စင်္ကာပူလူမျိုး အစိုးရဝန်ထမ်းနှစ်ဦးရဲ့ ဒေါ်လာ၁၂.၂ သန်းဖိုး ကိုယ်ကျိုးရှာ အလွဲသုံးစားမှု

လင်းဝေNovember 24, 20111min04

မြန်မာပြည်က စားထားသောက်ထားသူများအတွက်တော့ မကြားလိုပါ မကြားလိုပါ သတင်းဖြစ်လေမလား။
သို့တည်းမဟုတ် ဒါလေးလောက်နဲ့များ ကွာ လို့ပဲပြောလေမလား။ သတင်းကတော့ စကာင်္ပူက ကိုယ်ကျိုးရှာ အလွဲသုံးစားမှု ပြုသူကို အရေးယူတဲ့ သတင်းဖြစ်ပါတယ်။ စကာင်္ပူဒေါ်လာ ၁၂.၂သန်းဖို့ အလွဲသုံးစားမှုပါ။

စကာင်္ပူဟာ သူ့နိုင်ငံမှာ အဂတိလိုက်စားမှုကင်းပါတယ်ဆိုပြီး ဂုဏ်ယူလေ့ရှိပါတယ်။ သို့သော်လည်းပဲ လူဆိုတာမျိုးက ၁ဝယောက်ရှိရင် အကျင့် ၁ဝမျိုးရှိနို်င်တာမို့ ထိမ်းသိမ်းရခက်ပါတယ်။ ထိမ်းသိမ်းရ လွယ်ကူအောင် ဥပဒေတို့ တိကျမှန်ကန်ပြီး စနစ်ကျနတဲ့ လုပ်ထုံးလုပ်နည်းတို့ နဲ့ ကိုင်တွယ် စီစစ်ရတာပါ။ အဲဒီ လုပ်ထုံးလုပ်နည်းကို ရှုပ်သထက် ရှုပ်အောင် လုပ်တာ ဒါမှမဟုတ် ရှင်းလင်းလွယ်ကူပြီး ထိရောက်အောင် လုပ်တာ စတာတွေက တိုင်းပြည်ကို စီမံခန့်ခွဲနိုင်စွမ်း အညွှန်းကိန်းပဲဖြစ်ပါတယ်။ အဲဒီမှာတင် ဥပဒေပြုရေးနဲ့ လုပ်ထုံးလုပ်နည်းများ သတ်မှတ်ရေးဆိုတာဖြစ်လာတာပါပဲ။

