တန်ဖိုးမဖြတ်နိုင်တဲ့တိုင်းပြည်ကြီးပါလား

chatsuNovember 30, 20111min09

မန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုအနက် ၁၃ ခုတွင် သတ္တုမျိုးစုံထွက်ရှိပြီး မြို့နယ်အားဖြင့် မြို့နယ် ၃၃ဝ ရှိသည့်အနက် မြို့နယ် ၁၆၁ မြို့နယ်တွင် သတ္တုမျိုးစုံ ထွက်ရှိခြင်းဖြစ်သည်။

ထွက်ရှိသည့် သတ္တုမျိုးစုံမှာ ကျောက်မီးသွေး၊ ကြေးနီ၊ နီကယ်၊ ရွှေ၊ သံ၊ ကျောက်ဂွမ်း၊ ဥဒေါင်းစိမ်း၊ ကျောက်စိမ်း၊ ရွှေဖြူ၊ ဘောက်ဆိုဒ်၊ ခနောက်စိမ်း၊ ဂေါဒန်၊ ထုံးကျောက်၊ ခဲ၊ အဖြိုက်နက်၊ သလင်းကျောက်၊ သွပ်၊ တိုမလင်း၊ ခရိုမိုက်၊ ကန့်ကူဆံ၊ ဆိုဒါပြာ၊ ကြွေကျောက်၊ ခဲတူ၊ မြေစေး၊ စိန်၊ ခဲမဖြူ၊ မင်းဂနိစ်၊ ဖန်ချက်သဲ၊ အလှဆင်ကျောက်၊ ဖော့စဖိတ်၊ ဘရိုက်တီး၊ ပြဒါး၊ ဇာကွန် သဲစသည်တို့ဖြစ်ကြသည်။

ကချင်ပြည်နယ်၌ ၁၅ မြို့ နယ်၊ ကရင်ပြည်နယ်၌ ခုနစ်မြို့ နယ်၊ ကယားပြည်နယ်၌ လေးမြို့နယ်၊ ချင်းပြည်နယ်၌ သုံးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၌ ၂၆ မြို့ နယ်၊ တနင်္သာရီတိုင်းဒေသကြီး၌ ရှစ်မြို့နယ်တို့တွင် သတ္တုမျိုးစုံထွက်ရှိကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး၌ ၁၁ မြို့ နယ်၊ မကွေးတိုင်းဒေသကြီး၌ ၁ရ မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၌ ၁၆ မြို့နယ်၊ မွန်ပြည်နယ်၌ ခုနစ်မြို့နယ်၊ ရှမ်းပြည်နယ်၌ ၃၅ မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၌ လေးမြို့နယ်၊ ရခိုင်ပြည်နယ်၌ ငါးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၌ သုံးမြို့နယ်တို့တွင် သတ္တုမျိုးစုံထွက်ရှိကြောင်း သိရသည်။

9 comments

  • chatsu

    November 30, 2011 at 4:16 pm

    by eleven

    Reply

  • chatsu

    November 30, 2011 at 4:18 pm

    ပုံတွေက မတင်ပဲနဲ့ ဘာလို့ပါသွားတာလဲဟင်

    Reply

  • nozomi

    November 30, 2011 at 4:23 pm

    စောစောက အလဲဗင်းမှာ တွေ့တယ် ။ မန်းလို့ ရအောင် လုပ်မထားလို့ မမန်းလိုက်ရဘူး ၊ အခုဒီမှာတွေ့တော့ အတော်ဖြစ်သွားတယ် ခေါင်းစဉ်မှာ ပြောတာက (အလဲဗင်းမှာ တပ်ထားတာ၊ ဒီမှာလဲ ရေးထားတယ် “မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုအနက် ၁၃ ခုတွင် သတ္တုမျိုးစုံထွက်ရှိ” တဲ့) ကြည့်လိုက်တော့လဲ တိုင်းဒေသကြီး ရ ခု ပြည်နယ် ရ ခု အကုန်ပါတာပဲ မပါတဲ့ တစ်ခု ဆိုတာ ဘယ်ဟာကို ဆိုလိုမှန်း မသိဘူး

