ကပ်ဆိုက်နေတဲ့ ရန်ကုန်မြို့ပေါ်က မင်္ဂလာတောင်ညွန့် မြို့နယ်

kyawgyiMay 25, 20101min01

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ကတော့ ကပ်ဆိုက်နေတယ်လို့ ပြောလို့ရမလားတော့ မသိပါဘူး။ တော်တော်လေး ဆိုးဆိုးဝါးဝါးကို ကြုံတွေ့နေရတာကို တွေ့ရပါတယ်။
သင်္ကြန်ကာလ 2010 ဧပြီလ ၁၅ ရက်နေ့တုန်းက X2O မဏ္ဍပ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပြီး သေတဲ့သူတွေ သေ၊ ဒဏ်ရာရသူက ရ နဲ့ စိတ်မကောင်းစရာ၊ ဝမ်းနည်းစရာ အဖြစ်ကို ကြုံတွေ့ခဲ့ရတာဟာလည်း ဒီမင်္ဂလာတောင်ညွန့်မြို့နယ်မှာပါပဲ။
နောက်အဖြစ်အပျက်တစ်ခုကတော့ မနေ့က 24.5.2010 မှာ မြန်မာနိုင်ငံရဲ့ World Trade Center လို့တောင် အမည်တပ်လို့ရတဲ့ မင်္ဂလာဈေးကြီးဟာ မနက် ၈း၃ဝက စတင်ပြီး မီးလောင်ခဲ့တာ ယနေ့နံနက် ၄း၃ဝ မှ မီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ ပြည်တွင်းသတင်းဌာနမှ သိရပါတယ်။ ဒီမီးလောင်မှုကြီးဟာလည်း အပျက်အစီးဆုံးရှုံးမှု အများဆုံးနှင့် အချိန်အကြာမြင့်ဆုံး မီးလောင်မှုကြီး တစ်ခုပဲ ဖြစ်ပါတယ်။ အဲဒီမီးလောင်မှုကြီးကလည်း ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှာပါပဲ။

ဒါ့အပြင် ၂၄.၅.၂၀၁ဝ ည ၁၁း၃ဝ ခန့်မှာ ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှာပဲ ဖြိုဖျက်လက်စ တိုက်ဟောင်းတစ်လုံးဟာ မိုးရွာသွန်းဖြိုးမှုကြောင့် ပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။ မင်္ဂလာဈေးမီးလောင်တဲ့ နေရာ မနီးမဝေးဖြစ်တဲ့ ၁၂၃ လမ်းမှာလို့လဲ သိရှိရပါတယ်။
ပြိုကျခဲ့တဲ့ အုတ်ခဲအပိုင်းအစတွေရဲ့ လွင့်စင်မှုကြောင့် ကားနှစ်စီးသာ ပျက်စီးခဲ့တယ်လို့ သိရှိရပြီး လူသူ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရပါတယ်။ အဲဒီ အဖြစ်အပျက်ဟာလည်း ဟောဒီ မင်္ဂလာတောင်ညွန့်မြို့နယ်မှာပါပဲ။
ဒီလို အဖြစ်ဆိုးတွေနဲ့ ကြုံနေရတဲ့ ဟောဒီ မင်္ဂလာတောင်ညွန့်မြို့နယ်ကို ကပ်ဆိုက်နေတဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်လို့သာ နာမည်ပေးလိုက်ချင်ပါတော့တယ်။

One comment

  • kai

    May 25, 2010 at 7:34 am

    မင်္ဂလာတောင်ညွှန် ့၊ မင်္ဂလာဈေး ..ဆိုတော့..မင်္ဂလာတွေထပ်ပြီး ကြိမ်းကျေကုန်တာလားမသိဘူး။
    ဗေဒင်နားလည်သူတွေ တခုခုတွက်ချက်ကြည့်ဖို ့လိုမယ်ထင်မိပါတယ်။

    Reply

Leave a Reply

Your email address will not be published.