အမှူအပ်ချင်အုံးဟ

htet wayNovember 12, 20111min011

အမှူအပ်ချင်အုံး
————
တရားရုံးကိုအမူအပ်ဖို့ရောက်လာတဲ့ကိုဝင်းဇော်ဟာတခါမှအမူမဖြစ်ဘူးတော့ဘယ်ရှေ့နေငှားရမယ်မသိဘူး
ဖြစ်နေတယ်။ဒါကြောင့်တရားရုံးလျျှောက်လွှာစာရေးကိုမေးကြည့်တော့ရှေ့နေကြီးရဲထက်ဆိုးရှိတယ်ခင်ဗျားငှားမလားပေါ့။
ကိုဝင်းဇော်ကလည်းအတွေ့အကြုံမရှိရှာတော့ေဩာ်..ရဲထက်စိုးတောင်နာမည်အတော်ကြီးနေပြီပဲဆိုပြီးဆရာစာရေးရယ်
နာမည်ကြီးဆိုငှားပါ့မယ်၊ခေါ်ပေးပါလို့ပြောပါတယ်။ဒီမှာတင်လျှောက်လွှာစာရေးကရဲထက်ဆိုးတဲ့ရှေ့နေကြီးစိုးမြင့်ကိုရှာ
တွေ့ပေးလိုက်ပါတယ်။
ရှေ့နေကပထမဦးစွာလက်ဖက်ရည်ဆိုင်ကိုခေါ်သွားပါတယ်။အမူအပ်မှာလား၊ဘာအမူလည်းလို့မေးတဲ့အခါ
ကိုဝင်းဇော်က“ဆဲမူပါဆရာ” ရှေ့နေက“ဆဲမူလား” ဒီအချိန်မှာပဲစားပွဲထိုးလေးကဘာသောက်မှာလည်းဆရာလို့လာမေးပါတယ်
အေး..ထုံးစံအတိုင်းချ.ေဩာ်.နေအုံးတခါကကိတ်မုန့်ရှိသေးလား၁ဝခုလောက်ထုပ်လိုက်မိန်းမကကြိုက်တယ်ကွ..ဟေ့ကောင်
ဆေးလိပ်ကတစ်ဗူးလုပ်လေ၊လက်ဖက်ရည်နှစ်ခွက်ချ”ရှေ့နေကကိုဝင်းဇော်ဘက်လှည့်ပြီးနောင်ကြီးလက်ဖက်ရည်ပဲမလား
လို့မေးပါတယ်၊ကိုဝင်းဇော်ကလည်းရိုရိုကျိုးကျိုးပဲဟုတ်ကဲ့ခင်ဗျလို့ပြန်ပြောပါတယ်။
“အေးဗျ..ဆဲမူဆိုတော့အမူသဘောအရတော့အာမခံလုပ်ရမယ်.လုပ်ပြီးြ့ပီလား”
ကိုဝင်းဇော်ကလည်းမျက်လုံးပြူးပြီး“မ.လုပ်..ရသေး..ပါဘူးး”လို့ပြန်ပြောတဲ့အခါခင်ဗျားတော့ဒုက္ခပဲ
ဒါချုပ်လို့ရတယ်ဘာမှတ်လည်း အခုသွားလုပ်ရမယ် ေဩာ်..နေအုံးရှေ့နေကစားပွဲထိုးကိုလှမ်းခေါ်ပါတယ်
ပြီးတော့ကိုဝင်းဇော်ဘက်လှည့်ပြီး”ခင်ဗျာရှေ့နေခအရင်ရှင်းထား.ဟေ့စားပွဲထိုးဒီဝိုင်းတွက်မယ်ငါ့ကိုကြက်ဥပြုတ်
