အကြားအမြင်ရစေသော – ပါရှားမဟိဒ္ဓိပညာ

koyin sithuNovember 15, 20111min014

ဒီကျင့်စဉ်ကိုပေါက်မြောက်အောင်မြင်အောင် လေ့ကျင့်မယ်ဆိုရင်တော့ အဲဒီလူဟာဗေဒင်တွေ ဘာတွေ ဘာမှ တတ်ဆရာမလိုဘူး။ ဘာတွက်နည်းညာတွက်နည်းတွေ ဘာမှ တွက်တတ် ချက်တတ်ဖို့ မလိုတော့ဘူ။ မျက်လုံးကလေးမှိတ်လိုက်တာနဲ့ အလိုလိုနေရင်းအာရုံထဲမှာလူတွေရဲ့ အနာဂါတ်ကို ရုပ်ရှင်ကြည့်နေရသလိုပေါ်လာမယ်။ လူတစ်ယောက်ကတစ်စုံတစ်ရာလာမေးမယ်ဆိုရင် မျက်လုံးကလေးမှိတ်လိုက် အာရုံပြုလိုက်တာနဲ့ အကုန်လုံးသိပြီးပြောပြနိုင်မယ်။

လူတစ်ယောက်ကရာထူးတက်မတက် လာမေးမယ်ဆိုပါတော့။ အဲဒီလူကိုကိုယ့်ရှေ့မှာထိုင်ခိုင်းပြီးမျက်လုံးလေးမှိတ်လိုက်။ ပြီးရင် ရာထူးတက်မလား၊ မတက်ဘူးလား။ အာရုံပြုလိုက်တာနဲ့ ကိုယ့်ရဲ့ အာရုံထဲမှာပေါ်လာတယ်။ ကိုယ်ကတန်းပြောလိုက်ရုံပဲ။ နောက်တစ်ခုတစ်စုံတစ်ယောက်ကကိစ္စတစ်ခုအတွက် ယတြာလာတောင်းတယ် ဆိုကြပါစို့။ ကိုယ်ကသူ့ရဲ့ ကိစ္စအတွက် ယတြာပေးပါလို့ အာရုံပြုပြီး ကြည့်လိုက်တာနဲ့ သူ့ရဲ့ကိစ္စ အတွက် ဘာယတြာဆောင်ရွက်ရမယ် ဆိုတာပေါ်လာမယ်။ ကိုယ်ကလုပ်ခိုင်းလိုက်ရုံပဲ။ သူကလည်းယုံယုံကြည်ကြည်နဲ့ လိုက်လုပ်မယ်ဆိုရင် သေချာပေါက် အောင်မြင်မယ်။

ကျွန်တော်တို့ရဲ့ အဘဒေါက်တာမင်းသိင်္ခဟာဆိုရင် ဒီပညာရပ်နဲ့ ဒီကျင့်စဉ်ရဲ့ ထူးခြားမှု့တွေကိုကောင်းကောင်းသိနားလည်ခဲ့တယ်။ ပြီးတော့ အဘမင်းသိင်္ခရဲ့ ဘဝမှာ ဒီပညာရပ်နဲ့ လက်တွေ့အသုံးချခဲ့ပြီးအဘရဲ့ ပညာအမွေခံတပည့်တွေကိုလည်းအရေးကြုံရင် သက်လုံကောင်းစေဆိုပြီး ပြီးဆုံးအောင်မြင်တဲ့အထိကျင့်ဖို့ တိုက်တွန်းထားခဲ့တယ်။

ကျွန်တော်တို့ရဲ့ အဘမင်းသိင်္ခဟာဒုက္ခအခက်အခဲ ကြုံတွေ့နေရတဲ့ (၇)-ရက်သားသမီးတွေကိုကယ်တင်တဲ့နေရာမှာယတြာပေးတဲ့ နေရာမှ တစ်ချို့ ယတြာတွေဟာဒီနည်းနဲ့ ပေးခဲ့တယ်ဆိုတာထင်ရှားတယ်။ တစ်ချို့ ဗေဒင်ဆရာတွေကအဘပေးတဲ့ ယတြာတွေကိုလိုက်ပြီးသုတေသနပြုပြီးဒါဟာဘာနည်းနဲ့ ပေးတယ် ၊ ညာနည်းနဲ့ ပေးတယ်ဆိုပြီးလိုက်လုပ်ကြတတယ်။ အမှန်ကဘာနည်းမှ မဟုတ်ဘူး။ အဘကိုယ်တိုင် လေ့ကျင့်အောင်မြင်ထားတဲ့ ကျင့်စဉ်ရဲ့ စွမ်းအင်နဲ့ ပေးခဲ့တဲ့ ဂမ္ဘီရယတြာနည်းလမ်းတွေပဲ။

