အမျိုးသမီးရေးရာကမာဆက်ဖွင့်စားတာလားတောင်ထင်ရတယ်…….

chityimhtooDecember 10, 20111min013

ကျွန်တော့်သူငယ်ချင်းနေတဲ့ စမ်းချောင်းမြို့နယ်ရဲ့ အကြီးဆုံး crown နာမည်နဲ့ မာဆက်လုပ်ငန်းတွေလုပ်ကိုင်နေတဲ့ မကြည်ဆိုတာအမျိုးသမီးရေးရာရဲ့ဥက္ကဌကြီးပါဗျာ၊ဝတ်စုံကြီးနဲ့မိန့်မိန့်ကြီးပေါ့။ မသိရင်အမျိုးသမီးရေးရာကဘဲ မာဆက်ဖွင့်စားနေသလားတောင်ထင်မိပါတယ်။
အင်မတန်မှလည်းရှက်ဘို့ကောင်းပါတယ်။တာဝန်ရှိတဲ့လူတွေအနေနဲ့မသိလို့ခွင့်ပြုထားတာလား သိသိနဲ့ခွင့်ပြုထားတာလား။မသိရအောင်လည်းလူတွေဘဲ တိရိစာ္ဆန်တွေမှမဟုတ်တာ။
ဒီမနက်လည်းဒီလောက်ကားတွေ ဂျမ်းဖြစ်နေတဲ့ လမ်းမှာ မာဆက်မိခင်ကြီးနဲ့ မာဆက်ကကောင်မလေးတွေ အကုန်ဖိုးယိုးဖါးယား စကတ်တိုတွေ နီကြောင်ကြောင်တွေနဲ့ လမ်းပိတ်ပြီးထုတ်စီးထိုးနေတာကို ရပ်ကွက်လူကြီးတွေကစောင့်တောင်ပေးနေပါတယ်ဗျာ။ရပ်ကွက်တွေထဲမှာဧည့်စာရင်းစစ်ရင် မာဆက်တွေကိုလုံးဝမစစ်ဘူး
ရိုးရိုးအိမ်တွေကိုလိုက်စစ်ကျတယ်။ဒီလို လူ့တိရိစာ္ဆန်ရပ်ကွက်လူကြီးတွေကိုသေချာစီစစ်ပြီး တရုတ်ပြည်လိုသေဒဏ်ပေးသင့်ပါတယ်။

13 comments

  • windtalker

    December 10, 2011 at 11:48 am

    အဲဒီ ဥက္ကဌကြီး မကြည် ကိုယ်တိုင်ကော နှိပ်ပေးတယ်တဲ့လား ဗျ
    ဆီမာဆတ်ကော ရလား ။
    ကျုပ်တို ့ဂေဇက်က
    “အဘဖော” ကို လိုက်ပို ့ပေးချင်လို ့ပါဗျာ ။
    တစ်ကယ်လို ့၊ မကြည် ကိုယ်တိုင်မနှိပ်ဘူးဆိုရင်
    ပြစ်ဒဏ်ချတဲ့အနေနဲ ့၊ သူ ့ကို ၁ဝနှစ်တိတိ အကျဉ်းသားတွေ ကို နှိပ်ဖို ့ခိုင်းစေချင်ပါတယ်နော
    ရထားတဲ့ ရာထူး နဲ ့လုပ်တဲ့အလုပ်နဲ ့က အချိုးကျချက်ကောင်းလွန်းလို ့ပါ

    Reply

  • kokothandar

    December 10, 2011 at 11:49 am

    ဒီနေရာမျိုးတွေရအောင်လုပ်ခဲ့တာ ဒီအခွင့်အရေးရဖို ့ ဖြစ်ပြီးရပ်ကွက်လူကြီးဆိုတာကလဲရွေးချယ်ခံ သမာဓိ
    ရှိ သိက္ခာရှိသူ မဟုတ်တော့ ပုလင်းတူဘူးဆိုချင်း ရိုင်းပင်းကြတာဘဲလေ chityimtoo စာသူတို ့ဖတ်လိုက်ရင်
    မိုက်ပချက်ကြီးရာ ဒို ့တွေကဘော်ဒါတွေကွ လို ့ရီရီမောမော ပြန်ပြောပြ နေမှာကို ကြားရောင်မိပါရဲ့ ဗျား
    ်သေဒဏ်ကျခံထိုက်သူတွေက ဒင်းတို ့မဟုတ်ပါဘူး ဒင်းတို ့ဒီလိုလုပ်ရဲ လုပ်နိူင်အောင်ခန် ့လိုက်တဲ့
    ကျားငစဉ်းလဲတွေသာဖြစ်မယ်ထင်ပါ့

