နေ့သစ်ဆီသို့

koaungNovember 30, 20111min05

   နေ့သစ်ဆီသို့

ခရီးတလျှောက် အပြီးရှောက်ဘို့
ကျိုးစားနေဆဲ အားခဲဆဲ
ရောက်မည့်ပန်းတိုင် ရှေ့မှတ်တိုင်လို့
ထင်မှတ်နေဆဲ မသဲကွဲ
သို့သော်လည်းလေ ရှိလေရင်းဇွဲ
လုံးလတွဲလျှက် ငါ့ရည်မှန်းချက်
မပျက်ရဟု ခံယူချက်ထား
စဉ်ကျိုးစားလျှက် မျှော်မှန်းပါသည်  နေ့သစ်ဆီသို့!!

မောင်အောင်(ကျောင်းသားဘဝကိုယ်ပိုင်ခံစားချက်များ)

 

 

 

 

 

 

 

 

 

5 comments

  • E.T

    December 1, 2011 at 4:00 am

    yellow water taxi ကို ကြိုက်သွားပြီ။ ရန်ကုန်-ဒလ ကူးရင် အဲဒါလေးနဲ ့ဆို အဆင်ပြေမယ် 😀

    Reply

  • ကြောင်လတ်

    December 1, 2011 at 10:07 am

    ကိုချိုက ကဗျာလေးတွေလဲ ဖြစ်သားပဲဗျ။

    နေ့သစ် ဆီသို့
    မှန်းမျှော်ရည်သည့်
    ပြည်သူထဲမှာ ဒို့လည်း ပါ…..။

    Reply

  • ပေါက်ဖော်

    December 1, 2011 at 11:03 am

    ဆာအောင်ရေ.
    ကဗျာလေးက တိုတိုလေးပေမဲ့..ထိတယ်ဗျ….
    အိုင်လိုက်ခ် ဗဲဒီမက်ချ် ပဲဗျာ..ဂွတ်ထ…

    စကားမစပ်..ရန်ဂုန်လာရင် စပိဘုတ်လား..ဘာဘုတ်လဲ…အဝါလှေကလေး..လေ..
    အဲတာလေး..ဝယ်ခဲ့ပေးဘာနော်….
    အောက်စီဂျင် ထိုးပြီး..လေပေါ် တက်မောင်းချင်လို ့ဘာ

    Reply

  • Shwe Tike Soe

    December 1, 2011 at 1:12 pm

    ပုံလေးတွေ အရမ်းလှတယ်…
    အပေါ်ဆုံးက ပုံကို အရင်မြင်လိုက်တော့ ရန်ကုန်များလားလို. ထင်သွားသေးတယ်.. အဲဒီမြင်ကွင်းလေးက မဟာဗန္ဒုလ တံတားပေါ်ကနေမြို.ထဲဘက်ကိုကြည့်ရင်မြင်ရတဲ့ မြင်ကွင်းလေးနဲ. ခပ်ဆင်ဆင်တူတယ်ဗျ..
    အောက်ကပုံကိုကြည့်ပြီး လမ်းကိုတွေ.လိုက်မှ အော်မဟုတ်ပါလားလို. သိလိုက်တယ်…
    ပုံလေးတွေကူးသွားတယ်..
    မန္တလေးမှာလဲ မင်းကွန်းကို ကူတဲ့ အဲလို TAXI လှေလေးတွေရှိတယ်.. ဒါပေမယ့် အခု စပိဘုတ်လောက်မသားနားဘူး 😛

    Reply

  • koaung

    December 1, 2011 at 2:20 pm

    အေးဗျာရွာသားများအားကျေးဇူးတင်ပါကြောင်း
    ပုံ၁၊၂၊၃ ကတိုင်ပေမြို့တော်မှာရိုက်ထားတာဖြစ်ပြီး ပုံ၄၊၅ ကအော်စီသွားလယ်တုံးက ကင်မရာစမ်းရင်းရိုက်ထားတာဖြစ်ပါတယ်
    ကိုရွှေတိုက်စိုးရေ အဲဒီလမ်းကလေးက စက်ဘီးဘဲသွားလို့ရတယ်ဗျ ကီလို၂၀ဝကျော်ရှည်တယ်ဗျ သူဒို့ရဲ့မြို့ပြတည်ဆောက်ပုံလေးလဲပြချင်လို့ပါ ဓတ်ပုံရိုက်တဲ့အချိန်ကမနက်၅နာရီပါ ကျနော်ကအလုဎ်အားတိုင်းစက်ဘီစီးတတ်လို့ပါ
    သူဒို့ကမြစ်ကြောင်းတလျှောက် လမ်းရှောက်တဲ့လူနဲ့ စက်ဘီးစီးသူတွေအတွက် သီးသန့်လုဎ်ထားတာပါ စနေတနင်းဂနွေဆိုလူတွေအပြည့်ပါဘဲ
    ကိုကြောင်လတ်ရေ ဒီကဗျာလေးကလဲညီငယ်ညီမငယ်တွေကိုဝေမျှချင်တဲ့ ဆန်ဒလေးပေါ်လာလို့ ရှိတဲ့ဓတ်ပုံလေးနဲ့ တွဲတင်လိုက်တာပါ
    ကိုရင်ပေါက်နဲ့ကိုအီးတီရေ တနေ့မြန်မာပြည်ကြီးလဲ ဒီထက်ကောင်းတာတွေ သုံးနိုင်မှာပါဗျ မြန်မာလူမျိုးဘယ်တုံးကညံ့ခဲ့ဘူးလို့လဲ
    မြန်မာပြည်ကြီး သာရာဝပြောမဲ့ နေ့သစ်ကို ကျနော်ဒို့တတွေအတူတကွကြိုဆိုကြပါစို့ အစဉ်လေးစားလျှက်

    Reply

Leave a Reply

Your email address will not be published.