ကိုယ်ထူကိုယ်ထ ရာသီဥတု သဘာဝဘေးအန္တရာယ်အတွက် ကြိုတင် ပြင်ဆင်နိုင်ကြဖို ့

ShwemannmayMay 24, 20101min00

သူငယ်ချင်းတစ်ယောက်ဆီက ရတဲ့လင့်ခ် လေးပါ။ နာဂစ်ပြီးတဲ့နောက်ပိုင်းမှာ မိုးလေဝသသတင်းပာာ လူတိုင်းစိတ်ဝင်စားလာကြတာ အမှန်ပါပဲ။
စိတ်ဝင်စားရကောင်းမှန်းသိလာကြတယ်ဆိုရင်ပိုမှန်ပါမယ် ။ ခုနောက်ပိုင်းမှာ အပူချိန်လွန်ကဲလာတာ ၊ ရေတွင်းရေကန်တွေခန်းခြောက်လာတာ က အစ
လိုင်လာမုန်တိုင်းအကြောင်းအဆုံး လူတွေစိတ်ဝင်တစားနားထောင်ကြပါတယ်။ ရွှေမန်းမေဆိုလည်း တစ်နေ ့တစ်နေ ့ပြဒါးတိုင်ကြည့်ပြီး အပူချိန်ကြည့်ရတာလည်း
အလုပ်တစ်ခုကိုဖြစ်လို ့ပါ။ ခုတော့လည်း မိုးတွေရွာပြီး အပူအတော်ကြီးလျော ့လို ့ လူတွေ သက်သာရာရကြပါတယ်။
မနေ ့ကလည်း ညနေပိုင်းမိုးတွေရွာလို ့။ အခုလည်း အပြင်မှာမိုးတွေရွာလို ့ပါ။
လိုင်လာမုန်တိုင်းကြောင့်လား ၊ ငရ ံ့မင်းပူဇော်ကြလို ့ပဲလား ၊ လွန်ဆွဲလို ့ပဲလားတော့မသိ မိုးရွာတာကတော့ အမှန်ပါပဲ။
ငရ ံ့မင်းလည်း မန္တလေးမြို ့ကို ဘယ်နှစ်ပတ်လောက်ရှိပြီလဲတောင်မသိလောက်တော့ပါဘူး။ ပာိုရပ်ကွက်က ပင့်လိုက် ၊ ဒီရပ်ကွက်ကပင့်လိုက်နဲ ့ အတော်ကို မူးနေလောက်ပါပြီ။
ကဲဒါတွေထားတော့ လိုရင်းနဲ ့လွဲသွားဦးမယ်။ ဒီဆိုက်လေးကောင်းလို ့ လက်တို ့ချင်တာပါ။ စေတနာကောင်းကောင်း ၊ရည်ရွယ်ချက်ကောင်းကောင်းနဲ ့အကောင်အထည်ဖော်နေကြသူတွေကို
သူတို ့လုပ်ကိုင်နေကြတာတွေကို လူတွေသိပါစေတော့ ရယ်လို ့ တစ်ဖက်တစ်လမ်းကနေ ကူညီလိုက်ချင်လို ့ပါ။အောက်မှာမူရင်းဆိုက်ပါ။ အင်္ဂလိပ်လို ဖတ်လည်းနားလည်ပေမယ် ့လို ့မြန်မာစာလုံးနဲ ့ဖတ်ရတာက ပိုပြီးအရသာရှိတာတော့အမှန်ပါ ပဲ ။

http://mmweather.com/
မြန်မာ့ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်သတင်းများစုဆောင်းဖေါ်ပြခြင်းကို http://mmweather.ning.com  အမည်ဖြင့်
NING Community Network တွင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် မြန်မာနိုင်ငံ အောက်ပိုင်းဒေသ အချို့တို့အား အဆင့် (၄) အထိပြင်းထန်သောဆိုင်ကလုန်းမုန်တိုင်း Nargis တိုက်ခတ်အပြီး ၂ဝဝ၈ ခုနှစ် မေလ (၁၈) ရက်နေ့တွင်
စတင်တည်ဆောက်ခဲ့ပါသည်။

