မိတ်ဆက်ခြင်း…

kotun winlattDecember 7, 20111min016

ခြေဆော့လက်ဆော့ ဇနပုဒ်သားတစ်ယောက် မန်းလေးဂေဇက်ဆိုဒ်ကြီးထဲကို မယောင်မလည်ရောက်လာခဲ့ပါတယ်…

ပို့စ်တွေ တင်ပြီးမှ မိတ်ဆက်ရတာ အားတော့နာပါတယ်ဗျာ… အမှားအယွင်းတွေရှိခဲ့ရင်လည်း ခွင့်လွှတ်ပေးကြစေလိုပါတယ်။

မသိနားမလည်တဲ့ မလည်မဝယ် ဇနပုဒ်သားတစ်ယောက်မို့ပါ… ခွင့်လွှတ်နားလည်ပေးကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်ခင်ဗျား။

ဟုတ်ပါတယ်ဗျာ..ကျနော်ဟာ တကယ်ကို ဇနပုဒ်သားပါ..မန်းလေးဂေဇက်ဆိုတော့ မန်းလေးသားတွေပါမှာပဲ

ငါတော့ မြို့သားတွေနဲ့ခင်မင်ရတော့မယ်ဆိုပြီး ပျော်ရွှင်နေခဲ့တာပါ…ဗျာ…မဖြီးနဲ့….ဟုတ်လားးးး

တကယ်အမှန်အကန်ပြောတာပါ…ကျနော့်နေရပ်လိပ်စာပြောရင် ခင်ဗျားတို့တွေ အံ့ဩပါလိမ့်မယ်…

တကယ်တော့ရွာက ဇနပုဒ်သားတစ်ယောက်ဗျာ….အင်တာနက်သုံးတာလားးး ဪ….

ကြိုးဖုန်းကို နာရီ ၃ဝ စာကဒ်နဲ့ သုံးရတာဗျ….ကွန်နက်ရှင်ကတော့ သိတော်မူတဲ့ အတိုင်းပါပဲဗျာ…

ကွန်ပျူတာကတော့ လက်ဆော့ခြေဆော့နိုင်လွန်းလို့ စာရိုက်တတ်ရုံတော့ တတ်ပါတယ်…

ကျနော်ဒီနေရာလေးကိုရောက်လာတာက ကျနော်နေတဲ့နေရာဒေသလေးအကြောင်းတွေပြောပြ

ချင်တယ်..ပြီးတော့ ရင်ထဲကခံစားရတာလေးတွေကို ကဗျာအနေနဲ့ ရေးချင်တယ်…

သူကြီးဖြစ်သူကလည်း ဒါကိုကိုခွင့်ပြုမယ်ထင်ပါတယ်….

ပြီးတော့ မြို့ကြီးသားတွေနဲ့လည်းမိတ်ဆွေ ဖြစ်ချင်သဗျ…တကယ်လို့ မြို့ကြီးပြကြီးရောက်ရင်

တည်းခိုးခန်းခသက်သာ ထမင်းတစ်နပ်သက်သာလည်းး မနည်းဘူးးလေ….ဟဲ..ဟဲ..ဟဲ..

တောသားလူလည်လို့တော့မထင်ကြပါနဲ့ဗျာ….ကျနော်တို့တောသူတောင်သား လယ်သမားတွေက

ဖင်ထဲရွံ့တစ်ထောင်လောက်ဝင်မှ ထမင်းစားကြရတာပါ…ဒါပေမယ့် ဇနပုဒ်ကိုစိတ်ဝင်စားတယ်..

လာလည်ချင်တယ်ဆိုလည်း ဖိတ်ခေါ်ပါတယ်ဗျာ…. ကျနော်တို့ဆီမှာ အပေါဆုံးကတော့ ကလေးနဲ့

ခွေးတွေပဲဗျ…. လာည်ချင်သပဆိုရင်လည်း လာကြပါ…ထမင်းဟင်းအတွက်နဲ့ တည်းခိုဘို့

အတွက်တော့မပူကြနဲ့ ရွာဦးဆရာတော်က ကျနော့်ဘကြီးပါ…ပြီးတော့ သူကြီး၊ ဆယ်အိမ်ခေါင်း၊ ရွာဆော်က

