ကွဲလွဲနိုင်တယ်

စာပေစကားဝိုင်းတစ်ခုမှာပြောဖြစ်ကြတာပါ။
လူငယ်တစ်ဦး ဆရာဝန်ဘွဲ ့ရသည်။ဆေးခန်းဖွင့်သည်။သို ့သော်ဘယ်လောက်မျှမကြာပါ ထိုဆရာဝန်သည် နားကြပ်ကိုပစ်လျှက် ကလောင်ကိုင်ကာစာရေးဆရာလုပ်သွားလေသည်။
သို ့နှင့်……
“အလကားဗျာ. ဆရာဝန်တစ်ယောက်ဆုံရှုံးရတယ်၊နောက်သူ ့နေရာမှာ ဖြစ်လာရမယ့် ဆရာဝန်တစ်ယောက်နစ်နာတယ်။ဒီလိုတော့ မလုပ်သင့်ဘူးပေါ့ဗျာ”ဟုပြောနေကြတယ်ပေါ့။
“အံမယ်. ဆရာဝန်ဖြစ်လို ့ ထက်ထက်မြက်မြက်နဲ ့စာရေးကောင်းတာဗျာ။ဆယ်တန်းမှာ
အတော်ဆုံးတွေက ဆရာဝန်တွေပဲ လုပ်ရတာမလား။တခြားနေရာတွေမှာ လည်းလူတော်တွေ
လိုတာပဲ။ခင်များတို ့ကြည့်လေ ဆရာဝန်လုပ်ရင် သူ ့ဆေးခန်းလာတဲ့ လူနာလောက်ဘဲ
ဆေးကုနိုင်မှာပေါ့။အခုတနိုင်ငံလုံးကို စာနဲ ့ကူပေးနေတယ်လေ”ဟု တစ်ဖက်မှဆိုသူကလဲ
ဆိုလေသည်။
ဒီနေရာမှာ ကိုယ့်အမြင်ကိုတော့ နည်းနည်းပြောချင်လို ့မနေနိုင်ဝင်ပြောလိုက်တယ်။
ဒီနေ ့ခေတ်မှာ ခုပြောတဲ့ဆရာဝန်က (၁)သူဝါသနာပါလို ့စာရေးတဲ့ဖက်ကူးသွားတာလဲဖြစ်နိုင်တယ်။(၂)ယနေ ့ခေတ်သာမန်ဆေးတက္ကသိုလ်ကျောင်းပြီးစဆရာဝန်တွေ ကိုယ့်ထမင်းကိုယ်တောင်ရှာစားဖို ့နေနေသာ၊လဘက်ရည်ဖိုးတောင် ပုံမှန်ဝင်ရဲ ့လား မေးရမယ့်အနေအထားမို ့ပါ။
နောက်တစ်ခု ထပ်ပြီးကျွန်တော် ကိုယ်တိုင်နဲ ့သဘောထားကွဲလွဲတာက ဆေးတက္ကသိုလ် တက်ရတိုင်းစာအတော်ဆုံးကျောင်းသားမဟုတ်ဘူးဆိုတာပါဘဲ။ဘာလို ့လဲ
ဆိုတော့ ကျွန်တော်တို ့နှစ် ၁၂/၂၀၀၁ မှာ ပထမနှစ် စတက်တော့ မြန်မာတနိုင်ငံလုံး
TOP TEN အဆင့်(၁)ရသူက သချင်္ာဘာသာရပ်ကိုရှုံးပါလေရော။ဌာနမှူးကမကောင်းတတ်လေတော့အောင်မှတ်(၅၀)တိုးပေးပြီးချော့သိပ်လိုက်ရတာပေါ့။နောက်
ဘာသာရပ်တွေမှာလဲ အဆင့်(၁)ကြီးခမျာ အခြေအနေမဟန်ဘူး။ဒါပေမယ့်ဗျ တနိုင်ငံလုံးအတိုင်းအတာ မှာဘာအဆင့်မှမဝင်တဲ့ ကျောင်းသားတစ်ယောက်ရယ်ကျောင်းသူ
တစ်ယောက်ရယ် က first year to final part 2 ထိဘာသာစုံဂုဏ်ထူးတွေ
နဲ ့ချည်းပါဘဲ။ဒါလေးလောက်ကိုဘဲ ဥပမာပေးပြောပြလိုက်ပါတယ်။
ကျွန်တော့်ကို အဖေက နေ ့တိုင်းပြောနေကျ စကားက ဆရာဝန်ဘွဲ ့သာရ ဆိုက်ကားနင်းလဲ လူပိုစီးမယ်တဲ့။ကျွန်တော်ကိုယ်တို်င်က ဘွဲ ့တစ်ခုမရနိုင်သေးတော့ သူ
အားမရလို ့ပြောတယ်ဆိုတာကို လက်ခံပေမယ့် မြန်မာပြည်မှာ လက်ရှိဘွဲ ့ရနေသူတွေ
အသိအမှတ်ပြုခံရ ရဲ ့လား၊ဒီဘွဲ ့တွေရဲ ့နောက်ကွယ်မှာ အရည်အချင်းဆိုတာ တကယ်ပါရဲ ့လား ဝေခွဲမရဘူး။ဒါကြောင့် ကျွန်တော်စာလဲ မဖတ်ချင်တော့သလို၊ဘာဘွဲ ့မှမလိုချင်ဘူးလို ့ငြင်းဆန်ခဲ့တာ အကြိမ်ကြိမ်ပါ။
“လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်”ဟူသော တွင်ကျယ်သော စကားကိုငှားသုံးပါရစေ။လူတစ်ကိုယ်အကြိုက်တမျိုးရှိနေသော သဘောထားကွဲလွဲခြင်းကို အသိအမှတ်ပြုထားခြင်းဖြစ်သည်။ပညာဉာဏ်မြင့်မားသော ယဉ်ကကျေးသော လူ ့အဖွဲ ့
အစည်း၏ လက်ကိုင်ပြုစကားဖြစ်ပါသည်။ထိုစကား၏နောက်ကွယ်တွင် အဓိပ္ပါယ်များစွာသိုဝှက်နေပါမယ်။
ကိုယ့်စိတ်နှင့်မကိုက်ဟုထင်ရသည့် အခြင်းအရာတစ်ခု ကိုအဆိုးမြင်၊တရားသေ၊လှေနံဓားထစ်၊ငါ့စကားနွားရ ဟူသောအယူစွဲမှု၊အယူသည်းမှုများဖြင့် ကြည့်ရှုပါက အမှန်ကိုရမည်ဟု မထင်ပါ။“ငါမှငါ”ဆိုသည့် အမှောင်ကိုစွန် ့၍အလင်းရောင်တွင်ထွက်ကြည့်
ရန်မေတ္တာရပ်ခံပါရစေ။

