အဲသလို..အဲသလို..

ဂ်စ္စူDecember 5, 20111min021

ညက အရမ်းများသွားတယ်ဗျာ.. အလွန်အကျွံသောက်ခဲ့တဲ့ ရှိန်ကြောင့်..
လူလဲကြောင်တောင်တောင်တောင်ဖြစ်ပြီး မနက်ထိ အရှိန်မသေသေးဘူး..
စီးကရက်လေး တစ်ဖွာနှစ်ဖွာ ခဲချင်စိတ်ပေါ်တာနဲ ့..နီးစပ်ရာ ကွမ်းယာဆိုင်ပြေးဝယ်မိပါတယ်
အဲတာ..
ဆိုင်ရှင်အန်တီကြီးကို ၂၀ဝ တန်တစ်ရွက်ပေးပြီး လန်ဒန်စီးကရက် သုံးလိပ်ကို ဆေးလိပ်ဗူးထဲက
ထုတ်ယူပြီး အကျင်္ ီ အိပ်ကပ်ထဲထည့်လိုက်ပါတယ်။
ပြီးတော့..တိုင်မှာချည်ထားတဲ့ မီးဖြစ်ကို ဖမ်းဆွဲပြီး  “ဂျစ်.ဂျစ်” ဆိုခြစ်ပြီး ခပ်တည်တည်နဲ ့ပဲ
မီးငြှိလိုက်တာ.တစ်ခုခုလိုနေသလိုခံစားရလို ့သတိထားလိုက်တော့ ပါးစပ်မှာ ဆေးလိပ်မတပ်ထားပါဘူး။
သူများတွေဆေးလိပ်သောက်ရင် ဖြစ်တတ်တာ.ဆေးလိပ်ကို.ဖင်နဲ ့.ခေါင်းနဲ ့မှားငြှိတတ်တယ်၊
ကျနော်လဲ ကြုံဖူးပါတယ်..ဒါပေသိ..ကျနော့်အဖြစ်က မနှစ်ကနဲ ့မတူ…။
ဝယ်ထားတဲ့ ဆေးလိပ်ကို အိပ်ကပ်ထဲ ဖမ်းထည့်ပြီး လက်တစ်ဘက်က လေကာ၍
လက်တစ်ဘက်က မီးခြစ် ခြစ်ကာ ပါးစပ်ဗလာဖြင့် ဖွာမိနေတာ..ဪ..တယ်မလွယ်တဲ့ ငါပါလားပေါ့ဗျာ.။
ဆိုင်ရှင်အန်တီကြီးကတော့ ကျနော့အအဖြစ်ကို ကြည့်ပြီး  တအံ့တဩ…ဖြစ်နေ၏. 🙄 ။
**************************************************************************************

အိမ်မှာ..ဘယ်ကဧည့်သည်တွေလဲမသိ..ရောက်နေတယ်..ကန်မလေးတွေလဲပါတယ်ပေါ့ဗျာ.
လူစုံတက်စုံပါပဲ.ရောက်တတ်ရာရာ စကားပြောနေကြတာ..
ကျနော်လဲ သူရို ့ပြောတာ..သိပ်စိတ်မဝင်စား..ယောင်လည်လည်..မုန် ့ကပ်စားပေါ့လေ
အချိန်က နှာရည်ယိုရွှဲ တပို ့တွဲမိုလို ့လား မသိ….အရေးထဲ..နှာကလဲ စေးနေသေးတယ်ဗျာ..
အဲတာနဲ ့..လူကြီးတွေကိုကျောခိုင်းပြီး အိမ်ရှေ ့ပြတင်းပေါက်ကို ခေါင်းထုတ်ကာ..
“ရှူး” ဆို အားရပါးရ နှပ်ချေးညှစ်ချလိုက်ရာ ဖင်ကလဲ “ဘူဟူ”ခနဲ  ထွက်သွားပါရော
ကျနော့်အနောက်က စကားဝိုင်းလဲ ကျနော့်အဖြစ်မြင်ပြီး..ဝါးဟားဟား..လုပ်ကြလို ့..
ကျနော်လဲ ရှက်ကိုးရှက်ကန်းနဲ ့..ဟီးဟီး.ဟားဟား ပြန်လုပ်ပြီး မုန် ့လဲ ကပ်မစားတော့ပဲ..
သူရို ့လူစုမခွဲမချင်း ရွာထဲ ဝေ့နေပါတော့တယ်ဗျာ.။

 

