မကိုက်ရင်မနေနိုင်သော တိုးဂိုက် (သို ့) ဂိုက် (သို ့) ကိုက်များ

thunderstormDecember 13, 20111min02

ဂိုက်အသင်းရဲ့အကွဲအပြဲအရှုတ်ထုတ်ဇာတ်လမ်းတွေကြားထဲမှာ

 

စကားကြီးစကားကျယ်ပြောပြီး၊ ကိုယ့်မင်္ဂလာယူ၊ သူ့အချွန်နဲ့မပေးနေတဲ့

ပြဇာတ်ဆိုတဲ့စကားလုံးကို အင်္ဂလိပ်လိုတောင်မှန်အောင်မပေါင်းနိုင်ဘဲ

ဘိုရူးရူးပြီးဘိုမကြီးသိပ်လုပ်ချင်၊ အရမ်းအရမ်းကို popularဖြစ်ချင်နေတဲ့

မစားရတဲ့အမဲကိုသဲနဲ့ပက်တဲ့ တကယ့်အာဏာရူးစစ်စစ်

ချောင်ချောင်ကြောင်ကြောင်မိပါလေရာမကတစ်မျိုး

(သူကတော့ဝမ်းတွင်းရူးဆိုတော့ ဘာကြွေးကြွေးမရတော့ဘူး)

 

စာရင်းလိမ်၊ ဘောက်ချာအင် တွေအမျိုးမျိုးပြပြီး

လူအထင်ကြီးအောင်ကားစုတ်ကြီးစီးပြရှိုးထုတ်နေတဲ့

ဘာမှကိုမတတ်တဲ့ အသင်းခေါင်းရှောင်နဲ့ အထီး မှန်းမသိ အမ မှန်းမသိဘဲ

ဘာ process လာလာ ဖင်ပိတ်ငြင်းပြီး ကိုယ့်ကိုကိုယ်ဖော်ရင်းနဲ့

အာရိုက်နေကြတဲ့ ဝက်တော်သား၊ ဝိုင်းတော်သား၊ စားတော်သားတစ်စုကတစ်မျိုး

(သူတို့ကတော့ အောက်ကလိအာတွေပါ မကြာခင်ဇာတိပြလာလိမ့်မယ်)

 

သောက်တစ်လွဲစည်းကမ်းတွေကိုထင်ရာစိုင်းထုတ်နေပြီး

ပတ်သက်သမျှ၊ ရှိရှိသမျှ လူတွေကိုပြသနာရှာ၊ ကာလနာတိုက်အောင်လုပ်နေတဲ့

၀ဝပေး၊ ဝေးဝေးရှောင်၊ လာမရှုတ်နဲ့သေသွားမယ်ချည်း

ဟောက်စား၊ ခြောက်စား၊ ရိုက်စား၊ လုပ်စားနေတဲ့

သေခါနီး လာထားဆိုတဲ့ လဘာဂျာ၊ ပုဇွန်ခေါင်းတွေကတစ်ဖုံ

(သူတို့ကအဆိုးဆုံး အစာကြွေးလိုက်ရင်ခဏငြိမ်ပေမဲ့၊

အစာကုန်ရင်တော့………)

 

အော်……..ငါတို့ ကိုက်တွေ မကိုက်ရင်မနေနိုင်တော့ပါတကား…….

https://groups.google.com/group/travelmyanmar/ တွင်လေ့လာနိုင်ပါသည်။

2 comments

  • Thel Nu Aye

    December 13, 2011 at 5:52 pm

    ဘူတူတုန်း။ HE ဒေါက်တာ သီရိသုဓမဘာညာသာဓကာအစရှိသောဘွဲ့ထူးဂုဏ်ထူးများဖြင့်ပြည့်စုံသော ငခင်ရွှေမှတ်တာပဲ။ ဝုတ်လား။

    Reply

  • kotun winlatt

    December 13, 2011 at 5:57 pm

    ရှူးမတိုက်ပေးပဲကိုက်တာလားးးရှူးတိုက်ပေးလိုက်ကိုက်တာလားးး
    ဘယ်လိုကိုက်ကိုက် အကိုက်ခံရရင်တော့လွယ်ဘူးးးထင်ပါ့နော်..

    Reply

Leave a Reply

Your email address will not be published.