၃လုံးစာပါထည့်တွက်နော် နောင်ကြီးရဲ့ ..“သားကကြက်ဥပြုတ်သိပ်ကြိုက်တာ..”။
စားပွဲထိုးရောက်လာတော့ ကိုဝင်းဇော်ရှင်းလိုက်ရတာ၃၀ဝဝ်ကျပါတယ်။ရှေ့နေခက၇၀၀၀ဝပေးရပါတယ်
ရှေ့နေကဆက်ပြီး ခင်ဗျားအာမခံရဖို့တရားသူကြီးဆီဝင်ရမယ် လျှောက်လွှာစာရေးဆီသွားအကျိုးအကြောင်းဝင်ပြောခိုင်း
တရားသူကြီးကအာမခံမပေးရင်ခင်ဗျားအချုပ်ခံရမယ် ဘာမှတ်လည်း….။ကိုဝင်းဇော်လည်းဟုတ်တလုံးထဲပြောပြီး
လျှောက်လွှာစာရေးဆီပြေးရပြန်ပါတယ်။လျှောက်လွှာစာရေးကလည်းခပ်တည်တည်နဲ့မို့မျက်နာချိုသွေးပြီးတောင်းပန်ခယ
ပြန်ပါတယ်။လျှောက်လွှာစာရေးက“ခင်ဗျားတရားသူကြီးဆီဝင်ရမယ်မပူနဲ့ကျွန်တော်ပိုင်ပါတယ်၁၀၀၀ဝလောက်တော့ကုန်မယ်
ကိုဝင်းဇော်မျက်လုံးပြူးသွားပါတော့တယ်“ဗျာ.”ဟုသာသူရွတ်နိုင်ပါတော့တယ်။ဆဲမိတဲ့သူ့ပါးစပ်ကိုဖေါင်းကနဲမည်အောင်ရိုက်လိုက်
မိပါတယ်။
လျှောက်လျွှာစာရေးကတရားသူကြီးခန်းထဲအာမခံပေးရန်လျှောက်လွှာစာရွက်လေးလိပ်ပြီးကိုင်လို့ဝင်သွားပြီး
“ဆရာ..ဗမာဆေးပါးပါးမှာဂုံခါးထည့်မလားကျွန်တော်သွားထုပ်လိုက်မယ်လို့ပြောတဲ့အခါတရားသူကြီူကအေးတလုံးပဲ
ပြန်ပြောပါတယ်။ဒါကိုစာရေးကအပြင်ရောက်တော့ကိုဝင်းဇော်ကို“ငါမနည်းပြောခဲ့ရတယ် အခုတောင် သူစားဖို့ကွမ်းယာထုပ်
်ခိုင်းလိုက်တယ် ငါသွားဝယ်ရအုံးမယ်”ကိုဝင်းဇော်ကလည်း “ဟုတ်”လို့တလုံးတည်းသာရွတ်နိုင်ပါတော့တယ်။
နေ့လည်မှာ သူ့ပါးသူ့ပြန်ရိုက်ပြီး ပါးစပ်ကပွစိပွစိလုပ်နေတဲ့လူတယောက်ကိုတရားရုံးလာသူများကအထူးအဆန်း
ဝိုင်းကြည့်နေကြပါတယ်။ထိုသူဟာ တခြားမဟုတ် ကိုဝင်းဇော်သာဖြစ်ပါသည်ခင်ဗျား။ ။

