နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်းဒီကရီ

kotun winlattDecember 6, 20112min01

ကျနော့်အိပ်မက်များကို

နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်းဒီကရီ

စောင်းငဲ့ကြည်သောအခါ

အရာရာပုံမှန်မဟုတ်သလိုပါပဲ …။

သက်တမ်းရဲ့ သုံးပုံတစ်ပုံက

တဖျပ်ဖျပ်လောင်ကျွမ်းသောအခါ

ဘဝဟာ လက်တွေ့မဆန်တာတွေ

များလာသလိုပါပဲ …။

ပတ်ဝန်းကျင်ကို တိတ်တဆိတ်ငေးကြည့်မိသောအခါ

အတ္တ ၊ မာနထိုးထိုးထောင်ထောင်တွေဟာ

အရိပ်တွေကြားမှာ

ခြေသံတစ်ဖြောက်ဖြောက်ပေးပြီး

နွေဦးရဲ့ ဂီတ သစ်ရွက်ကြွေများနဲ့

ကခုန်နေကြသလိုပါပဲ ….။

နှင်းကြွင်း နှင်းကျန်တို့ရဲ့ အသက်ငင်မှုတွေနဲ့

မနက်ခင်းတွေဟာလည်း

ငြိမ်သက်အေးစက်နေကြဆဲပါ …။

ကျနော် ခင်ဗျား နာမ်စားများနဲ့

ဝါကျတစ်ခုဖွဲ့ကြည့်သောအခါ

အားလုံးဧည့်သည်တွေပါလို့

အော်သံသဲ့သဲ့ကြားမိပြန်ရဲ့ …။

အဆင့်အတန်းတွေနဲ့

အဖြူအမည်းတွေကြားမှာ

ကြားနေဝါဒတစ်ခုပေါ်ပေါက်လာခြင်းဟာ

ငိုစားရယ်စား လူတွေအတွက်တော့

ဒါမျိုးကလည်းမခါးလှပါဘူးလို့

ငါးခူပြုံးပြုံးရင်း နှုတ်ဆိတ်နေသလိုပါပဲ …။

မနေ့ကရော ဒီကနေ့ပါ

ကျနော့်အိပ်မက်များကို ချိတ်ဆွဲထားနေမိဆဲ …။

ကြိုးဆွဲရာကရတဲ့  ကံကြမ္မာဇာတ်ခုံကိုလည်း

မကျေမနပ်နဲ့ ကားလိပ်ချခိုင်းမိတယ်…။

ဝိညာဉ်တွေကတော့ လိပ်ပြာအတောင်တွေပေါ်မှာ

ပန်းချီရေးနေကြဆဲ ….။

ဒီတော့ သူငယ်ချင်းရေ …

ဘဝမှာ ငြိမ်နေရတာတွေကြောင့်

ညောင်းလှပြီဆိုရင် …

ကျနော့်လို အိပ်မက်ကို နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်းဒီကရီ

စောင်းကြည့်လိုက်ပါလား ….။

One comment

  • မိုးပွင့်ဖြူ

    December 6, 2011 at 11:04 am

    ဖတ်တောဖတ်သွားပါပြီ
    ပြောပြတတ်အောင်တော သိပ်နားမလည်ဘူး
    နှစ်ဆယ်သုံးနှစ်ပိုင်းတစ်ပိုင်းစောင်းကြည်လိုက်တော့ အတည်မြင်ရတာလား………..

    Reply

Leave a Reply

Your email address will not be published.