ကျနော်သိတဲ့ဆေးပေါင်းခတဲ့ည

koaungNovember 13, 20111min010
အချိန်ကတော့ တခုသော တန်ဆောင်မုန်းလဆန်းပေါ့ဗျာ
ကျနော်ကကားမောင်းတာလဲဝါသနာပါသလို တဘက်ကလဲကျောင်းတက်ရင်း ကျောင်းစာရိတ်ရှာရပါတယ် ဦးလေးရဲ့ မာဇဒါစီဒင်ကားလေးကို ပရိုက်ဗိတ် တက်စီမောင်းခဲ့ဘူးပါတယ် တနေ့တော့ ရပ်ကွက်ထဲကအိမ်နီးနားချင်းတယောက်က(သတင်းစာတိုက်မှသတင်းစာဆရာတဦး)ကားလာငှါးပါတယ် ဘယ်ကိုလဲဆိုတော့ ပဲခူးကိုတဲ့
ဒါနဲ့ ဘယ်နေ့လဲလို့မေးတော့ တန်ဆောင်မုန်းလပြည့်နေ့တဲ့ ဒါနဲ့ကျနော်လဲကောင်းပြီ ဘယ်နနာရီ ထွက်မလဲမေးတော့ ညသန်းခေါင်တစ်နာရီထွက်မယ် ပေါ့ဗျာ အဲဒါနဲ့ကျသင့်တဲ့ဈေးပြောပြီး ခရီးဆက်ခဲ့ကြပါတယ် လမ်းမှာတော့ကျနော်က ဦးလေးကားကို ဂရုစိုက်ပြီးမောင်းခဲ့တယ်ပေါ့ဗျာ(ဦးလေးကကားကိုရိုရိုသေသေသုံးတတ်လို့ပါ) တလမ်းလုံးစကားလဲနဲပါတယ် သူတို့က မိသားစုနှစ်စုပေါင်းပြီးကားငှါးပုံရပါတယ် ကားပေါ်မှာကျနော်အပါအဝင်လူကြီးသုံးယောက်ကလေးတယောက်ပါ သူတို့ကလဲကျနော်ကလူငယ်ပေမဲ့ ကားကိုရမ်းရမ်းကားကား မမောင်းတတ်တာကိုသဘောကျကြတယ်ပေါ့ဗျာ ဒါနဲ့ပဲခူး ကိုရောက်တော့ ဘယ်ကိုမောင်းရမလဲမေးတော့ ရွှေမော်ဓောဖုရားကိုမောင်းပါတဲ့ ဖုရားကိုရောက်တော့ သူတို့လဲခနစောင်, ဆိုပြီး ဖုရားပေါ်တက်သွားကြတယ်ပေါ့ဗျာ ဒါနဲ့ကျနော်လဲ အပေါ့အပါးခနသွားပြီး နောက်မှဖုရားပေါ် တက်သွားတာ သူဒို့ကိုတော့မမြင်လိုက်တော့ပါဘူး ကျနော်လဲတယောက်ထဲ ဖုရားကိုတပတ်ပတ်ရင်းကြည်ညိုနေတုံး အထက်ပျစ်စရံ ကိုတက်တဲ့အဝင်ဝမှာ ကျနောဧည့်သည်မိသားစုလဲ ဝင်ဝမှာ တံခါးစောင်, တံခါးဖွင့်ပေးနေတာကိုတွေ့လိုက်ရပါတယ် အချိန်ကတော့မနက် သုံးနာရီကျော်ကျော်လေးပါ အဲဒါနဲ့ကျနော်လဲအနောက်ကလိုက်ပြီးအထက်ပျစ်စရံကိုတက်ပါတယ်
အဲဒီတော့မှ ကျနော်အိမ်နီးနားချင်းသတင်းစာ ဆရာကြီးကကျနော်ကိုပြောတာက မောင်ရင် မင်းကတော့ ပိုက်ဆံလဲရ ငါဒို့လိုကုသိုယ်လဲရ လို့ပြောပါတယ် (သတင်းစာဆရာများသည် အတွေ့ကြုံများသလိုဗဟုသုတလဲကြွယ်ကြပါတယ်)ရှင်းရှင်းပြောရရင်တော့ သာမန်ပညာတတ်တွေထက်ပိုသိတယ်ပိုတတ်တယ်ပေါ့ဗျာ
အရင်ကသူတို့သတင်းစာဆရာများ ဟိုအကြောင်းဒီအကြောင်းပြောကျရင်း(ဆရာဦးသိန်းဖေမြင့်အမည်ပါပါကြောင်း) စနေနေ့မှာတန်ဆောင်မုန်းလပြည့် နဲ့ထပ်ရင်ဆေးပေါင်းခတယ် အဲဒီနေ့မှာပဲခူးရွှေမော်ဓောမှာ အဓိတ်ထန်ရင် ဆုတောင်းပြည့်တယ်ဆိုတာကြားခဲ့ဘူးလို့ ဒါကြောင်၊မောင်ရင်မင်းလဲလိုတဲ့ဆုကိုကြုံတုံး တောင်းကွာလို့ပြောပါတယ် ဒါနဲ့ကျနော်လဲ ဆေးပေါင်းခတဲ့ည(သူဒို့ပြောသမျှကို ကျေးဇူးတင်ရင်းနဲ့)ဂုံတော်ပတီးနဲ့ ဖုရားကိုပူဇော်ခဲ့ပါတယ် ကျနော်သိတဲ့ဆေးပေါင်းခတဲ့ညဖြစ်ပါတယ် မျှဝေခံစားနိုင်ကြပါစေ ရွာသူရွာသားများအား အစဉ်လေးစားလျှက်

