Subic Bay နှင့်ကိုကိုးကျွန်း
Subic Bay မှ ကိုကိုးကျွန်းသို့ဘာကြေင့်ပြောင်းမလာခဲ့တာလဲ ?
သဂျီးမင်းထံပန်ကြားချက်၊
လေးစားအပ်သော၊ရုပ်ရည်ခန့်ချော၍ဉာဏ်ပညာဖြင့်ပြည်စုံနေသော သဂျီးမင်းခင်ဗျား(ဒီအတွက် point သတ်သတ်ပေးရန်မလို)![[em:4:]](http://www.cctv.com/library/column/C25953/image/comment/4.gif)
မာမာနဲ့မွှေးတဲ့ဆရာကြောင်ကြီး၏အဆိုအရ၊သဂျီးသည်စီအိုင်အေ(အပျော်တမ်း)ဖြစ်သည့်အတွက်
၊ကျနော်မျိုး၏စိတ်ထည်း၌နှစ်ပေါင်း၂ဝကျော်ခန့်ကိန်းအောင်းနေတဲ့၊ဒီမေးခွန်းလေးရဲ့အဖြေကိုပေးနိုင်လိမ့်မည်ဟုယုံကြည်ပါသည်။
ဒီအကြောင်းအရင်းကအောက်ပါအတိုင်းဖြစ်ပါသည်၊
အများသိတဲ့အတိုင်း၊ဖိလစ်ပိုင်နိုင်ငံ၏ Subic Bay ဟာ ၁၉၉၁ခုနှစ်အထိ U.S.Naval Base ဖြစ်ခဲ့ဘူးသည်။
၈ လေးလုံးမတိုင်ခင်၁ နှစ်လား၂ နှစ်လားသိပ်မသေချာ၊ ကျနော်တို့အရပ်မှာပြန့်နေသည့်သတင်းလေးတခုကား၊ဖိလစ်ပိုင်သည်၁၉၉၁ ပြီးရင် U.S.ကိုဆက်လက်ပြီးမငှားရန်းပေးတော့ပါ၊သည့်အတွက် U.S.တွေကနေရာအသစ်လိုက်ရှာတဲ့အခါ၊ဗမာပြည်ကြီး၏ကိုကိုးကျွန်းကိုမျက်စိကျနေသည် (တချို့လည်းဗမာပြည်ကသွားရောက်ကမ်းလှမ်းခဲ့သည်ဟုဆို၏)၊ များမကြာမည်ထိုအချိန်တုံးကနိုင်ငံတော်ကောင်စီအတွင်းရေးမှူး(ဗမာ့သမိုင်းတွင်တဦးတည်းသော ရ ရက်သမတ
)သည် U.S သို့သွားရောက်ခဲ့ပါသည်၊အဲဒီ Deal ကြီးဟာ၊အပေးအယူမတည့်လို့လား?
၈လေးလုံးကြောင့်ပျက်စီးသွားတာလာ? အစွန်းအစရှာရခက်သည်။
ကွန်မြူနစ်များ၏လေသံဖြစ်တဲ့ Yankee go home ! ဆိုသလိုပေါ့ ၊နောက်ဆုံးတော့၊ကုလားဖြူသည် Guam ကိုပြန်သွားရလေတော့သည်။
အဲဒီ Deal ကြီးသာတည့်သွားခဲ့ရင်၊ယခုကမာ္ဘ့အခြေအနေသည်မည်ကဲ့သို့ဖြစ်နေမည်နည်း?
အဲဒီ Deal ကြီးသာတည့်သွားခဲ့ရင်၊တရုတ်ပြည်ကြီးယခုကဲ့သို့ထောင်နိုင်ဦးမည်လော?
အဲဒီ Deal ကြီးသာတည့်သွားခဲ့ရင်၊တရုတ်ပြည်ကြီးသည်ဗမာပြည်ကိုချမ်းသာပေးပါ့မလား?
