တကယ်ကို မေတ္တာယူ၍ မေတ္တာပေး နေတာပါ

thit minDecember 3, 20114min021

Special Credit to http://www.demowaiyan.co.cc/2011/12/hillary-clinton_03.html

and… (ဓာတ်ပုံ AP)

(သတင်းဆိုရင် ဖိုရမ်မှာဘဲ ကျနော် တင်ပါတယ်။
ဖိုရမ်က ဝင်သူလဲနည်းလို့ရယ် ဒီပုံလေးတွေကိုတော့အများစုကြည့်စေချင်လို့
ဒီမှာတင်တာ ပါ။)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အကြင်နာတရား ကြီးမားလှသောပွေ့ဖက်မှုများ

တင်းကျပ်စွာဆုပ်ကိုင်ထားကြသောချစ်ခြင်းမေတ္တာလက်များ

သင်တို့၏ကြီးကျယ်မြင့်မြတ်သော စိတ်နှလုံးသားတို့နှင့်

ဆင်းရဲခြင်းမျိုးစုံကို ခံစားနေရသူတို့အား ကယ်တင်ပါလော့။

သင်တို့၏ ဖြူစင်သန့်ရှင်းသောပြူမူဆောင်ရွက်မှူတို့နှင့်

လောက၏ ညစ်ထေးမှုများကိုဆေးကြောပေးပါလော့။

အမေ ပျောက်သော သားတို့ အမေပြန်တွေ့ရသော ဒီနေ့တွင်

အားကိုးရာမဲ့ ငိုကြွေးနေရသော သားတို့ အားကိုးရာရင်ခွင်အရိပ်ပြန်ရသောဒီနေ့တွင်

ယုံကြည်စိတ်ချစွာ သားတို့ ဘဝများအားလုံခြုံမှုပေးနိုင်မည်ဟူသောနမိတ်ပုံရိပ်တို့အား

ဤသို့ သားတို့တွေ့ရပါပြီလို့။(^^)

 

 

အမေစုနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary  Clinton တိုရဲ့ ဟန်ဆောင်မှုကင်းတဲ့ ကြည်နှူး ဝမ်းမြောက်ဖွယ်

သမိုင်းဝင်မှတ်တမ်း ဓာတ်ပုံတွေပါ… (ဓာတ်ပုံ AP)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ချစ် တတ် သူ ဆွေ~~~ဂုဏ် အင် ဟာ ဒါဘဲ~~~အသဲတွေ~~~~ခွဲဝေ ပေး နိုင် ရ ပါမည်၊

မေတ္တာ ယူတော့ မေတ္တာ ပေး ~~ပေး~~လိမ့်မယ်~~သွယ်သွယ်~~~ခုတလီ

ကျေးဇူး~~~တင်ရပါစေမည်..

ကျေးဇူးသခင် အသွင်များပြား ဝေးကွာ ငြားလည်း~~~အသဲက မေတ္တာ အခါခါရည်

ညီလေး ညီမလေး များကိုဖြင့် ~~~တန်းဆင့်ကဗျာ မှာပါမည်…..

ကျနော်တို့ ကျမတို့လေ ကျနော် တို့ ကျမတို့လေ ချစ်လေသူကို ချစ်လေသူကို

ကိုယ်က တဖန် ပြန်လည် ချစ်တတ်ကြပါစေအတည်~~~~ ဘဝတေးဆိုလျှင် ခန လေး မဆိုချင်

ကျော့ကျော့ လွင်မှ အသွင်လှပါပေမည်~~~~ သို့သော်လည်း… မုန်းတေး တခါကျော့လျှင် ….

