(……….)ရေးတဲ့ကဗျာ

ခုတလောရွာထဲမှာလဲ ထိန်းမနိုင်သိမ်းမနိုင်တဲ့ သူတွေကြောင့် သံတွဲသား၊သံတွဲသူတွေကို တော်တော်လေးအထင်လွဲနေကြမယ်ထင်ပါရဲ ့ဗျာ။တကယ်တော့ အသံမစဲတဲ့ မြို ့သံတွဲ၊ဖွဲလံကြဲတဲ ့မြို ့သံတွဲ(ကိုမောင်ပေ့ဟန်)ဖြစ်နေပေသော်လဲ အများတကာမြို ့တွေထက်တော့ ပိုလွန်းနေသော်လဲ တစ်ချို ့ကိစ္စတွေများဆို ခြုံပုတ်ထဲက လက်သီးထောင်ပြနေသူတွေ၊ကြောင့် ယိုသူမရှက်၊မြင်သူရှက်နေရပါလေရော့လား။
တကယ်တော့ ကျွန်တော့်ဇာတိမြို ့ကလေးက တကယ်အေးချမ်းချင်ပါရဲ ့ဗျာ။နို ့ပေမယ့်
(Elite)အချို ့ကြောင့် ပျက်နေရတယ်၊ကျော်နေရတယ်ဆိုတာတော့ မငြင်းသာပြန်ပါဘူး။
အေးချမ်းတဲ့ ဆောင်းရဲ ့အရိပ်ကနေကဗျာလေးတစ်ပုဒ်ဝေမျှပေးချင်ပါတယ်။ဒီကဗျာလေးကိုရေးသားသူကိုတော့ အမည်ဝှက်ထားပါမယ်နော်။ပဟေဠိ အဖြေညှိကြတာပေါ့။သံတွဲကရော၊ရွာထဲက ညီအကို၊ဆရာသမားများပါ ခန် ့မှန်းပေးကြပါအုံး။
ဒီနေရာမှာစာရေးသူရဲ ့ကလောင်ကွဲတွေထဲက ပထမဆုံးကလောင်လဲဖြစ်၊ကဗျာမှာပါတဲ့ ရေးသူလဲဖြစ်တဲ့ ရွှေတွဲကျော်ပါတဲ့။

ပင်လယ်ဝေးလို ့တင့်
အေးလိုက်ပါတဲ့ ဆောင်းရာသီ
တွဲမြို ့ဌာနီ
ခြုံကတ္တီ
လုံပြီလို ့ရှိဘူး
ကဗျာနော်၊ဆရာကျော်စီမံရေးတယ်
တွေးလို ့စိတ်ကူး။ ။

14 comments

  • maetu

    December 1, 2011 at 7:01 pm

    အဲဒါ. ……
    ဟို……
    ဟီး…….
    မသိတော့ဘူးဗျာ။
    ဆရာကြီးလုပ်ကြည့်တာ

    Reply

  • thit min

    December 1, 2011 at 7:04 pm

    အားပေးကြည့်မယ်ဗျာ။
    လက်က မနေနိုင်လို့ပါ။
    ကိုယ့်ရင်းနှီးသူလည်းဖြစ်လို့ရေးရဲတာပါဗျာ။

    ပင်လယ်ဝေးလို့ရဲ့
    အေးလိုက်ပါတဲ့ ဆောင်းရာသီ
    တွဲမြို့ တို့ဌာနီ
    ခြုံကတ္တီ
    လုံပြီလို ့ရှိဘူး
    “ကဗျာ့ရင်” ဝင်ကာ ကွေးလိုက်မယ်
    နွေးဖို့ စိတ်ကူး။

    (^^)ခင်မင်စွာ

    Reply

  • ကိုသစ်မင်းရေ…..
    ခုလိုပြောပေးဖော်ရှိတယ်၊ဂရုဏာထားဝေဖန်ပေးလို ့ကျေးဇူးပါနော့။
    ဒါနဲ ့ကဗျာရေးသူကိုပါ မှန်းကြည့်ပေးပါနော်။

    Reply

  • thit min

    December 1, 2011 at 7:37 pm

    မ မှန်းတတ်တော့ပါဘူးဗျာ။
    ကိုသန်းထွတ်ဦး ဘဲ နောက်ဆုံးကျပြောပြပေးပေါ့နော်။
    စကားမစပ်ဗျာ။ ရီရတာလေးတွေ့လို့ပြောရအုန်းမယ်။
    ခုတလော ရွာထဲမှာ ကောင်းရာကောင်းကျိုးရေးသူတွေကို
    အနှုတ်လိုက်ပေးနေတဲ့ သူ(တွေ)ရှိပုံပဲဗျ။။
    သနားပါတယ်ဗျာ။ ရှေ့ထွက်မပြောရဲရှာဘူး၊ကိုယ်မကြိုက်တာကို။
    ကွယ်ရာကဘဲ လိုက်ပြီး အနှုတ်တွေပေးရရှာတယ်။မမ တို့ကိုတောင်ပေးတာနော်။
    ဘယ်သူမှတော့ ဘာမှ မဖြစ်ဘူးဗျ။အားလုံးကအဲဒီ လူထက် စိတ်အဆင့်အတန်းမြင်မားလို့ဘဲ။
    အိပ်ရေးဝအောင်အိပ်တယ်ပေါ့ဗျာ။(^^)