**************************************************************************************
သူငယ်ချင်းတစ်ယောက်ရဲ့ အင်တာနက်ဆိုင်ပါ..
အဲဒီအင်တာနက်ဆိုင်က Head Phone တွေ သိပ်မကောင်းတော့ဘူး
ကောင်းတဲ့ ဟာတွေကလဲ ကိုယ့်ထက်ဦးတဲ့လူတွေနဲ ့.တိုးနေလို ့..မအားပါ..ဒါကြောင့်..
အချိန်မှန် အင်တာနက်တက်ပြီး ဖုန်းပြောတတ်တဲ့ကျနော့်အတွက် ..သွားတိုင်း
ကိုယ့် Head phone ကိုယ်သယ်ပြီးသွားသုံးလေ့ ရှိပါတယ်..သူငယ်ချင်းကလဲ ကျနော့်စိတ်ကြိုက်
ဖြုတ်ချင်ဖြုတ်..တပ်ချင်တပ်..အေးဆေးစိတ်ချမ်းသာရင်ပြီးရော လွှတ်ထားပေးထားပါတယ်…
အဲနေ ့က..ဖုန်းပြောဖို ့အတွက်….ထုံးစံအတိုင်း လွတ်တဲ့စက် ရွေး၊ဖင်ထိုင်ခုံကို နောက်ကိုရွှေ ့၊
နားကြပ်လဲတပ်ဖို ့အတွက် ကွန်ပျူတာစင်အောက်ကို လေးဘက်ထောက် ခေါင်းလေးစွေပြီး ဝင်တာပေါ့၊
ပြီးတော့..
နားကြပ်ပလက်ခေါင်းကိုကိုင်ပြီး System ပုံးမှာ တပ်ဖို ့.ရွယ်တုန်းပဲရှိသေးတယ်..

“မဝင်နဲ ့..မဝင်နဲ ့..သေမယ်”
ဆိုပြီး အသံပြဲကြီးနဲ ့..အော်သံကြားရပါရော
ကျနော်လဲ ကြောက်လန် ့ပြီး ကိုင်ထားတဲ့ပလက်ခေါင်းပစ်ချ..ခုန်အောက်က ပြူးပြဲ ထရတာပေါ့
အင်း.ဘယ်သူသတိပေးတာလဲ မသိဘူးဆိုပြီး တစ်ချက်ကြည့်တော့..

“မင်းကိုငါပြောသားပဲ..မဝင်ပါနဲ ့ဆို……ခုတော့ သေပြီ…စနိုက်ဗာစာ မိပြီ”  ဟု
Counter-Strike ပစ်နေတဲ့ ချာတိတ်တစ်ကောင်က သူ ့ဘော်ဒါကို အော်နေတာဖြစ်ပါတယ်.။
ဪ..တိုက်တိုက်ဆိုင်ဆိုင် ကိုယ်ကလဲ ခုံအောက်ဝင်နေတဲ့အချိန်မှ မဝင်နဲ ့ သေမယ် အော်တော့.
ကိုယ့်များ ပြောသလားဆိုပြီး ကြောက်အားလန် ့အားနဲ ့ လူးလဲထရတာပေါ့ဗျာ….
ခုတော့..ခုံနဲ ့ တိုက်မိပြီး ဂျိုစောင်းလဲ ဖု..တံတောင်လဲ နဲနဲပွန်းသွားပါရောဗျာ
ဘာမှလဲ ဟုတ်ပဲနဲ ့..အဲသလို…အဲသလိုပါဗျာ..

ပေါ့ပေါ့ပါးပါး အလွဲလေးတွေ..အစဖော်ပေးလိုက်တယ်ခင်ည..
အကိုရီးတို ့..အမရီးတို ့ရဲ့ အလွဲလေးတွေလဲ.. ဖတ်ပါဦးမယ်
ပုံ/
ထီဆယ်ခါ မပေါက်မချင်း အသက်မပျောက်မဲ့..ငပေါက်ဖော်