    Reply

  • naywoonni

    December 10, 2011 at 12:10 pm

    “အဲဒိနားမှာ …….. သူ့အထာနဲ့ သူ့အထာ ….။ ရတာနာ အစစ် တစ်ခုအလား ရတနာ ….။”
    စူ့ အတွင်းရတနာ ကျောက်သံပတ္တမြားတွေ ပေးထားလို့ရှိမှာပေါ့…….။ အသာနေစမ်းပါ…။ နောက်တစ်ခါကျရင် ဒါ့ပုံလေးဘာလေး နဲ့ လုပ်စမ်းဘာ …။ အားလုံးမြင်သွားအောင်……….. ဟီ းးးး ညှောက်ပေးဒါ 😛

    Reply

  • MaMa

    December 10, 2011 at 3:33 pm

    ကျမလည်း တခါက လမ်းပေါ်မှာ ကားကြီးက လမ်းဘေးထိုးမရပ်ပဲ လမ်းပေါ်မှာ ရပ်ထားလို့ ကားလမ်းတခြမ်း ပိတ်နေတာကို ပြောတော့ လမ်းရှင်းတဲ့တာဝန်ရှိသူက အဲဒါ လမ်းကော်မတီက ဥက္ကဌကား တဲ့လေ။ အဲဒါကို http://myanmargazette.net/55357/economic-news-international-news-news-industry-people-in-the-news-us-news-news ပိုစ့်တင်ထားဖူးသေးတယ်။
    အမှန်ဆို အကြီးအကဲနေရာကို အကြီးအကဲဂုဏ် (နာယကဂုဏ်) ရှိသူတွေကိုသာ ပေးသင့်ပါတယ်။ ခုတော့ နေရာယူ လုပ်စားကြတာတွေချည်း ဖြစ်နေတော့ကာ စိတ်ကောင်း စေတနာကောင်းရှိတဲ့လူကလည်း အကြီးအကဲနေရာမရ၊ နေရာမယူ ဖြစ်သွားရော။ 🙁

    Reply

  • zaymdy

    December 10, 2011 at 4:04 pm

    အမျိုးသမီးရေးရာက မိန်းမတွေ လုပ်စားနေကြတာများတယ်.. တစ်ကယ်မြန်မာ အမျိုးသမီး ထုကြီးအတွက် ဘာမှ အကျိုးမရှိဘူး တစ်ကယ် အလုပ်လုပ်နိုင်တည်း လူတွေပဲ နေရာ ပေးသင်.တယ် အခုတော. လူကြီးမိန်းမ အမျိုးသမီးရေးရာ နေရာ ရ… အလို.ဖြစ်နေပြီး…

    Reply

  • Harumoto

    December 10, 2011 at 4:24 pm

    “ကျွန်တော့်သူငယ်ချင်းနေတဲ့ စမ်းချောင်းမြို့နယ်ရဲ့ အကြီးဆုံး crown နာမည်နဲ့ မာဆက်လုပ်ငန်းတွေလုပ်ကိုင်နေတဲ့ မကြည်ဆိုတာအမျိုးသမီးရေးရာရဲ့ဥက္ကဌကြီးပါဗျာ”
    အမျိုးသမီးရေးရာရဲ့ဥက္ကဌကြီး ဆိုတော့ အလုပ်သမား ကုန်ကြမ်း မရှားဘူးပေါ့..သူ့အမျိုးတွေ အလုပ်ရတာပေါ့။

    Reply

  • char too lan

    December 10, 2011 at 5:09 pm

    (လူ့တိရိစာ္ဆန်ရပ်ကွက်လူကြီးတွေကိုသေချာစီစစ်ပြီး ) အဲ့လိုလေးသုံးထားတာ သင့်တော်တယ် တိလား
    နာတို့ရပ်ကွက်ထဲမှာလဲ အဲ့လိုဆဲဂျင်စရာ လူဂျီးဒွေဘဲ……………………

    Reply

  • small cat

    December 11, 2011 at 7:28 am

    မာဆတ်လုပ်စားနေတဲ့ အတွက် ရေးရာဥက္ကဌမလုပ်နဲ့ပေါ့။
    ရေးရာ ဥက္ကဌ တာဝန်ယူထားလို့ မာဆတ် တော့မပိတ်လိုက်နဲ့လေ၊
    ဒါမှ ကြောင်လေးတို့ ရန်ကုန်ရောက်ရင် ဗဟုသုတ ရှာလို့ရမှာ။

    Reply

  • Foreign Resident

    December 11, 2011 at 10:08 am

    ဗုဒ္ဓ ဘာသာဝင်လို့ ခံယူထားသူများ အတွက်ပါ ။

    အဘ ကတော့ မာဆတ် လုပ်စားတာကို မကန့်ကွက်ပါဘူး ။
    Even ပြည့်တန်ဆာ လုပ်စားရင်တောင် မကန့်ကွက်ပါဘူး ။

