အပျက်တွေ စိပ်လာလေပြီ……..

koyin sithuNovember 23, 20111min026

လူမှန်းသိတတ်စကတည်းက အခုချိန်ထိ သူ့ကြောင့် ဝမ်းနည်းခဲ့ရတယ်

ဝမ်းသာခဲ့ရတယ်.. ပျော်ရွှင်ခဲ့ရတယ်… ကြေကွဲခဲ့ရတယ်.. ငိုကြွေးခဲ့ရတယ်

ရီမောခဲ့ရတယ်…

ငယ်စဉ်တုန်းက မီးလာလျှင် ပျော်ရွှင်ရတယ်… တရုတ်သိုင်းကား ကြည့်လို့ရပြီ

ဖယောင်းတိုင်မီးနဲ့ မဟုတ်ပဲ စာကျက်လို့ရပြီ…

လက်ခုပ်လက်ဝါးတွေ မီးလာရင် တီးလိုက်ကြတာများ တစ်ရပ်ကွက်လုံး…

ဟေးးးးးးး……. မီးလာပြီဟေ့…

အော်ဟစ် ကခုန် နေကြတယ်…

ခုတော့… ခုတော့.. မိုးဥတုက အထွက် ဆောင်းလေအေးလေးအဝင်

ရေတာဘိုင်တွေက မလည်တော့ပြီဟု ထင်ရသည်။

မနေ့တစ်နေ့က စနေ၊ တနင်္ဂနွေ တနေကုန် ပျက်သည်။ တင်္နလာမှ သောကြာအထိ

ကွက်စိပ်ပျက်သည်။

လျှပ်စစ်ဓါတ်အားတွေ ပိုနေလို့ ရောင်းပါတယ်ဆိုတဲ့ ဝန်မင်းတို့ရေ….

မြန်မာပြည်ကတော့ လျှပ်စစ်အားတွေ ဈေးချောင်ချောင်နဲ့ တရုတ်ကြီးဆီ

ရောင်းပါတယ်။ တရုတ်ကြီးကလည်း ဈေးပေါပေါနဲ့ မီးစက်တွေကို

မြန်မာပြည်ကို ပြန်သွင်းပါတယ်….။

မြန်မာပြည်လောက် သဘာဝဓါတ်ငွေ့၊ ရေမြောင်း တမံတွေ ပေါတာမရှိဘူး..

ဒီအသက်အရွယ်အထိရောက်နေပြီ မသိတာလေးတစ်ခုရှိပါသည်။

နှစ်တွေဒီလောက်ကြာတာတောင် ဘာလို့ တစ်နိုင်ငံလုံး မီးမှန်အောင်

မပေးနိုင်တာလဲ… သိတဲ့လူရှိရင် ဖြေပေးကြပါဗျာ.. ဖြေပေးကြပါ…

ကိုရင်တော့ ရွှေပြည်ရောက်ရင် ဆောင်းဥတုကို ကြောက်မိတယ်..

နွေရာသီရောက်မှာ စိုးမိတယ်… မိုးတွင်းဆိုရင် ရေကြီးမှာ စိုးရိမ်တယ်…

စိုးရိမ်စရာတွေချည်းပါပဲလား… မြန်မာပြည်ကြီး တစ်နိုင်ငံလုံး ဘယ်တော့မှ

မီးထိန်ထိန်ငြီးမလဲ…?? စနစ်တွေတော့ ပြောင်းနေပြီပြောနေပေမဲ့

ခုထိ လျှပ်စစ်မီးက ဘာလို့ မမှန်သေးတာလဲ။ ။ ဘယ်တော့များမှ

ကိုယ့်အိမ်ခြံဘေးက အိမ်နီးချင်းတွေလို မီးထိန်ထိန်လင်းနေတော့မှာလဲ….???

မီးတော့ မှန်အောင်မပေးနိုင် စက်မှုဇုန်တွေ တစ်ခုပြီတစ်ခုထောင်နေတာကရော

စက်မှုလက်မှုတကယ်ဖွံ့ဖြိုးနေတာလား။ အားလုံးဟာ မေးခွန်းထုတ်စရာတွေ

ချည်းပါလားဗျာ………….။ ။ မြန်မာပြည်သားတစ်ယောက်အနေနဲ့ တစ်ခုပဲ

တောင်းဆိုချင်တယ်ဗျာ.. လျှပ်စစ်မီးတွေ မှန်မှန်နဲ့ ဗို့စ်အားပြည့်ပြည့် တစ်နိုင်ငံလုံးကို

ပေးပေးပါ။………….

