မပေးဖြစ်လိုက်သော ရည်းစားစာ

alinsettNovember 25, 20111min015

ချစ်ခြင်းတိုင်း..အပြစ်မကင်းနိုင်ကြောင်း….သိပါသည်။

သို ့သော် ကျွန်တော်..သူမကို ချစ်သော အချစ်ကတော့… ရာနှုန်းပြည့် သန့်စင်ကြောင်း..

အာမ ခံပါသည်။

သူမကို ကျွန်တော်..စ ချစ်ကတည်းက ဘုရားရှေးမှာ ဒူးထောက် ခွင့်တောင်းပြီးမှ…ချစ်ခဲ ့သည်။

ကျွန်တော့်ကို ကျွန်တော်..ပြန်ချုပ်ကိုင်သော ကတိ အထပ်ထပ်တို ့ဖြင့် တင်းတင်းရစ်ပတ်ပြီးမှ ချစ်ခဲ့သည်။

ကျွန်တော့်လက်ထက်တွင် အချစ်သည် မိမိ ကို မိမိ ပြန်အုပ်တတ်သော..

ပိုက်ကွန်တစ်လက်…

ကျွန်တော့်လက်ထက်တွင် အချစ်သည်….မိမိ ကို မိမိ ပြန် ချုပ်နှောင်တတ်သော..ကြိုးတစ်ချောင်း…

ထို ့ထက် တစ်ဆင့်တက် ပြောရလျှင်…

အချစ်သည်..ကျွန်တော့်ကိုယ် ကျွန်တော် ပြန် တိုက်ထားသော..ကျိန်စာ တစ်ပိုဒ် ဖြစ်ပါသည်။

****************************************************
***************************************

ကျောက်သား ရုပ်တု များ ဒူးထောက်ကျ..သွားစေလောက်အောင် လှပသော သူမ၏ အပြုုံးနုနုများကို လွမ်းသည်.။

ပန်းပွင့်ကလေးများ..တအံ့တဩ ငေးမောနေရသော….သူမ၏ ဆံနွယ်မျှင်ခက်တို ့ကို လွမ်းသည်။

အရှိန်အဝါ ကြီးသော သူမ၏ အကြည့်လက်လက်များကြောင့် ခြေမကိုင်မ လက်မကိုင်မ ဖြစ်သွားခဲ့သော အချိန်နာရီတို ့ကို

ပြန်လွမ်းသည်။

( သူမ ၏ သနပ်ခါးရနံ ့ သင်းနေတတ်သော ပါးပြင်ကလေးများကိုတော့…

ကျွန်တော်…မလွမ်းမိအောင်..ကြိုးစားရပါသည်။)

************************
***************************************

ကျွန်တော် ဖြူစင်စွာ..ချစ်ရသော ကောင်မလေးတစ်ယောက်..

အမှောင် လမ်းတွေ ဘက် ခြေ မရောက်မိဖို ့လည်း…..

ကျွန်တော် အမြဲ..ဆုတောင်းသည်။

******************************************
********************

ထို ့နောက် ကျွန်တော်…..

ဆက် လွမ်းသည်။

လွမ်းရင်း…..ထပ် ထပ် လွမ်းရင်း ဖြင့်

ကျွန်တော့် ည များသည်….သက်ပြင်းတဝေဝေတို ့ မှုန်မှိုင်း လာပြီ။

အလွမ်းသည်…ကျွန်တော် ့ကိုယ် ကျွန်တော် ပြန် ခွဲ ဖြတ်…စိတ် ပိုင်းနေသော

ဓါး တစ်လက် ဖြစ်ပါစေဦး……။

ထို ဓါးကိုပါ….ကျွန်တော် ချစ်မြတ်နိုးစွာ…လွမ်းပါမည်။

ထပ်ပြောပါမည်။ ထိုဓါးကိုပါ ကျွန်တော်….လွမ်းပါမည်။

*********************************************************
************************************

လူငယ်တစ်ယောက်၏ ချစ် ခြင်းသည် သမိုင်း အဆက်ဆက် မတိုင်လျှင်နေပါစေ။

တစ်ဘဝစာ အတွက်တော့ မြဲမြံ ခိုင်နေရပါမည်။

တစ်ယောက်တည်း အတွက်သာ ဖြစ်သော…ကျွန်တော့်ချစ်ခြင်းကို…

သူမ အသိ အမှတ်ပြုသည် ဖြစ်စေ…

မျက်ကွယ်ပြု၊ ပြက်ရယ်ပြုသည်..ဖြစ်စေ………

ခက်ခဲသော ချစ်မြဲ ချစ်ခြင်း ကို ကျွန်တော် ကျင့်သုံးသွားပါမည်။

ဘာမျှော်လင့်ချက်မှ မပါဝင်သော အဖြူထည် သက်သက် ပေးဆက်ခြင်းအချစ် ကို

မြဲသည်ထက် မြဲအောင်…ကြိုးစားရင်း….