    တည်ဆဲ ဥပဒေတွေ ဆိုတာ
    အစိုးရသစ် တခုတက်ရင် တခါပြောင်း
    လူတွေ အတွေးအခေါ် အယူအဆ တစ်ခုပြောင်းရင် တခါပြောင်း နဲ့
    အမှန် တရားပါ တရားမျှတပါတယ် လို့ မပြောနိုင်ပါဘူး ။

    အထူးသဖြင့် လက်ရှိ အစိုးရ လက်ထက်မှာ
    ဥပဒေ နှင့် တရားမျှတမှုကို အဘ အယုံအကြည် မရှိပါဘူး ။

    အဘ ကတော့ ဗုဒ္ဓဘာသာဝင် တဦးဖြစ်တဲ့အလျောက်
    ဂေါတမ ဗုဒ္ဓ ဘုရား က ခဏ ခဏ မပွင့်နိုင် တဲ့အတွက် ၊
    တရားတော် များကလည်း ခဏ ခဏ မပြောင်း တဲ့အတွက် ၊
    တရားတော် များကလည်း မှန်ကန်တယ်လို့ ယူဆတဲ့အတွက် ၊
    ဂေါတမ ဗုဒ္ဓ ဘုရား ဟောကြားတဲ့ တရားတော် တွေနဲ့ပဲ
    အမှန်တရား နှင့် တရားမျှတမှုကို ဆုံးဖြတ်ပါတယ် ။

    ဘုရား က မာဆတ် ပြည့်တန်ဆာ အလုပ် မလုပ်စားရဘူး လို့မဟောခဲ့ပါဘူး ။
    မလုပ်စားသင့်ဘူး လို့ဟောခဲ့တာဆိုလို့ လက်နက် ၊ အဆိပ် —– စသဖြင့် ၊
    လုပ်သင့်တယ် စေါင့်ထိန်းသင့်တယ် လို့ဟောခဲ့တာဆိုလို့ ငါးပါးသီလ —– စသဖြင့် ၊
    ဒါတွေပဲကြားဖူးပါတယ် ။

    အမျိုးသမီးရေးရာ ရဲ့ ဥက္ကဌကြီး နှင့် ရပ်ကွက်လူကြီးတွေ
    ကောင်းတယ် မှန်တယ် လို့ မဆိုလိုပါ ။
    ကောင်းလား မကောင်းလား လဲမသိပါဘူး ။

    ဒါပေမယ့် ၊
    ပြောကြားသူများအနေနှင့် မိမိကိုယ်ကို အရင်ကောင်းအောင် ပြုပြင်စေလိုပါတယ် ။
    ဥပမာ – ငါ မုသာဝါဒ လုံးဝ မပြောပဲ ဘယ်နှစ်ရက် နေနိုင်ပြီလဲ ဆိုတဲ့ အခြေခံ ကနေစကြည့် လိုက်ပါ ။
    အဲဒီအခါမှာ ကိုယ့်ရဲ့ သီလ သမာဓိ အခြေအနေမှန်ကို သဘောပေါက်သွား ပါမယ် ။
    သူများတွေကို လွယ်လွယ် အပြစ်တင်ချင်စိတ်လည်း လျော့သွားပါမယ် ။

    စကားမစပ်ပါ
    အမျိုးသားခေါင်းဆောင် အမေစု ကိုယ်တိုင်က
    ” မြန်မာ လူမျိုးတွေဟာ မနာလိုစိတ်များကြတယ်လို့ မကြာခင်က ပြောခဲ့ပါတယ် ”
    ဝမ်းနည်းစရာပါ ။

    အဘ Personal အမြင်အရ
    ပုခုံးပေါ်မှာ အပွင့်တွေ တန်းစီတပ် ထားပြီး
    တိုင်းပြည်ပိုက်ဆံတွေကို လာဘ်ပေး လာဘ်ယူနည်း နှင့်
    အာဏာ အလွဲသုံးစားမှု နည်းမျိုးစုံ နှင့် ခိုးနေတဲ့ သူတွေထက်စာရင် ၊

    ကိုယ်ပိုင် ခန္ဓာကိုယ် နှင့် ခွန်အား ကိုရင်းနှီးပြီး ရိုးသားစွာ
    မာဆတ် နှင့် ပြည့်တန်ဆာ လုပ်စားနေကြတဲ့ မိန်းကလေးငယ်တွေက
    ဗုဒ္ဓ ဘာသာ အမြင်အရ အများကြီး ပိုမွန်မြတ်ပါတယ် ။