 

ဖျောက်…….

ဖျောက်…..

ဖျောက်…

ဟာ … စာရေးရင်းနဲ့ မီးပျက်သွားပြန်ပြီ… 🙁 🙁

26 comments

  • windtalker

    November 23, 2011 at 2:43 pm

    “ ညှင်းညှင်းညှင်းညှင်း ”
    ( မှတ်ချက် ။ ။ သည်စာကိုဖတ်ပြီး သဘောကျသွားသော ဇော်မင်း ၏ ရယ်သံ )

    Reply

  • inz@ghi

    November 23, 2011 at 2:48 pm

    ထှောက်ခ်…..
    တော်လှန်ပစ်ရမယ် …

    မီးဒုတ် မီးဒုတ် ရှို့ရှို့ ကွာ ….
    ကြာဒလယ် ….

    Reply

  • Diamond Key

    November 23, 2011 at 3:08 pm

    မြန်မာပြည် နေပြည်တော်ကြီးတွင် လျှပ်စစ်များ ပိုလျှံကာ လူမရှိသော လမ်းများမှာပင် အလျှံအပယ် ထွန်းညှိ ထားရှိသည်များအား ကိုwindtalker ပြောသော တညှင်းညှင်းညှင်း နဲ့ ရယ်သောသူကြီးမှ ကိုရင်ကြီးအား ပြပါလိမ့်မည်။ 😀 😀 😀
    :mrgreen: :mrgreen: :mrgreen:

    Reply

  • mzm

    November 23, 2011 at 3:30 pm

    သူတို့ ပထွေးကို ချစ်တာကိုး(တရုတ်)။

    Reply

    • koyinmaung

      November 23, 2011 at 4:29 pm

      ဘယ်သူလဲကွပထွေးကိုချစ်တာလို့ပြောတာ
      (စူကဝအဖေအရင်ပါ)လို့မောင်ဇော်မင်း လေးကပြန်ပြောလိုက်သည်….

      Reply

  • ပေါက်ဖော်

    November 23, 2011 at 3:31 pm

    နာဒို ့တဂျီး တမဒ ဖစ်ရင်….
    နေ ့ကော ညပါ 25 hours ပေးမတဲ့…

    Reply

  • nikita

    November 23, 2011 at 3:34 pm

    တရုတ်ကြီးဆီက ဈေးပေါပေါနဲ့ သွင်းတဲ့ မီးစက်တွေ ဝယ်သုံးလိုက်လေ
    ဒါမှ မျှတမှာပေါ့
    သူတို့ခမျာ ရွှေပြည်က ထွက်တာ အကုန်အားပေးနေရတာ
    အားနာစရာကြီး နော့
    အပြန်အလှန်အားပေးလို့ ရအောင် လုပ်ပေးထားတာနေမှာပေါ့

    Reply

  • ဆူး

    November 23, 2011 at 3:49 pm

    ကိုရင် ကိုရင် မီးဘာလို့ ပျက်လဲ ဆိုရင် ကိုရင် ကတုံး တုံးတဲ့ အချိန် အကျယ်ကြီး အော်ငိုလိုက်လို့ မီးလန့်သွားတာ.. နောက်ဆို ကိုရင် အကျယ်ကြီး အော်မငိုနဲ့ မီးလာလိမ့်မယ်။

    Reply

    • ကိုရင်စည်သူ

      November 23, 2011 at 4:15 pm

      ဖွားဆူး…တော်တော်နောက်တယ်… သူများကို
      ကတုံးတုံးလို့ ငိုနေတာကို… ထပ်ငိုအောင်… ဗြဲဗြဲ.. 😳 😳