အစ ကျနော့် အဖေကို မော်မကြည့်ရဲ့ဘူးလေ..ကျနော့်အဖေက အရပ်ပုလို့ပါ…  ကျနော်တို့ ဇနပုဒ်ရောက်လာရင်တော့

ခင်ဗျားတို့ ရီကြလိမ့်မယ်…ကျနော်တို့ ဇနပုဒ်သားတွေက အသက်တွေကြီးနေပေမယ့် စကားမပီကြသလို

အသုံးအနှုန်းလေးတွေလည်းလွဲနေသေးတယ်ဗျ… ဥပမာဗျာ…သနဲ့ တကို ပီအောင်မပြောတတ်ကြဘူး။

“သူ့ကို သိပ်ချစ်တယ်” ဆိုတာကို “ တူ့ကိုတိတ်ချစ်တယ်” အဲ့လိုပြောကြတယ်..။

ပြီးတော့ အပင်ပေါ်က ပန်းတို့ အသီးတို့ကို ခူးတယ်မပြောဘူး ကောက်တယ်လို့ပြောကြတယ်လေ…။

ဒီမှာနေကြတာကတော့ ရှမ်း၊ ဂဒူး တွေများတယ်လေ…။ ရှမ်းစကားလည်းးကောင်းကောင်းမတတ်ကြသလို

ဂဒူးစကားကလည်း ကွယ်ပျောက်လုနီးပါးပေါ့….။ လာချင်တယ်ဆိုရင်တော့ မန်းလေးမြစ်ကြီးနား မီးရထားကြီးကိုစီးခဲ့ပါ..။

မီးရထားစီးရတဲ့ ဒုက္ခကိုခံနိုင်တယ်ဆိုရင်ပေါ့..။ ဆရာဦးဘုန်းဓာတုကတော့ ရကောက်ရထားကြီး ပျော်ပျော်စီးဆိုပြီး

မိုးညှင်းမြို့ စာပေဟောပြောပွဲမှာ ပြောသွားတာပဲ…ခင်ဗျားတို့လည်း ပျော်နိုင်မယ်ထင်ပါတယ်….

ကျနော်နေတဲ့နေရာက မိုးညှင်းမြို့ မရောက်ခင်မြစ်ကြီးနားမန်းလေး ရထားလမ်းဘေးက  မော်လူးဆိုတဲ့ရွာပါ….

လာချင်သူများ လာလည်နိုင်ပါတယ်..မန်းလေးဂေဇက်က မင်ဘာများ လာလည်ချင်တယ်ဆိုရင်တော့

ကြိုပြောထားကြပေါ့လေ…ဟဲဟဲ…

ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ….

အားလုံးကိုလေးစားခင်မင်လျှက်……

16 comments

  • မိုးပွင့်ဖြူ

    December 7, 2011 at 9:55 am

    ကြိုဆိုပါတယ် မိတ်ဆွေ
    လာလယ်ပါ ဖတ်ကြည်ပါ ဘယ်တောမဆို အမြဲတမ်း မဝင်ရမနေနိုင်တဲ ဆိုက်တစ်ခု ပါ မိုးပွင့်အတွက်တောလေ…..

    Reply

  • ပေါက်ဖော်

    December 7, 2011 at 10:13 am

    အွင်..
    ခလေးနဲ ့..ခွေးတွေပေါသတဲ့..
    စကီလေးတွေပေါတယ်ဆို..ခုချက်ချင်းပြေးလာခဲ့မလို ့..
    ခုတော့..ချင်းချားဦးမယ်..
    🙄

    Reply

  • weiwei

    December 7, 2011 at 10:24 am

    မဲဇာတောင်ခြေနဲ့ သိပ်မဝေးဘူးပေါ့နော် …
    အဲဒီလိုနေရာမှာတောင် အင်တာနက်သုံးလို့ရတယ်ဆိုတော့ မဆိုးဘူးပဲ …
    မန်းလေး မြစ်ကြီးနားကို ကားနဲ့သွားတုန်းက မိုးညှင်းမြို့မှာ တစ်ညအိပ်ခဲ့ဖူးတယ် …

    ကြိုဆိုပါတယ် ….