ဘာဘဲဖြစ်ဖြစ်တရုတ်ပြည်ကြီးသည်ကံကောင်းသွားသာတော့သေချာသွားသည်။
အထက်ပါအကြောင်းကို သဂျီးက ကျနော့်အားဉာဏ်ပွင့်သွားအောင်၊နဲနဲမိန့်ပေးပါလား။ ![[em:2:]](http://www.cctv.com/library/column/C25953/image/comment/2.gif)
P.S. အဲဒီ ရ ရက်သမတ ကြီးသည်တချိန်က၊ရှမ်းပြည်အရှေ့ပိုင်း၌ ကိုးကန့် များကိုကာကွယ်ရေးတပ်ဖွဲ့များဖွဲ့စည်းစေခဲ့ပြီး ဗကပ များကိုသံလွင်မြစ်၏အရှေ့ဘက်ကမ်းတွင်သာတန့်နေစေခဲ့သည်၊ကျနော့်အမြင်ကတော့ ဒီလူကြီးဟာအရည်အချင်းတော့ရှိပါသည်၊ ဆရာမကောင်းလို့လား?အချိန်အခါမကောင်းလို့လား?ကံမကောင်းလို့လား?ပြောရခက်သည်၊ တခါတလေစဉ်းစားမိရင်လည်သနားသည်။![[em:29:]](http://www.cctv.com/library/column/C25953/image/comment/29.gif)
ဘာဘဲပြောပြော ၈ လေးလုံးမှာသူတော့လွန်နေသည်။
နောက်ဆုံး အဆစ်အဖြစ်နဲ့လူကြီးများအတွက်ဟာသလေးတခုတင်ဆက်ပေးပါရစေ ။ ![[em:17:]](http://www.cctv.com/library/column/C25953/image/comment/17.gif)
(လူကြီးများဆိုသည်မှာဗိုလ်များ၊အများပြည်သူကိုအနိုင်ကျင့်နေတဲ့အရာရှိကြီးများမဟုတ်ဘဲ၊ Adult ကိုဆိုလိုပါသည်)
ဆရာလည်းချွတ်မှတဲ့ ![[em:17:]](http://www.cctv.com/library/column/C25953/image/comment/17.gif)
![[em:17:]](http://www.cctv.com/library/column/C25953/image/comment/17.gif)
ကျနော်တို့ထိုင်ဝမ်းနိုင်ငံမှာ OG (သားဖွားနှင့်မီးယပ်)ဆရာဝန်များသည်၊ များသောအားဖြင့်အမျိုးသားများဖြစ်ကြသည်။
တရက်တ၌တောရွာမှမိန်းမကြီးတယောက်သည်၊သားအိမ်ရောဂါကို ကုသရန်အတွက်၊ပိုမိုပြည့်စုံသောမြို့ကြီးမှာရှိတဲ့ဆေးခန်းကိုလာရောက်ပြသသည်။
ဆရာဝန်သည် Speculum နဲ့သားအိမ်ကိုကြည့်ရှုစမ်းသပ်ရမှာဖြစ်တဲ့အတွက် ၊ဘေး၌ရှိသော assistant nurse မလေးက၊ထိုမိန်းမကြီးအားဘောင်းဘီချွတ်လိုက်ဖို့ပြောသည့်အခါ၊ ထိုမိန်းမကြီးသည်အတင်းငြင်းဆန်နေသည်။
assistant nurse လေးက “ အန်တီ~မကြောက်နဲ့ရှက်လည်းမရှက်နဲ့ကျမဘေးမှာရှိနေတဲ့ဥစ္စာ၊နော်~~ ” ဟုပြောဆိုသော်လည်းမရပါ၊
အတန်ကြာ၍ထိုမိန်းမကြီးပြောထွက်လာသောစကားတခွန်းသည်ကား
“ ဆရာလည်းဘောင်းဘီမချွတ်ဘဲနဲ့” တဲ့ဟေ့~~![[em:16:]](http://www.cctv.com/library/column/C25953/image/comment/16.gif)
![[em:16:]](http://www.cctv.com/library/column/C25953/image/comment/16.gif)
![[em:16:]](http://www.cctv.com/library/column/C25953/image/comment/16.gif)