လူအများက သဘောတူလက်ခံပြီး မှ လူအများရဲ့ကိုယ်စားလှယ်တွေက တွေးဆ သုံးသပ်ပြီးမှ ရေးဆွဲ ပြဌာန်း အတည်ပြုတဲ့ ဥပဒေ တွေရှိသလို၊ ကိုယ်ထင်ရာ ကိုယ်ပြဌာန်းတဲ့ ဥပဒေ ဆိုတာလည်း ရှိပါတယ်။ မြင်သာအောင်ပြောရရင် မြန်မာပြည်မှာတွေ့ရလေ့ရှိတဲ့ “အမှိုက်မပစ်ရ – ဒဏ်ငွေ ၅,၀၀ဝ ကျပ်” ဆိုတာတွေလည်း ကိုယ်ထင်ရာ ကိုပြဌာန်းတဲ့ ဥပဒေ အမျိုးအစား သေးသေးလေးပါပဲ။ တကယ်တမ်း အမှိုက်ပစ်ရင် ဘယ်သူက ဒဏ်တပ်မှာတုန်း၊ တပ်ခွင့်ရှိသလား။ ဧည့်စာရင်းမတိုင်ရင် ဖမ်းနိုင်တဲ့ ဥပဒေ ဆိုတာ အင်္ဂလိပ်ခေတ်က တိုင်းရင်းသားတွေကို ဖိနှိပ်ဖို့ ပြဌာန်းခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။ သို့သော်လည်း လွပ်လပ်ရေး ရပြီးနောက်ပိုင်းမှာလည်း ကိုယ့်ထီးကိုယ့်နန်းက ကိုယ့်လူမျိုးကို ပြန်ပြီး ဖိနှိပ်ချုပ်ချယ်ဖို့အတွက် အလွန်အသုံးတည့်တဲ့ ဥပဒေဖြစ်ပါတယ်။ အခုဆိုရင်တောင် ဒီမိုကရေစီခေတ်ကြီးမှာ လွှတ်တော်အသစ်ကြီးကနေပြီး အဲဒီ ဧည့်စာရင်း ကို ဥပဒေနဲ့ ကျကျနနကြီးဖြစ်အောင် ဆက်လက်ပုံသွင်းလုပ်ဆောင်နေပါသေးသဗျား။ ကဲပါလေ ပြောချင်တာကတော့ လူတွေများလာရင် အလွဲတွေများတဲ့အတွက် လူ့အဖွဲ့အစည်းတစ်ခု နိုင်ငံပြည်ထောင်တစ်ခု ကို စနစ်ကျနစွာ အဂတိကင်းအောင် စီမံခန့်ခွဲဖို့ရာ အလွဲသုံးစားမှုတွေ နည်းပါးပြီး အစိုးရ ဦးဆောင်တဲ့ ဆောင်ရွက်ချက်တွေ ထိရောက်ဖို့ရာ ဥပဒေတွေကို ထိထိရောက်ရောက် မှန်မှန်ကန်ကန် ကိုင်တွယ်လုပ်ကိုင်ဖို့ဖြစ်ပါတယ်။ စကတည်းက ဥပဒေအမှားတွေ အလွဲတွေနဲ့ အတူ ဥပဒေ အားကောင်းပြီး တရားမျှတမှုကို ဖော်ဆောင်ရန် လုပ်ကိုင်မှုတွေလွဲနေရင် အဂတိလိုက်စားမှု၊ အလွဲသုံး ကိုယ်ကျိုးရှာမှု၊ နိုင်ထက်စီးနင်းဖြစ်အောင်လုပ်မှု စတာတွေ အလွန်ကိုမှ ရှင်သန်ကြီးထွားနေမှာ သေချာပါတယ်။ အဲသလိုတွေကြားထဲ မဆီမဆိုင် အဘသမီး ရည်းစားနဲ့ မုန့်သွားစားတာ၊ အဘကြီးသား ရည်းစားအတွက်လက်ဆောင်ပေးချင်တာ စတာတွေ ကို နောက်က လိုက်ရှင်းပေးရတာမျိုးတွေအထိ အောက်ကဝန်ထမ်းတွေကို အလွဲသုံးတာတွေပါ ဖြစ်လာနိုင်ပါတယ်။

ဥပဒေစိုးမိုးရေး လို့ဆိုရာမှာ ပြည်သူတွေ မလှုပ်နိုင်အောင်ဖိထားဖို့ အမြင်ဆိုတာထက် အစိုးရရဲ့ တိုင်းပြည်တိုးတက်ရေးအတွက် အကောင်အထည်ဖော်တဲ့ လုပ်ငန်းတွေ အမှန်တကယ်ထိရောက်အောင်မြင်ဖို့ ကိုယ်ကျိုးရှာ အလွဲသုံးစားမှုတွေနဲ့ တိုင်းပြည်ဘဏ္ဍာတွေ မပျောက်ပျက်အောင် လုပ်ဆောင်ဖို့ ဆောင်ရွက်ချက်တွေ ကလည်း အလွန်မှ အရေးကြီးပါတယ်။

သို့သော်လည်းပဲ အမြဲတမ်း အကျင့်ပျက် အချောင်သမားများက ချောင်းနေတတ်တာမို့ ထိရောက်စွာ အရေးယူမှု ထောက်လှမ်းနိုင်မှု(ကိုယ်တာဝန်ပေးထားတဲ့သူတွေကို) လုပ်နိုင်ဖို့ကလည်း အရေးကြီးပါတယ်။ စကာင်္ပူလို အဂတိလိုက်စားမှု၊ ငွေကြေးအလွဲသုံးစားပြုမှု၊ လိမ်လည်မှုစတဲ့အမှုတွေနည်းပါးကင်းစင်လှပြီး အထူးသဖြင့် အစိုးရဌာနကြီးတွေမှာတင်းကြပ်တဲ့ စနစ်တွေနဲ့ ထိမ်းချုပ်ထားတဲ့အပြင် အဂတိလိုက်စားမှုကင်းအောင် လစာနဲ့ခံစားခွင့်တွေကို နင့်နေအောင်ပေးထားသော ကမာ္ဘ့ခြစားမှုအကင်းဆုံးနိုင်ငံတွေထဲမှာပါတဲ့ နိုင်ငံမှာ အစိုးရဌာကြီးတစ်ခုအတွင်းဖြစ်ပေါ်ခဲ့တဲ့ အကြီးမားဆုံးလိမ်လည်မှုကြီး တစ်ခုကို အောက်မှာ ဖတ်ကြည့်ရင်း တွေးဆပွားကြပါဦး။