တစ်ချို့ ဗေဒင်ဆရာတွေဆိုအဘမင်းသိင်္ခရဲ့ ယတြာတွေကိုတိုက်ခိုက်ခဲ့တာ၊ ပုတ်ခတ်ခဲ့တာတွေ အထိတောင် လုပ်ခဲ့ကြတာတွေ အများကြီးရှိခဲ့တယ်။ အလကားပါကွာဆိုပြီး ဝေဖန်ခဲ့တဲ့လူတွေရှိတယ်။ သုံးတန်ပေါ်နိစ်ပညာကိုစွဲကိုင်ထားတဲ့ တစ်ချို့ဗေဒင် ဆရာတွေကဆန်းကျမ်းနဲ့ ဒါဟာမညီညွတ်ဘူးလို့ ဝေဖန်ခဲ့သလို တစ်ချို့သော အင်္ဂဝိဇ္ဇာ ဆရာတွေကလည်းဒါဟာဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီးတိုက်ခိုက်ခဲ့ကြတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် အဘမင်းသိင်္ခရဲ့ ယတြာပေးခဲ့တဲသမိုင်းတစ်လျှောက်မှာကျမ်းစာပေတွေနဲ့သာမကကျင့်စဉ်တွေရဲ့ အစွမ်းနဲ့ တစ်ချို့ ယတြာတွေကိုစီရင်ပေးလို့ အောင်မြင်ခဲ့ကြတာကိုလည်းအဘမင်းသိင်္ခနဲ့ နှစ်ရှည်လများအတူနေတပည့်ခံခဲ့ကြတဲ့ သန္ဓေတပည့် တော်တော်မျာများဟာသိခွင့်ရခဲ့ကြပါတယ်။ လေ့ကျင့်ခွင့် ရခဲ့ကြပါတယ်။(ဒါကစကားချပ်ပါ)

အခုဒီကျင့်စဉ်အကြောင်းစတင်ပြောပြပါတော့မယ်။

အရင်ဆုံးဒီကျင့်စဉ်ကိုစတင်ကျင့်ဖို့အတွက် ရက်ရွေးချယ်ရမယ်။ ဘယ်နေ့မှာစပြီးကျင့်မလဲပေါ့။ အဲဒီရက်ကိုသိရဖို့အတွက်ကတော့ ကိုယ့်နာမည်ကိုအင်္ဂလိပ် ဂဏန်းဗေဒင်နည်းနဲ့ တွက်ချက်ပြီးစတင်ကျင့်ရမဲ့ ရက်ကိုရှာယူရမယ်။

အဲဒီလိုရှာယူဖို့အတွက် a,b.c.dတွေကိုအရင်ဆုံးတန်ဖိုးသတ်မှတ်ထားပြီးမှတ်ထားရမယ်။

A , I , J, Q , Y, X……………. ၁
B , K , R ………………………. ၂
C , G . L , S…………………… ၃
D , M , T ………………………. ၄
E , H , N……………………….. ၅
U , V , W…………………….. ၆
O , Z…………………………….၇
F , P…………………………….၈
အဲဒါတွေကိုအရင်ဆုံးမှတ်မိအောင် မှတ်ထားရမယ်။

ဟုတ်ပြီ။ နောက်တစ်ဆင့် တက်ရအောင်နော်။ အဲဒါတွေ သိပြီဆိုရင် ဘယ်လိုတွက်ရမလဲဆိုတော့ ကိုယ့်နာမည် ကိုအင်္ဂလိပ်လိုချရေးရမယ်။ ပြီးရင် အင်္ဂလိပ်အက္ခရာတွေကိုဂဏန်းတန်ဖိုးနဲ့ ချရေးပြီး။ တစ်လုံးထဲရအောင် ပေါင်းရမယ်။ ဥပမာ… ကိုရင်စည်သူဆိုပါတော့။ တွက်ကြည့်ရအောင်….။

ကိုရင်စည်သူ = KOYIN SITHU
K+O+Y+I+N = 2 + 7 + 1 + 1 + 5 = 16
S + I + T + H + U = 3 + 1 + 4 + 5 + 6 = 19