    ၁-ကချင်ပြည်နယ်၌ ၁၅ မြို့ နယ်၊
    ၂- ကရင်ပြည်နယ်၌ ခုနစ်မြို့ နယ်၊
    ၃- ကယားပြည်နယ်၌ လေးမြို့နယ်၊
    ၄- ချင်းပြည်နယ်၌ သုံးမြို့နယ်၊
    ၅- စစ်ကိုင်းတိုင်းဒေသကြီး၌ ၂၆ မြို့ နယ်၊
    ၆- တနင်္သာရီတိုင်းဒေသကြီး၌ ရှစ်မြို့နယ်
    ၇-ပဲခူးတိုင်းဒေသကြီး၌ ၁၁ မြို့ နယ်၊
    ၈- မကွေးတိုင်းဒေသကြီး၌ ၁ရ မြို့နယ်၊
    ၉-မန္တလေးတိုင်းဒေသကြီး၌ ၁၆ မြို့နယ်၊
    ၁၀-မွန်ပြည်နယ်၌ ခုနစ်မြို့နယ်၊
    ၁၁-ရှမ်းပြည်နယ်၌ ၃၅ မြို့နယ်၊
    ၁၂-ဧရာဝတီတိုင်းဒေသကြီး၌ လေးမြို့နယ်၊
    ၁၃-ရခိုင်ပြည်နယ်၌ ငါးမြို့နယ်၊
    ၁၄-ရန်ကုန်တိုင်းဒေသကြီး၌ သုံးမြို့နယ်

    ကိုယ်တိုင်ရေးတာ မဟုတ်ရင် ဘယ်ကယူတယ် ဆိုတာလေး ပြောပြဘို့လိုပါမယ်

    Reply

  • chatsu

    November 30, 2011 at 4:45 pm

    ပြောပြထားတယ်လေ။by eleven လို့။thank you

    Reply

  • phantom

    November 30, 2011 at 5:30 pm

    မြန်မာနိုင်ငံက ရတနာပုံကို ဖင်ခုထိုင်ပြီး ဆင်းရဲနေတယ်။ ဆိုးပါ့ကွယ် အဲဒီရတနာတွေ ဘာလဲ ဘယ်လဲဆိုပြီး ဆောင်းပါးလေး ရေးမယ့်သူရှိရင်ကောင်းမယ် 🙂 ။ တစ်ခုခုတော့ တစ်ခုခုပဲ

    Reply

  • naywoonni

    November 30, 2011 at 6:16 pm

    ဘယ်နေရာက ဘာထွက်တယ်ပြောပြော ကချင်ပြည်နယ်ကိုတော့ အဲ…. မပခ တိုင်းကိုတော့ မီမယ်မဟုတ်ပါဘူး….။နော်…။ 2000 ပြည့်နှစ်လောက်က အဲဒိမှာနေဖူးလို့သိတာ…။ အဲဒိအချိန်တုန်းက မပခ တိုင်းထဲက ထွက်ကုန်ပစ္စည်းတန်ဘိုးဟာ တစ်နိုင်ငံလုံးရဲ့ 45% လောက်ရှိတယ်ဆိုပဲ….။ ထွက်ကုန်ပစ္စည်းဆိုတာအားလုံးပေါ့…။ တွင်းထွက်ကော သစ်တောထွက်ပစ္စည်းကော ပါမှာပေါ့………..။

    Reply

  • koyinmaung

    November 30, 2011 at 6:57 pm

    ခုမှသတိရတယ်ကချင်ပြည်နယ်ကထွက်တဲ့
    ကျောက်စိမ်းနဂါးကြီးဘယ်ရောက်သွားလဲ
    သိတဲ့ရွာသားများရှိယင်ရေးကြပါအုံး

    Reply

  • cryingsoul

    December 1, 2011 at 10:00 am

    လူနည်းစုက ခိုးဆိုးလုယှက် နေကြတာနဲ. တက်တက်ပြောင်နေတာကြာပြီ ကျောက်စိမ်းနဂါး ကြီးကတော့ တရုတ်ပြည်အလည်သွားတယ်ထင်တယ်

    Reply

  • koyinmaung

    December 1, 2011 at 12:54 pm

    အလည်သွားတာမှဟုတ်ရဲ့လားဗျာ
    အပြီးသွားတာထင်တယ်……

    Reply

Leave a Reply to naywoonni Cancel Reply

Your email address will not be published.