စင်္ကာပူအစိုးရ၏ မြေယာဆိုင်ရာအာဏာာပိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ (Singapore Land Authority, SLA) ရဲ့ ထိပ်တန်းအရာရှိအဆင့်
ဖြစ်တဲ့ ဒုတိယညွှန်ကြားရေးမှူး ( Deputy Director ) အဆင့်နဲ့ လက်အောက်ခံ မန်နေဂျာ တို့က အစိုးရကို ပူးပေါင်းလိမ်လည်ခဲ့တဲ့ အမှုကြီးတစ်ခုဖြစ်သည့်အတွက်
အဓိကစီစဉ်သူ Master Brain ဖြစ်တဲ့ ဒုညွှန်မှူးဟောင်း အသက် ၄၁ နှစ်ရှိ တရားခံ Koh Seah Wee ကို ပြစ်မှုပေါင်း ၃၇၂ မှုတို့ဖြင့်စွဲချက်တင်ခဲ့ပြီး
မြင့်မားသော ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် (၂၂) နှစ်ကျခံစေရန် နှင့် ပူပေါင်းကြံစည်ခဲ့ သူ မန်နေဂျာဟောင်း အသက် ၃၈ နှစ်ရှိ တရားခံ Lim Chai Meng ကို
စွဲချက်ပေါင်း ၃၀၉ ချက်ဖြင့်စွဲချက်တင်ကာ ထောင်ဒဏ် (၁၅) နှစ်ကို စင်္ကာပူတရားရုံးတော် တရားသူကြီး Justice Tay Yong Kwang မှ အမိန့်ချမှတ်ခဲ့သည်။

တရားခံ ဒုညွှန်မှူးအဖြစ်တာဝန်ယူ လုပ်ကိုင်သော စင်္ကာပူမြေယာဌာနကြီး၏ Technology and Infrastructure Department မှ
၂၀၀ရ ခုနှစ် နိုဝင်ဘာလ မှ ၂၀၁ဝ ခုနှစ် မတ်လအထိ ၁၁ ခုသော Company များကို နည်းပညာပိုင်းဆိုင်ရာ ပြုပြင်ထိမ်းသိမ်းရေးလုပ်ငန်း
များ၊ ဝန်ဆောင်မှုနှင့် အပိုပစ္စည်းများဝယ်ယူတက်ဆင်ခြင်းစတဲ့ စာချူပ်များအတွက် စင်္ကာပူဒေါ်လာ ၁၂.၂ သန်းပေးချေခဲ့ရသည်။
သို့သော်ဌာနကြီးအနေဖြင့်မည်သည့် ဝန်ဆောင်မှု၊ မည်သည့်အပိုပစ္စည်းစသည့်တို့ ဘာတစ်ခုမှမရရှိခဲ့ချေ။ တရားခံနှင့် အခြားအပေါင်း
အပါများတည်ထောင်ထားသည့် company များဖြင့်စာချုပ်အတုများ ချုပ်ဆိုခြင်း၊ ငွေပေးခြေခြင်းစသည်တို့ကိုပြုလုပ်ခဲ့ကြသည်။ တရားခံ
နှင့် အပေါင်းအပါ မန်နေဂျာ တို့ ၂ ဦးစလုံး အလုပ်မှ နှုတ်ထွက်ခဲ့ကြပြီးနောက် SLA အနေဖြင့်ပုံမှန်မဟုတ်သော ငွေပေးခြေမှုများကို
စတင်တွေ့ရှိရမှစပြီး လိမ်လည်မှုကြီးပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

