စိတ်ကူးယဉ်မနေနဲ့ နွေရာသီရောက်လာတော့မယ်

naywoon niDecember 7, 20111min08

စိတ်ကူးယဉ်မိုးစက်များ
ကမ္ဘာ့အနှံ့အပြားမှာ
ကွက်ကြားမိုးရွာနေ…..။
သူတို့နဲ့ အတူ
ပါလာတဲ့သစ်ရွက်ကြွေတွေလည်း
စိတ်ကူးယဉ်နေကြ….။
အဲဒိလိုနဲ့
စိတ်ကူးယဉ်ရေစီးကြောင်းတစ်ခု
ငါ့ရှေ့မှာစီးမျောသွားပေါ့………။
သူတို့ဟာ
စိတ်ကူးယဉ်စီးမျောရင်းနဲ့
ပုတ်အဲ့အဲ့နာရီတစ်လုံးရဲ့
ရေဆိုးမြောင်းထဲ
ပျော်ရွှင်စွာပြေးဝင်သွားကြ………..။
တစ်ခဏတော့
သူတို့သိပ်ပျော်နေကြတာပေါ့…….။
မကြာခင်မှာပဲ
သူတို့အတွက်ကျရောက်လာတော့မဲ့
မုန်တိုင်းတစ်ခုကိုတောင်
မိုက်မဲစွာလှောင်ပြောင်သရော်နေကြရဲ့……….။
သနားမနေပါနဲ့
လက်တွေ့မဆန်တဲ့
စိတ်ကူးယဉ်မှုရဲ့ရလာဒ်
အမြတ်ထုတ်သူပေါများတာဟာ
အဆန်းတစ်ကြယ်မဟုတ်ပါဘူး……။
ခံစားလွယ်တဲ့နှလုံးသား
ကြေကွဲလွယ်တဲ့စိတ်
ခေါင်းညိမ့်တတ်(လွယ်)တဲ့သစ်ရွက်ကြွေ
ပျက်စီးယိုယွင်းစ
စိတ်ကူးယဉ်တတ်သူတွေ အတွက်
မကြာခင်မှာပဲ
နွေရာသီရောက်လာတော့မယ်…….။
….နွေရောက်လာတော့မယ်….။

နေဝန်းနီ

8 comments

  • windtalker

    December 7, 2011 at 8:53 pm

    စာရေးတဲ့သူ တစ်ယောက် အတွက်
    စိတ်ကူးဆိုတာ တစ်ကယ့်ရင်းနှီးမြှပ်နှံခြင်း လို ့ထင်မိပါတယ်
    နွေရောက်တော့မယ် ဆိုတော့
    တစ်ကယ့် လက်တွေ ့ဘဝ ထဲကို ဝင်တော့မှာကိုများ ရည်ညွှန်းထားသလားဗျ

    Reply

  • kolawyan

    December 7, 2011 at 8:58 pm

    နွေရောက်ရင် လေတရူးရူးနဲ့ သစ်ရွက်ကြွေတွေအသံနားစွင့်
    ဥဩသံ တအီအီနဲ့….ဪ…ဆက်ပြီး အလွမ်းဇာတ်ခင်းရဦးမယ်
    ဆိုတဲ့ သဘောပေါ့လေ……ဪ…နွေ…နွေ…နွေ….

    Reply

  • naywoonni

    December 7, 2011 at 9:27 pm

    Yes! မောင်ပေ …။ မောင်မင်းဒုန်းမဝေးဘူးပဲ…။ လက်တွေ့ဘဝကိုရောက်မယ်ဆိုတာထက် တစ်ဆင့်မြှင့်ပြီးတွေးကြည့်ပါလား ….။ နွေဆိုတာက ပူလောင်တယ်လေ…။ ပူလောင်မှုတွေ (ဒုက္ခ/လောကဓံတွေ)ရောက်လာတော့မယ်…။ စိတ်ကူးယဉ်မနေနဲ့ပေါ့…။

    Reply

  • aye.kk

    December 7, 2011 at 11:40 pm

    နွေရာသီရောက်လာတော့မယ် .. ဆိုတော့..
    မီးဘေးရှောင်မလောင်ခင်တားရတော့မှာပေါ့နော်..
    သဲအိတ်.ရေအိတ်.မီးချိတ်.မီးကပ်.ရေပုံး.ဝါးလုံး.မီးကင်းကြေးခတို ့ကုန်ရဦးမှာပေါ့နော်..။

    Reply

  • pooch

    December 8, 2011 at 9:06 am

    အဘနီကဗျာတွေက ဘဝ သရုပ်ဖော်တွေပဲ ဒါမျိုးကျ သူကြီးက ဒေါ်လှ ၂၅ ကျပ်လောက်ပေးပြီးဝယ်သင့်တာကို ..အဖိုးတန်တွေကို မခံစားတတ်ဖူးထင်တယ်..

    Reply

  • Moe Z

    December 8, 2011 at 9:22 am

    ဖတ်ကြည့်ပြီး ခံစားသွားပါသည်.. 🙂

    Reply

  • MaMa

    December 8, 2011 at 9:51 am

    ဒီဇင်ဘာလရောက်လို့ အေးချမ်းမှုကို ခံစားလို့ကောင်းနေတုန်းရှိသေးတယ်။ စိတ်ကူးယဉ်မနေနဲ့ နွေရာသီရောက်လာတော့မယ် ဆိုတော့ လန့်တောင်သွားတယ်။ 🙁

    Reply

  • char too lan

    December 8, 2011 at 1:20 pm

    ခံစားလွယ်တဲ့နှလုံးသား
    ကြေကွဲလွယ်တဲ့စိတ်
    ခေါင်းညိမ့်တတ်(လွယ်)တဲ့သစ်ရွက်ကြွေ
    ပျက်စီးယိုယွင်းစ
    စိတ်ကူးယဉ်တတ်သူတွေ အတွက်
    မကြာခင်မှာပဲ
    နွေရာသီရောက်လာတော့မယ်…….။
    ….နွေရောက်လာတော့မယ်….။
    ………. *အဲ့ဒီအပိုဒ်ကို အရမ်းကြိုက်တယ်* ……………..

    စိတ်ကူးတွေ ယဉ်မနေပါဘူး
    ယဉ်ရလောက်အောင်လဲ
    ကျနော့်နေရာမှာ ရာသီဥတုက
    သာယာမနေဘူးလေ ………… :'(

    Reply

Leave a Reply

Your email address will not be published.