လူငယ်တစ်ယောက်၏ အချစ်သမိုင်းကို နှလုံးသွေးဖြင့် ရေးခဲ ့ပါမည်။

*****************************

***************************
**************************************************

လေးစားစွာ….

အလင်းဆက်

alinsett.art@gmail.com

http://myanmargazette.net/65086/arts-humanities

15 comments

  • windtalker

    November 25, 2011 at 8:18 pm

    ဪ ကိုယ့်လူနှယ်
    “ ကျောက်ဆစ်ရုပ်ကိုတောင် ခေါင်းငြိမ့်အောင် စွမ်းနိုင်စွမ်းရှိသော အရှေ ့ကျွန်းလှန် အင်ဇာဂီ ” နဲ ့စောစော မတွေ ့ခဲ့ရလို ့ပေါ့ ။
    နို ့..သူက ကျောက်သားရုပ်တု ကို ဒူးထောက်ကျ
    နင် က ကျောက်ဆစ်ရုပ် ကို ခေါင်းငြိမ့်ခိုင်း
    ဟန်ကိုကျနေမှာဘဲ…
    ဟီဟိ..
    အားပေးသွားပါတယ်နော

    Reply

    • inz@ghi

      November 25, 2011 at 8:23 pm

      အော် ..ဆွဲထည့်ကြတယ် ဆွဲထည့်ကြတယ်…
      ဟိုကျောက်ဆင်းတု ခေါင်းမော့ ငဖော်ရီး ကျ ဘာလို့မပါသလဲ ကပေရယ်…
      ကျန်တဲ့ နှူးဘာဂိုဏ်းဝင်တွေရော …ဘယ့်နှာ့ ကျုပ်ကြမှ ကံကွက်ကျား ရတယ်လို့

      အချစ်သည်..ကျွန်တော့်ကိုယ် ကျွန်တော် ပြန် တိုက်ထားသော..ကျိန်စာ
      ဆိုတဲ့ တင်စားမှုကို အလွန်နှစ်သက်ပါကြောင်း…

      ထိုနေရာကို ကျနော့် ရေးခိုင်းမည်ဆိုလျင် …
      ဟို စာရေးဆြာ စကားသုံး၍ မွေးရာပါဒုက္ခ ဟု မီးကျိုးမောင်းပျက်ရေးမိမည် ဖြစ်သဖြင့်
      လေးစားပါကြောင်း….

      😀
      ်ခင်တဲ့
      ဆော်ကြမ်း..
      အဲ့လေ ဂီဂီ

      Reply

      • windtalker

        November 25, 2011 at 8:29 pm

        ဆွဲထဲ့တာ မဟုတ်ရပါဘူး ဇာဇာ ရယ်
        အကောင်းစေတနာ နဲ ့ ဇာဇာ့ ဂုဏ် ကို ဖော်ပေးတာပါကွယ်..
        ဟီဟိ

        Reply

      • Diamond Key

        November 26, 2011 at 10:24 am

        သူမရဲ့ အပြုုံးနုနု တွေက ကျောက်သား ရုပ်တု များ ဒူးထောက်ကျ..သွားစေလောက်အောင် ဆိုတာက မသေချာရင်သာနေမယ်၊ ကျောက်ဆင်းတု ခေါင်းငြိမ့် ခေါင်းမော့် နှစ်ယောက်တော့ လျှာကြီးတွေ တမ်းလမ်း၊ မျက်လုံးကြီးတွေ ပြူးနေမှာ မြင်မိသေး သူလေးကိုတွေ့ရင် :lol:( ကျောက်ဆင်းတု ကို ခေါင်းငြိမ့် ခေါင်းမော့် လုပ်နေကြလို့ မောနေတာ ပြောပါတယ်) :mrgreen: :mrgreen:

        Reply

        • inz@ghi

          November 26, 2011 at 12:15 pm

          အလင်းဆက် ကို
          အတင်းကပ်ပီး
          အပြင်းချက်ခ် လိုက်မယ်
          လာထား … ပုလင်းတဝက်…. ;D

  • aye.kk

    November 26, 2011 at 5:07 am

    ပြောပါရစေ..
    အိပ်နေစဉ်လျှက်
    မျက်တောင်ကြာယပ်
    နိုးလတ်မျှပင်
    မျက်ဝန်းမြင်သည်
    ဇင်ယော်မျက်ခုံး
    ကော့ညွတ်ပြုံးက
    နှလုံးသားဝယ်
    စွဲငြိတွယ်တာ
    ခိုဝင်လာသည်
    လီယိုနာဒိုဒါဗင်ချီကို
    ကမ္ဘာကျော်ပန်းချီဆရာရဲ ့
    ရေးဆွဲခဲ့တဲ့မိုနာလီဇာရဲ ့အပြုံး
    ကျရှုံးရခဲ့..
    ကိုယ့်ရဲ ့ချစ်က
    ကျောက်ထက်ကအက္ခရာလို
    မှတ်ကျောက်တင်ခံ
    မှန်ကာမပျက်
    သက်ဆုံးသံသရာ
    တစ်ရာနှစ်တိုင်
    ခိုင်ခိုင်မြဲမြဲသစ္စာဆို..။
    ကိုအလင်းဆက်ရေ..တစ်ချိန်ကပေးဘူးတဲ့စာကဗျာလေးအမှတ်ရသွားလို ့ပါ..။