ချစ်တေးတခါ နှစ်ခါသုံးခါ လေးခါ အခါခါ ကျော့ စေချင် ပါသည် ~~~~

အခါခါ ကျော့ စေချင်ပါသည်……။

 

~~~~~~~~~~~~~~~~~~~~~~~~~~

 

With Love

thit min (^^)

21 comments

  • htoosan

    December 3, 2011 at 8:47 am

    ပုံ (၁) .. ဟယ် မမစု .. နှင်းဆီပန်းလေးနဲ့ လှလိုက်တာ။
    (၂) .. သိပ် ချစ်တာ ဘဲ မမစု ရယ်။
    (၃)မမစု .. နောင် လည်း ဒီလိုတွေ့ ရအောင် နော် ..
    (၄) တွေ့ မှာပေါ့ ညီမလေး ဟယ်လာရီ ရယ်..
    (၅) စိတ် ဝင်စားစရာ ကောင်းသား။
    (၆) မမစု ဘာတွေ သတ်ိရ သွား ပါလိမ့်။
    (၇) …..အင်း ယောင်္ကျား ဝတ် လက်ပါတ်နာရီတွေ ရောင်းကောင်း ဦးမယ် (ထူးဆန်း အတွေး)
    (၈) ဟင်း .. မမရေ အမေရိက ပြန်ချင်တော့ဘူး ..

    Reply

  • MaMa

    December 3, 2011 at 8:54 am

    ပုံလေးတွေနဲ့လိုက်ဖက်တဲ့ သီချင်းနဲ့ ဆြာသစ်ရဲ့ မေတ္တာစာကို ဖတ်ပြီး အေးချမ်းပျော်ရွှင်သွားပါကြောင်း…. 🙂
    ဟိုး……….အရင်က
    ဒီ “တစ်ကျော့နှစ်ကျော့တေးကိုသီ” သီချင်းကို အရင်က နားထောင်တုန်းက သိပ်အကြိုက်ကြီး မဟုတ်ဘူး။ ကာရာအိုကေမှာ စာသားတွေရေးထားတာဖတ်ပြီး သေသေချာချာ သိပြီးမှ ပိုနှစ်သက်မိတယ်။ 🙂
    ဒါထက် စကားမစပ် (သဂျီးလို စကားအတင်းမစပ်ဘူး :D)-
    ဒေါ်စုကို ပုလဲပုတီးလေး ဆွဲပေးလိုက်ရင် ပိုကျက်သရေ ရှိသွားမယ် 🙂

    Reply

  • kokothandar

    December 3, 2011 at 9:44 am

    အာဏာရယူထားသူတွေနဲ ့တွေ ့ခဲ့စဉ်နဲ ့ဒေါ်စုကိုလှိုက်လှိုက်လဲလဲပွေ ့ဖက်နှုတ်ဆက်နေပုံကကွာပါ့
    ဒီလိုပုံတွေ ကိုအစိုးရသတင်းစာတွေမှာမထည့်လောက်အောင်ထိ ဝံကြီကျော်ဆမ်းရဲ့သေးသိမ်မှုကလဲ
    အံဩစရာပါဘဲ

    Reply

  • amatmin

    December 3, 2011 at 10:55 am

    ှဆရာသစ်ရေ..
    အကိုပေးတဲ့ ခေါင်းစဉ်နဲ့ လိုက်ဖက်အောင်ကို တကယ့်ကိုမေတ္တာပါတဲ့တွေ့ဆုံမှုပါပဲဗျာ..
    ဒါနဲ့ ထပ်ထားနဲ့အေမေစု ရဲ့လက် က နုပျိုခြင်းတွေကုန်ပြီး အရေတွန့်တာကို မြင်ရတော့ ကိုယ့်အမေနဲ့ယှဉ်တွေးမိပြီးစိတ်မကောင်းသလိုခံစားရတယ်.. သူအနေနဲ့ အများစုအတွက် တကယ်ကို တာဝန်ကျေကျေ နဲ့ အားကိုးနေတဲ့ ပြည်သူတွေကို သားသမီးလိုတွေးပြီး ရှေ့ကဦးဆောင်နေတာလေ..
    ကိုယ်တွေတဦးချင်း က တော့ ကိုယ့်တာကိုတောင်ကိုယ်မလုံနိုင်ကြပဲ ဝေဖန်ချက်တွေ မျိုးစုံပေးနေမိလိုက်ကြတာ ..
    ” ညီလေး ညီမလေး များကိုဖြင့် ~~~တန်းဆင့်ကဗျာ မှာပါမည်….
    ကျနော်တို့ ကျမတို့လေ ကျနော် တို့ ကျမတို့လေ ချစ်လေသူကို ချစ်လေသူကို