21 comments

  • koaung

    December 5, 2011 at 11:43 am

    မှားတဲ့အခါလဲမှားပေမပေါ့ 😀

    Reply

    • ပေါက်ဖော်

      December 5, 2011 at 11:52 am

      အဲသလို..အဲသလို..
      😆

      Reply

  • windtalker

    December 5, 2011 at 11:54 am

    ခင်မင်သူတွေ ဒီလိုခေါ်တယ်
    ပေါက်ဖော် အပေါက်ချော်
    မျောက်ဆော် ကြောက်သနော

    Reply

  • ကြောင်ကြီး

    December 5, 2011 at 12:14 pm

    ထီပေါက် ထောက်ပီတဲ့။ ဆယ်ခါ မထောက်ချင်ရင် ဒါမှဟုတ် အထောက်မခံရချင်ရင် ဘတ်စ်ကား မစီးနဲ့။ ဒါဆို သက်တော်ရှည် ကြက်အမြီး ဘိုးပေါက်ဖော်ဖြစ်မယ်။ 😆

    Reply

  • Moe Z

    December 5, 2011 at 12:27 pm

    ဘဘပေါက်ဖော် နောက်ခါနှပ်ညှစ်ရင် ပလာစတာလေးဆောင်ထား
    မညှစ်ခင်ပိတ်သင့်တဲ့နေရာလေး အရင်ပိတ်ပြီးမှညှစ်သိလား 😛

    Reply

    • Paganini

      December 5, 2011 at 12:32 pm

      ပလာစတာ မရဝူး တူက …
      ပြောင်းဖူးရိုးနဲ့မှာ အဆင်ပြေမှာ
      😛

      Reply

      • eaintme

        December 5, 2011 at 2:12 pm

        တူက ပြောင်းဖူးရိုး လိုဘူး လက်မှာတခါတည်း ပုလင်းကိုင်ထားပြီးသား။ သောက်လိုက် ပေါက်လိုက် .. ပေါက်လိုက် သောက်လိုက် လုပ်နေတာ 😛

        Reply

    • ပေါက်ဖော်

      December 5, 2011 at 12:37 pm

      တော်တော်ကောင်းတဲ့လူတွေ…

      နှိပ်ကွပ်ချင်နေတာ ကြာဘီထင်ပါ့….

      😳

      Reply

  • aye.kk

    December 5, 2011 at 2:13 pm

    မလွဲပါဘူး..
    တည့်တည့်ပဲမြင်တယ်..
    ဂျိုစောင်းကဖုသွားတာ..
    ဆေးလေးလည်းလိမ်းလိုက်ပါဦး..
    အဖုကြီးနဲ့ကလူမြင်မကောင်ဘူးလေ..ဂျိုစောင်းမှာဆိုတော့..။

    Reply

  • ဆူး

    December 5, 2011 at 3:22 pm

    ဂျိုစောင်းဖု တာများ ဖု နေတာ ပြန်ဝင်သွားအောင် ပုလင်းနဲ့ ထပ်ထု လိုက်.. အဆင်ပြေသွားလိမ့်မယ်။

    Reply

  • Thel Nu Aye

    December 5, 2011 at 3:23 pm

    ရီလိုက်ရတာ။ လူရွှင်တော်တွေတောင်အဲလောက်မရီရဘူး။ ကျေးဇူးပါ။ ဟက်ဟက်ပက်ပက်ရီလိုက်ရလို့စိတ်တွေပေါ့သွားတယ်။ နောက်လဲတင်ပါအုံး။

    Reply

  • Diamond Key

    December 5, 2011 at 4:00 pm

    မနေ့က အရှိန်မနဲ မနက်ထိလွဲ ၊
    ကိုယ်နှာခေါင်းကို မီးနဲ့ရှို့တဲ့ ကပေါက်ဖေါ်၊ 😀
    ကောင်မလေးတွေရှေ့၊
    (ကားသမား ကားစီး ဆိုက်ကားသမား ဆိုက်ကားစီး ဆိုသလို)
    ဟိုသမား ဟိုဟာစီးတဲ့ ကပေါက်ဖေါ်၊ 😛
    နက်ဆိုင်မှာ ဘာလုပ်မှာ မို့၊
    အောက်ဝင်နေတုန်း၊ (Head phone နဲ့ CCTV မှားတပ်နေလို့များ)
    ကြောက်ခုန်ခုန်တဲ့ ကပေါက်ဖေါ်၊ 😆
    ဖတ်ရတာ တကယ်ကောင်း၊
    ဟာသရေးဆြာများ၊
    လက်ဖျားခါရမှာက၊
    မနားတမ်း ရီနေရပါတယ်၊
    ထီဆယ်ခါ မပေါက်မချင်း
    အသက်မပျောက်မဲ့..ကပေါက်ဖော်။ :mrgreen:

