ရွာသူ၊ရွာသား ကင်မရာမန်းများ စိတ်မညစ်ရလေအောင်

ကျွန်တော် မန္တလေးအိမ်ကိုပြန်တုန်း လျှောက်သွားပြီး ကင်မရာတစ်လုံးနဲ.လက်ဆော့ ခဲ့တဲ့ ဓာတ်ပုံတွေကို အားရပါးရ ရွာထဲမှာတင်မယ်ဟဲ့ဆိုပြီး တင်ချင်ဇောနဲ. အိမ်တောင်ပြန်မရောက်သေးဘူး သူငယ်ချင်းတစ်ယောက် ကွန်ပျူတာမှာ မန်မိုရီ ကဒ်ကို သွားထည့်ပြီး ပုံကူးလိုက်တာ အကောင်ကိုက်ခံရပြီး ဓာတ်ပုံအားလုံး ပျက်သွားပါကကောလား.. သွားရှာပြီးပေါ့ ရွာထဲလဲတင်လို.မရ ဓာတ်ပုံတွေလဲဆုံးဆိုတော့.. ပြန်ရိုက်ဖို.ကလဲ မဖြစ်နိုင်ဆိုတော့ ဘယ်သူ.စိတ်တိုရမလဲမသိဘူး ဟိုသူငယ်ချင်းထထိုးရအောင်ကလဲ သူကွန်ပျူတာလဲ ငှားကိုင်သေးတယ် သူလဲ ရန်လုပ်သေးတယ်ဆိုရင် ကိုယ်မထိုးခင်သူက အရင်ထိုးလိမ့်မယ်လေ ဟေဟေ..

ဒါနဲ.ပဲ အင်တာနက်မှာ ခေါင်းစိုက် လိုက်တော့ အခုပြောမယ့် အသုံးဝင်တဲ့ Portable Software လေးတွေ.ရတာပါပဲ.. ရွာသူ။ရွာသား ကင်မရာမန်းတွေလဲ ကျွန်တော်လို မဆုံးရှုံးရအောင် ပြန်လည်မျှဝေလိုက်ပါတယ်.. အခုတော့ မန်းလေးက ရိုက်လာတဲ့ ဓာတ်ပုံတွေပြန်ရပြီ လေ… ရက်က နောက်ကျသွားပြီးဆိုတော့ မတင်တော့ပါဘူး.. အခု Software လေးကိုပဲ တင်ပေးလိုက်ပါတယ်..

ဒီSoftware လေးက ကွန်ပျူတာထဲ ကို Install လုပ်စရာမလိုပဲ နဲ.သုံးလို.ရတဲ့ Portable လေးလေ..

ကိုယ်ရဲ. Memory card, Stick တွေကို အကြောင်းကြောင်းကြောင့် Format လုပ်လိုက်ရရင် အဲဒီထဲက Data တွေကို ပြန်ယူပေးတာပေါ့.. ဒါပေမယ့် error ရှိတဲ့ File တွေကိုတော့ ယူမပေးနိုင်ဘူးဗျ.. အများဆုံးတော့ ပြန်ရပါတယ်…

အောက်မှာ သုံးပုံ သုံးနည်းလေးလဲ ထည့်ပေးထားတယ်နော့

http://www.mediafire.com/?ae1gkml6vupcbqm ဒီမှာ ဒေါင်းပါ။

 

 

 ဒါကတော့ စစဖွင့်ချင်းမြင်ရမှာပါ။

အဲဒီမှာ File အမျိုးအစားအကုန်လုံးရှာချင်ရင်တော့ Button လေးတွေနှိပ်ပြီး Next နဲ.ရှာယုံပါပဲ

ဒီအထဲမှာ ကိုယ်လိုချင်တဲ့ File အမျိုးအစားကို ရွေးရှာလဲရတယ်..

ပြီတော့ ကိုယ့်ရဲ. Memory card, Stick ကို check လေးလုပ်ပြီး ရွေးပေးလိုက်ပါ… ဒါဆို Next Button လေးလင်းလာပါမယ်… Next ဆက်နှိပ်သြွးပြီး ရှာပေးပါလိမ်မယ်..

ရှာလို.ပြီးသွားရင် ရှာလို.ရတဲ့ File အမျိုအစားနဲ. အရေအတွက်ကို ပြပေးပါလိမ့်မယ် အဲဒါပြီးရင်တော့ အပေါ်ဘက်မှာ Save File ဆိုတဲ့ ဟာလေးကို နှိပ်ပြီး ရှာထားတဲ့ပုံတွေကို တစ်နေရာရာမှာ သိမ်းပေးပါလိမ်မယ်.. ဒါဆိုရင် သင်ဆုံးပြီထင်တဲ့ ဟာတွေပြန်ရသွားပြီးပေါ့… 😀

 

4 comments

  • thit min

    December 8, 2011 at 1:21 pm

    ဒီမှာ ဒေါင်းပါ။ဆိုတဲ့ စကားလေးက အထက်အိမ်နဲ့ အောက်အိမ် ဘော်ဒါဖြစ်တဲ့ပုံစံမျိုးမို့
    ခင်မင်မှု ကိုဖော်ပြတဲ့စကားလေးလို ခံစားရပြီး ဘာမှမဆိုင်သော ရှူ့ထောင့်မှ မန့်လိုက်ပါ၏။

    Reply

  • ကိုတောက်တဲ့

    December 8, 2011 at 2:22 pm

    စကီပုံလေးတွေ..စိုင်လေးတွေ..ပြန်ရှာတွေ ့..တော်ပါဘီ…ကျေနပ်ပါဘီ..ကွယ်ရို ့

    Reply

    • Shwe Tike Soe

      December 8, 2011 at 3:54 pm

      ဟောဟော နာမည်ပြောင်းထားတယ်.. ပြောင်းတဲ့နာမည်ကလဲ ဖမ်းပြီး ရောင်းစားချင်စရာကြီး ဟီးဟီး 😛

      Reply

  • amatmin

    December 8, 2011 at 2:42 pm

    ရွှေတိုက်စီုး ပြောတဲ့ ဆော့ဝဲ တကယ်ကောင်းပါကြောင်း ထပ်ဆင့် ထောက်ခံပါတယ်ဗျာ..

    ခင်မင်စွာဖြင့်
    အမတ်မင်း

    Reply

Leave a Reply to Shwe Tike Soe Cancel Reply

Your email address will not be published.