    Reply

  • Moe Z

    December 7, 2011 at 10:33 am

    ကြိုဆိုပါတယ် .. မိုးညှင်းကိုလည်း လာလည်မယ်
    ရန်ကုန်လာမယ်ဆိုလည်း ကြိုပြောပေါ့
    ရှောင်ရအောင် 😀

    Reply

  • kokoover

    December 7, 2011 at 7:53 pm

    ဆိုကြိုပါတယ်.အဲ. မကြိုဆိုလဲ ရောက်နှင့်နေပြီးသားကို.အရေးအသားကိုတော့ကြိုက်သွားပီ မောင်.
    ဆက်လက်ပြီးရေးပါအုံး ဇနပုဒ်သားရေ.. မောင်ရင်တို့ ရွာအကြောင်းလေးတွေ ဒါမျိုးတွေဆိုရင် ဦးတို့က
    –သမီးနဲ့ မလဲဘူး
    ခင်မင်လျှက်
    ဦးပို

    Reply

    • kolawyan

      December 7, 2011 at 8:06 pm

      ရေးမယ် ဦးရေ…ရေးစရာတွေတော့များသားဗျ…ရွာအကြောင်းလေး
      တွေလေ…ရေးထားတာတွေရှိပါတယ်….
      လာဖတ်ဖို့သာပြင်ထားပါ..ဦးရယ်….ဟဲဟဲ…
      ကျနော်လည်း အားလုံးကိုလေးစားခင်မင်လျှက်ပါဗျာ….။
      ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်းဆုမွန်တောင်း လိုက်ရပါကြောင်း…

      Reply

  • kolawyan

    December 7, 2011 at 7:59 pm

    လာလည်ကြပါဗျာ…အဲ..မိုးညှင်းနဲ့တော့ မိုင် ၃ဝကျော်ဝေးသေးသဗျ..
    မိုးညှင်းက ကချင်ပြည်နယ်ထဲမှာ မော်လူးက စစ်ကိုင်းတိုင်းဒေသကြီးထဲမှာပါ
    ကလေးနဲ့ခွေးတွေပေါတယ်ဆိုပေမယ့် စကီဆိုရင် ဝီစကီရှိတယ်လေ…
    အဲ့ထက်ကောင်းတာတော့ ဆန်အရက်ဗျို့..စိတ်တဝင်စားရင် ပို့ပေးမယ်ဗျ..

    Reply

    • ပေါက်ဖော်

      December 7, 2011 at 8:08 pm

      နောက်ဒါပါ..ကိုလော်ရန်ရာ..
      ပို ့မယ်ဆို..ဘယ်ကားဂိတ်က လာသယ်ရမှာလဲဟင်
      🙄

      Reply

    • kokoover

      December 7, 2011 at 8:09 pm

      ချည်ချည်တူးတူး မူးရင်ပြီးရော

      Reply

  • kolawyan

    December 7, 2011 at 8:12 pm

    ရထားနဲ့ပို့မှာလေ..ပါဆယ်တွဲကနေကြိုဗျ….
    ကားနဲ့က ရဘူးလေ…ကိုယ့်ဆရာရ..
    ဒါမှမဟုတ်… ကျနော်မြို့တက်လာတော့ ပုံးနဲ့ဆွဲလာမယ်…

    Reply

  • TTNU

    December 7, 2011 at 8:19 pm

    ကိုလောပန်ရေ… ရှင့်အရေးအသားကြည့်ရတာ ရှင်ပြောတာနဲ့ ဂွပ်ခနဲ မနေဘူး။ ( ရှာလော့ဟုမ်းလေသံ)
    ရှင် ဇနပုဒ်သား မဖြစ်နှိုင်ဘူး။

    (ကမ္ဘာကြီးဟာ ပြားပြီး ရွာကြီးတစ်ရွာဆိုရင် ကျနော်ဟာ ရွာနဲ့ခပ်ဝေးဝေးက ဇနပုဒ်သားတစ်ယောက်ပါ……)
    ရှင့် ပရိုဖိုင်စာသားအရ ရေးထားတာကို လော့ဂျစ်ချပြရရင်…
    ကမ ္ဘာကြီးကမပြားဘူး ၊ ထို့ကြောင့် ရှင် လည်း ရွာနဲ့ သိပ်မဝေးတဲ့ ဇနပုဒ်မဟုတ်တဲ့ (Suburb)က ဖြစ်ရမယ်။