    အဲလိုခိုးနေတဲ့ လူကြီးတွေကိုတော့ လက်အုပ်လေး ချီကာချီကာ နှင့် ဖားကြပြီး ၊
    ခန္ဓာကိုယ် နှင့် ခွန်အား ကိုရင်းနှီးပြီး
    ရိုးသားစွာ လုပ်စားနေကြတဲ့ မိန်းကလေးငယ်တွေကိုတော့ တဆုံး နှိမ်ချချင်ကြတဲ့ ၊
    မြန်မာ ဗုဒ္ဓ ဘာသာ လူထုကြီး ကိုတော့ နားမလည်နိုင်အောင်ပါပဲ ။

    အမှန်ဆိုရင် အဘရဲ့ သင်္ဘော Captain အလုပ် နှင့်
    အဘ မိန်းမ ရဲ့ ဆရာဝန်မကြီး အလုပ် တွေဟာလဲ
    ကိုယ်ပိုင် ခန္ဓာကိုယ် နှင့် ခွန်အား ကိုရင်းနှီးရတဲ့ အလုပ်တွေပါပဲ ။

    တွေးကြစေချင်လို့ပါ ။

    Reply

  • ကြောင်ကြီး

    December 11, 2011 at 12:29 pm

    အဘဖောပြောတဲ့ မာဆက်လုပ်စားတဲ့ မိန်းခလေးများအပေါ် အမြင်မစောင်းဖို့ သဘောတူပါသည် သို့သော် ပြည့်တန်ဆာကိစ္စကိုတော့ နှိမ်ချခြင်းထက် ကြီးထွားမလာအောင် နည်းလမ်းရှာသင့်ပါသည်။ အမြတ်အစွန်းအလွန်ကြီးမားပြီး ဆူလွယ်နပ်လွယ်ရှိသမို့ စိတ်ဓာတ်မကြံ့ခိုင်သူ အချို့မိန်းခလေးများ ရေလိုက်မလွဲရအောင်တော့ စည်းရုံးပညာပေးရပါမည်။…………
    မာဆက်လုပ်စားတဲ့ မိန်းခလေးများအပေါ် မျှမျှတတ ဆက်ဆံသ၍၊ အမြတ်မထုတ်သ၍၊ အနှိပ်ခန်းဗန်းပြပြီး အသွေးအသားရောင်းဝယ်မှု မလုပ်သ၍ လက်ခံနိုင်ပါသည်။ လက်မခံလည်း မရဘူးလေ၊ အဆက်အသွယ်ရှိရင် လူတိုင်းလုပ်နေကြတာ။ လူစိတ်ရှိသူများ ဖြစ်ဖို့သာ အဆိုးထဲကအကောင်း မျှော်လင့်ပါသည်။ နောက်တချက်က မတရားမလုပ်ပေမဲ့လည်း အဲဒီအခွင့်အရေးရဖို့ ဘယ်သူတွေကို ချနင်းထားသလဲ၊ မြန်မာ့နည်းမြန်မာ့ဟန် စီးပွားရေးလုပ်စဉ်အတိုင်း ကျွေးမွေးပေးကမ်းပြီးလုပ်တာ ဖြစ်ဖို့တော့လိုသည်။ ကိုယ်ချမ်းသာဖို့ အဆင်ပြေဖို့ တစုံတယောက်၊ အသင်းအဖွဲ့တခုခုကို နင်းခြေတက်ထားတာမျိုးဆိုရင်တော့ ဝိုင်းဆဲဖို့ သဘောတူပါ၏။

    Reply

  • pasi

    December 13, 2011 at 12:55 pm

    ပေစိတို့ကတော့ တည့်တည့်ကြည့် တည့်တည့်မြင်ပဲ း-)

    Reply

  • comegyi

    December 13, 2011 at 4:53 pm

    ဟုတ်တယ် မြေနီကုန်းတစ်ဝိုက်မှာ ညဖက်ဆို အုန်းဒိုင်းကြဲနေတာပဲ
    ဘောလုံးကွင်းပတ်လယ်မှာ အဲဒါတွေချည်းပဲ ကမ်းကြီးလည်း မူးတူးမူးတူးနဲ့
    ညဖက်ကားလျှောက်စီးရင်း တွေ့ခဲ့ရတယ်…ဟုတ်ကဲ့ ကမ်းကြီးကတော့ ဘုရားစူး မာဆက်ပဲ သွားပါတယ်ခင်ဗျ …..

    Reply

  • nayminn

    December 13, 2011 at 5:17 pm

    မကြည်တော့ နာပြီ…။

    Reply

Leave a Reply to zaymdy Cancel Reply

Your email address will not be published.