      မိနီတာလေး.. ကယ်ပါ… ဖာလာ့…
      ကိုင်းတောထဲက မိုက်ကယ်ကိုရင်…

      Reply

      • inz@ghi

        November 23, 2011 at 4:19 pm

        မိနီတာလေး အားဝူး တဲ့
        ဒါပေမယ့် ကိစ္စမရှိ…
        ဖြိုးလေး ကယ်လိမ့်မယ်ကိုရင် အားမငယ်နဲ့

        😛

        Reply

        • ကိုရင်စည်သူ

          November 23, 2011 at 4:24 pm

          အဟွန့်.. ဒီလူဂျီး.. မိဇာတော့
          သူ့ ဂျီးဒေါ် မိမိုးကလေးကို အကြော်ကြော်တဲ့ တက္ကနစ်တွေ
          ကုန်တွားလို့… တားတားကို အပုန်းတွေနဲ့..
          လာပြီး branded လာလုပ်နေတယ်….
          အားငယ်ပါဝူး… နီတာလေး အစစ်ရှိရင်..
          အားရှိနေတဲ့…
          မိုက်ကယ်ကိုရင်… 😀 😀 😀

        • ပေါက်ဖော်

          November 23, 2011 at 4:25 pm

          ဖြိုးလေးရေ..လာပါဒေါ့..
          ကရင်စည် တမော့မော့
          😆

        • ကိုရင်စည်သူ

          November 23, 2011 at 4:32 pm

          ဖြိုးက ကိုရင်တို့လို သင်္ကန်းဝတ်တွေ
          မကြိုက်ဘူးတဲ့ ပေါက်ဖော်ကြီးတို့လို
          ပုလင်းလေးကိုင်ပြီး.. ရှေ့တိုးလိုက်
          နောက်ဆုတ်လိုက်လုပ်နေတဲ့
          ဒီဇိုင်းလေးတွေကို ခိုက်တယ်တဲ့… ဟီးးး 😆 😆

  • cobra

    November 23, 2011 at 4:11 pm

    မီးမလာတာလည်းကောင်းပါတယ်
    မီးလာနေရင် အကုသိုလ်များနေရတယ်
    မိုးလင်းကနေမိုးချုပ် ကိုရီးယား နေကြတယ်
    သီချင်းနားထောင်လို့လည်းမရ
    အင်္ဂလိပ်ခွေကြည့်လို့မရနဲ ့
    ကြည့်လို့ရတဲ့အချိန်က ည၁ဝနာရီကျော်
    ရတဲ့အချိန်လေး အားရပါးရကြည့်တော့
    မိုးလင်း၄နာရီထိုးရော….
    လူလည်းပိန်ပိန်လိုက်လာပီ
    မီတာခအများကြီးကျတော့ပြောသေးတယ်
    နင်တို့မိုးလင်းကြည့်နေလို့တဲ့
    သူတို့တနေ ့လုံး ကျက်သရေမရှိတဲ့ကိုရီးယားကြည့်နေကြတော့မပြောဘူး
    လူကြီးတွေ…လူကြီးတွေ….
    ပြောကိုမပြောချင်ဘူး
    အကုသိုလ်များတယ်…….

    Reply

  • Moe Z

    November 23, 2011 at 4:29 pm

    မီတာခသက်သာတာပေါ့ ချွေတာရေး ချွေတာရေး 😀

    Reply

    • ကိုရင်စည်သူ

      November 23, 2011 at 4:40 pm

      အရမ်းတော်တဲ့ မိုးဇက်ကလေး.. ခုတည်းက
      ချွေတာရေး ကိစ္စတွေစဉ်းစားတတ်နေပြီ…
      ဒါတွေကြောင့် ကိုရင့်စိတ်ဓါတ်နဲ့ သိပ်လိုက်လျောညီထွေလွန်းနေတော့..
      အရင်ဘဝက ဘာတွေများ တော်စပ်ခဲ့ကြလဲမသိဘူးနော်.. 😳 😳
      တို့စိတ်နဲ့သိပ်ကိုက်တဲ့ မိုးဇက်လေးကိုတော့..
      စိုမှာစိုးလို့ မိုးပေးမိတယ်… မိုးပေးမိတယ်.. 😉 😉 😉

