လူတစ်ချို့

naywoon niDecember 7, 20111min011

နာမယ်များရွတ်ဖတ်
တစ်ကျပ် ငါးမတ်ရေတွက်
မတ်တပ်ရပ်ဖို့
ထိုင်တတ်ဖို့တဲ့…………။
ရက်မြတ်မင်္ဂလာ
အခါကောင်းပေး
နာမယ်တွေရွေး
ဆိုင်မှာတင်ပေးမလို့တဲ့….။
အဲဒိလိုကျတော့
“ အပျော်ဖတ်ဝတ္ထု
မိတ်ဆွေအတု
ကြက်မွေးတစ်ခုနဲ့သန့်စင်
ကြောက်စိတ်ကင်းခြင်းဆိုတဲ့ သူ့ရဲ့ အရည်အချင်း
အမေ့သား ကျွန်တော့်ကိုပေးပါ”
……..ဆိုတဲ့
ကိုအောင်ဂျမ်းရဲ့ ကဗျာ တစ်စ
ရင်ကိုထိုးဖောက်လာဆဲ………………..။
မဲမဲ …မဲမဲ …နဲ့
နေကျဲကျဲအောက်
ပန်းကောက်သူများ
လွမ်းလောက်အောင်ချွေးသုတ်ပေးခဲ့ပါ…..။
တောင်လေနဲ့ ဆောင်း
မြောက်လေနဲ့ နွေ
မချွေရက်တဲ့ ပန်းကလေး
သေးကွေကြုံလှီတဲ့ သိုးမဲလေး
ချွေးပြန်နေတဲ့ ဝံပုလွေ
မြွေ……….
…..မြွေ……….
…………………မြွေ တဲ့
ကြောက်တတ်တဲ့ သူတွေ ကြောက်ပါစေလေ…….။

နေဝန်းနီ

11 comments

  • lulinmg

    December 7, 2011 at 6:22 pm

    တို့လည်းမြွေဆိုရင်ကြောက်တက်တယ်နော်

    Reply

  • ပေါက်ဖော်

    December 7, 2011 at 8:21 pm

    ဘိုနေ..
    အဲဒီမြွေက..ရွာထဲက ပဲလင်းမြွေလို..ဘီဘီတို ့ဘာတို ့ကော ကစ်လားဗျ

    Reply

  • TTNU

    December 7, 2011 at 8:46 pm

    နားမလည်ဘူး။ နားလည်သလိုလိုရှိပြီး နောက်တစ်ခေါက်ထပ်ဖတ်တော့ မျက်စိလည်သွားပြီ၊
    ဆရာနေ..ကျုပ်က ရှင့် ကဗျာတွေ ကြိုက်ပေမဲ့ မလိုက်နှိုင်တာခက်။
    (မဲမဲ …မဲမဲ …နဲ့
    နေကျဲကျဲအောက်
    ပန်းကောက်သူများ
    လွမ်းလောက်အောင်ချွေးသုတ်ပေးခဲ့ပါ…..။) ဒီနားအခက်ဆုံးပဲ။
    ဘိုင်အိုဂျက်ဆစ်သောက်လိုက်ဦးမယ်။ ပြီးမှ ထပ်စဉ်းစားမယ်။ မနက်ဖြန်ရောက်လို့မှ
    ကျမ မန်းဂဇက်ထဲရောက်မလာရင် နေကျဲကျဲထဲ ကဗျာအနက်ရှာနေတုန်းပဲသာမှတ်လိုက်တော့နော်။
    🙂 🙂

    Reply

    • naywoonni

      December 7, 2011 at 9:24 pm

      (မဲမဲ …မဲမဲ …နဲ့
      နေကျဲကျဲအောက်
      ပန်းကောက်သူများ
      လွမ်းလောက်အောင်ချွေးသုတ်ပေးခဲ့ပါ…..။) ဆိုတာက မဲမဲ ….မဲမဲ သာမြင်နေရသောအရာများ(ဘယ်နေရာမှာ ဘယ်သူတွေနဲ့ ဖြစ်ဖြစ် အစားထိုးကြည့်ယူလို့ရ )
      နေကျဲကျဲအောက် မှာပန်းကောက်သူ ဆိုတော့ ပူလောင်နေတဲ့ အတွေး /အလုပ်လုပ်နေတဲ့သူတွေ အေးရိပ်ဆာရာ ရှာနေသူလို့တွေး …..။ချွေးသုတ်ပေးတယ်ဆိုတော့ အဲဒိပူလောင်တဲ့ အတွေးရှိသူတွေ ပင်ပင်ပန်းပန်လုပ်နေရတဲ့သူတွေကို အမောပြေစေ တယ်လို့ ယူ
      ဘယ်အကြောင်းအရာ ဘယ်လူမှု စရိုက်နဲ့ဖြစ်ဖြစ် ယှဉ်ထိုးလို့ရအောင် နိမိတ်ပုံ ခပ်ဝါးဝါးသာ ယူထားခြင်ဖြစ်….။ အောင်မငီးးး ဆရာမောင်သာနိုးရေ…။ ကျွန်တော်လည်း ကျွန်တော့ မော်ဒန်ကဗျာလေးပြန်ရှင်းပြနေရပြီဗျ….။
      အရင်က အယ်ဒီတာတွေ မကြိုက်လို့ မရွေးကြပေမဲ့ အနှစ်နှစ်ဆယ်လောက်ရှိမှ ပြန်ဖော်တော့ ဖတ်မဲ့သူတွေရှိသေးသားပဲ…။
      အဲဒါကြောင့် အားလုံးကိုကျေးဇူးတင်ပါတယ်လို့ ပြောရုံမှတစ်ပါးးးး