16 + 19 = 35= 8အဲဒီလိုတွက်ကြည့်ရမယ်။

နောက်ဆုံးတစ်လုံးထဲရတဲ့အထိတွက်ကြည့်ရမယ်။ တွက်ကြည့်ပြီးပြီဆိုရင် ဂဏန်းနဲ့ သက်ဆိုင်တဲ့ နေ့တွေ ရှိတယ်။ အဲဒါကိုတတိယအဆင့်လို့ မှတ်ထားဗျာ။

(၁+၄) ရတဲ့ လူက ……………… တနင်္ဂနွေနေ့။
(၂+၇) ရတဲ့လူက ………………..တနင်္လာနေ့။
(၉) ရတဲ့လူက……………………..အင်္ဂါနေ့။
(၅)ရတဲ့လူက………………………ဗုဒ္ဓဟူးနေ့။
(၃)ရတဲ့လူက…………………….. ကြာသပတေးနေ့။
(၆) ရတဲ့လူက……………………..သောကြာနေ့။
(၈)ရတဲ့လူက……………………..စနေနေ့။ကျင့်ရမယ်။ ဒါကတော့ စကျင့်ရမယ့်နေ့ပဲ။ ရက်ကတော့ လဆန်းရက်ရဲ့ ပထမရက်သတ္တပါတ်အတွင်းမှာ ပါဝင်ရမယ်။

ကဲ…ကျင့်စဉ်ကိုဘယ်လိုကျင့်မလဲ… ကိုယ်ရွေးချယ်လို့ ရတဲ့ နေ့ ညဘက် သန်းခေါင်ကျော်ရင် အိမ်အပြင်မှာကျင့်ရမယ်။ အမိုး လုံးဝမရှိတဲ့နေရာမှ လေ့ကျင့်ရမယ်။ အနောက်စူးစူးကိုမျက်နှာမူပြီးမျက်စိမှိတ်ပြီးထိုင်ရမယ်။ ထိုင်တာကတော့ တင်ပျဉ်ခေါချိတ်ပြီးထိုင်ရင် အကောင်းဆုံးပါပဲ။ ထိုင်နေတဲ့ ပါတ်ဝန်းကျင်မှာ အမွှေးတိုင် ထွန်းထားရမယ်။ ထွန်းရမဲ့ အရေအတွက်ကတော့ မိမိနာမည်နှင့် တွက်ပြီးရတဲ့ ဂဏန်းအရေအတွက်တိုင်းပဲထွန်းပါ။

အဲဒီလိုထိုင်နေရင်း ကြာလာတော့ မျက်စိထဲမှာမီးရောင်လက်သလိုလို ၊ လက်နှိပ် ဓါတ်မီးနဲ့ ထိုးလိုက်သလိုလိုခံစားရမယ်။ ကြက်သီးတွေ ထလာမယ်။ မည်းခနဲမှောင်ခနဲအရိပ်ကျလာသလို ဖြစ်လာမယ်။ မကြောက်ပါနဲ့။ နောက် ဘာဆက်လုပ်ရမယ်ဆိုတာအဲဒီကျင့်စဉ်ကိုကျင့်နေရင်းနဲ့ သင်ကြားပြသပေးမယ့် ဆရာတွေ ရောက်လာပါလိမ့်မယ်။

တစ်ယောက်နဲ့ တစ်ယောက်တော့ အောင်မြင်ပေါက်မြောက်တာမတူပါဘူး။ ဒါပေမဲ့ ကျွန်ုပ်တို့၏ ဆရာသခင်ဖြစ်တဲ့ အဘမင်းသိင်္ခကမှာခဲ့တာကတော့ တစ်နေ့ တစ်နာရီလောက် ပုံမှန်လေးလေ့ကျင့်ပါကွာတဲ့။ ရက်မပျက်ပဲသေသေချာချာချာလေ့ကျင့်မယ်ဆိုရင် ရက်ပေါင်း(၆၀) ၂-လအတွင်း ပေါက်မြောက် အောင်မြင်ပါတယ်ကွာလို့ ပြောထားခဲ့ဘူးကြောင်းနှင့် စာဖတ်သူများလက်တွေ့ ကြိုးစားလေ့ကျင့်ပါက ဘဝလမ်းခရီးတွင် အရေးကြုံ သက်လုံကောင်းစေဆိုသကဲ့သို့ လိုရာဆန္ဓပြည့်ဝကြပါစေကြောင်း စေတနာကောင်းဖြင့် ရေးသားဖော်ပြ လိုက်ရပါသတည်း။

