံအောင်ဆွေးနွေးသွားကြလို့ပါ
    ဒီပုံလေးကိုကျွန်တော်ရိုုက်ထားတာအတော်ကြာပါပြီ
    ကွန်မကောင်းစက်ကကြောင်နဲ့ပုံဘယ်လိုမှတင်မရလို့လက်လျော့ပြီးထိုင်နေရတာ
    ပုံမပါရင်လည်းအကြောင်းအရာကဘယ်လိုမှမြင်သာမှာမဟုတ်
    ဂေဇက်မှာဘယ်လိုမှပုံတင်မရလို့အခြားဆိုက်မှာတင်ပြီးမှပြန်ကော်ပီလုပ်တင်လိုက်ရတာ
    ပုံတင်နည်းပြောပြပေးတဲ့ကိုရင်ပေါက်ကိုကျေးဇူးအထူးတင်ကြောင်းပါခင်ဗျာ

    Reply

    • kai

      December 17, 2011 at 12:46 am

      အဲဒီပုံက.. ဒီထက်ပိုပြီး..Image resolution ကောင်းမယ်ဆိုရင် ကျုပ်ဆီ ပို့ပေးပါလားခင်ဗျ..
      ရိုက်တဲ့ရက်ခန့်မှန်းချေနဲ့ နေရာလေးပါဖြစ်နိုင်ရင်ပေးပါနော…
      kai@myanmargazette.net

      Reply

  • ဆူး

    December 17, 2011 at 12:02 pm

    ကြက်တွေ ခြင်းထဲ ထည့်တာထက် ဇောက်ထိုးချည်တာ အကောင်ရေ ပိုများများ ပါလို့လား မသိဘူး။
    ရန်ကုန်မှာတော့ စက်ဘီးဆိုင်ကယ် အဲလို ချည်သွားတာ မတွေ့ရပေမဲ့ တခါတလေ လေးဘီးလေးတွေပေါ်မှာ ကြက်တွေ ပိညပ်နေအောင် သယ်သွားတာ.. နောက်ပြီး လေးဘီးရဲ့ ဘေးတန်းလက်ကိုင်တွေမှာ ဇောက်ထိုးချည်ထားတာမျိုး.. တွေ့မိတိုင်း စိတ်မကောင်း ဖြစ်မိခဲ့ဘူးပါတယ်။

    Reply

  • ashinthusitta

    December 17, 2011 at 7:39 pm

    ကြက်ငှတ်တုတ်ကွေးဆိုပြီး သေချာလဲ မစစ်ပဲနဲ့ ကြက်တွေကို အရှင်လတ်လတ် မီးပုံရှို့တာက ရှိသေးတယ်…သူတို့ ဒုက္ခလဲ မသေးဘူးနော်.. အဲဒါပေါ့ အပါယ်ကျတယ်ဆိုတာ..လူတွေ ဒုက္ခရောက်မှာဆိုးတာနဲ့ အပါယ်ဘုံက သတ္တဝါတွေ အရှင်းခံရတယ်လေ..

    Reply

  • unclegyi1974

    December 17, 2011 at 10:08 pm

    ကိုခိုင်ရေ
    ရိုက်ထားတာမေ၂၀၁၁လောက်ကတည်းကပါ
    ဆမ်ဆောင်း S8000 5.0 နဲ့ရိုက်ထားတာပါ
    ၂၅၆၀&1920
    1.31 MB
    ရှိပါတယ်
    ရိုက်တဲ့နေရာကရန်ကုန် ဘက်အထွက်တံခွန်တိုင်ဘက်မှာပါ
    သွားရင်းလာရင်းရှိတာလေးနဲ့ရိုက်လိုက်တာပါ
    ပုံတင်လို့ရရင်သုံးလို့ရရ မရရ
    ပို့ပေးလိုက်ပါမယ်

    Reply

  • nigimi77

    December 18, 2011 at 12:32 am

    အန်ကယ်ကြီး က ၂၀၁၁ မေလလောက်ကဆိုတော့ နည်းနည်း ကြာနေပြီ ။

    ရန်ကုန် အင်းစိန် လမ်းမပေါ် ဘူတာရုံလမ်း မှတ်တိုင်( မြို ့ထဲသွားတဲ့ဖက်) မှာ

    လုံးဝကို ကြက်ခွဲတမ်း Live Show နေ ့တိုင်းရှိတယ်နော် ။

    နေ ့လည် ၁၂ နာရီနဲ ့ ၂ နာရီကြားမှာ ။

    အတိအကျနေရာကတော့ ကုလားဘုရားကျောင်း အကျော် ဘူတာရုံလမ်း မှတ်တိုင် အကျော်

    အများသုံး အစိုးရပိုင် တယ်လီဖုန်း အိမ် အရှေ ့တည့်တည့်မှာပဲ ။

    ပဲခူး ထောက်ကြံ ့ဖက်က လာတဲ့ ဟိုင်းလက်စ် ပေါ်မှာ တကယ့် ကြက်တွေ ပိုးစိုးပက်စက် ။

    ဒါက နေ ့ခင်းမှာ ။

    ရန်ကုန် ပြည် လမ်းမကြီး ပေါ်က ပလက်ဖောင်း တလျှောက်မှာတော့ သေးပေါက်တဲ့ ကြက်တွေ

    ပိုးစိုးပက်စက် ။

    ဒါက ညပိုင်းမှာ ။ 🙂

    Reply

  • cobra

    December 18, 2011 at 3:05 pm

    လှိုင်သားပီသလိုက်တာ
    သူများကပြောမလို့ဟာ
    သူကလုပြောသွားတယ်
    လူဆိုး………

    Reply

Leave a Reply

Your email address will not be published.