      Reply

    • E.T

      November 23, 2011 at 4:54 pm

      မိမိုးရယ် ကိုကိုတီ တစ်ယောက်လုံး ရှိတာပဲ။ ချွေတာတာလည်း ချွေတာတာပေါ့။ သုံးသင့်တာလည်း သုံးပါ။ ကိုကိုတီက မိုးလေးအတွက်ဆို အရာအားလုံး လိုက်လျောပြီးသား

      Reply

      • Moe Z

        November 24, 2011 at 3:21 pm

        အမယ်လေး ကိုဂြိုဟ်သားရေ တီကောင်ဆိုရင် ဆယ်ပေလောက်ကွာနေလည်းကြောက်တယ် 😀 😀

        Reply

  • ဟိုအရင်ကပေါ့လာလိုက်ပျက်လိုက်။
    လာတာထက်ပျက်တာများ။
    အင်ဗာတာလဲအားမနိုင်။
    တဘုန်းဘုန်းတဒိုင်းဒိုင်း
    မီးစက်နဲ့လာအောင်ကိုင်ရတာပေါ့။

    ဟောအခုတလော အလာစိတ်
    လကုန်ရောက်လို့ဘေထွက်ရင်
    အတော်လေးကို စိတ်ပျက်တယ်နော်
    တော်တော်လေးပေးရတဲ့မီတာခကြောင့်ပေါ့။

    မနက်စောစောဆူဆူညံညံငိုသံကြား
    ဘာများလဲလို့ထကြည့်မိပါတယ်
    တီဗွီက ကိုရီးယားကားလာနေတာလေ။

    မီးပျက်တော့ မီးစက်သံဆူ။
    မီးမပျက်တော့ လူသံဆူ။
    မပျက်လဲဆူ ပျက်လဲဆူ။

    Reply

  • pasi

    November 23, 2011 at 11:13 pm

    မန်းမှာတော့ မီးက အဆန်းသိပ်မဟုတ်တော့ပါဘူး

    Reply

  • TTNU

    November 23, 2011 at 11:58 pm

    ” မီးလာပြီဟေ့..” 🙂

    ” ဟွန်း..ပျက်သွားပြန်ပြီ..” 🙁

    ” ဟော မီးပြန်လာပြီ။ ဟာ ပျက်သွားပြန်ပြီ…” 👿

    Reply

    • “ဘီလူးကြီး”ogre

      November 24, 2011 at 4:43 pm

      ဆရာမဒို့ မီးက“ကောင်းသလားမမေးနဲ့”
      ခဏ..ခဏ…လာတယ်နော် 🙂 😛

      Reply

  • မင်းပြည့်ရှိန်

    November 24, 2011 at 2:01 am

    ဟဲ့.. အူးဈော်မင်းဂျီးက ပြောသကော်…
    လျှပ်စစ်ကို ပြည်တွင်းမှာ သုံးမကုန်လို့ ထုတ်ရောင်းဆိုပဲ..

    စတာပါ နောက်တာပါ..
    တစ်ကယ်တော့ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်တာ ပိုပါသတဲ့.. တစ်ကယ်ပါ..
    အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဖြန့်ဖြူးတာ အဆင်မပြေတာပါတဲ့…
    အရင့် အရင်က ရှိထားတဲ့တဲ့ ဓါတ်အားခွဲရုံတွေနဲ့.. အရင့် အရင်ကရှိထားခဲ့တဲ့ ဓါတ်အားလိုင်းတွေကိုပဲ
    အသုံးပြုနေတာရယ်..
    အဲဒါတွေက ဟောင်းနွမ်းနေတာမို့ လုံးဝဥဿုံ အဆင်မပြေတာရယ် ကြောင့် Line Fault တွေ များပြီး
    မီး အပြည့်အဝ မပေးနိုင်တာလဲ ရှိနေပါတယ်..
    ဒါကြောင့် ခုနောက်ပိုင်း မီးပျက်တဲ့ ကိစ္စအချို့မှာ အများအားဖြင့်က Line Fault ဖြစ်သွားလို့ရယ်
    ဓါတ်အားခွဲရုံ တစ်ခုခု ဖြစ်လို့ရယ်က များပြီး ဓါတ်အား မလုံလောက်မှု ပြဿနာက နည်းပါတယ်..

