နိုင်ငံသမိုင်း သုတေသနစာစောင်(၁) စာမျက်နှာ (၉၃)မှ ထူးခြားအမိန့်တော်

kotun_mdyNovember 26, 20111min03

မြန်မာသမိုင်း အထောက်အထားများ

အထက်ပါ သမိုင်းသုတေသန စာစောင်(၁)မှ တိုင်းပြည်ဘုရင်၏ ထူးခြားအမိန့်တော်အား ဗဟုသုတ ရစေရန် ထုတ်နုတ်တင်ပြအပ်ပါသည်။

ဗဒုံမင်းသည် ရှင်ဗုဒ္ဓဃောသ စီရင်သည့် အဋ္ဌကထာများကို သံသယရှိတော်မူခဲ့သဖြင့်လည်း

ဆရာတော်တို့က သွင်းသည့်စာတွင် ပါဠိတော်ကို အခိုင်ပြု၍ သွင်းချက်ပါသည်။ ပါဠိ အဋ္ဌကထာကိုလည်း ရှင်ဗုဒ္ဓဃောသ ရေးသည့်စာဖြစ်ကြောင်းကို အစဉ်အဆက် စွဲလမ်းမှတ်သား ပြောဆိုကြသည်။ ဗုဒ္ဓဃောသလည်း ငါ့ဆရာ ငါကဲ့သို့ တတ်ပါမည်လော၊ ဘုရားလည်း ငါကဲ့သို့ တတ်ပါမည်လော၊ အကြံဖြစ်ကြောင်းကို ဆရာသိသောကြောင့် ဗုဒ္ဓဃောသကို ဆရာက ဗြဟ္မာဒဏ်ပေး၍ သီဟိုဠ်မှာ ပိဋကတ်ကို ကူးယူစေသည်တွင် သီဟိုဠ်ဘာသာ စာများကို အကုန်မီးပူဇော်၍ ဗုဒ္ဓဃောသ ရေးသားပြုစုသည့် ပိဋကတ်ကိုသာ ထားကြောင်းနှင့် ဆိုသည်။ ဗုဒ္ဓဃောသသည် လူကိုထား၍ သကြားဗြဟ္မာ တုံသော်လည်း မကြံဘူး မကြံအပ်သည့်အရာကို မာန်မာန ထောင်လွှားသဖြင့် မှားသောအကြံကို ကြံသည်ဟု ဆိုသည်ကို ထောက်လျှင် ဘုရားဟောတော်မူသည့်အတိုင်း ဗုဒ္ဓဃောသ ထားမည်မဟုတ် အမှန်အကန် ရေးသားသည်ဟု မယူသင့်။ ဗုဒ္ဓဃောသ အထင် အယူ အလျောက် ရေးသားထားသည်သာ ယူရန်ရှိသည်။ သည်အကြောင်းကို ခြားနားသိသာအောင် ဆရာတော်တို့က စာသွင်းစေဦး။ ဟု အမိန့်တော် ထုတ်ပြန် ပြန်၏။

 

အထက်ပါအမိန်တော်ကို အမိန့်တော်များ ၉၈၇-၉(ရှေးဟောင်) ၁၁၇၃ခု ပြာသိုလပြည့်ကျော် ၂ရက်နေ့ (၃၀-၁၂-၁၈၁၁)

3 comments

  • kai

    November 28, 2011 at 6:55 am

    အင်မတန်တန်ဖိုးရှိတဲ့.. သမိုင်းအချက်အလက်ပါ…။
    အခုလိုရှာဖွေမွှေနှောက်.. တင်ပေးတာအတွက်.. ကျေးဇူးပါခင်ဗျား..။ 🙂

    Reply

  • aye.kk

    November 28, 2011 at 7:05 am

    သမိုင်းကြောင်းလေး သိရအောင် ရှာရှာဖွေဖွေ တင်ပေးတာ ကျေးဇူးတင်ပါတယ်
    သမိုင်း မပျောက်ပျက်စေဖို ့နောက်ထပ်သိတာလေးတွေ ရှိရင်ပြောပြပေးဦးနော်..။

    Reply

  • kotun_mdy

    November 28, 2011 at 7:58 pm

    အခုလိုဝင်ရောက် ဖတ်ရှုပြီး အကြံပြုအားပေးမှုကို အထူးကျေးဇူးတင်ရှိပါသည်။ ဒီပို့စ်တင်ရခြင်းအတွက် အလွန်ဝမ်းသာမိပါသည်။
    ဒီပို့စ်ကို တင်ရခြင်း ရည်ရွယ်ချက်မှာ သမိုင်းအမှန်ကို သိစေလိုခြင်းနှင့် ဆက်စပ်တွေးတော ဆင်ခြင် နိုင်စေရန် ဖြစ်ပါသည်။

    Reply

Leave a Reply

Your email address will not be published.