    Reply

    • MaMa

      December 1, 2011 at 10:13 pm

      ဆြာသစ်ရေ-
      အနီကိစ္စက စိတ်ထဲ မထားတော့ပါဘူး။
      အရင်ကလည်း ရွာထဲမှာ ဒီလို နီတာရဲတွေ ဖြစ်ဖူးပါတယ်။
      နောက်တော့လည်း မောသွားလား မသိဘူး။ ပျောက်သွားကြပြန်ရော။
      ခုတော့လည်း နောက်တခါ နီလာပြန်ပြီပေ့ါ။
      မောရင်လည်း ပျောက်သွားပါလိမ့်မယ်။ 🙁

      Reply

    • ကိုသစ်မင်းရေ ဒီကဗျာလေးကိုရေးသားသူက ဆရာဦးကျော်ရင်ဖြစ်ပါတယ်။သူ ့ရဲ ့ကလောင်ကွဲတွေကိုပါဖော်ပြပေးလိုက်ပါတယ်။
      (၁)ရွှေတွဲကျော်
      (၂)မောင်ကျော်ရင်
      (၃)ကိုကျော်ရင်
      (၄)မောင်ဘကွန်း
      (၅)ဆရာကျော်ရင်
      (၆)ဦးကထိက
      (၇)အုတ်လှ
      (၈)သိပ္ပံမျိုးတင့်
      (၉)ကထိကဦးကျော်ရင်
      (၁၀)တက္ကသိုလ်ကြိုင်သင်း တို ့ဘဲဖြစ်ပါတယ်။

      Reply

  • E.T

    December 1, 2011 at 8:30 pm

    ကိုသစ်မင်းရေ နီလည်းကိစ္စမရှိပါဘူး၊ စိမ်းလည်းကိစ္စမရှိပါဘူးဗျာ။ အတွေးအမြင်တွေ ဖလှယ်တာနဲ ့ ဗဟုသုတရဖို ့သာ အဓိကပါ။ သံတွဲသား၊ သံတွဲသူတွေကိုလည်း အထင်မလွဲပါဘူးဗျာ။ အားလုံးက member တွေပါပဲ။ စည်းကမ် ၁၂ ချက်နဲ ့ကိုက်တဲ့ member ကောင်းတွေ ဖြစ်စေချင်တာပါ။ သူများထောင်ထားတဲ့ site မှာဝင်ရေးတာမို ့လို ့ သူ ့စည်းကမ်းကိုလိုက်နာစေချင်တာပါ။

    Reply

  • Gipsy

    December 2, 2011 at 2:03 am

    မပြေးသော် ကံရာရှိ … ဖြစ်နိုင်စရာအကြောင်းတွေရှိသမို့ .. ငြင်းရခက်ကြီးပါ…။
    တစ်ကယ်ရော အသိဉာဏ်နည်း စရိုက်တွေများ တစ်ကယ်ဆိုးသွမ်းနေကြပြီလား …။
    မြေနိမ့်ရာ လှံစိုုက်လဲ ဖြစ်နေမှာစိုးပါတယ်ဗျာ…။
    Facebook လိုမျိုး like (or) dislike လုပ်သူကို သိနေရရင် ကောင်းမှာ…။

    Reply

  • small cat

    December 2, 2011 at 7:30 am

    ဆရာသစ်နဲ့ မမရေ
    နီတာရဲတာတော့ ကိစ္စမရှိ
    ဒီ,လာဆွဲသွားမှာတော့ နဲနဲ ကြောက်ပါ၏

    Reply

  • မှန်တယ်ဗျာ ……. ခုလိုမျိုးအနီတွေပေးနေတယ်ဆိုတာကို ကိုယ်တိုင်ကမတွေ ့လိုက်ရဘူး။ဒါပေမယ့်ခုတော့ စိမ်းနေပြန်ပါလား။
    ဘယ်လိုကြောင့် မနာလိုဖြစ်နေပါလိမ့်ဗျာ။သူကြီးခင်များ…..အနီ၊အစိမ်းပေးသူကို သိအောင်လုပ်၍မရဘူးလားဗျာ။ကျွန်တော်သိရသလောက်
    နောက်ကလိုက်တမင်ကို အနီလိုက်ပေးနေသလိုပါလား။တစ်နေ ့ကလဲ မရေးဖို ့လိုက်တားမိတာ နီရဲနေပါရောလားဗျာ။

    Reply

  • မှော်ဆရာ

    December 2, 2011 at 12:46 pm

    ပထမတော့ ကိုယ့်ကို အနီကဒ်တွေ အများကြီး ပြထားတော့ ဘာများရေးတာမှားပါလိမ့်ပေါ့..
    နောက်တော့မှ အလာပ သလာပ ရေးတာတွေကိုတောင် အနီပြထားတာဆိုတော့
    အော် လူကို မကျေနပ်တာကိုးလို့…

    Reply

    • Diamond Key

      December 2, 2011 at 4:07 pm

      ခုတော့…..သိပြီ……………….သူ့ကို ကိုယ်ချစ်သည်။ :mrgreen:

      Reply

  • Ka Yin Lay

    December 2, 2011 at 8:45 pm

    ပန်းနီနီပေးနဲ့ကွယ် ♪ ပန်ချင်ဖူး —– သူပန်ထားတဲ့ပန်းနီနီ ။

    Reply

Leave a Reply to MaMa Cancel Reply

Your email address will not be published.