ရန်ကုန်တွင် ၁ဝရက်ခန့်မိုးဆက်တိုက်ရွာသွန်းဖွယ်ရှိ

klnMay 22, 20101min01

ထူးကဲသောအပူချိန်ဒဏ်ပြင်းထန်စွာခံစားခဲ့ရသည့် မြန်မာနိုင်ငံ၏ မြို့တော်ရန်ကုန်ဥည် မေလ ၁ရရက်နေ့မှစတင်၍ နေရာကွက်ကျားထစ်ချုန်းမိုးများ ၁ဝရက်ခန့်ဆက်တိုက်ရွာသွန်းဖွယ်ရာရှိသည်ဟုအမေရိကန်နှင့်ဗြိတိန်နိုင်ငံတို့မှ ယုံကြည်လေးစားဖွယ်ရာနိုင်ငံတကာသတင်းWebsite များကခန့်မှန်းဖော်ပြကြသည်။ ယခင်ရက်များတွင်းက အပူချိန်၁၀၈ဒီဂရီဖာရင်ဟိုက်ခန့်ထိ စံချိန်တင်အောင်ပူပြင်းခဲ့သောရန်ကုန်မြို့သည် လာမည့် ၁ဝရက်အတွင်း မိုးရွာသွန်းရန် ၉၅ရာခိုင်နှုန်းခန့်ရှိနေပြီး အပူချိန်သည် အမြင့်ဆုံး၈၈ဒီဂရီဖာရင်ဟိုက်ထိသာ ရှိမည်ဟုလည်း MSN, BBCစသည့် သတင်း Website များကခန့်မှန်းကြသည်။ MSNနှင့် BBC Website တို့သည် ရန်ကုန်တွင်မေလ ၁ရရက်နေ့၌ မိုးစတင်ရွာသွန်းမည်ကို အချိန်နှင့်တကွ တိတိကျကျခန့်မှန်းပြောဆိုထားသည့်Website များဖြစ်ကြောင်း ၂၀၁ဝခုနှစ်မေလ ၂၄ရက်နေ့ထုတ် The Voice ဂျာနယ်တွင်ဖော်ပြထားပါသည်။

One comment

  • Shwemannmay

    May 22, 2010 at 5:39 am

    မိုးကလည်းမရွာတော့တစ်ဒုက္ခ ရွာပြန်တော့လည်းတစ်ဒုက္ခဖြစ်နေဦးမယ်

    Reply

Leave a Reply

Your email address will not be published.