    နောက်ကြုံဖူးတာလေး တစ်ခုက (နယ်မှာပါ မြို့ပေါ်မှာ မဟုတ်ပါ)
    တပ်မတော်(လေ) က အချို့သော တိုက်လေယာဉ်တွေ ညဘက် ပျံသန်းမှု လေ့ကျင့်တဲ့ အခါ
    နီးစပ်ရာ အချို့ မြို့ငယ်များကို မီးဖျက်ထား စေလေ့ ရှိတာမျိုး ကြုံခဲ့ဖူးပါတယ်….
    ခုနောက်ပိုင်းတော့ ဒါမျိုး ရှိ ၏ မရှိ၏ မသိပါ ခင်ဗျာ..

    ဆိုရရင် ..
    နောက်ပိုင်း မီးပိုမှန်လာပါလိမ့်မယ်.. လို့ယူဆပါတယ် ခင်ဗျား..
    ဝန်ကြီး ဌာန အတွင်းမှာကလည်း ကျွမ်းကျင် အင်ဂျင်နီယာများနဲ့ ကျွမ်းကျင်လုပ်သားများ အားနည်းနေလျှက် ရှိနေပြီး..
    ယခင့် ယခင် စနစ်ဆိုးကြောင့် ကျွမ်းကျင်ဝန်ထမ်းများ နေရာရွှေ့ပြောင်းခြင်းနှင့် အနားပေးခံရခြင်းများ ရှိခဲ့ခြင်း ညွှန်ကြားရေးမှူး ရာထူး ယူထားသူများကို ကျွမ်းကျင်မှုပြည့်ဝသော Senior Engineer များက လုပ်ပိုင်ခွင့်အရ ကျော်လွှားနိုင်မှု မရှိခဲ့ခြင်းတို့ကြောင့်…. အချို့ အချို့သော နေရာများ တွင်
    ဓါတ်အားဖြန့်ဖြူးပေးသော ဒီဇိုင်း ချို့ယွင်းချက်များ ရှိနေပါသဖြင့်… အပျက်တွေ စိပ်နေရသေးပါကြောင်းခင်ဗျား..

    Reply

  • စုံ စုံ

    November 24, 2011 at 1:11 pm

    တရက်တလေလေးများရုံးပိတ်လို့ TV ကြည့်ပြီးဇိမ်လေးနဲ့နှပ်မယ်လို့
    စဉ်းစားလိုက်တိုင်း မီးပျက်တာနဲ့ဘဲတိုးနေတယ်
    အိမ်ကလူတွေကိုအရင်နေ့တွေကရော မီးပျက်တတ်လားလို့မေးရင်
    သိပ်မပျက်ဘူး တခါတလေမှတဲ့ အဲ့ဒိတော့ကိုယ်ဘဲကံဆိုးတာလားမပြောတတ်ဘူး
    စိတ်လေဒယ်

    Reply

  • PEACEMAKER

    November 24, 2011 at 2:05 pm

    သူကြီး၊ ကိုကြောင်ကြီးနဲ့ အတွေ့အကြုံမျှလိုသူများ

    မကြာခင် မြန်မာကို ပြန်မှာမို့လို့ အောက်မှာရေးထားသလိုမျိုး ကြုံများကြုံခဲ့ရင် ဘယ်လိုပြောဆို ဖြေရှင်းရင် ကောင်းမလဲ အကြံဉာဏ်လေးများ မျှဝေကြပါနော်။

    http://myanmarinsingapore.com/profiles/blogs/2316969:BlogPost:277275?xg_source=activity

    ကျွန်တော်သည်နေ. MI511 ခရီးစဉ်ဖြင့် ထွက်ခွာသောအခါ လေဆိ်ပ်တွင် ပြတ်သနာတက်ပါတော့သည်။

    တက်သည့်ပြတ်သနာမှာ D-Form မပါပဲ ဘဏ်ချလံ ပဲပါလို.ဆိုပြီး ဦးစီးအရာရှိ ရုံးခန်းသို.ခေါ်သွားပါသည်။

