မြစ်ကြီးနားမြို့ပေါ်တွင် ဗုံးပေါက်ကွဲမှုများနှင့်ပတ်သတ်ပြီး ပြည်သူများပြောဆိုနေသောသတင်း

နိုဝင်ဘာလ ၁ဝ ရက်၊ ည ၈နာရီ ၄၅ မိနစ်ခန့် က ရှမ်းပြည်နယ်မြောက်ပိုင်း၊ နန့်ခမ်းမြို့နယ်၊ နန့်ခမ်း ရဲစခန်းရှေ့မှာ မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပါတယ်။ မိုင်းလို့ယူဆရတဲ့ ၁ ပေခွဲပတ်လည် အထုတ် ၁ ထုတ်ကို ဆိုင်ကယ်ပေါ်ကနေ ပစ်ချပြီး ထွက်ပြေးသွားလို့ ဒုရဲအုပ်ဇော်ထူးခေါင်ဆန်နဲ့အဖွဲ့က သွားရောက်စစ်ဆေးစဉ်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ပေါက်ကွဲမှုကြောင့် ဒုရဲအုပ် ဇော်ထူးခေါင်ဆန်မှာ မူဆယ်ဆေးရုံတွင် သေဆုံးသွားပြီး အခြား ဒဏ်ရာရသူ ၃ ဦး ဖြစ်တဲ့ ဒုရဲတပ်ကြပ် ကျော်စွာမိုးနှင့် အမျိုးသမီး ၂ ယောက်ကိုတော့ မူဆယ်ပြည်သူ့ဆေးရုံကြီးတွင် ကုသဆဲ ဖြစ်ပါတယ်။

 

နိုဝင်ဘာလ ၁၂ ရက်နေ့ညက မြစ်ကြီးနားမြို့ပေါ်မှာ မပေါက်ကွဲသေးတဲ့ မိုင်းတစ်လုံးကို ရှာဖွေ ဖျက်ဆီးနိုင်ခဲ့သော်လည်း မိုင်းနှစ်လုံးမှာ ပေါက်ကွဲခဲ့ပါတယ်။ မပေါက်ကွဲသေးသောမိုင်းကို ဧရာရပ်ကွက် အောင်ဆန်းလမ်းမအကြီး ဘေးမှာ တွေ့ရှိတာဖြစ်ပြီး တာဝန်ရှိသူများက ဖောက်ခွဲရှင်းလင်းလိုက်ပါတယ်။ ထိုနေ့ည ၉ နာရီ ၅၅ မိနစ် သီတာရပ်ကွက် အား/ကာ ရုံးရှေ့ရှ်ိချုံဖုတ်ထဲမှာ မိုင်းတစ်လုံးနှင့် ၁ဝ နာရီ ၁၅ မိနစ်တွင် တပ်ကုန်းရပ်ကွက် အင်ဂျန်ဒုံ ( မြောက် ) နယ်မြေ ဆွမ်ပရာဘွမ်လမ်းနှင့် စက်မှုလမ်းဆုံတွင် မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရသူနဲ့ ပျက်ဆီးဆုံးရှုံးမှု မရှိပါဘူး။

ယမန်နေ့ညက မြစ်ကြီးနားမြို့ပေါ်က ကချင်လွတ်မြောက်ရေးတပ်မတော်ရဲ့ လျှို့ဝှက်ခဲယမ်းမီးကျောက်များ သိုလှောင်ရာ သီတာရပ်ကွက်၊ လမ်းသွယ် ၅၊ ကြားလမ်းသွယ် (၁/၂) ကြားရှိ အိမ်အမှတ် (၆၉) မှာ ပေါက်ကွဲမီးလောက်မှု ဖြစ်ပွားခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် ကလေးငယ် ၃ ဦး၊ အသက် ၃၅ နှစ်ခန့် အမျိုးသား ၃ ဦး၊ အသက် ၃ဝ ခန့် အမျိုးသား ၂ ဦး၊ အသက် ၃၅ နှစ်ခန့် အမျိုးသမီး ၁ ဦး၊ ကျား/မ ခွဲခြားမရသော အလောင်း ၁ လောင်း၊ စုစုပေါင်း ၁ဝ ဦးသေဆုံးခဲ့ပါတယ်။ ဒဏ်ရာရရှိသူ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၂၃ ဦး ရှိတယ်လို့ သိရပါတယ်။

