ထောင်ပြောင်းရွှေ့ သတင်းကလေးကို ပွါးပေးကြပါအုန်း။

ba gyiNovember 17, 20111min06

မနေ့ညက(16.11.2011) ဗွီအိုအေမှာနားထောင်လိုက်ရတာ၊တစ်ချို့လည်းသိပြီးဖြစ်သလို၊ တစ်ချို့လည်းမအားမလပ်ကြလို့သိပါစေဆိုတင်လိုက်ရပါသည်။
ထောင်ပြောင်းသတင်းလေးပါ။
မကြမတင်က အာစီယံ အစည်းဝေးမှာ 2014 ဥက္ကဌနေရာကို အာစီယံ နိုင်ငံခြားရေးဝန်ကြီးအဆင့်မှာ ပြောခဲ့တာ- မကြာခင်မှာနိုင်င်္ငရေး
အကျဉ်းသားတွေပြန်လွတ်ပေးအုံးမယ်ဆိုတာ သိပြီး၊ကြားပြီးကြပါလိပ်မယ်။လောလောဆယ်လွှတ်/မလွှတ်တော့မသိပါ။အေါက်ပါပုဂ္ဂိုလ်များကိုတော့
သက်ဆိုင်ရာထောင်များမှ အခြားထောင်သို့ပြောင်းရွှေ့နေပါသတဲ့ ၊
(1) ဦးခွန်ထွန်းဦး ( ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ ဥက္ကဌ) ပူတာအိုထောင်မှ – တောင်ငူထောင်သို့ပြောင်း။
(2) အရှင်ဂမ္မီယ (ရွှေဝါရောင်ေတော်လှန်ရေးခေါင်းဆောင်) ကလေးထောင်မှ – ရန်ကုန်အင်းစိန်ထောင် (သို့) သရက်ထောင်သို့။
(3) ကိုမင်းကိုနိုင် (1988/ကျောင်းသားခေါင်းဆောင် ) တာချီလိတ်ထောင်မှ- ရန်ကုန်အင်းစိန်(သို့) သရက်ထောင် ဟု သတင်းမှာပြောပါသဗျား။
ဒါပေမည့် ကိုမင်းကိုနိုင်ဟာ မနေ့ကထိ တာချီလိတ်မှာပဲရှိနေသေးပြီး ၊ယနေ့မှ ပြောင်းမယ်လိုလည်းပြောပါသည်။
ကဲ ရွာသားများ ပွါးပေးကြပါအုန်း။

6 comments

  • blackchaw

    November 17, 2011 at 12:35 pm

    ခုနကပဲ ကိုကြောင်ကြီးပို့စ်မှာ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ဖို့ကိစ္စကို
    NLD တင်မတင် ကိစ္စနဲ့ ချိတ်ထားတာလေး ဖတ်လိုက်ရပါတယ်။
    မြန်မြန်လွှတ်ပေးဘို့ ကောင်းပါပြီ ဘကြီးရေ။
    ကိုယ်ချင်းစာစိတ်လေးထားသင့်ပါတယ်။

    Reply

  • ba gyi

    November 17, 2011 at 12:43 pm

    ကို မဲချောကြီးရေ။ကျွန်တော်လည်း ဘဝတူဘူးခဲ့တဲ့သူတွေဆိုတော့ အားလုးံအတွက်ဆုတောင်းမျှော်လင့်နေပါတယ်ဗျာ။

    Reply

  • ကြောင်ကြီး

    November 17, 2011 at 1:05 pm

    မျှမျှတတဖြစ်သွားအောင် တပ်ရှုပ်ဂျီးမြေးကို နယ်ပြောင်းရွှေ့လိုက်ကြောင်း ဧရာဝတီမဂ္ဂဇင်းမှာ ရေးထားပါတယ်။ ဒါမှ အုယောပ သတ်မဃ နဲ့ အူးသိမ်းဆိမ် ဓို့ သံမဓဂျီး ဂွ…. 🙁
    နေရွှေသွေးအောင် ဥရောပသို့ ခရီးထွက်

    By featured, ဧရာဝတီ on November 16, 2011 6:56 pm in သတင်း / 21 comments, Hits: 27,522

    ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏ မြေးဖြစ်သူ နေရွှေသွေးအောင်သည် ရန်ကုန်မြို့ရှိ ဥရောပသံရုံးတခုက ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးသဖြင့် ဥရောပသို့ အောက်တိုဘာ ၂၆ ရက်နေ့တွင် ထွက်ခွာသွားသည်ဟု စုံစမ်း သိရှိရသည်။

    ရန်ကုန်မြို့တွင် ပြုလုပ်သော နေရွှေသွေးအောင်၏ ၁၆ နှစ်မြောက် မွေးနေ့ဧည့်ခံပွဲတွင် တွေ့ရသော အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၊ နေရွှေသွေးအောင် နှင့် လုပ်ငန်းရှင် ဦးဇော်ဇော်

