“ရှိစေရန်”

aye.kkDecember 7, 20111min08

အမိအဘ
ဆုံးမသင်သည်
ဤလူ ့ရွာတွင်
ကြောင်းကျိုးမြင်က
ဆင်ခြင်တတ်အပ်
ဆုံးဖြတ်နိုင်မှု
မြင်ဗဟုနှင့်
သုတများသိရှိစေရန်
လူတို့ထံက
စရိုက်အမှန်
ရှေးကံပြုလင့်
ကျင့်စာဂလျှင်
ညဏ်မြင်သဒ္ဒါ
ခြံရံကာဖြင့်
ပါရမီဖြည့်
လေ့ထကြိုးစား
ပြုထားကုသိုလ်
ထိုထိုနောင်တွက်ရှိစေရန်
လောကလူ့ဘုံ
နိမ့်တုံမြင့်တုံ
ကြုံရဆုံမှန်
လောကဓံလျှင်
ခံနိုင်အံတု
မုချတရားရှိစေရန်
ဤလူ့ဘဝ
ရခဲလှဟု
လူ့ဂုဏ်တန်ဘိုး
ရိုးသားကျင့်မှန်
မြင့်မြင့်ကြံ၍
မှန်ကန်အသိရှိစေရန်
လူ့နှလုံးသား
စိတ်ထားဖြောင့်စင်း
လူချင်းချင်းလျှင်
မေတ္တာယှဉ်၍
ကြင်နာတရား
ဂရုဏာထားရှိ
ပွားမုဒိလျှင်ရှိစေရန်
လူမည်ပါမူ
လူလိုလူကို
လူလိုသိဘွယ်
လွယ်နှင့်မထင်
ကြိုးမြင်အားထုတ်
လူလုပ်လျှင်ကား
ပွားမှုဘာဝနာရှိစေရန်..။

8 comments

  • ပေါက်ဖော်

    December 7, 2011 at 7:18 pm

    ရခဲလှတဲ့ လူ ့ဘဝ ဆိုတာ..သဂျီက မယုံဘူးဗျ
    ရှင်မွေးလွန်းတွေများတာကိုကြည့်ပြီးလူတွေဖြစ်ပြီလို့ထင်နေတာ..သိလား..သိလား..
    ကျနော်လဲ..လူမပီသ သေးဘူး..
    လု ပဲရှိသေးတယ်..
    ရှိစေရန်တွေထဲမှာ…တစ်ခုမှ မရှိလို ့ပါ..
    😯

    Reply

  • thit min

    December 7, 2011 at 7:57 pm

    (ညီလေးပေါက်ဖော်လဲပါတဲ့ ရွာ့ရဲ့ပွါးချက်)
    ပွါးမှုကဘာဝနာ
    ထားကြတဲ့ရွာ့မေတ္တ္တ္တာ
    တိုးလို့သာလာ။
    ဝင်ကြတဲ့သူသူငါ
    မမြင်ပါ ခင်တာအလွန်ဘဲ၊
    သဘင် မှာ အတူတွဲကာ
    ယိမ်း က သလိုလှ။
    (^^)

    Reply

  • windtalker

    December 7, 2011 at 8:07 pm

    လူပီသဖို ့တော့ လူလိုသူလို အကောင်းဆုံး ကျင့်ကြံ ကြိုးစား နေထိုင်နေပါတယ်
    လူပီသဖို ့အတွေးအခေါ် အကြံအစည်တော့ ရှိနေပါပြီ

    Reply

  • naywoonni

    December 7, 2011 at 8:17 pm

    သူများတွေ လက်မထောင်တာကျ လွယ်ပါ့ …။ ငါ့ကျမှခက်နေတယ်..။ သူကြီး ချောင်းကြည့်ပြီး တမင်များလုပ်နေသလားကွယ်…။ ကဗျာလေးက ဘာမှကိုပြောစရာမလိုပါဘူး…။ ဒါကြောင့် နှမ်းမဖြူးတော့ဘူးနော်…။

    Reply

  • kolawyan

    December 7, 2011 at 8:23 pm

    ဆရာဇော်ဂျီ စာကြည့်တိုက်မှူးလုပ်တုန်းက အကောင်ကြီးကြီး
    အမြီးရှည်ှရှည်တစ်ကောင်ကို ပြောလိုက်တဲ့စကားလေးကို
    သတိရသွားတယ်ဗျာ…ကဗျာလေးဖတ်ပြီးတော့လေ…
    မောင်ရင် … မောင်ရင်လည်းလူ ကိုယ်လည်းလူနော်
    ဒါကြောင့် လူစိတ်လေးတော့ထားပါတဲ့ဗျ…
    ကျနော်တို့ လူပီသအောင်ကျင့်ကြံနေထိုင်ကြရမယ်ဗျ…။

    Reply

  • TTNU

    December 7, 2011 at 8:32 pm

    ဒေါ်အေးကေရေ…ကျမဆီကို ဆရာ ဘလက်ချောက ရန်ကုန်ကနေ မေတ္တာလက်ဆောင်
    စာအုပ်တစ်အုပ် မောင်ပေ မှတဆင့် လူကြုံပါးလိုက်တယ်။

    စာအုပ်နာမည်က …. သင် လူတစ်ယောက်ဖြစ်ပြီလား
    စာရေးဆရာ… မေတ္တာရှင် ရွှေပြည်သာ
    ” ခုဘဝ လူဖြစ်လာ၊ ရှေးကံသာ အကြောင်းမို့၊
    ကောင်းလှလို့ အရတော် ၊ ရှုံးစေနဲ့နော်၊
    နောက်ဘဝ အရင်းပေါ်အောင်၊ ခုကနော် ကြိုးစားကြစို့လေး….”
    အဲဒီလို ဆရာတော် မိန့်ကြားထားပါတယ်ရှင်။ အခုဒေါ်အေးကေ ပြေတာနဲ့ တစ်ထပ်တည်းပါပဲရှင့်။

    Reply

  • အစပထမ
    သိရန် ကြိုးစား။
    ဒုတိယ သိတဲ့အသိကို
    ရှိအောင် နိုးကြား။
    တတိယ ရှိတဲ့အသိကို
    မြဲအောင် …………………………………..
    မြဲအောင်……………………
    မြဲအောင်…………………………………..

    Reply

  • aye.kk

    December 10, 2011 at 6:23 am

    အနန္တဂိုဏ်းဝင်မိဘဆရာများရဲ ့မှာကြားမှုအောက်မှာကြီးပျင်းလည်း..
    တစ်ခါတစ်ခါတစ်ဇွတ်ထိုးလုပ်တတ်တဲ့..
    ကျမအကျင့်လေးကမကောင်းပါဘူး..ကောင်းတာကိုဘဲအတတ်သင်ပေးတာမိဘဆရာ သမားများပါ..
    လိုက်နာကြရမှာက သားသ္မီးတပည့်ဝတ်ပါ..
    ထိုထိုမိဘဆရာသမားတွေရဲ ့အဆုံးအမကို အားလုံးလိုက်နာနိုင်စေချင်တဲ့စေတနာနဲ ့ရေးဖွဲ ့လိုက်တာပါ..။

    Reply

Leave a Reply

Your email address will not be published.