အဲဒါ ဆန်းသလား…………?

naywoon niDecember 3, 20111min07

အဲဒါ ဆန်းသလား…………?
တစ်ကယ်ဆို
တောတယ်တောင်ထဲ
ပျော်ပါးကျက်စား
သားရဲ သတ္တဝါ အရိုင်းအစိုင်းတွေကိုအားကျမိတာအပြစ်လား?
မင်းသေချာစဉ်းစားကြည့်
သူတို့မှာ ဘာအပူအပင်မှ မရှိတာကလား….။
သူတို့မှာ နည်းပညာ မရှိ….။
သူတို့မှာ သားဖွားခန်းမရှိ……….
သူတို့မှာ ဂုဏ်တု ဂုဏ်ပြိုင်တာမရှိ………
သူတို့မှာ မာန်မာန မရှိ……….
မိဘက သားသမီးကို တော့ လူတွေ ချစ်သလောက် ချစ်ကြတာပဲ…။
ဒါပေမဲ့ ချစ်လို့ဆိုပြိးတော့
အိမ်(အသိုက်)ထဲမှာ ပိတ်လှောင်မထားဘူး
လောကကြီးကိုရင်ဆိုင်ဖို့ တတ်သင့် တတ်အပ်တာ
သူတို့ အသိညာဏ်ရှိသလောက် သင်ပေးလိုက်ကြတာချည့်ပဲ…..။
လောကကြီးမှာ နေတတ်ဖို့
သဘာဝကို တွန်းလှန်ဖို့
တတ်သလောက် မှတ်သလောက် သင်ပေးလိုက်တာချည့်ပဲလေ…။
ဘယ်လိုအကောင်ကို ဘယ်လိုဖမ်း
ဘယ်အကောင်ကို ဘယ်လိုရှောင်
ယောင်တောင်တောင်လုပ်မနေတဲ့
အသက်နဲ့ရင်းသွားရမယ်…..
အားလုံးကို သင်ပေးတာလည်းခဏလေ……
အဲဒိတော့ သူတို့ကိုငါအားကျ
လက်ရှိဘဝကိုစိတ်တိုင်းမကျ
အဲဒါ ဆန်းသလား?

(ဝန်ခံချက်)…။ ။ တီဗွီက လာလာနေတဲ့ ဒစ်ကာဗာရီလား …အဲ ….အဲဒါကြည့်ပြီး ဒီကဗျာပွားယူမိပါတယ်….။ ကဗျာဆရာရဲ့ ထွက်ပြေးမှုပေါ့…..။ နေထိုင်ရာလောကကြီးက မွန်းကြပ်လာတဲ့ အချိန်မှာ ကဗျာဆရာဆိုမျိုးက သူလွတ်လပ်ရာလွတ်လပ်ကြောင်း ခဏတစ်ဖြုတ် ရှာကြံနေတတ်ပါတယ်…။ သူတို့ဟာ… .ကြာရှည်စိတ်ညစ်ရတာမျိုးကို မလိုလားတတ်ဘူးလေ….။
နေဝန်းနီ

7 comments

  • windtalker

    December 4, 2011 at 3:14 pm

    ဘိုနီ ့ကဗျာ ဖတ်အပြီး
    ရင်ဂို ရဲ ့ “အချစ်ဟာမီးလား” ဆိုတဲ့ သီချင်းကို သွားသတိရမိတယ်
    ကော်ပီလား ဘာလားတော့ မသိဘူး
    ဘိုနီတို ့လူပျိုအရွယ်က ညညအော်ဆိုခဲ့မယ့် သီချင်းလေး