အဆိုပါ ပေါက်ကွဲမီးလောက်မှုကြောင့် အိမ်အမှတ် ( ၆၉၊ ၆၈၊ ၆ရ ) တို့ မီးလောင်ပျက်စီးခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားတဲ့ အိမ်ပိုင်ရှင်မှာ ဦးဒယောင်တန်ဂွန်းဖြစ်ပြီး၊ အဲဒီအိမ်မှာ မိဘမဲ့ကလေးများကို ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။ ဒဏ်ရာမပြင်းထန်တဲ့ ကလေးတွေရဲ့ပြောကြားချက်အရ သူတို့အဖွဲ့ဟာ လိုက်ဇာမှာလုပ်တဲ့ ပွဲလမ်းသဘင်တွေမှာ ဘင်ခရာနဲ့ ပန်းပွားအကကို လိုက်လံ ကပြ ဖျော်ဖြေရကြောင်းနဲ့ ယခုအိမ်မှာ လိုင်ဇာက ဧည့်သည်တွေရောက်နေတယ်လို့ သိရှိရပါတယ်။

 

သေဆုံးတဲ့အလောင်းတွေထဲက အိမ်အမှတ်( ၆၉ ) မှာတွေ့ရတဲ့ ဦးဒယောင်တန်ဂွန်းရဲ့ သားသမီး ၂ ယောက်မှာ ခန္ဓာကိုယ်အပိုင်းလိုက် ခါးလည်ကနေ ပြတ်သွားတာကို တွေ့ရလို့ ဦးဒယောင်တန်ဂွန်းရဲ့ သားသမီးတွေက ဗုံးကို တပ်ဆင်နေတုန်းမှာ ပေါက်ကွဲမှုဖြစ်နိုင်တယ်လို့ မြစ်ကြီးနားမြို့ခံတွေက ပြောပါတယ်။


ပေါက်ကွဲပျက်စီးမှုကြောင့် ဒဏ်ရာရသူတွေမှာ တွေ့ရတဲ့ အစအနတွေဟာ မြစ်ကြီးနားမှာ တွေ့တဲ့မိုင်းတွေနဲ့ ယမ်းအမျိုးအစားချင်းတူညီနေပါတယ်။ ဒဏ်ရာရသူတွေကို ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ ဘာသာရေး အသင်းအဖွဲ့များနှင့် မြို့မိမြို့ဖများက ကူညီစောင့်ရှောက်ကြပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် အနေဖြင့် ပြည်သူများနေထိုင်ရာ ဒေသများတွင် အဖျက်လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နေလို့ ကချင်လူမျိုးတွေက ကချင်လွတ်မြောက်ရေး တပ်မတော်အား လူထုက အကြမ်းဖက်အဖွဲ့ အဖြစ် ထင်သွားမှာကို စိုးရိမ်နေပေမယ့် မြစ်ကြီးနားက လူတွေကတော့ သူတို့ကို ရွံရှာမုန်းတီးနေတယ်လို့ မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောကြားခဲ့ပါတယ်။

9 comments

  • windtalker

    November 16, 2011 at 9:58 pm

    ဖတ်ရတဲ့ ၊ မြင်ရတဲ့ သတင်းများ ကြောင့် စိတ်မကောင်းပါဘူး ကိုကိုလူဆိုးရေ
    ဘာပဲဖြစ်ဖြစ် ဗုံးတစ်လုံးကွဲတိုင်း အပြစ်မဲ့ပြည်သူတွေ ဘဲ ခံကြရတာမို ့ ၊ ရွံ ့ရှာ မုန်းတီးကြတာ မဆန်းပါဘူး လို ့

    Reply

  • blackchaw

    November 16, 2011 at 10:02 pm

    ဗုံးဖေါက်ခွဲ တဲ့ နည်းလမ်းက
    တော်တော် အောက်တန်းကျတဲ့ နည်းလမ်းပဲဗျာ။
    လူတွေသေရုံနဲ့ ပြသနာ ပြေလည်မသွားတာ ရှင်းနေတာပဲဗျာ။