11 comments

  • ချစ်ရင်ထူး

    November 12, 2011 at 11:18 pm

    အဲဒါပဲလေ ကျွန်တော်သိသလောက်ပြောပြရဦးမယ်၊ တရားရုံးမှာ အဲလိုလုပ်စားဖို့ လူတွေက အဆင်သင့်ပဲ စောင့်နေကြတာလေ၊ တောသူတောင်သား ရိုးရိုးအေးအေး ဆိုရင်တော့ သေဖို့သာပြင်ပေတော့ပဲ ။ ဥပဒေ မှာက အာမခံ ပေးလို့ရတဲ့ ပုဒ်မ ရှိတယ်၊ ပေးလို့မရတဲ့ပုဒ်မ ရှိတယ်။ မဖြစ်နေကို ပေးရမယ့်ပုဒ်မ ရှိတယ်။ အတိအကျသိချင်ရင်တော့ ဇယား ၂ မှာ ရှာကြည့်နိုင်ပါတယ်။(ပုဒ်မ သိဖို့တော့လိုပါတယ်)။ အဲဒါထားလို့ အာမခံ ပေးလို့ရတဲ့ ပုဒ်မ ကိုတရားသူကြီးက မပေးလဲ ရတယ်။ အဲတော့ အာမခံ လိုချင်ရင် တရားသူကြီး ကိုကပ်ပေါ့။ ဒါပေမယ့် အာမခံပေးရမယ့် ပုဒ်မ မျိုးကို တရားခံ ဘက်ကမသိတဲ့အခါကျရင် စာရေးက လုပ်စားတတ်ပါတယ်။ ကျွန်တော် တရားသူကြီးနဲ့ပိုင်တယ်။ ကိစ္စမရှိပါဘူး ။ခင်ဗျား 10000 လောက်ကုန်မယ် အာမခံကတော့ ရစေရမယ် ဘာညာ နဲ့ပေါ့ဗျာ။ လုပ်စားတတ်ပါတယ်။ နောက်တစ်ခုရှိသေးတယ်။ ဥပဒေမှာ ဘယ်လိုပြစ်မှုမျိုး ဆိုရင် ဘယ်အဆင့်ရှိတဲ့ တရားသူကြီး က စစ်ဆေးရမယ် ဆိုတာလည်း ရှိသေးတယ်။ အဲတော့ စာရေးက “ဒီမှာ ကျွန်တော်ပြောပြမယ် ဒီတရားသူကြီးက သိပ်မဆင်မပြေနိုင်ဘူး၊ ကျွန်တော်နဲ့ သိတဲ့ တရားသူကြီးရှိတယ်၊ သူနဲ့ဆို အဆင်ပြေနိုင်တယ်၊ ခင်ဗျားဟာ ခင်ဗျား ကြည့်လုပ်လိုက်ပေါ့ဗျာ၊ ကျွန်တော် နဲ့သိတဲ့ တရားသူကြီးစစ်အောင် ကျွန်တော်လုပ်ပေးမယ် ”ဆိုပြီး ငွေတောင်းတာမျိုးလည်း တွေ့ရတတ်ပါတယ်။ အဲဒါတွေကတော့ ဥပဒေ နားမလည် ခြင်းရဲ့ နောက်ဆက်တွဲ တွေပါပဲ………

    Reply

  • windtalker

    November 13, 2011 at 10:53 am

    ကိုထက်ဝေး ကြည့်ရတာ ဥပဒေ ကို တတ်နားလည်တဲ့ ပညာတတ်ဖြစ်မယ် ။
    လူတစ်ယောက် ရဲ ့ရှေ ့တည့်တည့်ကနေ နှာချေ ၊ ချောင်းဆိုး မိရင် ၊ တစ်ဘက်က မကျေနပ်ခဲ့လို ့ရှိရင် ၊ ဘယ်လို များ ပြဿနာ တက်နိုင်တုန်း ဆိုတာလေးလဲ တင်ပြပေးပါဦး ဗျို ့

    Reply

  • ပေါက်ဖော်

    November 13, 2011 at 6:21 pm

    စခန်းကကောင်တွေ..တရားရုံးကကောင်တွေ.တစ်ကောင်မှ သောက်ကျင့်မကောင်းဘူး..
    သောက်ဆံ များများရှိမှ ရတာ….

    နဲနဲလေးခွံ ့ယုံနဲ ့ဆို.ဘာမဟုတ်တဲ့အမှုတောင်…သောက်ဖက်မလုပ်ကြဘူး…
    သောက်လုပ်ရှုပ်ပြနေတာ….

    စားပိုးနင့်အောင် ခွ ံ့နိုင်မှ အေးဆေး အိမ်ပြန် နှပ်လို ့ရတာ….

    အပေါ်ကပြောသလို..ဥပဒေအကြောင်း နားမလည်ရင် ပိုဆိုးတယ်..
    ပြောတိုင်း..ဟုတ်ကဲ့..သာလုပ်ပေရော့ပဲ..

