လွဲသွားတဲ့ ဆုကြေးသိန်း(၂၀)……

ပြီးခဲ့သော ဒီဇင်ဘာ(၁၃)ရက်နေ ့က ရခိုင်ပြည်နယ် စစ်တွေမြို ့တွင် သံတွဲခရိုင်အသင်းနှင့် စစ်တွေ အသင်းတို ့ယှဉ်ပြိုင်ကစားကြရာတွင် စစ်တွေအသင်းက (၂:၀)ဖြင့်အနိုင်ရဗိုလ်စွဲသွားပါတယ်။ပြည်နယ်လက်ရွေးစင်တွေကိုရွေးချယ်သွားမှာဖြစ်တဲ့
အတွက် အသင်းများအားလုံးကြိုးစားကစားကြတာတွေ ့ရသလို၊ပထမဆု ငွေသိန်း(၂၀)ကြောင့် ပိုကြိုးစားကြတယ်ဆိုလဲ မမှားဘူးထင်ပါတယ်။
ထုံးစံအတိုင်းပါဘဲ ဗိုလ်လုပွဲမှာ အိမ်ရှင် ဖြစ်တဲ့ စစ်တွေ ဘက်ကဒိုင်ကတော့ ကူပြီးဝင်မကစားတော့ရုံတမယ်ပါဘဲ။သံတွဲမြို ့နယ်ဘောလုံးအသင်းကတော့ ဒုတိယဆုငွေ
(၁၀)သိန်းဘဲရယူနိုင်ခဲ့ပါတယ်။ဒိုင်းဆုကြီးနဲ ့လဲ လက်တစ်လှမ်းရောက်မှလွဲခဲ့ရပီပေါ့ဗျာ။
ဒီနှစ် ၂၀၁၁ခုနှစ် ပြည်နယ်အဆင့်ဘောလုံးပြိုင်ပွဲချီးမြှင့်ငွေကတော့ ရခိုင်ပြည်နယ်ရဲ ့သမိုင်းတလျှောက်အမြင့်မားဆုံးဆုကြေးဖြစ်ပါတယ်။ကျွန်တော်ရေးသားခဲ့တဲ့ “စေတနာမပါသော ဘောလုံးပွဲတစ်ပွဲပြီးစီးခြင်း”ပို ့စ်က လူကြီးမင်းများနားတိုင်အောင် ပေါက်ရောက်သွား မယ်လို ့ယူဆခဲ့ပါတယ်နော်။
ဒီပွဲမှာ ကျွန်တော်တို ့သံတွဲခရိုင်မှ အားကစားသမား(၇)ဦးထိ ပြည်နယ်အသင်းတွက်ရွေးချယ်ခံရတာကို တော့ အားရကျေနပ်စရာလို ့ဘဲတွေးရပါမယ်ဗျာ။
နောက်နှစ်တွေမှာလဲ ခုထက်ကောင်းသော အားပေးချီးမြှောက်မှုများဖြင့် အားကစားကို မြှင့်တင်သွားပါမယ်လို ့ကတိပြုလိုက်ပါကြောင်း သတင်းကြားရတော့ ဝမ်းသာမိရတာအမှန်ပါ။
တကယ်ကို စေတနာလေးထားပြီး အားပေးချီးမြှောက်၍ လူတိုင်းစိတ်ပါဝင်စားလာအောင်၊
ကြိုးစားကြမယ် ဆိုပါက မြန်မာ့ဘောလုံးလောက ဦးမော့လာမည်ဟုတထစ်ချယုံကြည်မိပါကြောင်း။။

5 comments

  • Zippo

    December 14, 2011 at 7:34 pm

    ကြားရတာ မင်္ဂလာပါ ကျနော်သာ အားကာမှုးကြီး ဖြစ်ခဲ့ပါလျှင် ယ္ခုသတင်းရေးတင်ပေးသူ
    အား ရရှိခဲ့ပါသော ဆုငွေ (၁၀) သိန်း အနက်မှ (၁) သိန်းတိတိကို ချီးမြှင့်ပေးပါမည့်အကြောင်း ။

    Reply

  • ကျေးဇူးတင်ပါတယ်ဗျာ။ပေးစရာမလိုပါဘူး။ခဏနေမှ သူတို ့အတင်းအဖျင်းတွေနဲ ့စေတနာမပါသောဘောလုံးပွဲ
    ဆိုပြီးတီးထားတာ ကြားရသလောက်တောက် တခေါက်ခေါက်တဲ့ ဗျာ။

    Reply

  • Myatthu

    December 14, 2011 at 8:09 pm

    ဘလော့ကာ ဆိုတော့ အမှန်ရေးရတယ်ဆိုတော့လဲ မကျေနပ်သူတွေက တက်တခေါက်ခေါက်
    ဖြစ်နေမပေါ့ဗျာ ။ စေတနာစကားပြောရမယ်ဆိုရင်တော့ နဲနဲတော့လျှော့ပေါ့ ရေးစေချင်ပါတယ်။
    ဘယ်နေရာမဆို တရားမျှတမှု ဆိုတာကြီးအတွက် အရမ်းခက်ခဲတတ်တာ ဓမ္မတာပါ ။

    Reply

  • maetu

    December 14, 2011 at 10:41 pm

    မိုက်တယ်ဗျ မနည်းပါလား ဆုကြေးတွေ။ဝမ်းသာပါတယ် အကိုရာ ခုလိုရေးပေးတော့
    ကျေးဇူးတင်လိုက်ပါတယ်။ဆက်ပြီးရေးပေးပါအုံး။

    Reply

  • မိုးသောက်

    December 16, 2011 at 12:03 am

    ဘက်လ်ိုက်တာပေါ့ ဒိုင်က သူ့အမျိုးများပါနေလားမှမသိတာ

    Reply

Leave a Reply

Your email address will not be published.