    Reply

  • Don Juan Ronald

    November 16, 2011 at 10:53 pm

    တော်တော်မိုက်ရိုင်း၊ရက်စက်ပြီးလူမဆန်တဲ့ကောင်တွေဘဲ။
    မြစ်ကြီးနားမြို့၏မြို့တွင်းဗုံးပေါက်ကွဲမှုသမိုင်းဟာပြောလို့တောင်မဆုံးနိုင်ပါ၊
    ပြန်စဉ်းစားလို့သတိရတာလေးတွေ၊အခါသင့်ရင်တင်ပြပေးမယ်

    Reply

  • ကြောင်လတ်

    November 17, 2011 at 6:09 am

    လူအချင်းချင်း သတ်ဖြတ်ခြင်းကင်းရှင်းကြပါစေ၊

    Reply

  • မှော်ဆရာ

    November 17, 2011 at 8:10 am

    ဘာအကြောင်းကြောင့် ဖောက်ဖောက်
    ဘယ်သူကပဲ ဖောက်ဖောက်
    ဖောက်တဲ့ကောင်က လူမဆန်တဲ့ကောင်ပဲ …
    လုပ်ရဲရင် အသေခံဗုံးခွဲပါလား …
    ကိုယ်ကိုယ်တိုင်ကျတော့ လူမြင်တောင် မခံရဲဘူး …
    သူများကျ အသေဆိုးနဲ့ သေအောင်လုပ်တယ်
    Aရိုးတွေ ……

    Reply

    • mgmgmying

      November 27, 2011 at 7:54 pm

      kaung gyar

      Reply

  • Patriot

    November 17, 2011 at 8:48 am

    OMG, very cruel , Who is the real culprit ? Pointing the finger each other. ( Government or rival ).

    Reply

  • etone

    November 17, 2011 at 11:10 am

    ကိုလူဆိုးရေ … ပုံလေးတွေ အကြီးဖြစ်အောင်တင်လျှင် ပိုပြီးကျေးဇူးတင်မှာပါ … ။

    ဗုံးဆိုတာမျိုးကလည်း မလုပ်သင့်တော့ပါဘူး .. တဦးတယောက်ကို မကျေနပ်လျှင်တောင် အဲ့ဒီလူကို တိုက်ရိုက်ထိမှန်စေမယ့် လုပ်ရပ်မျိုးလုပ်သင့်တာလေ .. (မြှောက်ပေးခြင်းမဟုတ်ပါ ) ။ တခြား ဘာမှ မဆိုင်တဲ့ လူတွေကို အနှောက်ယှက်မပေးသင့်ပါဘူး … . ။ တချက်တည်းနဲ့ သေသွားလျှင်တော်သေးတယ် … မသေမရှင် ဒုကိ္ခတဖြစ်တဲ့အခါ … လူဖြစ်ရှုံးရတဲ့ ဘဝ သနားစရာကောင်းလွန်းလှပါတယ် … ။ ကိုယ့်ကြောင့် သူတပါး ထိခိုက်နစ်နာ လူဖြစ်ရှုံးသွားမယ်ဆိုလျှင် … ကိုယ်ကရော ကောင်းကောင်းနေနိုင်ပါ့မလား … ။
    (နေနိုင်မယ့် လူများလည်းရှိပါတယ် … ဒါကြောင့်လည်း ဗုံးတွေ ခဏခဏပေါက်နေတာပါ 🙁 )

    Reply

  • Sky ko ko

    November 17, 2011 at 11:26 am

    ဟုတ်ပါ့ဗျာ…. အိတုံ ပြောသလိုပဲ ဗုံးတွေဘာတွေသုံးမနေပါနဲ့တော့… သတ္တိရှိရင် တုတ်တုတ်ချင်း၊ ဓါးဓါးချင်း၊ သေနတ်သေနတ်ချင်း ချစမ်းပါ… ခိုးကြောင်ခိုးဝှက် အောက်တန်းကျတဲ့စိတ်ဓါတ်နဲ့ လူမိုက်ကြီး လုပ်ပြမနေပါနဲ့လို့….
    သူများနဲ့စိန်မခေါ်ပါနဲ့ ကျုပ်နဲ့စိန်ခေါ်ပြီးဆော်လိုက်ချင်တယ်… အဲလိုကောင်မျိုးတွေကို အမျိုးပြုန်းသွားအောင် လုပ်ပစ်လိုက်ချင်တယ်… ဟွန်း….:( 🙁 🙁

    Reply

Leave a Reply

Your email address will not be published.