စာနယ်ဇင်းကျင့်ဝတ်နှင့် လူ့ကျင့်ဝတ်

zanhtetMay 22, 20101min01

ထက်ထက်မိုးဦး ပါးရိုက်သည့်သတင်းသည် အခုဆို Blog တော်တော်များများ နှင့်
စာစောင်တော်တော် များများမှာပါ hot news ဖြစ်နေပါသည်။ Celebery တွေရဲ့
သတင်းတွေကို သိပ်ပြီးပြောလေ့ပြောထ ရေးလေ့ရေးထ မရှိပေမယ့် အခုဟာက
စာနယ်ဇင်းကျင့်ဝတ်နှင့် ပတ်သက်လာ၍ ပြောရတော့မယ်။ စာနယ်ဇင်းကျင့်ဝတ်နှင့်
လူကျင့်ဝတ်ကို ထက်ထက် နားမလည်ဘူးထင်တယ်။ ဒီကိစ္စမှာ စာနယ်ဇင်းသမား
မလွန်ဘူးလို့ထင်ပါသည်။ ဘာဖြစ်လို့လည်းဆိုတော့ Celebery တွေဟာ လူထု
ရှေ့ဆောင်တွေပါ။ အောင်မြင်ကျော်ကြားသူတွေကို လူထုက မျက်ချေမပျက်
ကြည့်ရူ့နေကြတာပါ။ အဲဒါကြောင့် ရုပ်ရှင်တွေ ဗီဒီယိုတွေမှာ မင်းသားတွေ
ဆေးလိပ်သောက်ပြတာ တို့ဘာတို့ကို တားမြစ်ထားတာ ဖြစ်ပါသည်။ အင်္ဂလန်ဆိုတဲ့
ဘောလုံးသမားကို ဝန်ကြီးချူပ်လောက် အရေးပေးတဲ့နိုင်ငံ မှာတောင်မှ လူမှုရေး
ဖောက်ပြန်မှုကြောင့် ကပတိန်အဖြစ် စွန့်လွတ်ပေးခဲ့ရတဲ့ John Terry
အကြောင်းကို
ကြားဖူးကြမှာပေါ့။ ဘာလို့လဲဆိုတော့ Celebery တွေကို အားကျအတုယူတဲ့သူတွေ
ရှိတဲ့အတွက် အဲဒီလိုလူတွေ လမ်းမှားမရောက်အောင် မီးမောင်းထိုးပေးရမှာ
စာနယ်ဇင်းသမားတွေရဲ့ တာဝန်ပါ။ ပြီးတော့ Celebery တွေဆိုတာ ပြည်သူပေးတဲ့
ငွေကြေးတွေနဲ့ ငွေကြေးတွေနဲ့ ချမ်းသာနေတာပါ။ ငါ့ကိုထုတ်လုပ်သူက ပေးတာပဲလို့
အတွေးမတိမ်ပါနဲ့။ ပြည်သူမကြည့်ရင် ဘယ်ထုတ်လုပ်သူကမှ ငွေကုန်ခံထုတ်မှာ
မဟုတ်ပါဘူး။ စာနယ်ဇင်းသမားဟာ ပြည်သူတွေသိချင်တာ သိဖို့အတွက် အအော်ခံ
အငေါက်ခံပြီး သတင်းရဖို့လိုက် နေတာပါ။ မြန်မာနိုင်ငံမှာ စာနယ်ဇင်းသမားတွေက
တော်တော် ငတ်ကြပါတယ်။ အစိုးရပါစားပေးပြီး ပင်းတားတဲ့ စာနယ်ဇင်းသမားတွေက
လွဲလို့ပေါ့။ သူတို့ ပိုက်ဆံ ရဖို့အတွက်ပဲလုပ်နေတယ်မထင်ပါနဲ့။ ပြည်သူရဲ့
ကိုယ်စားလှယ်
ကိုစော်ကားရင် ပြည်သူက ဒဏ်ခက်တတ်တာ ရှေ့က လူတွေကို
ကြည့်ပြီးဆင်ခြင်နိုင်ပါစေ။
http://staymedia-fire.blogspot.com မှကူးယူဖော်ပြပါသည်။

One comment

  • moethiha

    May 22, 2010 at 10:02 am

    အင်းသူပြောတော့လဲဟုတ်နေတာပဲ။ဒါပေမယ့်မေးတဲ့လူကလဲကိုယ်ချင်းစာရမှာပေါ့ဗျာ။

    Reply

Leave a Reply

Your email address will not be published.