သွေးမခဲအောင်၊သွေးကြောမပိတ်စေရန် ကာကွယ် ဆေးတဲ့။

ba gyiDecember 6, 20111min01

သည်မနက်ပိုင်း၊ မလေးရှားမှ မိတ်ဆွေတစ်ယောက်ပို့လိုင်တဲ့ ကျန်းမာရေးအရ အဟာရအကြံပြုချက်ကလေးကိုရွာသားများအတွက်ဖြန့်ဝေလိုက်ပါတယ်၊
ယနေ့ ကဗ္ဘာပေါ်မှာ လူသားတော်တော်များများကို ဇိဝိန်ချွေပေးနေတဲ့ မရိုးနိုင်အောင်ပဲ ရေပန်းစားတဲ့ ရောဂါတစ်ခုက၊ သွေးကြောပိတ်လို့၊ သွေးကြောပေါက်လို့၊ဆိုတဲ့ရောဂါပါပဲ၊ အဲသည်ရောဂါကြိုတင်ကာကွယ်ဘို့လမ်းညွှန်အကြံပေးထားသော ၊အလွယ်တစ်ကူရနိုင်သောအစာအဟာရ ဆေးတစ်ခွက်ပါလို့ဆိုပါတယ်။
ဒါကိုအကြံပြုသူကဆေးဘက်ဆိုင်ရာ၊တက္ကသိုလ်တစ်ခုက ဆေးပညာပါမေက္ခ တစ်ဦးပါ။
Prof. Dr.S.Vikineswary
Biotech Division
Institute of Biological Sciences
University of Malaysia
50603 Kuala Lumpur
Malaysia. ဖြစ်ပါတယ်။
သူရဲ့အဟာရသုံးစွဲနည်းကိုသုံးစွဲရင်၊ သွေးကြောပိတ်လို့၊သွေးခဲလို့ ခွဲစိတ်ရတာတွေ၊ဖြတ်တောက်ရတာတွေစတဲ့ဘေးဒုက္ခမှကင်းစေပြီး၊ အဲသည်ရောဂါဖြစ်ပေါ်မှုမှလွတ် ကင်းပါမယ်တဲ့။
သူ့ဆေးနည်ကတော့ —
၁။ သံပုရာရည် တစ်ခွက်
၂။ဂျင်းကိုအရေညှစ်ပြီးသားတစ်ခွက်
၃။ကြက်သွန်ဖြူဖျော်ရေတစ်ခွက်
၄။ပန်းသီးမှထုတ်သော ရှာလကာရေတစ်ခွက်
အဲသည်ဖျော်ရေတွေကို ပုံစံတူ၊ဆိုဒ်တူ ရေခွက်နဲ့ တစ်ခွက်စီ၊ဆတူရောတဲ့အခါ ရလာတဲ့ လေးခွက်စာဖြစ်ပါမယ်။ အဲသည်ဖျော်ရေရောပြီးသားတွေကို- မီးအေးအေးနှင့်ကျိုရပါမယ်၊ နာရီဝက်လောက်ကြာလို့ (၄)ခွက်မှာ(3)ခွက်စာတင်ကျန်လောက်တဲ့အခါ၊ ကျိုတာရပ်အအေးခံပါ၊အေးသွားတော့မှ၊ အဲသည်အထဲကို သဘာဝပျားရည် (၃)ခွက်စာရောပြီး သမအောင်မွှေကာ၊ ပြီးလျှင် ပုလင်းထဲလေလုံအောင်ထည့်ရပါမယ်။
သုံးဆွဲပုံ ။
နံက် အိပ်ယာထပြီး နံက်စာမစားခင်မှာ ထမင်းစားပွဲသုံးတဲ့ ဇွန်းနဲ့ တစ်ဇွန်း နေ့စဉ် မှီဝဲ ရပါမယ်။
သညမှာ တစ်ခုသတိပြုရန်မှာ သွေးတိုး/ဆီးချိုရှိသူတွေကတော့ ဘယ်လိုသောက်သင့်တယ်ဆိုတဲ့ အချိန်အဆတော့မပါပါဘူးခင်ဗျား။
တကယ်လို့သည်လိုမသုံးချင်လည်း၊ ပျားရည်ကို သင့်တင့်စွာပဲကြည့်သုံးပြီးမှီဝဲရင်ရနိုင်မယ်ထင်ပါတယ်၊
သူရဲ့ပါဝင်ပစ္စည်းတွေကတော့ ဗမာနည်းအရပါ ဆေးဘက်ဝင်ပြီး အန္တရာယ်ပေးနိုင်တာမပါဝင်တဲ့အတွက် တင်ပေးလိုက်ရပါသည်။
( ဖိန်း) တို့လိုဆေးဝါးထုတ်လုပ်သူတွေ စမ်းသပ်သင့်ကြောင်းပါဗျား။

One comment

  • Yan Shin

    December 6, 2011 at 4:37 pm

    မည်သို့ပင် ဆိုစေကာမှု ကြိုဆိုပါကြောင်းနှင့် ကျေးဇူးတင်ပါကြောင်း။
    စမ်းသပ်သုံးစွဲသင့်ပါကြေင်း။

    Reply

Leave a Reply

Your email address will not be published.