ဈေးနှုန်းလဲ ချိုသာတယ် ၊ တစ်လုံးလဲ သေချာပါတယ်

မောင် ပေNovember 25, 20111min09

မင်္ဂလာပါ ။
အင်္ဂ ါ ၊ ဗုဒ္ဓဟူး တင်ခဲ့သော ဘောလုံးပွဲ ခန် ့မှန်းချက် များ မှန်းချက်နဲ ့နှမ်းထွက် မကိုက်ခဲ့ ရတာ ကို အားနာပါ၏ ။ စာရေးသူ ကျွန်ုပ် ကိုယ်တိုင် ၊ ပလုံ ပလုံ နှင့် တော်တော် အထိနာ၏ ။
ပရိသတ်ကြီးများကို ကျွန်ုပ် ဘာများ ပြောနိုင်ပါမည်နည်း ။
“ လွဲတဲ့အခါလဲ လွဲပေမပေါ့ ” ဟုသာ ။
ယနေ ့25.11.2011 သောကြာနေ ့ည အတွက် အီတလီစီးရီးအေ ပွဲ တစ်ပွဲ နှင့် ဂျာမန် ဘွန်ဒက်စ် လီဂါ ပွဲ တစ်ပွဲ ရှိရာ ၊ အောက်ပါအတိုင်း စိတ်ကူးမိပါသည် ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

FC Köln (၁၁) – M’gladbach (၃)
“ ယခု ပို ့စ် ၏ နာမည် သည် ယခု ပွဲ ကို ရည်ညွှန်းထားခြင်း ဖြစ်ပါသည် ”
အိမ်ရှင် အသင်း နာမည် ကို မြန်မာနိုင်ငံ မှ ဘောသမား များကတော့ “ ကိုလုံး ” ဟု အသံထွက်ကြပါသည် ။ ကျွန်ုပ် မောင်ပေ လည်း ကိုလုံး ဟု သုံးပါမည် ။
ဂျာမန် အသံထွက် ကို သိသူများ ကွန်မင့်ဖြင့်ပြောကြားတော်မူကြပါ ။
ကိုလုံးအသင်းသည် ဘွန်ဒက်စ်လီဂါ ၁၂ ပွဲ ကစားအပြီး ၅ နိုင် ၊ ၁ သရေ ၊ ၆ ရှုံး ၊ရဂိုး ၂ဝ ပေးဂိုး ၂၆ ၊ ရမှတ် ၁၆ ဖြင့် အဆင့် ၁၁ ။
မိုချင်ဂလာဘတ်အသင်းသည် ဘွန်ဒက်စ်လီဂါ ၁၃ ပွဲ ကစားအပြီး ၈ နိုင် ၊ ၂ သရေ ၊ ၃ ရှုံး ၊ ရဂိုး ၂ဝ ပေးဂိုး ၉ ၊ ရမှတ် ၂၆ ဖြင့် အဆင့် ၃ ။
ကိုလုံး အသင်း အိမ်ကွင်းတွင် တွေ ့ဆုံခဲ့မှုများမှာ
Nov 13, 2010 FC Köln 0 – Borussia Mönchengladbach 4
Mar 19, 2010 FC Köln 1 – Borussia Mönchengladbach 1
Mar 14, 2009 FC Köln 2 – Borussia Mönchengladbach 4
ကိုလုံး အသင်း ပြီးခဲ့သော ရှေ ့ငါးပွဲ ရလဒ်များမှာ L,W,L,L,W
မိုချင်ဂလာဘတ် အသင်းပြီးခဲ့သော ရှေ ့ငါးပွဲ ရလဒ်များမှာ W,W,W,D,L
ကိုလုံးအသင်းမှာ အသင်းငယ်များနှင့်ဆိုလျှင် ရလဒ်ကောင်းလေ့ ရှိပြီး ၊ အသင်းကြီးများ နှင့် ဆိုလျှင် ပျာတတ်သည် ။ ထိုအနေအထားတွင် ခြေစွမ်းတက် စိတ်ဓါတ်တက်ကြွနေသော မိုချင်ဂလာဘတ် နှင့် တွေ ့ဆုံခြင်း ဖြစ်သည် ။
မိုချင်ဂလာဘတ် အသင်း သည် ပြီးခဲ့သော အပတ် က ဝါဒါဘရီမင် လို အသင်းမျိုးကို ပင် ၅-ဝ ဖြင့် အနိုင်ယူ ခြေစွမ်းပြထားသည် ။
ဈေးအနေအထားအရ ၊ မိုချင်ဂလာဘတ် သရေဆိုလျှင် တစ်ဝက်ကျော် ဆုံးရှုံးမည် ။
ဂိုးပေါင်းအနေအထားအရ ၃ ဂိုး သွင်းမှ တစ်ဝက်ကျော် အမြတ်ရမည် ။
ဒီတော့ဗျာ “ ဈေးနှုန်းလဲ ချိုသာတယ် ၊ သွင်းဂိုးလဲ တစ်ဂိုး ဘဲ လိုတဲ့ မိုချင်ဂလာဘတ် ပါဘဲ ”