    ကိုယ်က တဖန် ပြန်လည် ချစ်တတ်ကြပါစေအတည်~~ ”

    ကျွန်တော်တို့မှာ အမေစုရဲ့ မေတ္တာကြွေးတွေ အတော် များနေပြီလို့ထင်တာပဲ…

    Reply

  • windtalker

    December 3, 2011 at 12:26 pm

    ဂေဇက်ထဲ ဝင်ဝင်ချင်း
    ကိုသစ်မင်း ရဲ ့ ပို ့စ် ကို အရင်ဖတ်ကြည့်မိတာ
    ကျက်သရေ ရှိလိုက်တာဗျာ
    အထူးရှဲရှဲနီ ပါ ကစ်သို

    Reply

  • ကြောင်ကြီး

    December 3, 2011 at 12:27 pm

    အဖွဲ့ချုပ်ခေါင်းဆောင်များ၊ မဟာမိတ် တိုင်းရင်းသားပါတီခေါင်းဆောင်မျာနဲ့ တွေ့ဆုံပွဲမှာ ဆွေးနွေးပွဲစားပွဲနေရာ မဆန့်လို့ ဟယ်လာရီကလင်တန်က လွဲရင် ကျန် အမေရိကန်ကိုယ်စားလှယ် အဖွဲ့ဝင်များအားလုံး နောက်တန်းဆင်းထိုင်ပေးရတာ မြင်တော့ သူတို့ရဲ့ အမြင်ကျယ်မှု၊ သိတတ်မှု၊ ပါးနပ်မှု စတာတွေကို ချီးကြူးလေးစားမိတယ်။။။။
    ဒါကြောင့် အန်ကယ်ဆမ့်ကို ချစ်ရတာ ကြေးမုံလေးရေ….။ နင့်အမျိုး တရုတ်ကြီးကို ကိုက်မယ်။ တရုတ်မလေးကို ကြိုက်တယ်။ ဒါလည်း ဦးကြောင်ကြီးရဲ့ အမြင်ကျယ်မှု ချစ်ခင်ကြင်နာ နှလုံးသားမြင့်မြတ်မှုပါပဲ။။။။။ 😳

    Reply

  • athaylay

    December 3, 2011 at 12:56 pm

    သူငယ်ချင်းနှစ်ယောက် ပြန်တွေ့ကြတဲ့ ပုံနဲ့တူတယ်။ အရမ်းရရင်းနှီးနေလို့။
    ကျောင်းတက်တုန်းက သူငယ်ချင်းများ ဖြစ်ခဲ့ဖူးလားမသိဘူးနော်။

    Reply

  • အမေစုနဲ ့သမ္မတကလင်တန်တို ့ကကျောင်းနေဖက်မဟုတ်လား ကိုသစ်မင်းရေ။ဟန်ဆောင်ခြင်းကင်းလိုက်တဲ့ အပြုံးတွေပါနော်။
    အမေစုရဲ ့မျက်နှကို မြင်ရတွေ ့ရတာစိတ်ထဲမှာ ကိုနွေးထွေးမိပါတယ်။

    Reply

  • thit min

    December 3, 2011 at 2:07 pm

    ကိုထူးဆန်းရေ
    စိတ်ကူးလေးနဲ့ကြည့်တော့ပို ရသပေါ်တာပေါ့နော်။
    ~~~~~
    မမရေ
    ဟုတ်ကဲ့ပါ။ ကျနော် အဲဒီလောက်ကြီးမြင့်မားတဲ့ လူတွေနဲ့မဆုံဘူးပေမဲ့ တော်တော် လေး၊
    အဆင့်မြင့်သူများနဲ့ တွေ့ဘူးပါတယ်။အဲ နော် မြန်မာကတော့ဟုတ်ဘူးဗျ။(^^)
    အားလုံးဖော်ရွေတတ်တယ်ဗျ။ဟိတ်ကြီး ဟန်ကြီးလုပ်တတ်တာ အဲဒီအရှေ့တောင်အားရှသားတွေဘဲ။
    ~~~~~~
    ကိုကိုသန်ဒါရေ
    ဦးကျော်ဆန်း က?
    ~~~~~~~~~~
    ညီအမတ်မင်းရေ
    အကိုရေလို့ ညီခေါ်လိုက်သံလေးလိုပေါ့ကွာ။ မေတ္တာ ဆိုတာ အေးချမ်းလှတယ်ဆိုတော့
    ပြန်ပြီးဆပ်စရာအကြွေးလို သတ်မှတ်ရင်လဲရသလို၊ ကိုယ်ကပေးရမဲ့ မေတ္တာလိုစဉ်းစားရင်လဲရပါတယ်နော်။
    ~~~~~~~~~~
    ကိုပေရေ
