ဘာဟာအမှန်ဘယ်ဟာအမှားလဲတော့မသိပါ။

MandalarPheonixDecember 3, 20111min02
၃ဝ ရက်နေ့ထွက်သောအောင်စာရင်းတွင် လူကြီးသားသမီးများ မကျန်ရအောင် ပါချုပ်၊မော်ကွန်းထိန်း နှင့်ဌာနမှူးအချို့သည်
အောင်စာရင်းကို အရင်ဆုံးစစ်ဆေးကြပါတယ်…..စစ်ဆေးသောအခါ met major မှစွမ်းအင်ဝန်ကြီးသားကျန်ခဲ့ပါသည်။
ချက်ခြင်းနေပြည်တော်ရုံးသို့အကြောင်းကြားပြီး အောင်စာရင်းကိုပြင်ဆင်ကြပါသည်။ညနေ ၃းဝဝ လောက်မှအောင်စာရင်း
ရောက်လာပြီး ကပ်ပါသည်။ ဒီသတင်းသည် အမှန်အကန်သေချာရရှိထားသောသတင်းဖြစ်ပါသည်။
ဒါကြောင့် စာမေးပွဲကျသောကျောင်းသားများ လက်မှတ်ထိုးကာ သမ္မတ ကြီးဆီစာတင်ကြရန်ကျိုးစားကြမည်ဖြစ်ပါသည်။
သမ္မတ ကြီးက အကျင့်ပျက်ခြစားခြင်း နှင့် အခွင့်ထူးခံများတိုက်ဖျက်သွားမည်ဟုပြောထားပါသည်။
အခုဟာက တကယ့်ကို မတရားမှုဖြစ်ပါသည်။
ကျောင်းတခါမှမတက်သော သန်းရွှေ မည်း နေရွှေသွေးအောင် လည်း အောင် ကာ roll 2 တောင်ပါသည်။
mechanical မှ ရွှေမန်းချွေးမ လည်းအောင်ပါသည်။ယခင်ရဲချုပ် ခင်ရီသမီးလည်းအောင်ပါသည်။
ကျွန်မတို့ ငုံ့ခံ့လို့မရတော့ပါ။ သမ္မတ ကြီးဆီ တိုင်ကြားကြပါစို့။
အမြန်ဆုံးတိုင်ကြား ဖို့လုပ်ဆောင်နေပါတယ်…
ဒီသတင်းကိုဆက်လက်ဖြန့်ဝေကြပါရန်
(ဂျီတီယူအွန်လိုင်းနက်ဝပ် ……..group မှ ကူးယူဖော်ပြသည်။)
https://www.facebook.com/groups/gtuonlinenetwork/

2 comments

  • koyinmaung

    December 3, 2011 at 8:34 pm

    ကျောင်းတခါမှမတက်ဘဲအောင်တယ်ဆိုတော့ ရှက်စရာကြီး
    ရှက်ရကောင်းမှန်းမသိတဲ့လူတန်းစားတစ်ရပ်ကလဲရှိနေတာဘဲလား

    Reply

  • အင်း. သံတွဲဂျီတီအိုင် မှာလဲကျလိုက်ကျတာ အတုံးအရုန်းဘဲဗျာ။ဒါပေမယ့်လေ. ကျွန်တော်သိရသလောက် ကျောင်းရော၊ကျောင်းသား
    တွေပါ တော်တော်လေးပျက်နေကြတာပါ။ဒီကျောင်းမှာ စာသင်ပြပေးနေတဲ့ ကျောင်းဆရာမပေါက်စလေးတွေရဲ ့အရည်အချင်းကလဲ
    သံသယမကင်းစရာပါ။ဘယ်လိုပုံစံနဲ ့ဘွဲ ့ရလာကြသလဲဆိုတာက တော့မေးခွန်းထုတ်နေစရာမလို တနိုင်ငံလုံးဖြစ်နေတဲ့ စာမေးပွဲအောင်
    လိုလျှင် လက်ဆောင်နဲ ့ဌာနမှူးဆီသွားလို ့ရတယ်ဆိုတဲ့ပေါ်လစီကြောင့်ပါ။

    Reply

Leave a Reply to မောင်သန်းထွဋ် ဦး Cancel Reply

Your email address will not be published.