တိုးတက်ကြီးပွားလိုလျှင် (သင့်အတွက်စကားလက်ဆောင်)

Sky ko koNovember 8, 20111min07

ဒီပို့ကလေးကတော့… သူငယ်ချင်းများကို Knowledge Share လုပ်တဲ့ ပို့လေးပါ။

ကျနော်နဲ့အတူတူ သိပြီးသားသူငယ်ချင်းများလည်းရှိပါတယ်… မသိသေးသောသူငယ်ချင်းများအတွက် ကျနော်တို့ဆရာတစ်ဦးရဲ ့ ဆုံးမစကားလေးကို တင်ပေးလိုက်တာ ပါ….

အောက်မှာဖော်ပြထားတဲ့ အဆင့်လေး(၅)ဆင့်အတိုင်း လိုက်နာဆောင်ရွက်ရင် ကိုယ့်ဘဝဘယ်တော့မှ မဆုတ်ယုတ်သလို တိုးတက်ဖို့လည်း အလားအလာရှိတယ်လို့ ဆိုချင်ပါတယ်.. ကျနော်ကတော့ နှစ်သက်တယ်…

(၁) သင့်ဘဝမဆုတ်ယုတ်ဖို့အတွက်

ပထမ – Self Determination ဆိုတဲ့ ကိုယ်ပိုင် ရည်မှန်းချက်ထား၊ ကိုယ်ပိုင်ဆုံးဖြတ်ထားတက်ဖို့လိုအပ်ပါတယ်…

ပြီးရင်- Self Control ဆိုတဲ့ ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်စွမ်းရှိရပါမယ့်… ဒါမှ ကိုယ့်ရည်မှန်းချက်မပျောက်အောင် ငါဘယ်လိုနေသင့်တယ်.. ဘယ်လို ထိန်းသင့်တယ်ဆိုတာကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်.. အကယ်၍ သင်ဟာ ကိုယ့်ကိုကိုယ်မထိန်းချုပ်နိုင်ဘူးဆိုရင် သင်ချမှတ်ထားတဲ့ သင့်ရဲ ့ရည်မှန်းချက် ပျောက်သွားပါလိမ့်မယ်…

နောက်တစ်ခုက- Self Discipline ဆိုတဲ့ ကိုယ့်ကိုကိုယ် စည်းကမ်းသတ်မှတ်ပြီး လုပ်သင့်တာလုပ်မယ်၊ မလုပ်သင့်တာကို မလုပ်ဘူးဆိုရင်

သူငယ်ချင်း… သင် …… ဘယ်တော့မှ သင့်ဘဝဆုတ်ယုတ်မသွားဘူး……တဲ့

ဒါကပထမအချက်ပါ… သင့်ဘဝမဆုတ်ယုတ်ချင်ရင် ကျနော့ဆရာပြောတဲ့အတိုင်း…အခုတော့ ကျနော်ပြောတဲ့အတိုင်း… သင်နေကြည့်လိုက်ပါ…. မှားမယ်မထင်ပါ…. ဘယ်လိုမှ သင့်ဘဝမဆုတ်ယုတ်နိုင်ပါဘူး…

(၂) သင့်ဘဝတိုးတက်ဖို့

ဒါကတော့ရှင်းပါတယ်…. သူငယ်ချင်းဘဝတိုးတက်ချင်တယ်ဆိုရင်

Self Study ဆိုတဲ့ ကိုယ်တိုင်လေ့လာသင်ယူမှုကို အမြဲလုပ်နေရပါမယ်… ဒါမှ သူငယ်ချင်းဘဝဟာ အသိပညာတွေတိုးပွားပြီး တွေးခေါ်မြော်မြင်မှုတွေ တိုးပြီးရင်းတိုးလာမှာပါ…..လွယ်လွယ်ပြောရရင် ဝမ်းစာ ပြည့်စေတာပေါ့….

(၃) သင့်ဘဝအောင်မြင်ကြီးပွားဖို့

Self Honesty လို့ခေါ်တဲ့ ရိုးသားမှု ရှိရပါမယ်…. ဒါမှ သင့်မှာရှိတဲ့ အပေါ်ကအချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်…

တစ်ခုလောက်ကြားဖြတ်ပြီးသူငယ်ချင်းကို မေးချင်ပါတယ်….

သင် ရိုးသားသောသူကို မြတ်နိုးပါ၏လော ?၊

သင် ရိုးသားသောသူကို နှစ်သက်ပါ၏လော?၊

သင် ရိုးသားသောသူကို ချစ်ခင်ပါ၏လော?…..

မှန်ပါတယ်…. သင်ဖြေတဲ့အတိုင်း စီးပွားရေးလူကြီးမင်းများကလည်း ဖြေပါလိမ့်မယ်….

ဒါဆိုရင် သင့်ဘဝမဆုတ်ယုတ်ဖို့၊ သင့်ဘဝကြီးပွားတိုးတက်အောင်မြင်ဖို့ ကျနော်ပြောတဲ့အချက်ကလေးတွေအတိုင်း လိုက်နာပြီး နေထိုင်ကြည့်ပါလား

အားလုံးကို ကျေးဇူးတင်ပါတယ်….

ပျော်ရွှင်ကြပါစေ….