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 5, 2011 at 4:53 pm

    အင်း……………
    ဗေဒင်ကိန်း Crab အရတော့ ကံဇာတာထူးဒယ်လို့ခေါ်ဒယ်
    ဒါ့ကြောင့်
    ဒီအခြေနေမှာ ဘယ်သူ့ဇဂါးမှ နားမထောင်ဘဲ
    ခြေစုံပြစ်ပြီး စစ်ထဲဝင်သင့်တယ်
    တတ်နိုင်ရင် ( မဖြစ်မနေလုပ်စေလိုပါတယ် )
    လာဘ်ထိုးပြီး စစ်ကြောင်းရဲ့ ရှေ့တန်း ပွိုင့် နေရာကနေ သွားလို့ရအောင်
    အစီအမံတွေလုပ်ပေးလိုက်မယ်
    ဘဲ့နှဲ့လဲ ဆြာ့ဂို ယုံကြည်သလား ??

    Reply

  • manawphyulay

    December 5, 2011 at 4:59 pm

    သူ အသက်ပျောက်အောင်ပဲ ထီ ဆယ်ခါပေါက်ခိုင်းရမလိုဖြစ်နေပြီနော်… ဦးပေါက်ဖော်တို့ကတော့ လုပ်ချလိုက်ပြီ။ အမြဲများနေတာများ ပြောနေရသေးတယ်။ 😛

    Reply

  • naywoonni

    December 5, 2011 at 6:34 pm

    အဲဒိလို………အဲဒိလိုနဲ့ ကပေါက်ဖော် ရှက်လည်းမရှက်ဘူး…။ နောက်ထက်ဖော်စရာရှိတာဖော်ပါဦးဗျို့…….. 😛

    Reply

  • ပေါက်ဖော်

    December 5, 2011 at 7:47 pm

    အာစိတို ့..တားကို ရေလည်ကြပ်ကြတယ်ဂျာ..
    တားတားနေတတ်တော့ဘူး..ရှက်ဒယ်….
    တက်မွန်မြင့်ရင်ခွင်ကျယ်ကြီးထဲ မျက်နှာကြီးဝှက်ထားလိုက်တော့မယ်…..

    (နှူးဘာခုစ်နစ်ဖော်နဲ ့..ကျန်နှူးဘာများ မနာလိုမဖြစ်ရ-နင်တို ့အတွက်မာမီဖြိုးရင်ခွင်ရှိပြီးသား)

    ပုံ/
    နှူးဘာ့ထိပ်ခေါင်..ဘိုးသက်ရှည် အထောက်တော် ဘိုးပေါက်ဖော်
    😯

    Reply

  • comegyi

    December 6, 2011 at 10:11 pm

    လွဲမပေါ့ ကပေါက်ဖော်ရယ်
    အဲညက မြားလာဒါဂို
    ဖြေမှ ဖြေပဲ
    ဖြေလိုက်ရင်
    လေလိုက်တာတောင်
    ညောင်းတယ်လေ
    အဲသလို …အဲသလို…….

    Reply

  • အေမီ

    December 6, 2011 at 10:52 pm

    ဖြစ်တတ်တဲ့ အကြောင်းအရာလေးတွေပါ….ရေးတတ်တော့ ရယ်လိုက်ရတာ ဗိုက်တောင်အောင့်တယ်…ကိုပေါက်ဖော်ရယ် 😀 😀

    Reply

  • etone

    December 7, 2011 at 2:32 pm

    ခေါင်းဖုသွားတာတော်သေးတယ် … ခေါင်းကွဲသွားရမှာ .. ဟီးဟီး … 😆

    Reply

  • nyochaw

    December 7, 2011 at 3:46 pm

    “ရှူး” ဆို အားရပါးရ နှပ်ချေးညှစ်ချလိုက်ရာ ဖင်ကလဲ “ဘူဟူ”ခနဲ ထွက်သွားပါရော……
    ဘယ်လောက်တောင်ရှက်သွားမလဲနော်….
    မျက်ရည်တောင်ကျမိပါတယ်…..
    အရမ်းကို ရီရလွန်းလို ့………………

    Reply

    • naywoonni

      December 7, 2011 at 4:09 pm

      ညိုချောရေ… ရီရလွန်းလို့ မျက်ရည်ပဲ ကျပါစေနော် …။ ကျန်တာတွေ ထွက်မကုန်စေနဲ့ ဦး ကိုပေါက်ဖော်လို …။ သိလား ? 😛

      Reply

Leave a Reply to Thel Nu Aye Cancel Reply

Your email address will not be published.