    ဟုတ်တယ်ဗျ။ကျက်သရေရှိတာကတော့ အထူးပါဘဲ။
    ~~~~~~~~~~~
    ကိုကြောင်ကလဲနော်
    ဂွင်မဝင်ဘဲနဲ့လဲ စွဲစိ တာဘဲ ။(^^)
    ~~~~~~~~~
    ကိုအသေးလေးရေ
    မမကိုဖြေထားတဲ့ အဖြေလေးကိုကြည့်ပေးနော်။
    သူတို့တွေရဲ့စိတ်တွေက အဲဒီလိုတွေများတယ်ဗျ။
    ~~~~~~~~~~
    ကို်သန်းထွဋ် ဦး ရေ
    ကျနော်လဲ အဲဒီလိုကြားဘူးပါတယ်။
    ဟန်ဆောင်ခြင်းကင်းပြီး အရည်အချင်းတကယ်ရှိမှ ခေါင်းဆောင်ဖြစ်ရတာဆိုတော့ဗျာ
    ပြည့်ဝတာဘယ် ဆန်းပါ့မလဲ။
    ————————————
    အားလုံးကို ကျေးဇူးတင်ပါကြောင်း
    (^^)

    Reply

  • Thel Nu Aye

    December 3, 2011 at 3:42 pm

    အမေစုက လက်ထပ်လက်စွပ်ကလေးဝတ်ထားတယ်။ သနားပါတယ်။ မုန်းလို့ကွဲရတာမဟုတ်ပဲ ဒို့တွေအတွက်ပေးဆပ်ရင်းကွဲရတာ။ ရှင်ကွဲပါမက သေကွဲပါကွဲရတာ။ အခုလို အမေစုအောင်မြင်နေတာကို မိုက်ကယ်အဲရစ် ကိုမြင်စေချင်လိုက်တာ။ အမေစုလဲအဲလိုပဲနေမှာပဲနော်။

    Reply

  • ကိုသစ်ရေ
    သူတို့အမေရိကနဲ့ ကျနော်တို့မြန်မာပြည် အခုလိုဆက်ဆံရေးကောင်းလာတာကတော့
    အကူအညီပေးတာ မပေးတာ အပထား ကောင်းသော ဖြစ်စဉ်လေးပါဘဲ။
    ဒါပေမယ့် သူတို့ဘက်က အခုတစ်မျိုးတော်ကြာတစ်မျိုးမလုပ်ဘူးဆိုရင်တော့ အကောင်းဆုံးပါဘဲဗျာ။

    Reply

  • TTNU

    December 3, 2011 at 11:14 pm

    ကိုသစ်ရေ
    ပုံတွေကူးသွားပြီနော်။
    ကိုသစ်တင်တဲ့ ပုံတွေက ပိုကြည်တယ်။
    ကျေးဇူးတင်ပါတယ်နော်။

    Reply

  • kokothandar

    December 4, 2011 at 9:04 am

    ဒီလိုပုံမျိုးတွေအစိုရစာစောင်တွေမှာမဖေါ်ပြပါဘူး အရင် ဒေါ်စု နေပြည်တော်မှာ အလုပ်ရုံဆွေးနွေးပွဲတက်ခဲ့
    တုံးကလဲအစိုးရသတင်းမှာမဖေါ်ပြဘူး ပထမနေ ့မျက်နှာစာ ကရိုက်ထားတဲ့ ဓါတ်ပုံအစွန်နား ဒေါ်စု ပုံကို
    တွေ ့လိုက်တယ် နောက်နေ ့တွေမှာတော့နောက်ကြောကရိုက်တဲ့ ပုံတွေဘဲသတင်းမှာတွေ ့တော့တယ်
    ဒီအထိ ဝံကျီးကျော်ဆမ်းဆိုတဲ့ငနဲက ဒေါ်စုအပေါ်မနာလိုစိတ်ရှိတယ် အားပါးတရ ဒေါ်စုကို ဖက်နေတဲ့
    ဒီဓါတ်ပုံအတွဲလိုက်တွေသူ ့စီရောက်အောင်ပို ့ပေးနိူင်ရင်ကောင်းပါတယ် ဒါမှမနာလိုစိတ်တွေတလိပ်လိပ်
    တက်ရင်းနှစ်လုံးရောဂါရပြီမြန်မြန်သေမှာ ကျော်ဆန်းရယ် အောင်သောင်းရယ် သူတို ့ပထွေးမှုးကြီးသန်းရွှေ
    ရယ် ဒေါ်စုအပေါ် တော်တော်ဒုက္ခ ပေးချင်စိတ်များခဲ့ကြပါတယ်

    Reply

  • thit min

    December 4, 2011 at 9:44 am