စာကြွင်း။ (ကျနော့စာများ(သို့)စကားလုံးများ ပြေပြစ်မှုမရှိရင် နားလည်ပေးစေလိုပါတယ်… ကျနော် အခုမှစပြီးတင်နေတာမို့လို့ပါ..)

7 comments

  • Diamond Key

    November 8, 2011 at 3:21 pm

    အများ ဘဝမဆုတ်ယုတ်ဖို့နဲ့ တိုးတက်အောင်မြင်စေလိုတဲ့ ကကြီးတွေ ချည်းပါတဲ့ TV ကြော်ငြာလို ကောင်းကင်ကိုကို ကို ကြိုက်ကြိုက်။ ကျေးကျေးကြီးကြီး။

    Reply

  • နီလေး

    November 8, 2011 at 4:01 pm

    လောကကြီးကမြင်မြင်သမျှသင်ယူစရာလေ့လာစရာကြီးတွေပဲဆိုတော့ အမြဲတမ်းလေ့လာသင်ယူတတ်သူဖြစ်အောင်ကြိုးစားလျှက်ပါ

    Reply

  • Gipsy

    November 8, 2011 at 4:56 pm

    ရိုးသားသောသူကို မြတ်နိုးပါ၏ …၊

    ရိုးသားသောသူကို နှစ်သက်ပါ၏…၊

    ရိုးသားသောသူကို ချစ်ခင်ပါ၏…၊

    သို့ရာတွင်လည်း မိမ်ကိုယ်၌ ကျင့်သုံးဖို့ရာ လေ့ကျင့်ဆဲတည်း…။

    Reply

  • aye.kk

    November 8, 2011 at 5:43 pm

    လူရဲ ့အရိုးကသင်္ချိုင်းမှာဘဲရှိတာ လူရဲ ့ရိုးသားမှုက မျိုးရိုးဗီဇနဲ ့သက်ဆိုင်တာမို ့
    လူမှာအမျိုး ကြက်မှာအရိုးလို ့ဆိုစကားရှိပါတယ် ဂျပန်လူမျိုးတွေက ရိုသားမှုကို ရွှေထက်တန်ဖိုးထား
    မြတ်နိုးကြတယ် ရိုးသားမှုဂုဏ်ဒြပ်ရှိတဲ့ အမေဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထုရဲ ့ယုံကြည်မြတ်နိုးမှု
    အပြည့်အဝထောက်ခံရရှိတယ် ဒါကြောင့်လဲအမေဒေါ်အောင်ဆန်းစုကြည်ရဲ ့ဘဝဟာတိုးတက်မြင့်မား
    ဂုဏ်ဒြပ်ကြီးမားတဲ့ဘဝကိုပိုင်ဆိုင်ရယူနိုင်ခဲ့တယ်လို ့မြင်တယ်..
    ရိုးသားမှုဟာမရှိမဖြစ်လိုအပ်တယ် ရိုးသားမှုမရှိရင်တိုးတက်ဖို ့ဆိုတာမဖြစ်နိုင်ဘူးလို ့ပြောလိုက်ပါရစေ..

    Reply

  • thit min

    November 8, 2011 at 7:07 pm

    တော်တော်ကောင်းပါတယ်ခင်ဗျ။

    အဲ နဲနဲတော့ ဖြည့်စွက်ပါရစေလို့၊ခွင့်ပြုပါနော်။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

    “အရှင်ဘုရား လောက၌မိတ်ဆွေအပေါင်းအသင်းသည် အမှူ့ကိစ္စတဝက်ကိုပြီးမြောက်စေသည်ကိုတွေ့ရပါသည်ဘုရား”

    “ချစ်သားအာနန္ဒာ လောက၌မိတ်ဆွေအပေါင်းအသင်းသည် အမှူ့ကိစ္စတဝက်ကိုပြီးမြောက်စေရုံမဟုတ်၊အမှူ့ကိစ္စအလုံးစုံ

    ကိုပြီးမြောက်စေပါသည်၊ချစ်သားအာနန္ဒာ”
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    လောကကြီးပွါးရေးအကြောင်းလေးပါးကိုဟောကြားပါတယ်။

    တချက်အနေနဲ့…….

    ကလျာဏမိတ္တ္က္ကကာ မိတ်ကောင်းဆွေကောင်းရှိရခြင်းလို့ ဟောပါသည်။

    (ကျန်တာတွေကတော့ သဘောချင်းတူနေလို့ ဒီမပါတာလေးကိုထဲ့ပေးလိုက်ပါသည်၊)

    လေးစားစွာဖြင့်။

    Reply

  • windtalker

    November 8, 2011 at 7:30 pm

    အပေါ်က ကိုသစ်မင်း ကွန်မင့်လိုပါဘဲ
    မိတ်ကောင်းဆွေကောင်း ရှိခြင်းသည် အရာရာကို အောင်မြင်နိုင်စေသည် ။
    ဘယ်နေရာသွားသွား ၊ ဘာကိုဘဲ လုပ်လုပ် ပါ

    Reply

  • Sky ko ko

    November 9, 2011 at 1:02 pm

    အခုလိုကျနော့ကို အားပေးတဲ့အတွက် ကျေးကျေးကျူးကျူး……

    Reply

Leave a Reply

Your email address will not be published.