10 comments

  • koaung

    November 13, 2011 at 10:24 pm

    ကျနော်သိတဲ့ဆေးပေါင်းခတဲ့ည သည်းခံအားပေးကြပါဗျာ 😀

    Reply

  • small cat

    November 14, 2011 at 6:22 am

    ကျွန်တော်ထင်တာ ဆေးပေါင်းခတာအကြောင်းပြပြီးလူငယ်တွေ မယ်ဇလီပင်တွေကိုဒုက္ခပေးတဲ့အကြောင်းများလားလို့၊
    မဲဇလီ အဖူးကော အရွက်နုနုတွေကော ခူးသုတ် အရက်နဲ့ သောက်စားပျော်ပါးကြ၊
    ဆေးပေါင်းခလားမခလားမသိ၊ဝမ်းတွေလျှောပြီး ၊နောက်နေ့ ဆေးခန်းရောက်ပါ၏။

    Reply

  • aye.kk

    November 14, 2011 at 8:19 am

    မြန်မာ့ရိုးရာ ဆေးပညာတွေထဲမှာ သမားတော်တွေ အသုံးပြုအများဆုံးဖြစ်တဲ့ အင်မတန်မှဆေးဖက်ဝင်လှတဲ့
    မယ်ဇလီအပင်ဟာ သူ ့ရဲ ့အရွက်အသီးအပွင့် အားလုံးဟာဆေးဖော်ရာမှာ အသုံးဝင်လှတဲ့အပြင် လူတွေအတွက် အင်မတန်မှလည်းအကျိုးပြုပုံ ကျေးဇူးကြီးမားပါတယ် တန်ဆောင်မုံးလပြည့်ညဟာ ကြယ်စင်နက္ခတာရာတို့ ထွန်းလင်းတောက်ပဆုံးဖြစ်တဲ့အပြင် ဆယ့်နှစ်ရာသီနက္ခတာရာတို ့အစုံအလင်တွေ ့မြင်ရတဲ့ အခါသမယညလည်း
    ဖြစ်ပါတယ် ဆေးဖက်ဝင်လှတဲ့ မယ်ဇလီတို ့အစွမ်းကုန်ဖူးပွင့်ကြတဲ့ အချိန်နဲ ့လည်းတိုက်ဆိုင်လျှက် ရှိနေတဲ့အပြင် ရှေးခေတ်ဗေဒင်ဆေးကျမ်း သင်ယူသူများကို အဲဒီညမှာဆရာတော်တွေက မအိပ်မနေရဘဲ သန်းခေါင်ယံအချိန်အထိ ထိုင်စောင့်ပေးကာ သင်ကြားပြသပေးရတဲ့ ညတညလည်းဖြစ်ပါတယ်
    တန်ဆောင်မုံးလပြည့်ညဖြစ်တဲ့ ဆယ့်နှစ်ရာသီနက္ခတာရာတို ့စုံလင်စွာထွက်ရှိတဲ့အချိန်မှာမှတန်ခိုးသဒ္ဓိပါတ်နဲ ့ပြည့်စုံတဲ့နတ် ဆေးကြိမ်လုံး
    ကိုင်ဆောင်ပြီး ဇော်ဂျီတို ့ဆေးကြိတ်ကြတယ်လို ့ရှေးရိုးအယူအဆကို
    အစွဲပြုရာမှတစ်ဆင့် ဆေးပေါင်းခတဲ့ညလို ့ခေါ်ဆိုသမုတ်ခဲ့ကြတာပါ..
    ဆေးပေါင်းခတဲ့ညလို ့ယုံကြည်မှုရှိကြတဲ့အပြင် အဒီညမှာဖူးပွင့်ကြတဲ့ မယ်ဇလီရဲ ့
    အဖူးအပွင့်အရွက်တို ့ကိုလိုသလိုအသုံးပြုကာ အိမ်ရှင်မတွေက မဖြစ်မနေ ဟင်းလျှာအမယ်အနေနဲ ့ချက်ပြုတ်ကျွေးမွေးရာကနေ စကားအဖြစ်ရှင်းပြကြရင်း ဆေးပေါင်းခတဲ့ည
    ဆိုပြီးခေါ်ဆိုကြတာလေးကို ပြောပြလိုက်ပါရစေ…
    သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေး.. မသန် ့ရှင်းတာစားသောက်ရင်တော့ ဘယ်အစားစာမဆိုဥပါဒ်
    ပေးမှာပါဘဲ သတိပြုသင့်ပါတယ်…