    Reply

  • ကြောင်ကြီး

    November 26, 2011 at 11:44 am

    နှလုံးသားလာ
    စူးဝင်တဲ့ဓါး
    မြူံးအနား
    ကူးငင်တဲ့ငါး
    ဗုံးကြားမှာ
    လူးချင်တဲ့ကျား
    သိလျက်နဲ့စား
    ထိတော့မှ..အား
    နားညီးတယ်သွား..
    ငမိုက်သား
    ငမိုက်သား
    သင်ဟာ ငမိုက်သား။။။။။

    Reply

    • thit min

      November 26, 2011 at 12:03 pm

      ဟေ့ ငမိုက်သားဆို
      တိုက်စားပေးမယ်ကွ၊
      ဆိုက်ကားလေးနဲ့ ခေါ်
      အဖော်မပါကြေး
      ဟာ မတော်ရာမတွေးကြနဲ့လေ
      ရော်စရာပေးနိုင် ရင်ရိုက်
      ကြိုက်သလောက်သာထိုး
      ရိုးရိုးတော့လုပ် မရှုပ်နဲ့
      မဟုတ်လို့ မဖြစ်ရင်လဲ
      မျက်ရည် သုတ် ဖုတ်ကနဲသာတင်လိုက်တော့ဟေ့။

      (^^)

      Reply

  • alinsett

    November 26, 2011 at 6:57 pm

    ဟုတ်ကဲ..အားပေး ဖတ်ရှုကြတာ သိပ်ကျေးဇူးတင်ပါတယ် ။

    Reply

  • ကိုရင်စည်သူ

    November 26, 2011 at 7:01 pm

    နောက်ဆို ကိုအလင်းဆက် ရည်းစားစာ မပေးရဲရင်..
    ကိုရင့်ကို ခေါ်လိုက်… ဒါမျိုးတွေ ဒီက သိပ်ကျွမ်းတာ..
    အောင်သွယ်ပေးရင် အညားနဲ့ တစ်ခုလပ်ပဲ.. ဟီးး..
    မော်ဒန်ဆို ဘယ်လိုဒန်ဒန် ကတုံးနဲ့ ကိုရင်က ခိုက်ပြီးသား..
    ဆက်ချ… အလင်းကို အစက်နဲ့မချနဲ့ အလင်းမိုးသာ
    ရွာချထားလိုက်ပေတော့………… 😛 😛

    Reply

  • alinsett

    November 26, 2011 at 7:04 pm

    ကိုရင်စည်သူရေ…နောက်တစ်ခါ ပေးခိုင်းပါ့မယ်ဗျ။
    တစ်ခုလပ်တော့ မဖြစ်အောင် လုပ်ပေးပါနော့

    Reply

    • windtalker

      November 26, 2011 at 7:19 pm

      တစ်ခုလပ် ဟာ
      အထူးမရှက်တော့တာမို ့
      ငထူး မငတ်ရလေအောင်
      အခု စတက်လိုက်ပါလား..မောင် ( စတက် = start )

      Reply

  • E.T

    November 26, 2011 at 7:22 pm

    ကိုအလင်းစက်က အချစ်ကြီးတယ်ပေါ့။ တစ်ယောက်ဆို တစ်ယောက် ပိတောက်ဆို ပိတောက် နင့်နဲ ့ကျမှ … လား။ စတာနော်

    Reply

  • blackchaw

    November 26, 2011 at 9:09 pm

    ကျွန်ုပ်ဘလက်သည်လည်း ဆရာအလင်းဆက်၏ ကဗျာကို ဖတ်ရှုသွားပါကြောင်း။

    Reply

  • mg wine

    November 26, 2011 at 9:20 pm

    ရရှိခဲ့သောရည်းစားစာ
    မောင်
    အဖေနဲ့အမေကမောင်းကြောင့်ဆူးစူးနေတယ်
    မောင်းလာမယ်ဆိုလို့ ပတောက်ပင်အောက်မှာထောင်စောင့်နေတယ်
    မောင်းရယ် လှော်ကားမှာဆန်ကြဲတယ်
    တော်သေပြီ ညမ သေငယ်
    ဘာသာပြန်။ ။ မောင့်ကြောင့်ဆူဆူနေတယ်
    ပိတောက်ပင်အောက်မှာထိုင်စောင့်နေတယ်
    လောကမှာ ဆန်းကြယ်တယ်
    တော်သေးပြီ ညီမ သေးငယ်။
    ဤသို့ဘာသာပြန်ကာချစ်သူကိုချစ်ခဲ့ရပါကြောင်း။

    Reply

Leave a Reply to Diamond Key Cancel Reply

Your email address will not be published.