သိုးယောင်ဆောင်တဲ့ တောင်ဆိတ်များအကြောင်း

naywoon niDecember 6, 20111min08

ပေါက်ကွဲလွင့်စင်လာတဲ့
အသံများဟာ
နံရံနဲ့ထိမှန်ပြီး
ပုံသဏ္ဍာန်မဲ့စွာ ပြိုကွဲ
ဖရိုဖရဲနဲ့
ကြမ်းပြင်ပေါ်ကိုစုပုံကျရောက်
သတ္တိရှိသူတွေ ကောက်ယူကြစတမ်း…။
ဘာလဲညာလဲ
မမေးရဲခဲ့…
အတွေးထဲမှာ လိမ်ရှုပ်
အို….ဒါငါ့မလုပ်မဟုတ်…..။
ပုံသေနည်းများအိပ်ငိုက်
ချွေးပြိုက်ပြိုက်ကျ
နှစ်ချိုက်မှုအိပ်မက်
ပီပြင်အောင်အရကျက်မှတ်နိုင်ပါ့မလား…..။
အရသာပျက်သွားတဲ့
နေ့ရက်များအတွက်
အသင်လွမ်းရခက်နေပါသလား?
ဘာမှမဟုတ်
မဟုတ်ဘူးဟေ့
ကျားရှေ့ရောက်သိုးသူငယ်ရဲ့
ကြောက်လန့်တဲ့ ငိုရှိုက်သံပေပဲ…..။
ပြိုလဲကျလာတဲ့
ကျောက်ဆောင်များကြားမှာ
တောင်ဆိတ်များ
တောင်ဆိတ်များ
တောင်ဆိတ်များ………….
ဒလိမ့်ခေါက်ကွေးချောက်ထဲလိမ့်ကျ
သူတို့ ပြန်တက်နိုင်ပါဦးမလား?
အဲဒိလိုနဲ့……..
သိုးအုပ်ထဲရောက်
တောင်ဆိတ်တစ်ချို့ဟာ
လည်စင်းကာနေရင်းနဲ့
ဂုတ်ပေါ်ကျလာမဲ့ ဓါးကိုမျှော်လင့်
စောင့်စားရင်းနဲ့……………
စောင့်စားရင်းနဲ့……………………….
……………………………..။

နေဝန်းနီ

8 comments

  • thit min

    December 7, 2011 at 5:55 am

    အမယ် သူက နေပြည်တော်မှာ ဟိုတယ်တွေပိုင်တဲ့ သထေးဆိုပြီး
    နောက်တာလားဗျ။ ကျနော်ကို “ဟိုဟာဖြစ်ရင် ဟိုဟာလုပ်ပေးမယ်”ဆိုပြီး
    ကိုကြောင်ဝ ပို့စ်မှာ တွေ့လိုက်တယ်။ နေပြည်တော်ရယ် မန်းဂလေး ၈၉ လမ်းရယ်။
    ခင်မင်စွာ (^^)

    Reply

  • aye.kk

    December 7, 2011 at 6:26 am

    သိုးယောင်ဆောင်တဲ့တောင်ဆိတ်များ..
    ဒေါင်းယောင်ဆောင်တဲ့ကျီးများ..
    လည်စင်းခံကြရတာနည်းသေးသဗျား..လို ့ဆိုလိုက်ချင်ပါတယ်..အမြင်လေးပြောတာပါ..။

    Reply

  • small cat

    December 7, 2011 at 7:02 am

    ပေါက်ကွဲလွင့်စင်လာတဲ့
    အသံများဟာ
    နံရံနဲ့ထိမှန်ပြီး
    ပုံသဏ္ဍာန်မဲ့စွာ ပြိုကွဲ
    ဖရိုဖရဲနဲ့
    ကြမ်းပြင်ပေါ်ကိုစုပုံကျရောက်
    သတ္တိရှိသူတွေ ကောက်ယူကြစတမ်း…။

    ကေတီဗွီခန်းထဲက အသံတွေကိုဆိုလိုတာလား ကိုနေ…….။

    Reply

  • windtalker

    December 7, 2011 at 2:28 pm

    ဘိုနီ က လူထု ကို ခံစားတယ်
    ဂေဇက်က ကျုပ်တို ့အားလုံး က ဘိုနီ ့ကဗျာ ကို ခံစားတယ်

    Reply

  • kokoover

    December 7, 2011 at 7:10 pm

    ကဗျာကောင်းလေး တပုဒ်ပါပဲ၊ ဆက်လက်၍ တင်ပေးပါအုံး လေးစားလျှက်….

    Reply

  • ဦးဘဇင်း

    December 7, 2011 at 9:19 pm

    ဟုတ်တယ် ဂဗျာဆြာဂျီးပြောဒါ လက္ခံဒယ်
    ခြေစုံပြစ်ပြီးလက္ခံတယ်
    ကိုယ့်ဖာသာ ကိလေသာထခြင်တိုင်းထပြီး
    ပန်းသေတဲ့ကောင်နဲ့တွေ့မှ
    တရားပေါက်ခြင်ယောင်ဆောင်တဲ့ ကောင်မတွေ အများဂျီးရှိဒယ်
    ပွဲတွေ့နော် ပွဲတွေ့

    Reply

    • windtalker

      December 7, 2011 at 9:39 pm

      ဟိုက်ရော ့ဟိုက်ရော ့
      စကဒ် ဒုံး ကြီးနဲ ့ထု ဘီဟေ့
      ဦးဘဇင်း ရဲ ့မွေ ့တာ
      “ ဖေသန်း တို ့နဲ ့တွေ ့မှာ စိုးလှပါ၏ ”
      မောင်မောင်ဇော်လတ် သီချင်းထဲက စာသားကတော့
      ………..အို..အပျိုကြီး အသက်က ကြီးလှဘီ……..
      ……….အို..အပျိုကြီး..ရည်းစားထားသင့်ဘီ………
      ……အို အပျိုကြီး….

      Reply

      • ချစ်စ/ဆ ရာ

        December 7, 2011 at 10:04 pm

        ဦးဘဇင်း ကတော့ လုပ်တော့မယ်
        ကျနော်မြင်ဘူးတာကတော့
        သူတို့ကြိုက်တဲ့ အင်္ဂလိပ် အဖြူလူတွေနဲ့နှိုင်းပြီး
        ကျနောတို့ အကစ်ခံရတာတွေဘဲတွေ့ဘူးပါတယ်
        ဘယ်လိုမှ သဘောမထားပါနဲ့ ကိုယ်မြင်ဘူးတာ ကိုယ်ပြောကြည့်တာပါ
        ဒါနဲ့
        ဦးဘဇင်းကို တွေ့ဘူးသလိုဘဲ
        ဟဲဟဲဟဲ
        နေကောင်းလား ???

        Reply

Leave a Reply to ဦးဘဇင်း Cancel Reply

Your email address will not be published.