      Reply

      • TTNU

        December 7, 2011 at 11:40 pm

        ဆရာနေဝန်း
        ကျေးဇူးပါ။
        နားလည်ပါပြီ။
        :0

        Reply

  • kolawyan

    December 7, 2011 at 8:53 pm

    မြွေမြွေခြင်း ခြေမြင်ပါလိမ့်မယ်….
    ကျနော်တော့ မြွေဆို ရွံ့ကြောက်ကြီးပါဗျို့…။

    Reply

  • windtalker

    December 7, 2011 at 9:33 pm

    ဆရာ မင်းသိင်္ခ ပြောခဲ့သလို ဘဲပေါ့ဗျာ
    လောကဇါတ်ခုံကြီးပေါ်မှာ သူ ့နေရာနဲ ့သူ
    ဒေါင့်စေ့စေ့ အပီအပြင် သရုပ်ဆောင်နေကြရတာပေါ့ ။
    ဇါတ်ညွှန်းမှားက တဲ့ သရုပ်ဆောင် ဘေးရောက်သွားရသလို ပါဘဲ ။
    ဒီလိုဘဲ ထင်မိပါ၏

    Reply

  • လေနေတဲ့စိတ် တေလေလိုမအိပ်ရအောင်
    တစ်ခွက်တစ်ဖလား အရက်များမော့လိုက်ရင်
    လောကကြီးက တဒင်္ဂတော့သာယာသွားသလိုဘဲတဲ့။
    ဟုတ်လားကိုနေ?

    Reply

  • ကြောင်လတ်

    December 7, 2011 at 11:22 pm

    အပေါ်က မန့်ထားတဲ့ စာတွေဘာလို့ အကုန်စောင်းနေပါလိမ့်၊ ကဗျာထဲ ကမြွေက ငန်းစောင်းမြွေ ပဲဖြစ်ရမယ်။
    ကနော်က မြွေမကြောက်ဖူး၊ ငယ်ငယ်ကတည်းက တီကောင် ကိုကြောက်တာ အခုထိပဲ၊ ဟီး ဟီး ချက်ရှရာကြီး။

    Reply

  • လင်းဝေ

    December 8, 2011 at 3:52 pm

    အသက်ကကြီးလာတော့ ခံစားမှုတွေလည်း ဂွမ်းသွားပြီထင်ပါရဲ့။
    ဘာ ကဗျာမှကို ဝင်မလာတော့ဘူး။ ဟိုတုန်းကတော့ ထင်းရှုးရိပ်ရ မောင်ချောနွယ်ရ ဇီမာလမ်းဆုံ
    ဘောင်းဘီဝတ်မိုးတိမ်။
    မီးလောင်နေတဲ့ နှလုံးသားပေါ်ကို အနမ်းနဲ့တက်ရတယ် လို့ ရည်းစားစာထဲရေးမိလို့ ဘာလဲဟင်ပြန်လာမေးတာခံရဖူးတယ်။

    Reply

    • naywoonni

      December 8, 2011 at 6:23 pm

      ကိုလင်းဝေရေ…….. ထင်းရှူးပင်ရိပ် လေးရှိရင် လုပ်စမ်းပါဦး ကျွန်တော့ မှာအစကရှိတယ်…။ သုံးခါဝယ်တာ လေးခါပျောက်တယ်ဆိုသလိုပဲ…။ ငယ်ငယ်တုန်းက ဆရာတစ်ပါးက ပြောဖူးလို့လေ…။ အဲဒိစာအုပ်မဖတ်ဖူးရင် မော်ဒန်စကားမပြောနဲ့လို့…။ ခုလိုင်းပေါ်မှာပြန်ရှာတာ လုံးဝကိုမတွေ့ဘူးဖြစ်နေတယ်..။ ဖေ့ဘွတ်ပေါ်မှာအခွံပဲတွေတယ်..။

      Reply

Leave a Reply to windtalker Cancel Reply

Your email address will not be published.