အမေရိကန်ရောက်နေကြသူများ သင်တို့အမည် အကြမ်းဖက်သမားများစာရင်းတွင် ပါမပါ အမြန်ဆုံးကြည့်ကြပါ

DaveJanuary 9, 20101min01

အမေရိကန် ပြည်ထောင်စုစုံစမ်းထောက်လှမ်းရေးအဖွဲ့ ကြီးက သိရှိသော၊သံသယရှိသော အကြမ်းဖက်သမားများသည် ၄၀၀၀၀ဝကျော်ရှိရာ ၎င်းတို့အနက် အမေရိကန်နိုင်ငံသားများသည် ၂ရာခိုင်နှုန်းအထိပါဝင် လျက်ရှိသည်ကိုတွေ့ရသည်။ထိုအဖွဲ့ကြီးက ယင်းအကြမ်းဖက်သမားစာရင်းကို အသုံးဝင်သည်ဆိုသော်လည်း အချို့ကမူ မဆီမဆိုင်သံသယဖြစ်ခံရသူများ၏အခွင့်အရေးကို ထိခိုက်စေရုံသာ အဖတ်တင်သည်ဟု ထောက်ပြကြသည်။

အက်ဖ်ဘီအိုင်၏အလိုအရ အဆိုပါစာရင်းသည် ဆက်လက်တိုးပွားလာလျက်ရှိပြီး အကြမ်းဖက်သမားထောက်လှမ်းရေးဗဟိုအဖွဲ့က တစ်နေ့လျှင် အချက်အလက်ပေါင်း ၁၂၀ဝအထိလက်ခံ ထောက်လှမ်း နေရကြောင်း တစ်နိုင်ငံလုံးမှုခင်းနှိမ်နင်းရေးအဖွဲ့များမှ ပေးပို့သောအမှုတွဲများနှင့်ပတ်သက်၍ အသစ်ဖြည့်စွက်ရခြင်းများရှိသကဲ့သို့ ပယ်ဖျက်ရခြင်းများလည်းရှိသည်ဟု ဆိုသည်။ထိုစာရင်းထဲတွင် မည်သည့် ပုဂ္ဂိုလ်မျိုးကို ထည့်သွင်းနေကြောင်း အကြမ်းဖက်သမားထောက်လှမ်းရေးဗဟိုအဖွဲ့က အတိအလင်းပြောကြားခြင်းမရှိသဖြင့် မိမိတို့ကိုယ်တိုင်ပင် ပါမည်၊မပါမည်ကို ရေရာစွာမသိရပေ။အကယ်၍ မိမိနှင့် သက်ဆိုင်ခြင်းမရှိဘဲ စာရင်းတွင်ပါနေသည်ကိုတွေ့ရပါက Traveler Redress Inquiry Program ဝက်ဘ်ဆိုက်နှင့် ဆက်သွယ်ပြီး မေးမြန်းဖြေရှင်းနိုင်ပါသည်။ဆက်သွယ်ခဲ့သမျှပုဂ္ဂိုလ်အများစုမှာ စာရင်းတွင် လုံးဝပါဝင်သူများမဟုတ်ကြောင်း အကြမ်းဖက်သမားထောက်လှမ်းရေးဗဟိုအဖွဲ့မှ ပြောခွင့်ရသူ ချတ်ကော်လ်တွန်က ဆိုသည်။

ထိုစနစ်ကြောင့် လူများစွာ စောင့်ကြည့်ခံရမှုများလာမည်ဖြစ်ပြီး အမှန်တကယ်ခြိမ်းခြောက်မှုကို သတိထားရာတွင် အာဏာပိုင်များအနေဖြင့် အထွေထွေအပြားပြားဖြစ်သွားနိုင်ကြောင်း အမေရိကန်နိုင်ငံသား အခွင့်အရေးသမဂ္ဂမှ တရားဥပဒေအကြံပေး ခရစ်စတိုဖာကာလာဘရေစီက သုံးသပ်ပြောကြားသည်။“နေစဉ်နေ့တိုင်းပဲ လူတွေ ပိုပိုပြီးအကြမ်းဖက်သမားဖြစ်လာတယ်လို့ သူတို့က ဆုံးဖြတ်ချက်ချနေကြပြီး သံသယဖြစ်မှုကို နယ်မြေအာဏာပိုင်တွေနဲ့ သတင်းဖလှယ်နေကြတာဆိုတော့ ဒီလူတွေ လေယာဉ်ပျံနဲ့ သွားဖို့လာဖို့ခက်လာတော့မှာပေါ့´´ဟု ၎င်းက ဆက်လက်ပြောကြားလိုက်သည်။

စာရင်းထဲ၌ လူတွေများလွန်းသည်ဆိုသော်လည်း ၎င်းတို့ရည်ရွယ်ထားသည့်အတိုင်း အကြမ်းဖက်မှုကို တိုက်ဖျက်နိုင်မည်ဖြစ်သည်ဟုသာ ကော်လ်တွန်ကပြောကြားကြောင်း သိရသည်။

One comment

  • bigcat

    August 29, 2010 at 4:01 am

    ကျွန်တော့်နာမည်ကို ဗလဒင်လို့ ပြောင်းချင်တာ ပြသနာများ ဖြစ်မလားလို့။

    Reply

Leave a Reply

Your email address will not be published.