14 comments

  • ကိုရင်စည်သူ

    November 15, 2011 at 1:58 pm

    ဒီပို့စ်က မနေ့ကထဲက တင်ဖို့လုပ်နေတာ..
    ကွန်နက်ရှင်မကောင်းတာနဲ့ တစ်ဝက်တစ်ပျက်ဖြစ်လိုက်
    ကွန့်မန်ပေးမရလိုက် ဖြစ်နေတာ.. ခုမှပဲ ကောင်းတော့တယ်ဗျာ..
    လာဖတ်ပေးကြလို့ ကျေးဇူးတင်ပါတယ်… 🙂 🙂 🙂
    (သဂျီးရေ… အပိုဖြစ်နေတဲ့ နှစ်ပို့စ်လုံး ဖျက်ပေးပါဗျို့…)

    Reply

    • inz@ghi

      November 15, 2011 at 2:06 pm

      အဲ့လိုလုပ်ပါ ကိုရင်စည်ရ ….
      တားတားကို ဟိုညက ဟောတာကွက်တိ …
      ထပ်ဟောပါဦးအစ်ကိုရ…
      နိုင်ဂျံဂါးမှာ အိမ်ထောင်ကျကိန်း ချိမချိ…
      လူမျိုးဂျား နဲ့ ရမရ
      ရမယ်ဆို ဘယ်တော့လောက် ရမလဲ
      (အဟဲ … ဂယ်က နက်ဖန်သဘက်လောက် ရချင်ထှာ)
      ပီး ..လေ.. .ဟို ဟို ..ဘယ်နှယောက်ရမလဲ ….
      အားကိုးပါသည် …ကိုရင်စည်

      Reply

      • Moe Z

        November 15, 2011 at 2:14 pm

        ကိုရင်အစားဟောပေးလိုက်မယ်နော် အဟမ်း…အဟမ်း
        နိုင်ဂျံဂါးမှာ အိမ်ထောင်ကျကိန်းချိတယ်
        ၂ ယောက်တောင်ရမာ..
        ဆီနီဂေါက ၁ ယောက်၊ အီသီယိုးပီးယားက ၁ယောက်
        သိပ်မစောင့်ရတော့ပါဝူးတွယ် 😀 😀

        Reply

        • inz@ghi

          November 15, 2011 at 2:20 pm

          နီနော် နာ့ဝိုနော် နာမီလည်း ဖျက်တေးတယ်နော် ….နီပဲယူပါရား…
          နီရို့ချီက မြန်မာနီဂရိုးလိဂ်မှာ အဲ့ကလူတွေပေါလို့ …

          တိတယ်တိတယ် …နီလည်း MZ နာလည်း MZ ပဲကို …နာ့ကျမှ အင်ဂျီးဖြစ်ပီး ကပ္ပလီမယူရတေး

          နီ့ကို တင်းတွားဘီ ..နောက်တပုဒ်မှာ ရတနာပုံယူနိုက်တက် တိုက်စစ်မှူး ကိုနေးကို အော်တိုရေးခိုင်းတဲ့အခန်း ထည့်ရေးပစ်မယ်..

        • ကိုရင်စည်သူ

          November 15, 2011 at 2:29 pm

          အဟမ်း.. ကိုအင်ဂျီးရေ..
          ဟိုနေ့ညက ကျနော် ဟောပေးမလို့
          အဲ့ဒါကျန်ခဲ့တဲ့.. နိုင်ဂံဂျားမှာ လူမျိုးခြား နှစ်ယောက်နဲ့ကျမယ်…
          သိပ်မစောင့်ရတော့ဘူး.. ဟိုက ဆိုမာလီကမ်းခြေကနေ
          စထွက်လာပီ.. အရှေ့ကျွန်းကို.. ဟီးဟီးး :mrgreen: :mrgreen:
          ဇက်ဂလေး ဟောပေးတဲ့အတိုင်းပဲ… 😳 😳

        • inz@ghi

          November 15, 2011 at 2:33 pm


          ကိုယ့်လူကပါ ဂလိုလား ….
          ရတယ်နော် အင်ဂျီးတဲ့ …. အဲ့ကပ္ပလီမ၂ယောက်နဲ့
          သားတယောက်သမီးတယောက်မွေးမယ်
          ပီး ကိုယ့်လူတို့ နာမည်တွေ ပေးမယ် ….
          ဟင်းဟင်း . ….တသက်လုံးနိုင်စားသွားလို့ရပီ ….