    Reply

  • ပေါက်ဖော်

    December 4, 2011 at 4:51 pm

    ဦးနီကြီး..
    ပြေးတာလဲပြေးပေါ့..
    ဘီအီးအကြွေးလေးဘာလေးလဲ ဆပ်သွားဦးနော်…

    Reply

  • aye.kk

    December 4, 2011 at 5:22 pm

    ကိုနေဝန်းနီရေ..
    တစ်ခါတစ်ရံမှာခံစားချက်တို ့တိုက်ဆိုင်နေမိလို ့အမြင်လေးတူနေမိတယ်..
    လူဖြစ်ရတဲ့ဘဝ..
    လွတ်လပ်မှုအရသာ..
    ပျောက်ဆုံးနေတယ်..
    ဖြေရာမရတဲ့ခါ..
    ကဗျာတွေရှာရင်း..
    ခဏတစ်ဖြုတ်ရွက်လွင့်နေတာ..
    အဲဒါမဆန်းပါဘူးနော်..။

    Reply

  • nigimi77

    December 4, 2011 at 6:10 pm

    ကြိုက်လို ့ ထောင်လိုက်သဗျား….လက်မ ။

    Reply

  • manawphyulay

    December 4, 2011 at 8:04 pm

    ဆန်းတာတော့နည်းနည်းဆန်းတယ်။
    လူဖြစ်တာချင်းအတူတူ
    တိရစ္ဆာန်ထက် အသိတရားတစ်ခုပိုပေ
    လိုက်နာနိုင်ရင် အမှန်အကျိုးရှိစေ….

    ဘဝဆိုတာ
    အပြောလွယ်သလောက်
    နေရခက်တဲ့ဘဝကြီးပါ
    အမှားအမှန် ဒွန်တွဲ
    အကောင်းအဆိုး ယှဉ်တွဲ
    ချစ်ခြင်း မုန်းခြင်း မခိုင်မြဲ
    မတည်မြဲတဲ့လောက
    ဖြစ်တည်ပျက် ကာလသုံးပါး
    မမြဲခြင်းတရား လက်ကိုင်ထား
    အတ္တထောင်လွှား
    မာန်မာန ဖောက်ပြား
    ကိုယ်ထင် ကုတင်ရွှေနန်း
    မောဟ ဖုံးလွှမ်းနေတဲ့
    ဒီလူ့ဘောင်လောကကြီးမှာ
    တရားသဘောနဲ့ ဆင်ခြင်
    အရာအားလုံးဟာ
    အနစ္စတွေပါတကား…..

    Reply

  • naywoonni

    December 4, 2011 at 8:44 pm

    မနောရေ………. တရားတွေ လွှတ်ရပြီး မယ်သီလတော့ ဝတ်မသွားနဲ့ဦး …..။ တို့ကတော့ ဘယ်မယ်သီလမှ ဆန်လောင်းတာမဟုတ်ဘူးနော်…။ ဒါတော့ ကြိုပြီးသတိပေးလိုက်မယ်…။ တော်ကြာမှ ဆန်မလောင်းလို့ ဆိုပြီးရွာထဲ လှည့်အော်နေမှာစိုးလို့……….

    Reply

  • TTNU

    December 5, 2011 at 12:10 am

    သားရဲ တစ်ကောင်လို လျှောက်သွားနေလို့မရတဲ့ လူဖြစ်လို့
    အကန့် အသတ်ထဲမှာနေရတာပေါ့ ကိုနေဝန်းနီရေ။
    ဒါပေမဲ့ ကဗျာဆရာတွေက ပိုလွတ်လပ်ချင်တာလား။
    တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ည SKY NET ..Up-to-date channel ကလာတာလေ
    ကျိုင်းတုံ က ဝစီပိတ် ဘုန်းတော်ကြီးကျောင်းမှာ ကဗျာသချို င်္င်း ဆိုပြီး ဂူ ခပ်သေးသေးတွေ
    ပေါ်မှာ ကဗျာ တစ်ပုဒ်စီရေးရေးထားတာ။ အင်တာဗျူးလာတဲ့ ကလေးမလေးကလိုက်ဖတ်ပြနေတာ။
    ကျမ စိတ်ထဲ တစ်မျိုးကြီးတောင်ဖြစ်သွားမိတယ်။

    Reply

Leave a Reply to naywoonni Cancel Reply

Your email address will not be published.