    ဦးစီးအရာရှိများမှာ ဦးစိုးဝင်းမောင်(3 ဘား)၊ဦးပြည်ကျော်(3 ဘား) နှင့်တွေ.ပါသည်။

    D-form တင်သည့် ဆိုင်မှ နေပြည်တော်တွင် Server ပျက်နေသည့်အတွက် D-form မကျသည်မှာ 1လခန်.ရှိနေပြီ။မျက်စိရှေ.တွင်လ ည်းတင်ပေးပါသည်။မကျပါကဘဏ်ချလံ ဖြင့်ထွက်နေ ရသည်ဟုပြောပါသည်။

    ဦးစိုးဝင်းမောင် နှင့် ဦးပြည်ကျော် တို. 2ဦးမှာ အထက်ပါအကြောင်းကို သိရှိပါလျှက် TMK e-dform(38 Street) & —-(8 Miles) မှာမတင် လျှင်မရဘူးဟုပြောပါသည်။

    နောက်မသိရသည်မှာ အထက် 2 ဆိုင်လုံးမှာ လဝကမှ 4ဘားနှင့်အထက် လူကြီး ဦးတင်မောင်ကျော်နှင်. နောက်တစ်ရောက် ဖွင့်ထားခြင်းဖြစ်ပါသည်။

    ဦးစီးအရာရှိများမှာ ဦးစိုးဝင်းမောင်(3 ဘား)၊ဦးပြည်ကျော်(3 ဘား) တို.မှအဲသည်. 2 ဆိုင်မှာမလုပ်သည်. E-dform တိုင်းထွက်ခွင့်မရှိဟုပြောပါသည် ။

    လေယဉ်လက်မှတ်ဖြတ်ထားပြီး ထားဟုပြောသောအခါ ထွက်ချင် ပိုက်ဆံ 20000ကျပ်တောင်းပါသည်။လူကြီး တိုင်မည်ပြောသောအခါ ဝန်ကြီး ဦးမောင်ဦး နှင်.ပါပေါင်းစားပြီးထား ဟုပြောပါသည်။

    ဘယ်သူမှ ဂရုဆိုက်စရာ မလိုပါဘူးဆိုပြီး ဦးစိုးဝင်းမောင်(3 ဘား)၊ဦးပြည်ကျော်(3 ဘား) တို.မဝိုင်းရီကျပါသည်။

    မြန်မာငွေ မပါဘူးဟုပြောသောအခါ S$ 30 တောင်းယူပါသည်။ပိုက်ဆံကို အံဆွဲထဲထည်.သောအခါကြည်.လိုက်တာ မြန်မာငွေ 400000/500000 ခန်.နှင်. ဒေါ်လာမျိုးစုံတွေ.ရပါသည်။ွ

    ဦးစိုးဝင်းမောင်(3 ဘား)၊ဦးပြည်ကျော်(3 ဘား)နှင့် အထက်လူကြီးများ ကျွှန်တော်တို.လိုအလုပ်မလုပ်ရပဲ ဆထက်တပိုး ချမ်းသာပြီး ပိုပြီးလူတွေ ကို ငြည်းဆဲနိုင်ပါစေ(ဒီမိုကရေစီ ဆိုတာသူတို.အတွက်ပါ ကျွှန်တော်တို.အတွက်မဟုတ်ပါ)
    Aung Zaw

    Reply

  • naywoonni

    November 24, 2011 at 4:51 pm

    အပျက်တွေ စိတ်လာရင် အဖြစ်တွေလည်း များလာတော့မယ်ကိုရင် …။ ဖြစ်တာပျက်တာတွေ သတိမလွတ်အောင်မှတ်ရင်း အပျက်တွေ ကိုချည့် သတိထားမိလာပြီဆိုတော့ အပျက်တွေ ဖြစ်လာမှာတွေ မလိုချင်တော့ဘူးမဟုတ်လား…။ တရားသဘောနဲ့ ကြည့်ရင် ဖြစ်တာတွေမှန်သ၍ ပျက်ရမှာချည့်ပဲ…။ ပျက်ရင် ပျက်တယ်လို့ သိနေဖို့ အရေးကြီးတာ…။ တစ်ချို့ဆို ပျက်နေတာကိုတောင် ကိုယ့်ဖာသာပျက်နေမှန်း မသိတဲ့ သူတွေတစ်ပုံကြီး

    Reply

Leave a Reply to စုံ စုံ Cancel Reply

Your email address will not be published.