          နိုင်စားနည်းပြမယ် ဂလို
          ဂေါက် …အင်းဟာ အင်းဟာ…
          တယ် ….ငစည် အဲလောက် အဆော့မက်ရသလား..
          ဖျန်း ..တယ် ငမိုးဇက် ထစမ်း …ပေတလူးနေတာပဲ
          ထိုင်ထ အခါ ၂၀ဝလုပ်စမ်း ……..ညှင်းညှင်း ဘာမှတ်သတုံး….
          😀

  • ပေါက်ဖော်

    November 15, 2011 at 2:45 pm

    ထုံးစံအတိုင်း..
    မှတ်ထားပြီး ကူးသွားတယ်နော့..ကရင်စည်ရေ
    ခုတော့ မကျင့်သေးဘူး….လက်ရှိ အလုပ်ပြုတ်သွားရင်တော့ ဒီနည်းကို တစ်ဖက်ကမ်းခပ်အောင်
    ကျင့်ပြီသာမှတ်
    လာဟောချင်တဲ့လူတွေ..ခုကတည်းက ဘွတ်ကင် လုပ်ထားကြပေရော့
    ငွှဲ..ငွှဲ..ငွှဲ..
    😆

    Reply

  • အီးတီ

    November 15, 2011 at 7:19 pm

    MG ထဲမှာဗေဒင်ဆြာ ရှိတယ်ထင်တယ်။ ကိုစည်သူတင်တဲ့ ပိုစ်တိုင်းမှာ နီရဲနေတယ်။

    Reply

  • ပေါက်ဖော်

    November 15, 2011 at 7:33 pm

    ဟမငေး..ဟမငေး..
    ရဲနေလိုက်ကြတာ..ကပေ့နှာခေါင်းကြီး ကျနေတာဘဲ..
    ပျော်ချရာဂျီး..
    ကွိ..ကွိ..
    😆

    Reply

  • windtalker

    November 15, 2011 at 7:38 pm

    ကိုရင်စည်ရေ
    ခင်ဗျား အစား
    ဇာဇာ့ ကို ကျုပ် ဟောပေးပါရစေ
    ဇာဇာ့ လက္ခဏာ ကို မှန်းဆ ကြည့်ချက်အရ
    ဇာဇာ ဟာ ရန်ကုန်မှာဘဲ အိမ်ထောင်ကျမယ်
    အလုပ်တူတူလုပ်နေတဲ့ ၊ လောလောဆယ် တစ်မြေစီ ဝေးကွာနေတဲ့
    အသိထဲက ဘဲ ။ ဟဲဟဲ

    Reply

    • inz@ghi

      November 15, 2011 at 8:13 pm

      နာ့တိုရင်ကို ပေါ်တင် မဝေဖန်ဘဲ အခြောက်လို အနီတွေ ကြိတ်ကြိတ်ပေးနေတာ ဘူလဲကွ …

      Reply

      • ကိုရင်စည်သူ

        November 15, 2011 at 8:44 pm

        ကဂီ့ရေ.. ရုပ်ချော သဘောကောင်းတဲ့
        ကိုရင့်ကို ကြိတ်ကြွေနေတဲ့.. ရွာထဲက အပုန်းလေးတွေ
        မပွင့်တပွင့်လေး များလား… (အာရုံခံကြည့်တာပါ) 🙄 🙄
        တိနေဒယ်.. တိနေဒယ်.. အနီကတ်လေးတွေနဲ့ဆိုတော့.. ကိုရင့်ကွန့်မန့်လေး
        ပိုပြီး ထင်းလင်းသွားတာပေါ့ကွယ်…

        Reply

    • inz@ghi

      November 15, 2011 at 8:17 pm

      ကပေ သည်တခါတော့လွဲတယ်ခည..
      တားတားဝမ်းနာ တားတားတာ အတိဆုံးပါ..ဟင့်

      Reply

  • manawphyulay

    November 16, 2011 at 6:12 pm

    မကျင့်တော့ဘူး။ ကိုရင်ရေ……. ကျင့်ပြီးရင် တွက်ပေးတယ်မလား။ ဒီလိုပြောပုံအရဆိုရင်တော့ ကိုရင်တစ်ယောက် ဒီကျင့်စဉ်ပေါက်မြောက်အောင်မြင်နေပြီလို့ ယူဆရတယ်။ ဒီတော့ နည်းနည်းလည်းတော့ တွက်ပေးပေါ့ ဟုတ်ပြီလား…..

    Reply

Leave a Reply to inz@ghi Cancel Reply

Your email address will not be published.