8 comments

  • koyinmaung

    December 3, 2011 at 4:50 am

    တို့နိုင်ငံကကမာ္ဘပေါ်မှာအဆင်းရဲဆုံးနိုင်ငံစာရင်းထဲပါနေပေမဲ့
    ဘွဲ့ရ ပြီးသူတွေ ဆရာဝန်တွေအင်မတန်ပေါးတဲ့နိုင်ငံပါ…..
    ကြွားလို့ကောင်းတာပေါ့ဟုတ်ဘူးလား..

    Reply

  • aye.kk

    December 3, 2011 at 9:10 am

    မေတ္တာဂရုဏာ..
    မုဒိတာလျှင်..
    စွမ်းအင်ကြီးမား..
    “ငါ”ကားဆိုတာ
    ကွဲလွဲတာတွေ..
    ပါယ်ကာသတ်နိုင်ရပေသည်..။

    Reply

  • moethidasoe

    December 3, 2011 at 10:57 am

    ဖြစ်နေတာက ကျင့်သုံးနေတဲ့ စနစ်ပါ
    စနစ်ကို လိုက်မျှောနေတာက အကျိုးအမြတ်ကို မျှော်တဲ့ လူတွေ အများစု ပါပါတယ်
    တကယ်ကို ဝါသနာ ပါတဲ့လူတွေအတွက်တော့ ဆရာဝန်လိုင်းလိုက်ရင် ဆရာဝန် ဖြစ်ပါတယ်
    ဝါသနာ မပါပဲ မိဘ တိုက်တွန်းလို့ .. ဂုဏ်ရှိလို့ .. အမှတ်လဲ မီ တတ်လဲ တတ်နိုင်လို့ တက်ကြတဲ့ လူတွေ အတွက်တော့ ဆရာဝန်လိုင်း အပြီးမှာ ဆရာဝန် ဖြစ်မလာဘူး (မှတ်ချက် .. ပြည်သူ့ကျန်းမာရေးလိုင်း ကို လိုက်တဲ့ လူတွေ ဆိုတာလဲ ဆရာဝန်အလုပ် လုပ်တာပါ)
    တကယ် လိုင်းကိုလိုက်ပြီး ဒီအလုပ်ပဲ လုပ်မှာလား .. ရရာ ဘွဲ့ကို ယူတာလား ဆိုတာ တစ်ဦးစီရဲ့ ခံယူချက်ပဲလေ