ရယ်ချင်ရင်အဓိပ္ပါယ်အမျိုးမျိုးဖြင့်ဖွင့်ဆိုပြီးရယ်နိုင်ပါသည်၊
မရယ်ချင်ရင်လည်း၊မရယ်ဘဲနေလို့ရပါသည်။![[em:3:]](http://www.cctv.com/library/column/C25953/image/comment/3.gif)
![[em:3:]](http://www.cctv.com/library/column/C25953/image/comment/3.gif)
![[em:3:]](http://www.cctv.com/library/column/C25953/image/comment/3.gif)
အားလုံးကျန်းမာရွှင်လန်းကြပါစေ၊
ကျေးဇူးတင်ပါသည်။
![[em:2:]](http://www.cctv.com/library/column/C25953/image/comment/2.gif)

11 comments
windtalker
November 19, 2011 at 1:50 pm
ဟားဟား
မိန်းမကြီး ပုံ ခန် ့မှန်းကြည့်တာ ၊ အားမလိုအားမရ ဖြစ်သွားဟန် ဖြင့်
ပြောလိုက်ပုံ ရပါသည် ။
🙂
Don Juan Ronald
November 19, 2011 at 2:41 pm
မိန်းမကြီးက ဆရာဝန်ရဲ့ဘောင်းဘီချွတ်မှသူမချွတ်မယ်ကိုဆိုလိုသည်။
တောကလူဆိုတော့ဘောင်းဘီချွတ်ရင်ဟိုဟာလုပ်မယ်ဘဲထင်နေတာကိုး။
Don Juan Ronald
November 19, 2011 at 3:09 pm
သဂျီးခင်ဗျား~~
ခုတလောကျနော်တို့ထိုင်ဝမ်မှာ တရုတ်ကိုအမေရိကန်ကလိုက်ပိတ်ဆို့တဲ့အကြောင်ဆွေးနွေးမှု Hot နေသည့်အတွက်၊ဒီအကြောင်းလေးသတိရလို့ရေးလိုက်တာပါ။
ကျနော်တို့ကျောင်းသားဘဝတုံးက အမေရိကန်သမတ Richard Nixon ရဲ့၂၄နာရီမပြည့်တဲ့ရန်ကုန်ခရီးစဉ်ကနေလွှဲရင်၊
ယခုအခါ Hillary လာတော့မယ်ဆိုတော့၊တမျိုးတဖုံတော့၊အပြောင်းအလှဲဖြစ်လာမှာပေါ့နော်။
koyinmaung
November 19, 2011 at 3:24 pm
ဟုတ်တာပေါ့…တယောက်ထဲ့ချွတ်တော့ရှက်ချာကြီး….ဟားဟားဟား
kai
November 19, 2011 at 4:44 pm
ချွန်တွန်းမေးခွန်းပဲနော..
စီအိုင်အေ မေးပြီးမှ ပြန်ပြောတော့မယ်..။
နောက်တာပါ..။
တကယ်က.. ယူအက်စ်က.. ကိုကိုးကျွန်းစစ်အခြေစိုက်စခန်းအတွက်.. မလုပ်နိုင်လောက်ဖူးလို့ထင်ပါတယ်.။ သူဝင်ရင်.. မြန်မာပြည်မှာ.. အဲဒီကတည်းက ဗကပက.. နိုင်သွားပြီး မြန်မာပြည် အထက်ပိုင်း တရုတ်အောက်.. ကျသွားလောက်ပြီ.။
နောက်ပြီး..
သူ့မှာ.. သီရိလင်္ကာအောက်နားက အင်္ဂလိပ်ပိုင်ကျွန်း(BIOT)ကို ကြိုက်သလိုသုံးနိုင်သလို.. ထိုင်းကိုလည်း သုံးနိုင်တယ်လို့ ထင်ပါတယ်..။
အခုဆို.. မြောက်ပိုင်းဩစတေးလျှကိုပါ.. သုံးနိုင်အောင်လုပ်လိုက်ပြီ..။ တရုတ်ကိုတော့.. သိသိသာသာ.. ဝိုင်းနေလိုက်ပါပြီ..။
နောက်တခုက.. တရုတ်က.. သူ့ရဲ့.. ပင်လယ်ထွက်ပေါက်တွေဖြစ်တဲ့ နိုင်ငံတွေ ဘယ်တော့မှ အကျခံမှာမဟုတ်ပါဘူး..။
ဆိုတော့..
