ထူးဆန်း ..

lu ta loneMay 26, 20101min013
http://www.buffalobill.org/images/Grave.JPG

တခါတုန်းက ကောင်လေးတယောက် မွေးဖွားလာရာ သူ့မိဘတွေက သူ့ကို “မောင်ထူးဆန်း”ဟု နာမည်ပေးသည်။ ထိုသူငယ် ကျောင်းစ,နေသောအခါ အတန်းဖော် သူငယ်ချင်းများက သူ့နာမည်ကို စကြ, နောက်ကြ,
လှောင်ကြ, ပြောင်ကြသည်။ သို့သော် သူက အပြုံးမပျက်၊ ရင်ကော့ပြီး
ဘာမှမဖြစ်သလိုဘဲနေသည်။ သို့ဖြင့် ကောင်လေး အရွယ်ရောက်လာပြီး
အောင်မြင်ကြီးပွားသော ရှေ့နေတယောက် ဖြစ်လာခဲ့သည်။သို့သော်လည်း
လူတွေကသူ့နာမည်နဲ့ပတ်သက်ပြီး စတုန်း၊ နောက်တုန်းပင်။ နောက်
အသက်အရွယ်တဖြည်းဖြည်း အိုမင်းလာရာ အဘိုးကြီး” ဦးထူးဆန်း”က သူ့မိသားစုအား
ငါ့နာမည်နဲ့ပတ်သက်ပြီး ငါ့ဘဝတလျှောက်လုံးမှာ အလှောင်ခံခဲ့ရ၊ အစအနောက်
ခံခဲ့ရတယ်။ ငါသေလွန်ပြီးတဲ့နောက်မှာတော့ ငါ အလှောင်အပြောင်
မခံချင်တော့ဘူး။ ဒါကြောင့် ငါသေပြီးလို့ ဂူသွင်းရင် ကမ္ဗည်းတိုင်မှာ
ဘာနာမည်မှ မရေးကြပါနဲ့-ဟု မှာကြားခဲ့သည်။မကြာမီ သူ-သေဆုံးသွားခဲ့သည်။
မိသားစုက သူ၏မှာကြားချက်အတိုင်း သူ့ဂူသချႋုင်းမှတ်တိုင်တွင် ဘာနာမည်မှ
ရေးထိုးခြင်း မပြုပေ။ ထိုအခါ အုတ်ဂူကို မြင်တွေ့ကြသူများက ဤသို့
မှတ်ချက်ချကြသည်။

” ဒါ ထူးဆန်းတယ် “

13 comments

  • myominkhine

    May 26, 2010 at 5:30 am

    ဒါလဲထူးဆန်းတာပဲ
    ကြိ ုက်တယ်
    မောင်ထူးဆန်းနဲ့ လူတလုံးနဲ့ ဘာတော်လဲမသိဘူးနော်
    ထူးဆန်းနေလို့

    Reply

  • lu ta lone

    May 26, 2010 at 5:38 am

    ဒီ ဟာသလေးကို နှစ်သက်တယ်ဆိုရင် နောက်ကို ထပ်ပြီး တင်ပေးပါ့မယ်ဗျာ…
    ဒီ ပရိသတ်တွေနဲ့ပဲ အမောပြေနေရတာပါဗျာ…

    Reply

  • agkyawthant

    May 26, 2010 at 9:02 am

    ဒါ တကယ်လား

    Reply

  • etone

    June 8, 2010 at 3:54 am

    သူများတွေဘာပြောပြော ဂရုစိုက်လို့နော် ဒီထူးဆန်းကတော့ ….. ။

    Reply

  • soemoe

    June 25, 2010 at 1:41 pm

    မွေးကတည်းထူးဆန်းလာတဲ့ ကိုထူးဆန်း သေသွားတော့လည်း
    ထူးဆန်းနေတုန်းပါပဲလား…..
    ထူးဆန်းပါပေ့…ကိုထူးဆန်းရယ်…

    Reply

  • cobra

    June 29, 2010 at 8:12 am

    သူထူးဆန်းတာအကြောင်းမဟုတ်ဘူး။နောက်လူတွေပါလိုက်လုပ်နေရင်ဒုက္ခရောက်ကုန်မယ်နော်။

    Reply

  • harry potter

    July 16, 2010 at 4:21 am

    အင်း…………….ထူးဆန်းပါပေ့ ကိုထူးဆန်းရေ

    Reply

  • gar

    July 16, 2010 at 4:26 am

    ဒါ တကယ်လား

    Reply

  • bluerose

    March 9, 2012 at 2:33 pm

    မထူးဆန်းချင်လို့လုပ်လိုက်တာထူးဆန်းသွားတယ်
    ထူးဆန်းတယ်နော်

    Reply

  • Phaung Phaung

    March 9, 2012 at 5:41 pm

    ဒါကြောင့် ထူးဆန်းနေတာပေါ့

    Reply

  • htoosan

    March 9, 2012 at 6:40 pm

    ဟိုက်ရှာဘား .. ထူးဆန်းစောစောက သိခဲ့ရမှာ..
    ဒါပေမဲ့ ဒါမှားတယ်ဆိုတာ ထူးဆန်းပြောလို့ရပြီ…
    ထူးဆန်းကို နံမည်နဲ့ စသူနောက်သူမရှိ..
    နောက် သေရင်လည်း ပြာဖြစ်မှာဆိုတော့ …. 😀 😀

    Reply

Leave a Reply

Your email address will not be published.