    http://www.demowaiyan.co.cc/2011/12/blog-post_04.html

    ဗိုလ်ချုပ်အောင်ဆန်း အတ္တုပတ္တိရိုက်ကူးရေးအတွက် ဒီကနေ့ ရုပ်ရှင်အနုပညာရှင်များနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးပွဲ.. (ရုပ်သံ)

    Reply

  • ကိုရင်စည်သူ

    December 4, 2011 at 9:48 am

    ကိုကိုသစ်…နိုင်ငံ့ ခေါင်းဆောင်အမျိုးသမီးနှစ်ဦးရဲ့
    အပြုံးကို မြင်လိုက်ရတာ ရင်ထဲကျေနပ်သလို ခံစားသွားရတယ်ဗျာ..
    အန်တီစု မေတ္တာနဲ့ မြန်မာပြည်ကြီး အေးချမ်းတိုးတက်ပါစေ
    ဆုတောင်းမိပါတယ်ဗျာ…

    ခင်တဲ့
    ကိုရင်စည်သူ

    Reply

  • thit min

    December 4, 2011 at 6:59 pm

    ၂၀၁၁ခုနှစ် ဒီဇင်ဘာလ ထုတ် တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးရှင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်အား ဖေါ်ပြ

    Reply

  • comegyi

    December 4, 2011 at 10:42 pm

    အပြန်အလှန်လေးစားခြင်း ….ရိုးသားတဲ့ချစ်ခြင်း ……သမိုင်းဝင်ဓါတ်ပုံတွေက အားလုံး ကိုဖော်ပြနေသလို ပါပဲဗျာ…….

    Reply

  • blackchaw

    December 6, 2011 at 12:18 pm

    တန်ဘိုးဆိုတာ နားလည်တဲ့လူတွေ အတွက်ပဲ ဖြစ်ပါတယ်။
    နားမလည်တဲ့လူတွေကတော့ …… ဘယ်လိုအသုံးချရမှန်း မသိကြပါဘူးဗျာ။
    အခု တန်ဘိုးနားလည်တဲ့လူတွေက တန်ဘိုးထားနေကြတာ ဖြစ်ပါကြောင်း။

    Reply

  • chitlay

    December 6, 2011 at 3:09 pm

    အမေစုပုံကို ကြည့်ရတာ ကျက်သရေရှိလိုက်တာ။ သူတို့ ၂ယောက်ကို ကြည့်ရတာ ရင်ထဲက အနှစ်မပါဘဲ ဝတ်ကျေတန်းကျေတွေ့ဆုံခြင်းမျိုးမဟုတ်ဘဲ တကယ့်ကို ဟန်ဆောင်မှုကင်းပြီး လှိုက်လှိုက်လှဲလှဲနဲ့ တွေ့ဆုံနှုတ်ဆက်နေကြတာပါ။ ၂ယောက်သား ပြုံးပျော်ကြည်နူးနေပုံတွေကလည်း ကြည့်ရတဲ့သူတွေကို ပီတိဖြစ်စေပါတယ်။ ပုံတွေအတွက် ကျေးဇူးပါ။

    Reply

  • etone

    December 6, 2011 at 4:34 pm

    ပုံလေးတွေတွေ ့ရတာ အရမ်းကျက်သရေ ရှိပါတယ် … တင်ပေးတဲ့ ကိုသစ်မင်းကိုလည်း ကျေးဇူးတင်ပါတယ် … ။
    ဒီလိုဆုံလို့ရအောင် … စိတ်ကောင်းထား ၊ သဘောကောင်းလာတဲ့ သမဒဂျီးကိုလည်း မဆီမဆိုင် ကျေးဇူးတယ်ပါတယ်လို့ 😉

    Reply

  • True Answer

    December 6, 2011 at 5:00 pm

    ပုံလေးတွေအတွက် ကျေးဇူးပါ။
    (( ရိုးသားမှုမှာ ကြီးမားတဲ့ အင်အားတွေရှိပါတယ်))……

    Reply

Leave a Reply

Your email address will not be published.