Nargis ဆိုင်ကလုန်းမုန်တိုင်း မဖြစ်ပေါ်မီ ၂ဝဝ၆ ခုနှစ်တွင် မာလာ၊ ၂ဝဝရ ခုနှစ်တွင် Sidr နှင့် Gonu မုန်တိုင်းများ
ဘင်္ဂလားပင်လယ်အော် အတွင်း ဖြစ်ပေါ်ခဲ့ပါသည်။ Nargis ဖြစ်ပြီးနောက်ပိုင်းတွင်လည်း ဘင်္ဂလားပင်လယ်အော် နှင့် တောင်တရုတ်ပင်လယ်များ တွင်ဖြစ်ပေါ်သော အပူပိုင်းမုန်တိုင်းများကြောင့် မြန်မာနိုင်ငံ၌သာမကအိမ်နီးချင်း
ပြည်ပနိုင်ငံ အချို့တွင်လည်း မိုးသည်းစွာရွာသွန်းခြင်း၊ လေပြင်းများတိုက်ခြင်း၊ ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်း များကြောင့်
အသက်၊ စည်းစိမ်၊ အိုးအိမ်မြောက်များစွာ ပျက်စီး ဆုံးရှုံးရခြင်းနှင့် စားနပ်ရိက္ခာအရင်းအမြစ်များပါ
ဆိုးရွားစွာထိခိုက်ပျက်စီးစေခြင်း စသည့် ဆိုးကျိုးများကို ကြုံတွေ့ခံစားနေကြရလျှက်ရှိပါသည်။

ထိုမျှမကပဲ မြန်မာနိုင်ငံအတွင်းမကြုံစဘူးကြုံတွေ့ခဲ့ရသော Nargis ဆိုင်ကလုန်းမုန်တိုင်းကြီး၏ အင်အားပြင်းထန်ပြီး
အဖျက်စွမ်းအား ကြီးမားမှုကို အထိတ်တလန့် ဖြစ်ကြရသည့် ပြည်သူလူထု အကြားတွင်အထိတ်တလန့်ဖြစ်စေမည့် ကောလဟာလသတင်းများပြန့်နှံ့ခြင်းလည်း ယခုအချိန်အထိရှိနေဆဲ ဖြစ်ပါသည်။

ထို့ကြောင့် ရာသီဥတုပြောင်းလဲမှုသတင်း၊ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့်သတင်းများကို
အင်တာနက်(သို့) online အသုံးပြုသူ ပြည်တွင်း/ပြည်ပမှ မြန်မာများသို့ရည်ရွယ်လျှက်
Weather and Disaster Information Collection Network ကို MMWEATHER မှ စတင် တည်ဆောက်ပြီး
ကမာ္ဘတစ်လွှားရှိ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ သတင်းများကို အင်တာနက်ပေါ်တွင်
လွှင့်တင်ပေးနေသော WMO, USGS, JTWC, TSR, WEATHER UNDER GROUND, NOAA, GDACS, T2K နှင့်
အခြား သေချာတိကျသော သတင်းအခြအမြစ်များမှ သတင်းများကို ရယူပြီး
MMWEATHER ADMIN TEAM အဖွဲ့ဝင်များ အချိန်ရလျှင်ရသလို တတ်နိုင်သမျှ ဘာသာပြန်ဆို၍
MMWEATHER GROUP မှတစ်ဆင့် online ပေါ်မှ မြန်မာများ အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ရန်
ကြိုးစားဆောင်ရွက်နေဆဲဖြစ်ပါသည်။
MMWEATHER ADMINISTRATION TEAM မှ ကိုယ်တိုင်ကိုယ်ကျ online မှတစ်ဆင့်
ပါဝင်ကူညီလိုသူ မည်သူကိုမဆို နွေးထွေးစွာကြိုဆိုလျှက်ရှိပါသဖြင့် uwinnaing@mmweather.com သို့
ဆက်သွယ်ကူညီနိုင်ကြပါကြောင်း အသိပေးတင်ပြအပ်ပါသည်။

Leave a Reply

Your email address will not be published.