ဆုံးရှုံးခဲ့ရသည့် ပြည့်သူ့ငွေများကို သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ ရှာဖွေဖော်ထုတ်ပြန်လည်သိမ်းစည်းခဲ့ရာတွင် ခန့်မှန်းခြေတန်ဖိုး
ဒေါ်လာ ၉ သန်းဖိုးခန့်တန် ငွေကြေးနှင့် ပစ္စည်းများပြန်လည်ရရှိခဲ့သည်။

တရားခံ Koh Seah Wee ထံမှ သိမ်းဆည်းရမိပစ္စည်းနှင့်ငွေကြေးများ

ဘဏ်အပ်ငွေ S$554,872 နှင့် ငွေစုစာချုပ်များ
East Coast ရှိ S$2.4 သန်းတန် အိမ်ယာ ၂ ခု
အာမခံပေါ်လစီ ၂ ခု
ငွေသား S$21,000
အာမခံသေတ္တာအတွင်းမှ S$1.1 သန်း
Tanah Merah ရှိ ဆောက်လုပ်ဆဲ Condo မှကြိုတင်ပေးငွေ S$96,320
Lamborghini ပြိုင်ကားတစ်စင်းနှင့် Mercedes-Benzes ၂ စင်း ကိုရောင်းရာမှ ပြန်လည်ရရှိငွေ S$1.6 သန်း
နိုင်ငံခြားသုံးငွေဖြင့်ရင်းနှီးမြုပ်နှံထားသောစာရင်းမှ S$464,429
StarHub သို့ကြိုတင်ပေးငွေ S$1,550
Singapore Power သို့ကြိုတင်ပေးငွေ S$5,000

စုစုပေါင်းတန်ဖိုး S$6.2 သန်း ကိုပြန်လည်ရရှိခဲ့သည်။

တရားခံ Lim Chai Meng ထံမှ သိမ်းဆည်းရရှိသော ငွေကြေးနှင့် ပစ္စည်း များ

Tanah Merah ရှိအိမ်နှင့် Condo တစ်ခုတို့ထံရင်းနှီးမြုပ်နှံထားငွေ S$927,218
Sing Inevestment နှင့် ဘဏ်စာရင်းမှ S$81,235
ပြိုင်ကား Ferrari တိုက်မိသဖြင့် အပုံလိုက်ရောင်းရာမှရငွေ S$10,800
လမ်းခွန်ပေးထားငွေ မှ S$2,302
အဆိုပါကားနှင့်ပတ်သတ်၍ ပြန်အမ်းရငွေ S$207,862
LV, Prada နှင့် Dior branded အိတ်ပေါင်းစုံ ၁ဝ အိတ်
တန်ဖိုးကြီး လက်ပတ်နာရီ (၃) လုံး
တရားခံ၏ အိမ်ထောင်ဖက်၊ တူ၊ ယေက္ခမစသည့် အမျိုးများ၏ အမည်များဖြင့် အပ်နှံထားသော ဘဏ်စာရင်းများထံမှ ပြန်လည်ရရှိငွေ ပေါင်း S$2 သန်း

စုစုပေါင်းခန့်မှန်းတန်ဖိုး S$3.2 သန်း ကိုပြန်လည်ရရှိခဲ့သည်။

စင်္ကာပူနိုင်ငံ၏ အစိုးရနှင့် ပတ်သတ်သောအဖွဲ့အစည်းအတွင်းဖြစ်ပွားခဲ့ သည့်လိမ်လည်မှုများအနက် အကြီးဆုံးအမှုတစ်ခု အဖြစ် မှတ်တမ်းတင်ရမည်ဖြစ်ပြီး လိမ်လည်မှုများတွင်လည်း အမြင့်မားဆုံးထောင်ဒဏ်အပြစ်ပေးခဲ့သည့် အမှုကြီးတစ်ခုဖြစ်သည် လို့ ဆိုပါတယ်။
စကာင်္ပူမှာ ထုတ်တဲ့ စထရိတ်တိုင်းမ် သတင်းစာထဲကနေပြီး မြန်မာတစ်ယောက် ဘာသာပြန်ထားတာကို တွေ့လို့ တွေးမိတာလေးတွေ ပွားနိုင်ဖို့ တင်ပေးလိုက်ပါတယ်။ မြန်မာပြည်မှာလဲ ဒီလို အမှုတွေ ဘယ်တော့များ စပြီးကြားရမလဲ မသိဘူးနော့။