    အေရိုးတွေ..လခွီးပဲကွာ….. ၈

    Reply

  • htet way

    November 13, 2011 at 7:04 pm

    ကျွန်တော်ကရှေ့နေပညာတတ်တယောက်တော့မဟုတ်ပါဘူး
    ခင်ဗျျားမေးထားတဲ့ကိစ္စက
    အနီးအနားတွင်နေထိုင်ကြသော၊အလုပ်လုပ်ကိုင်ကြသောသူများ၏
    ကျန်းမာရေးကိုအန္တာရယ်ဖြစ်စေမယ်ဆိုရင်တရားစွဲလို့ရပါတယ်
    အာမခံရတဲ့ပုဒ်မပါ ပုဒ်မ၂၇၈နဲ့ဆွဲလို့ရပါတယ်
    ဒဏ်ငွေကတော့၅၀ဝပါ
    ကိုဝင်းဇော်လိုမဖြစ်ပါစေနဲ့လို့ဆုတောင်းပေးပါတယ်။

    Reply

    • windtalker

      November 13, 2011 at 7:49 pm

      အားပါး ငွေဒဏ် ၅၀ဝ ကျပ် ဘဲတဲ့လား ဗျ
      ဒါဆိုရင်တော့ ၊ ဂရုမစိုက်ကြလောက်ဘူးနော
      အဲဒီပြဿနာ ကို လည်း လွှတ်တော်မှာ ဆွေးနွေးရင် ကောင်းမယ်နော

      Reply

  • အခုလက်ရှိဒါဏ်ငွေတွေကပြင်ရမှာ။
    အဲဒါ လက်ဖက်ရည်တစ်ခွက်တမတ်တုံးကဈေးတွေလေ။

    Reply

  • mg wine

    November 14, 2011 at 3:19 pm

    တရားရုံးအကြောင်းပြောရရင်စိတ်နာစရာကြီးဗျ
    အမူနိုင်တဲ့လူတယောက်ရုံပြင်မရေက်သေးဘူး
    လုပ်ပေးသွားအုံးတဲ့ စာရေးမကပြောတာဗျ
    ကျွန်တော်မျက်လုံးပြူးသွားတယ်…ဘာလဲပေါ့
    နောက်မှသိရတာကပိုက်ဆံတောင်းတာကလား
    အမူတင်ချင်ပိုက်ဆံ၊အမူစစ်ဖို့လက်ခံဖို့ပိုက်ဆံ
    ရှေ့နေခပိုက်ဆံ၊ အမူနိုင်တော့လည်းပိုက်ဆံ
    နောက်တခုက..တရားရုံးဝန်ထမ်းတွေ………
    ရဲလိုပဲရဲလိုပဲ….ရဲလိုပဲ…..ရဲလိုပဲ

    Reply

  • king

    November 14, 2011 at 6:23 pm

    တော်သေးတယ် တော်သေးတယ်
    ငါ အဲဒီလိုင်း မရွေးမိလို့
    ဒီလိုလူတွေကြောင့်လည်း ငါ မရွေးချယ်မိတာ ထင်ပါရဲ့ …
    ဟူးးးးးးးးးးး
    ရင်မောစရာပါလားးးးးးးးးးးးးးးးးးး

    Reply

  • htet way

    November 14, 2011 at 8:10 pm

    ကျွန်တော်ရေးတာက ဟာသ ပါ
    ရယ်စရာလေးတခုအဖြစ်ပဲရည်ရွယ်လိုက်တာပါ
    ဒါပေမယ့်ဒီအဖြစ်အပျက်လေးးကတော့ဖြစ်ရပ်မှန်လေးပါ
    ရွာသားတွေအားပေးကြရင်ရေးရကြိုးနပ်ပါတယ်

    Reply

  • cobra

    November 14, 2011 at 9:30 pm

    တစ်ကယ်ဖြစ်ရပ်မှန်ဆိုရင်တော့
    သူ့အဖြစ်ကသနားဖို့ကောင်းသလိုရယ်လည်းရယ်ရတယ်ဗျ။

    Reply

  • etone

    November 15, 2011 at 9:41 am

    လူတွေက တရားရုံးတို့ ရဲစခန်းတို့ကို မသွားချင်ကြဘူးလေ …. အလုပ်လည်းရှုပ်တာကိုး ။
    မအူမလည်ဆိုလျှင် ဟိုလူက ဟိန်းလိုက် ဒီလူက ဟောက်လိုက် ခံရဦးမယ် …. ။
    ရှေ့နေတွေ (အကြီး၊သေး၊လတ်၊ ပေါက်စန) အစုံက တလွှာခြင်း နွှာချင်နေကြတယ် ….
    ်(ကြက်သွန်နီပြောပါတယ် ဟဲဟဲ 😀 )

    Reply

Leave a Reply

Your email address will not be published.