    Reply

  • ပေါက်ဖော်

    November 14, 2011 at 10:07 am

    စနေနေ့မှာတန်ဆောင်မုန်းလပြည့် နဲ့ထပ်ရင်ဆေးပေါင်းခတယ် အဲဒီနေ့မှာပဲခူးရွှေမော်ဓောမှာ အဓိတ်ထန်ရင် ဆုတောင်းပြည့်တယ်

    ဆာအောင်ကြီး.အဲဒီအကျိုးတွေကြောင့်..အပန်းဖြေလိုက်..ဒါ့ပုံရိုက်လိုက်နဲ ့..အိုကေနေတယ်ထင့်ပါ…

    အပေါ်က ဦးအေးကိုကို(aye.kk) ရှင်းပြတာလဲ..ကျေးဇူးနော်

    ကျနော်တော့ ဘာဆေးပေါင်းမှ အခဖူးဘူး..အဟိ…
    မယ်ဇလီလဲ ကြိုက်ဝူး..ခါးလို ့..

    ဆေးပေါင်းခတာကို..လိုက်ပါအားဖြည့်မဲ့….အဘရဲ့တပည့်..ဆာစည်သွတ်ရဲ့….ကွန်းမန် ့ပဲ ကျန်တော့တယ်..

    စောင့်ကြည့်ဦးမှ

    😆

    Reply

    • koaung

      November 14, 2011 at 10:52 am

      ဟုတ်ရပါဝူးဂျာ အနားယူတာဟုတ်ပါဘူးဗျာ ကျနော်ဇနီးနဲ့ကလေးတွေ ရဲ့ လက်တိုလက်တောင်းအဖြစ်ရယ် မန်းဂဇက် ရဲ့သတင်းရီပိုတာအဖြစ်နဲ့ဂိုးရတာပါဗျာ (တနေ့လုံး ပြစ်စည်းသယ်လိုက် ဘာသာပြန်လိုက် ဓတ်ပုံရိုက်လိုက်ပါပဲ)သနားစရာ သတ်သဝါလေးပါဗျာ (သနားသွားမယ်) အနော့ကို

      Reply

  • ကြောင်ကြီး

    November 14, 2011 at 10:26 am

    ဘယ်လို အဓိဌာန်ပြည့်ကြောင်းလည်း ပြောအုံးလေ။။။

    Reply

    • koaung

      November 14, 2011 at 10:45 am

      ဆရာလေးကြောင်ရေ သူတို့ပြောသမျှပဲသိတာပါ သမိုင်းဒန်တာရီပဲပြောရင်လဲရ တယ်ပေါ့ဗျာ ကိုယ်ကလဲကြုံတုံးလေး အရင်းမစိုက်လှေထိုးလိုက်တာပါပဲ ဒါပေမဲ့ တန်ဆောင်မုန်းလရောက်တိုင်းအမှတ်တရ ရှိနေ တာကတော့ အမှန်ပါ

      Reply

  • windtalker

    November 14, 2011 at 10:28 am

    ကိုအောင် တစ်ယောက်ကော ဘာတွေ ဆုတောင်းခဲ့သလဲဗျို ့
    အေကေ47 ကို ပြန်ပစ်စရာ အမ်16 တစ်လက်မြန်မြန်ရပါစေ များလားဗျ
    🙂

    Reply

  • koaung

    November 14, 2011 at 10:37 am

    ဆရာသမားလေး ကိုပေ အဲတုံးကအေကေ၄ရ ဘယ်မှာနေမှန်းတောင်မသိပါဘူးဂျာ ကိုယ်ကျောင်းလခတောင်ကိုယ်ကမနဲပေးနေရတာ ရေသနတ်ဆိုဟုတ်သလိုရှိဦးမယ် 😀

    Reply

  • koyinmaung

    November 14, 2011 at 11:20 am

    အင်..ကိုအောင်ခေါ်ပုံလေးသဘောကျသဗျာ
    ကိုကြောင်ကြီးကို..ဆရာလေးကြောင်ရေ တဲ့
    ကျုပ်တို့ဆီမှာဆရာလေးဆိုတာမယ်သီလရှင်ကိုခေါ်တာ …ဟေဟေ့
    aye.kk ရေ ခင်ဗျားပြောမှတချို့အကြောင်းအရာတွေသိရတယ်
    ကျေးဇူးပါ…..

    Reply

Leave a Reply to ကြောင်ကြီး Cancel Reply

Your email address will not be published.