အခုလောလောဆယ်မှာတောင် သမ္မတ အကြံပေး ဦးနေဇင်လတ်က အင်တာဗျူးတစ်ခုမှာ ပြောတာကို အပိတ်အနေနဲ့ အောက်ပါအတိုင်းဖတ်ရှု သုံးသပ်ကြတော်မူပါ။

* လက်ရှိ အာဆီယံအသိုင်းအဝန်းမှာတင် မြန်မာနိုင်ငံက အမီလိုက် ဖို့ ဘယ်လောက်ကြာအောင် လုပ်ရဦးမယ်လို့ ထင်ပါသလဲ။

ဘယ်သူမှ အတိအတကျ ပြောနိုင်မှာ မဟုတ်ပါဘူး။ အားသာ ချက်တွေ၊ အားနည်းချက်တွေကို နှိုင်းယှဉ်ကြည့်တဲ့အခါ အားသာ ချက်တချို့ကို တွေ့ရပါတယ်၊ မြန်မာလူမျိုးတွေရဲ့ Intelligence ကောင်းမွန်မှု၊ သဘာဝသယံဇာတ အင်အားကောင်းမှု၊ ပထဝီ အနေအထား အလေးသာမှုတွေက အားသာချက်ပါ။ စီမံကိန်းနဲ့ အစီအစဉ်ကောင်းတွေကို ရေးဆွဲနိုင်ရင် (၁၅) နှစ်လောက်ဆို မီနိုင် မယ်ထင်တယ်။ အဓိကကတော့ ဗျူရိုကရေစီယန္တရားကို ပြင်ဆင်နိုင် ရမှာ ဖြစ်ပါတယ်။ ကျွန်တော် အစိုးရိမ်ဆုံးက ဗျူရိုကရက်တွေ ကိုပဲ။

4 comments

  • ဆူး

    November 24, 2011 at 5:24 pm

    အခု ပြောတဲ့ အချက်အလက်တွေက နေစပြီး ပြင်မယ် ဆိုရင်တော့..
    ပင်နီယံ ပြုန်းနေတဲ့ စက်တွေ အုံလိုက် လဲရသလို…
    နာ ကြောက်တယ်…. ဂစ်.. ဂစ်.. ဂစ်…
    အဟမ်း… ပြင်သင့်တာတော့ ပြင်ရမှာပေါ့လေ.. ဟိဟိ

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 24, 2011 at 6:19 pm

    ဟေ့ ဒီမှာဟေ့
    အိုက်ဒလို ကိစ္စဒွေကို ပြင်ခြင်ဒယ်ဆိုရင်
    အခုချိန်က စပြီးပြင်မယ်ဆိုရင် လူသစ်စိတ်သစ်နဲ့ လက်ခံမယ်
    ဇာတ်လမ်းဟောင်းပြန်ဖော်ဒိုင်းဆို
    ဘောမတူဘူးကွ
    ဘောမတူဘူး
    အသက်နဲ့လဲဘလိုက်မယ်
    အပီပြင် ညစ်ပတ်ဘလိုက်မယ်
    ဒါဗျဲ
    ပုံ..
    …ထိပ်ပျောင်

    Reply

  • windtalker

    November 24, 2011 at 8:09 pm

    ဟောရင်းသာ ပျံလွန်တော်မူမည် ဆိုကလား

    Reply

  • char too lan

    November 24, 2011 at 9:06 pm

    သဘာဝသယံဇာတ အင်အားကောင်းမှု၊ ပထဝီ အနေအထား အလေးသာမှုတွေက အားသာချက်ပါ။
    အဲ့ဒီအားသာချက်တွေကိုု သိနေတော့ …. အားကိုုးနေလေတော့ …. (ပြောမယ့်သာပြောရတာပါ မရှိသလောက်ကိုုဖစ်နေပါဘီ)
    တိုုးတက်မှုနဲနဲ (မဆိုုသလောက်လေး) နှေးကွေးပါတယ်……… (ထင်တာနော်) 😉 😉

    Reply

Leave a Reply

Your email address will not be published.