**************************************************

အူဒီးနီးစ် (၄) – ရိုးမား (၅)
အူဒီးနီးစ် အသင်း စီးရီးအေ ၁၁ ပွဲ ကစားအပြီး ၆ နိုင် ၊ ၃ သရေ ၊ ၂ ရှုံး ၊ ရဂိုး ၁၃ ပေးဂိုး ၆ ၊ ရမှတ် ၂၁ ဖြင့် အဆင့် ၄
ရိုးမား အသင်း စီးရီးအေ ၁၁ ပွဲ ကစားအပြီး ၅ နိုင် ၊ ၂ သရေ ၊ ၄ ရှုံး ၊ ရဂိုး ၁၅ ပေးဂိုး ၁၂ ၊ ရမှတ် ၁ရ ဖြင့် အဆင့် ၅
အူဒီးနီးစ် အသင်း အိမ်ကွင်းတွင် တွေ ့ဆုံခဲ့မှု များမှာ
Apr 9, 2011 Udinese 1 – Roma 2
Apr 21, 2010 Udinese 1 – Roma 0
အူဒီးနီးစ် အသင်း ပြီးခဲ့သော ရှေ ့ငါးပွဲ ရလဒ်များမှာ L,W,L,W,L
ရိုးမားအသင်း ပြီးခဲ့သော ရှေ ့ငါးပွဲ ရလဒ်များမှာ W,W,L,L,W
အူဒီးနီးစ် အသင်းသည် ပြီးခဲ့သော ပွဲ တွင် ပါးမားအသင်းကို ၂-ဝ ဖြင့် ရှုံးခဲ့သည် ။
ရိုးမား အသင်းကတော့ လက်ချီအသင်း ကို ၂-၁ ဖြင့် နိုင်ခဲ့သည် ။
နှစ်သင်းလုံး အားပေးသူများကို စိတ်ညစ်စေခဲ့သည် ။
ဈေးအနေအထားအရ အူဒီးနီးစ် သရေဆိုလျှင် တစ်ဝက်နီးပါး ဆုံးရှုံးမည် ဖြစ်သည် ။
ဂိုးပေါင်းအနေအထားအရ နှစ်ဂိုးဆိုလျှင် အပြည့်နီးနီး ဆုံးရှုံးမည် ။
ယခုပွဲ ကို သရေ အဖြစ် ခန် ့မှန်းချင်ပြီး ၊ အနိုင်ဆိုလျှင် ရိုးမား ဟု ရွေးချင်ပါသည် ။
၁-၁ / ၂-၂ ဖြစ်ဖို ့များသည် ။