    Reply

  • kolawyan

    December 7, 2011 at 8:29 pm

    အမ်…ဒုက္ခော…ဇနပုဒ်သားးစစ်စစ်ပါ ရေမရောပါဘူးဗျာ..
    မယုံရင် မန်းလေးမြစ်ကြီးနား မီးရထားကြီးစီးပြီးလာခဲ့လေ..
    နဘား ပင်ဝဲ ပြီးရင် မော်လူးရောက်မယ်…. အဲ့ဒီကနေ
    အထက်ဆိုရင် ကချင်ပြည်နယ် နန့်စီးအောင် မော်ဟန် မိုးညှင်းရောက်မယ်ဗျ
    မယုံမရှိပါနဲ့ ဗျာ..ကျနော်တောသားပါ..မလိမ်တတ်ပါဘူးးဗျ…
    အဟင့်..ရှားလောဟုမ်းနဲ့ လာတွေ့နေတယ်..
    ကူကယ်သူမဲ့များးဖစ်တော့မလားးဟယ်…တဂျီးးရေ
    လာကယ်ပါဦးးဗျ…..

    Reply

  • naywoonni

    December 7, 2011 at 9:07 pm

    ဆန်အရက်ထက် ကချင်ရိုးရာ အရက်လေးဘာလေးမရှိဘူး လား အေ့ ….။ ဒါမှမဟုတ်လဲ ကချင်ခေါင်ရည်လေး တစ်လုံးစာလောက် ပါဆယ်ထုတ်ပို့လိုက်ပါ့လား……………။
    ညီလေး မင်းယူဇာနိမ်းကို မာတီနဲ့ တူအောင်ပြောင်းလိုက်ဦးလေ…။ ဘယ်ဆိုဒ်ထဲမှာပဲ ဖြစ်ဖြစ် ယူဇာနိမ်းကို တစ်ခုထဲထားသုံးတာက ပိုကောင်းမယ်…။ မင်းက စာတစ်ပုဒ်ထဲကို ဟိုဆိုဒ်ဒီဆိုဒ်ခွတင်မှာ မဟုတ်လား …။ အဲဒိတော့ ယူဇာနိမ်းမတူရင် တစ်ယောက်စီလား ကူးပြီးတင်တာလား ဘာလားညာလား ဖြစ်ကုန်မယ်…။ အဲဒိလိုဆိုရင် ရှင်းရခက်တယ်…။ ယူဇာနိမ်းတစ်ခုထဲထားပြိးတင်ရင် ငါ့ညီ ဘယ်ဆိုဒ်တင်တင် ဘယသူမှဘာမှပြောစရာ မလိုတော့ဘူးလေ…။ ပြောလို့လည်းမရတော့ဘူး မဟုတ်ဘူးလား

    Reply

  • မှော်ဆရာ

    December 7, 2011 at 9:31 pm

    ကြိုဆိုပါ၏ ကြိုဆိုပါ၏

    Reply

  • unclegyi1974

    December 7, 2011 at 10:40 pm

    မော်လူးဆိုတော့အင်းတော်အထက်ကနဲ့တူတယ်မရောက်ဖူးဘူး
    ကသာအထိပဲရောက်ဖူးတာမဲဇာတံတားထိပ်မှာအိပ်ဖူးတယ်
    ဆောင်းတွင်းကြီးအကျော်တဲအမိုးကလေးအောက်မှာ
    တံတားပိတ်သွားလို့
    နေ့နေ့တော့ရောက်ဖြစ်မလားပဲ

    Reply

  • ကြောင်လတ်

    December 7, 2011 at 11:07 pm

    ကိုလျန်ရေ ကိုကြောင်လည်းဒီလိုယောင်တောင်တောင်နဲ့ရောက်လာတာပဲ၊ရွာထဲကအသောက်သမားတွေကို
    အရက်အကြောင်းမပြောနဲ့ ၊ အသံကြားရုံနဲ့လည်းရအောင်မူးကြတယ်။

    Reply

Leave a Reply to Moe Z Cancel Reply

Your email address will not be published.