    Reply

  • ဝေးလွင့်တိမ်

    December 3, 2011 at 12:23 pm

    တစ်လောက ကြယ်ကလေးများရဲ့ရင်ခုန်သံအစီအစဉ်မှာကြည့်ဖြစ်လိုက်ပါတယ် ။ ကလေးတွေကိုမေးခွန်းလေးတွေမေးလိုက်တဲ့အခါ ဆရာဝန်ကြီးဖြစ်အောင်ကြိုးစားမယ် ။ ဆရာဝန်ဖြစ်ရင် သီချင်းဆိုမယ် ။ ဆရာဝန်အဆိုတော်ဖြစ်အောင်ကြိုးစားပါမယ်လို့ဖြေကြတာတွေ့ရတော့ ရင်ထဲမှာနည်းနည်းလေးမတင်မကျဖြစ်မိပါတယ် ။ မိဘတွေကပဲအဲဒီလိုသင်ထားတာလား ။ ကလေးတွေရင်ထဲရှိတာကိုဖြေတာလားတော့မသိပါဘူး ။ ဆရာဝန်ကြီးဖြစ်အောင်ကြိုးစားပြီး လူသားတွေရဲ့ကျန်းမာရေးကို စောင့်ရှောက်မယ်ဆိုတဲ့အဖြေမျိုးကို ဝေးလွင်တိမ် စောင့်စားနေတာ တစ်ယောက်မှဖြေမသွားပါဘူး ။ ခက်တော့ခက်ပြီပဲဗျာ ………….. ။

    Reply

  • ဟုတ်ပါတယ် ကိုဝေးလွင့်တိမ်ရော၊ဒေါက်တာမမမိုးသီတာစိုးရေ….
    ခေတ်စနစ်အရဆိုတာကိုတော့ နားလည်ပါတယ်။ဆိုလိုတာက ဒီဘွဲ ့ရပြီးဒီအလုပ်မလုပ်ပါဘဲ အခြားဝါသနာပါရာကူးပြောင်း
    သွားကြတာ ကောင်းပါတယ်လို ့ပြောချင်ပါတယ်။ဒီကနေ ့စာရေးဆရာဖေမြင့်တို ့၊3D animation လုပ်နေတဲ့ဒေါက်တာသူရသိန်းတင်
    တို ့ဟာဆရာဝန်တွေ၊သံတွဲသားတွေပါ။မိမိအားသန်ရာကို ကူးပြောင်းသွားကြတာပေါ့။တကယ်လဲ မိမိဝါသနာပါရာရွေးချယ်ပိုင်ခွင့်နဲ ့
    ဆယ်တန်းမှာ အမှတ်အများဆုံးတွေ ဆေးကျောင်းတို ့ရေကြောင်းတက္ကသိုလ် သွားဆိုတဲ့စနစ်ပျောက်သင့်ပါပီ။ဝင်ခွင့်စာမေးပွဲတွေမှာ
    အရည်အချင်းမှီသူတိုင်းကိုပေးတက်သင့်ပါတယ်လို ့မြင်မိပါတယ်။

    Reply

  • zinmyotun

    December 3, 2011 at 1:11 pm

    Yes, That right.
    I am also doctor because of my parent.
    But , I am doing what I want to do.

    Reply

  • Gipsy

    December 3, 2011 at 1:22 pm

    ချိန်ခါအညီ
    ရစ်ပတ်သီ၍
    နှစ်ချီကြိုးစား
    တို့စွမ်းအားသည်
    နှစ်များထောင်စု – တည်စေသော် ….။

    Reply

  • Mg Ogga

    December 12, 2011 at 4:22 pm

    အင်း ခက်တော့ ခက်တယ် အကိုရေ ဘွဲ့၊ ပညာ၊ လူတွေရဲ့ သတ်မှတ်ပုံက အတော်ကို ဇယားရှပ်တယ်။ ဘွဲ့ ရတာ မရတာ သိပ်မရေးမကြီးဘူးလို့ ထင်တာပဲ ပညာမတတ်တာ တတ်တာ တော့ ပိုအရေးကြီးတယ် ဒီထက် အရေးကြီးတာ ကတော့ ကိုယ်လူအသိုင်းဝိုင်းမှာ အသုံးဝင်လာမဝင်ဘူးလားဆိုတာ ပဲလို ထင်တယ် ဗျာ ဘာမှတော့ မသိပါဘူး လျှောက်ပြောကြည့်တာပါအကိုရေ

    Reply

Leave a Reply to aye.kk Cancel Reply

Your email address will not be published.