**************************************************
***** ဖိုက်တာများ အားလုံး ရွှင်လန်းချမ်းမြေ ့ကြပါစေ *****

9 comments

  • naywoonni

    November 25, 2011 at 9:28 pm

    ပြောတုန်းတော့ ဟုတ်နေတာပဲကိုလုံးရေ……… အဲ မေပေါင်ရေ.. ပွဲပြီးမှအဖျားရှူးသွားတာ

    လူသား နဲ့ သဘာဝတရား
    *လူသား……
    အရာရာစဉ်းစား
    အတွေ့အကြုံနဲ့ ချင့်တွက်
    အခက်အခဲဟူသမျှ ဖြေရှင်းတတ်သတဲ့…။
    * အဲဒိတော့ …..
    လူသားတွေကြားမှာ
    ပြောသမျှ ကြားသမျှ
    သူ့ဗဟုသုတနဲ့ တွက်ချင်
    ဖြစ်နိုင်တယ် ဟုတ်နိုင်တယ်
    *ယုံကြည်ထားသမျှရယ်ဟာ…….။
    သဘာဝတရားဆိုတာက
    လူသားလို ….
    စဉ်းစားတွေးတော ပြီး
    ဖြစ်သင့် မဖြစ်သင့်
    တွက်ချက်တတ်တဲ့ ဉာဏ်မရှိလေတော့
    သူဖြစ်ချင်တာဖြစ်
    သူဖျက်ချင်တာဖျက်နဲ့…။
    ဉာဏ်နဲ့ယှဉ်ခဲ့တဲ့လူသား
    လုပ်သမျှ အကုန်မှား ……….။
    နေဝန်းနီ

    Reply

    • windtalker

      November 25, 2011 at 9:52 pm

      အိုလူသား
      အခုဘိရုမာ မှာ တကား
      ငွေရှာရ ခက်သား
      တချို ့မှာ လိုက်စား
      ဒီလိုပါ ဘောသမား
      အထောက်အကူပြုလို ့ပြုငြား
      မောင်ပေ ဦးစား(အုန်းစား)
      ရေးသား
      တွံ
      ဘိုနေ မှတ်ထား

      Reply

  • မှော်ဆရာ

    November 25, 2011 at 9:34 pm

    ရွာကတော့ ခြောက်ကပ်နေပြီ ကိုပေတောင် ကွန်မန်းတစ်ခုပဲ ရသေးတယ်
    အဲဒါ လက်နက်ကြီးထိလို့ဗျ

    Reply

  • kyawkoko

    November 26, 2011 at 10:12 am

    မနေ.က တော့ မလောင်းဖြစ်ဘူးဗျာ … အင်္ဂ ါ ၊ ဗုဒ္ဓဟူး မှာထိ တာလဲ
    ပါတာပေါ့…. ဒီနေ.စောစောမှန်းဗျာ .. နော် ကိုပေ အမှန်အကန် သုံးပွဲလောက်ပေါ့
    … ဘီယာ ဘီယာ .. 😀