ယူအက်စ်က.. ကိုရီးယားဝင်ရင်.. သူတို့က.. ပရော့စီဝါး လုပ်ပြီး.. ကိုရီးယား ၂ခြမ်းဖြတ်ပစ်တယ်.။
ဗီယက်နမ်ကိုယူအက်စ်ဝင်ရင်.. မြောက်ဗီယက်နမ်လုပ်ပြီး ..နောက်ဆုံး တောင်ဗီယက်နမ်ပါပြန်သိမ်းတာပဲ..
မြန်မာပြည်လည်း ဒီအတိုင်းပါပဲ..
ယူအက်စ်ခပ်ကြမ်းကြမ်းဝင်လာရင်.. တရုတ်က.. မြန်မာပြည်ကို ၂ခြမ်းဖြတ်လိုက်ဖို့.. ဝန်လေးမယ် မထင်မိဘူး.။
ကိုးကန့်တွေ..ဝတွေ..ရဲ့စစ်တပ်တွေ.. အလကားရှိနေတာတော့ မဟုတ်လောက်ပါဘူး..။
အင်း…
စူပါပါဝါတွေနဲ့ ကစားတာ.. အင်မတန် အန္တရာယ်ကြီးပါတယ်..။ 😆
Don Juan Ronald
November 19, 2011 at 5:12 pm
ဒီနေ့ညကောင်းကောင်းအိပ်လို့ရသွားပြီ~~
ကျေးဇူးအများကြီးသင်ပါတယ် ခန့်ပြီးချောတဲ့ သဂျီး~~~
ကြောင်ကြီး
November 20, 2011 at 8:49 am
စစ်ရေးသဘောမှာ ထိုးစစ်ကို ခံစစ်၊ ခံစစ်ကို ထိုးစစ်နဲ့ ကစားရတယ်။ အခုအချိန်မှာ တရုတ်ကြီး ခံစစ်အနေအထား ရောက်နေလို့ မြန်မာနိုင်ငံက တရုတ်ပြည်ကို ဝင်တိုက်သင့်တယ်။ ယူနန်ဖက်ကနေ ရှန်ဟဲဆိပ်ကမ်းမြို့အထိ သိမ်းပိုက်လိုက်ရင် တရုတ်ကြီး ဘတ်လဘိုင် ကျသွားမယ်။ ရလာတဲ့ နယ်မြေတွေကို မြန်မာနိုင်ငံရဲ့ ၁၅ပြည်နယ်မြောက် စိန့်တိုင်းအဖြစ် သတ်မှတ်လိုက်။ မြန်မာလူမျိုးဆယ်သန်းလောက်ကို အဲဒီနယ်သစ်တွေကို ပြောင်းရွှေ့ပြီး ရဝတ၊ မဝတ၊ တဝတ ဥက္ကဌ အတွင်းရေးမှူးများ လုပ်ခိုင်းမယ်။ ရွာထဲက ကြေးမုံတို့လို့ တရုတ်၊ ဗမာ၊ အင်္ဂလိပ် ဘက်စုံတတ်သူတွေကို စကားပြန်ခန့်ထားပြီး အုပ်ချုပ်ရေး၊ လုံခြုံရေး၊ တရားစီရင်ရေး တာဝန်ယူပေးမယ်။ ကြောင်ကြီးကတော့ ကိုယ်ဝါသနာပါတဲ့ တရုတ်အမျိုးသမီးများအဖွဲ့ ရာသက်ပန် ဥက္ကဌလုပ်ပေးမယ်။။။။။ 😳
Don Juan Ronald
November 20, 2011 at 11:55 am
လေးစားအပ်သော၊
မာမာနဲ့မွှေးပြီး၊ဉာဏ်ပညာနဲ့ပြည့်စုံသော၊ယာဉ်ကျေးသိမ်မွေ့တဲ့ဆရာကြောင်ဂျီး(sorry မှားသွားလို့ ခ ဖြစ်ရမယ်)။
ဆရာ့ပုံမတွေ့ဘူးတော့၊ရုတ်ရည်ခန့်ချောဆိုသည့် adjective ကိုတော့မမြောက်စားတော့ပါ။
ဆရာကြောင်ကပညာရှိတာတော့အမှန်ပါဘဲ၊ကျန်တာတော့သိပ်မသေချာသေးပါဘူး။
ဆရာကြောင်ရဲ့အတည်ရေးတာရော။အပျက်ရေးတာရော၊ကျနော်မျိုးကအားလုံးသဘောကျပါသည်။
ဆရာကြောင်၏အာဘော်အရ၊ဆရာသည် တရုတ်ထီးတွေဖယ်၍တရုတ်မကြီး(အသက်+body structure)
ကိုအပူတပြင်းအလိုရှိသည်ကို်တွေ့ရ၍၊ကျနော်မျိုးကစေတနာအပြည့်ဖြင့်အကြံအညံပေးပါရစေခင်ဗျား။
ကျနော်ဉာဏ်မှီသလောက်ပြောရမယ်ဆိုရင်၊တရုတ်ကြီးရဲ့ကွယ်လွန်ပြီးသွားသောခေါင်းဆောင်ကြီး၏မိန်းကြားထားတဲ့အတိုင်း၊
Any ကြောင်ဖြူကြောင်နက်၊ကြွက်ဖမ်းနိုင်ရင် The best !