    ဦးသန်းရွှေ၏ မိသားစုဝင်များအပါအဝင် ယခင် စစ်အစိုးရအဖွဲ့ဝင်များ၊ ၎င်းတို့နှင့် နီးစပ်သူများ၊ ၎င်းတို့နှင့် အချိတ်အဆက်ရှိသည့် လုပ်ငန်းရှင်ကြီးများကို အမေရိကန်နှင့် ဥရောပနိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့ထားဆဲဖြစ်သော်လည်း နေရွှေသွေးအောင် ရရှိထားသော ဗီဇာသည် ရှန်ကန်းဗီဇာ (Schengen Visa) ခေါ် ဥရောပနိုင်ငံအများအပြားကို သွားရောက်နိုင်သည့် ဗီဇာဖြစ်သည်ဟု ဧရာဝတီ၏ ရန်ကုန်အခြေစိုက် သတင်းရင်းမြစ်တခုထံမှ သိရသည်။

    ဗီဇာထုတ်ပေးသည့် သံရုံးမှာ ပြင်သစ်သံရုံး ဖြစ်သည်ဟု ဧရာဝတီ၏ သတင်းရင်းမြစ်က ပြောသည်။

    ဤသတင်းနှင့် ပတ်သက်ပြီး ရန်ကုန်ရှိ ပြင်သစ်သံရုံးကို ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သည်။

    “မည်သူမည်ဝါကို ဗီဇာထုတ်ပေးလိုက်တယ်ဆိုတာ ကျမတို့ ထုတ်ဖော် ပြောလေ့မရှိပါဘူး။ ပြီးတော့ ဗီဇာပိတ်ပင်မှုစာရင်းမှာ ပါနေတဲ့သူတွေကိုလည်း ဗီဇာထုတ်ပေးလေ့မရှိပါဘူး” ဟု ပြင်သစ်သံရုံး၊ ဗီဇာဌာန အရာရှိတဦးက ဧရာဝတီကို ယနေ့ ပြောကြားသည်။

    ဖိုးလပြည့်ဟု လူသိများသည့် နေရွှေသွေးအောင်သည် မြန်မာနိုင်ငံကူးလက်မှတ် ၃ အုပ်ခန့် ကိုင်ဆောင်ထားသူဖြစ်သည်ဟု သူ၏ မိသားစုနှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောဆိုသည်။

    နေရွှေသွေးအောင် ပြည်ဝင်ခွင့်ဗီဇာလျှောက်စဉ်က မည်သည့် အမည်ဖြင့် လျှောက်ထားကြောင်း၊ ဥရောပခရီးစဉ်တွင် သူနှင့်အတူ မည်သူ လိုက်ပါသွားကြောင်း မသိရသေးပေ။

    ဧရာဝတီ၏ ရန်ကုန်အခြေစိုက် သတင်းရင်းမြစ်တခု၏ အဆိုအရ အောက်တိုဘာ ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှတဆင့် ဥရောပသို့ သွားရောက်ခြင်း ဖြစ်သည်ဟု သိရသည်။

    ပြီးခဲ့သည့်နှစ်က ရရှိသော သတင်းများအရ နေရွှေသွေးအောင်သည် စီးပွားရေး လုပ်ငန်းအများပြားကို အဘိုးဖြစ်သူ၏ ဩဇာသုံးပြီး လုပ်ကိုင်ခဲ့သည်ဟု သိရသည်။

    နေရွှေသွေးအောင်က အဘိုး၏ အရှိန်အဝါကို စီးပွားရေးလုပ်ငန်းများတွင်သာ အသုံးပြုခြင်း မဟုတ်ပေ။ ၂၀၀၉ ခုနှစ်ကလည်း ရန်ကုန်မြို့ရှိ စစ်ဗိုလ်ချုပ်မိသားစုဝင်များ၏ “7 Lekker” ကော်ဖီဆိုင်ကို ၎င်း ၏ နောက်လိုက်များ စေလွှတ်၍ ဖျက်ဆီးခဲ့သည်ဟူသော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

    ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက နေရွှေသွေးအောင်၏ ကားရှေ့မှ ပိတ်ရပ်မိသည့်အတွက် ယခင် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၏ ကိုယ်ရေးအရာရှိ တဦးသည် နေရွှေသွေးအောင်၏ ဆုံးမဩဝါဒကို ၂ နာရီခန့် နားထောင်ခဲ့ရသည်ဟု ဆိုသည်။

    ဦးသန်းရွှေ၏ အချစ်ဆုံးမြေးတဦးဖြစ်သည်ဟု ထင်ရှားသည့် နေရွှေသွေးအောင်သည် ဒေါက်တာ နေစိုးမောင် နှင့် ဒေါ်ကြည်ကြည်ရွှေ တို့၏သား ဖြစ်သည်။

    Reply

  • cobra

    November 17, 2011 at 1:56 pm

    နိုင်ငံရေးအကျဉ်းသားများအားလုံး
    အပြင်လောကသို့အမြန်ရောက်နိုင်ကြပါစေ…။

    Reply

  • ပေါက်ဖော်

    November 17, 2011 at 3:18 pm

    မကြာခင်တော့ လွှတ်ကိုလွွှှတ်ရမှာပါ..
    ဆက်လက်လှုပ်ရှားကြဖို ့တော့လိုတာပေါ့

    Reply

  • windtalker

    November 17, 2011 at 6:48 pm

    ဘကြီး ဆက်ရေးမယ့်
    သတင်းတွေကို စောင့်မျှော်နေပါတယ်ဗျို ့

    Reply

Leave a Reply

Your email address will not be published.