    Reply

  • thit min

    November 26, 2011 at 11:53 am

    ညီမောင်ပေရေ
    ညီရေးတာတွေ ကိုယ်က ကော်မန့်ပေးချင်ပေးမဲ့ ကိုမသိတာတွေဖြစ်နေတယ်။
    ကိုမြန်မာပြည်မှာ ရှိစဉ်က အဲဒီပွဲစဉ်တွေဆိုတာ တီဗီမှာ လာရင်ပိတ်ပစ်ကြတဲ့ ပွဲတွေ။
    ဘယ်သူမှ မကြည့်ကြ၊စိတ်လည်းမဝင်စားကြဘူး။အခုနောက်ပိုင်း နာမည်ကျော်တွေပါလာတော့
    ကြည့်ကြ၊ လောင်းကြနဲ့ စည်ကားလာတယ်ပေါ့ကွာ။
    ပြောရရင် မသိမမှီတော့ဘူး။
    အဲဒီတော့ ဘာပြောရမှန်းမသိဘူး။
    တခုတော့ရှိတယ် ကိုယ့်ညီကိုအားပေးချင်တယ်။
    စိမ်းကားတယ်လို့ထင်မှာလဲ စိုးတယ်။
    ဘာဘဲ ဖြစ်ဖြစ်တခုခုရေးမှ ဖြစ်မယ်လို့စဉ်းစားတယ်။
    ဘာရေးရမှန်းကိုမသိတာဟေ့။
    အဲဒီလိုဖြစ်တာ နားလည်ပေးကွာ။
    ကိုယ့်တို့ဂေဇက်ကိုအရသာစုံ လိုင်းစုံဖြစ်စေချင်တာမို့ ညီတို့စာတွေလိုအပ်ပါတယ်။
    ပြီးတော့ ဘယ်သူဘဲ ဖြစ် ကိုယ့်အတွေ့အကြုံလေးတွေရေးလို့ရနေတာဘဲနော်။
    တချို့က မရေးတတ်တောt့ဘူးတဲ့။ စာကောင်းရေးတဲ့သူတွေများလာလို့တဲ့။
    ကိုယ်တော့ မထင်ပါဘူး။ရိုးရိုးလေးနဲ့ လှအောင်ရေးတတ်သူတွေလဲ အပုံအပင်ပါ။
    ရေးစရာရှိတာ ရေးစေချင်တယ်။
    ညီလဲ စာရေးကောင်းတာဘဲ။တော်တော်များများကောင်း ကြပါတယ်။
    တကယ်ကိုယ်ပိုင်ရေးတွေထဲမှာလွှင့်ပြစ်လောက်အောင်နောက်ညံ့တဲ့ စာ မတွေ့ဘူး သေးပါဘူး။
    အဲ ဒီလိုပါ။
    ခက်တာက ကို ညီ ခု ရေးတဲ့ စာကိုကော်မန့်ရေးချင်ပေမဲ့ ကိုယ်မရေးတတ်လို့
    ခုဒီလောက်နဲ့ ဘဲ ကျေနပ်ပါလို့။
    ခင်မင်စွာဖြင့် (^^)

    Reply

    • windtalker

      November 26, 2011 at 12:11 pm

      အခုလို ကွန်မင့် ပေးတာကိုက
      ညီလေး အတွက် အားအင်တွေ ဖြစ်ရပါတယ် အကိုရေ
      ညီလေး ရည်ရွယ်ချက်ကတော့
      ဂေဇက်ထဲလာ စာဖတ်သူတွေ ဂေဇက်ဝင်တွေ ထဲက
      ဘောလုံးဝါသနာရှင်တွေ ၊ ဖိုက်တာတွေ အတွက်
      အထောက်အပံ့ မဖြစ်ခဲ့ရင်တောင်
      အပျင်းပြေ အချက်အလက်လေးတွေ ဖြစ်လို ့ဖြစ်ငြား ဆိုပြီး
      တင်နေတာပါ ခင်ဗျာ
      လေးစားပါတယ် ကစ်သိုရေ

      Reply

  • မောင်ပေ
    မှန်းတာလဲမှန်းတာဘဲ
    လွဲတာလဲလွဲတာဘဲ
    မန်းတာလဲမန်းတာဘဲ
    ရေးတော့လဲရေးတာဘဲ
    ဒါပေမယ့် မောင်ပေရဲ့ စာရေးတတ်တဲ့အနုပညာကို
    ဒီလိုစာမျိုးနဲ့တော့ မတွေ့ချင်ဘူး။
    မောင်ပေရေးနေတဲ့ဒီခန့်မှန်းချက်တွေဖတ်နေရတာ
    ကျနော်အမြင်မှာတော့ သခွားသီးရေဆေးတာကမှ ဖတ်ကောင်းသေးတယ်လို့ ထင်မိတယ်။

    Reply

    • windtalker

      November 26, 2011 at 1:05 pm

      ရေးပါ့မယ် လေးပေါက်ရေ
      အခုလောလောဆယ်
      မောင်ပေ ကိုယ်တိုင် ဘောလုံးကန်နေတာမို ့ ၊ ဘောလုံးအကြောင်းဘဲ ရေးဖြစ်နေတာပါ
      ရေးပါ့မယ် ခင်ဗျ

      Reply

      • inz@ghi

        November 26, 2011 at 1:40 pm

        သည်လူတော့
        ကပေ့ ခြေစွမ်းမြင့်မား ဘောသမား (၁၁)ယောက် ဖတ်ချင်ဘီထင်တယ်

        Reply

Leave a Reply

Your email address will not be published.