ဆရာကြောင်ကတရုတ်မကြီးရခြင်ရင်၊ပထမဦးဆုံးကြွက်ဖမ်းနိုင်ရမယ်လက်နှင့်ဖြစ်ဖြစ်၊ပါးစပ်နှင့်ဖြစ်ဖြစ်တခုခုပေါ့၊
အထက်ပါအရည်အချင်းနှင့်ပြည့်စုံတင်နဲ့မပြီးသေးဘူး၊
တရုတ်ပြည်ကြီးမှာ one baby policy ကြောင့်၊တရုတ်မတွေရှားပါးလာ၍၊စားသုံးသူများအတွက်နိုင်ငံခြား(ဗမာပြည်အပါအဝင်)
မှမှာယူတင်သွင်းနေရသည့်အတွက်၊ဆရာကြောင်အတွက် hope မရှိတော့ပါ။
တရုတ်မနဲ့ဆင်တူယိုးမှားဖြစ်တဲ့၊ဂျပန်ဖြစ်ဖြစ်၊ကိုးရီးယားဖြစ်ဖြစ်ဘက်ကိုလှည့်ပြီးကြိုးစားကြည့်ပါလားဆရာ။
အထက်ပါအကျန်အညံသည်ဆရာကြောင်အတွက်အထောက်အကူများစွာဖြစ်နိုင်လိမ့်မည်ဟုယူဆမိပါကြေင်း။
တခြားအကြံဉာဏ်လည်းများစွာရှိသေးပါ၍၊လိုအပ်ရင်ထပ်ပေးဖို့ဝန်မလေးပါကြောင်း။
တကယ်အထူးလေးစားပါတယ် ကိုကြောင်ကြီးရေ။
net ပေါ်မှာဆိုတော့၊မဟုတ်ကဟုတ်ကတွေရှေက်ရေးကြတာပေါ့။
ကြောင်ကြီး
November 22, 2011 at 10:45 am
ဒါဆို ပြည်မကြီးက တရုတ်မ မရှာဘူးဗျို့။ ကိုယ့်ဒေသက တရုတ်မပဲ ရှာမယ်။ ကြောင်အတွက် ဖြူဖြူမဲမဲ အရေးမကြီးဘူး၊ ကြွက်ဖြစ်ဖို့သာလိုတယ် မဟုတ်လား။ 😳
water-melon
March 18, 2012 at 3:29 pm
ပြည်မကြီးက တရုုတ်မတွေက မလှဘူးကြောင်ကြီးရဲ့
အနီးအနား တရုုတ်မစစ်တစစ်တွေကမှ good
inz@ghi
November 20, 2011 at 8:53 am
သင့်လျော်ကြောင်းပါ အုကြောင်ရီးခင်ညား ..
တားတားလဲပါမယ်…
စစ်တိုက်တဲ့ဘကမှာ တော့ ဟုတ်ဝူး …
အုပ်ချုပ်ရေးအဖွဲ့မှာ …..
အူးကြောင်ရဲ့ ဒီပါ့မန့်မှာ ရာသက်ပန် CMO လုပ်ပေးးမယ်….