ဤနေရာမှ အစပြု၍…

koyinNovember 6, 20112min02

ဤနေရာမှ အစပြု၍…


ဤနေရာတွင်…

ကဗျာတစ်ပုဒ်၊ ရင်မှ ထုတ်ဖော်

ကာရန်ချော်လည်း၊ ကဗျာပဲလေ

ဖန်တီးနေကြ၊ ကဗျာမှသည်

ကဗျာဆီသို့၊ လာ သီစို့ တေး

ကဗျာလေးများ ဟစ်ကြွေးကြော်…။


ဤနေရာတွင်…

သံစဉ်မတီး၊ ဂီတ စည်းဝါး

အနီးနားမှာ၊ မရှိပါလည်း

ထိုဆည်းလည်း သံ၊ ရင်ဝယ် ငြိမ့်ညောင်း

ပီတိ လောင်း၍၊ ကဗျာမွေ့(လျော်)…။


ဤနေရာရာတွင်…

ဗီလိန် လူဆိုး၊ သူခိုး ဓါးပြ

မရှိကြပါ၊ သူယုတ်မာလည်း

မခိုရဲလေ၊ သူကောင်းတွေသာ 

ခံစားပါလို့၊ စာလွှာချရေး

ကဗျာတေးများ ဖြစ်တည်နေ…။


ဤနေရာတွင်…

ကြယ်စင်တစ်သင်း၊ ဝန်းရံ လင်းသည့်

လမင်း မသာ၊ ညခါ မှောင်လည်း

ကဗျာတဲထိုး၊ ကဗျာမိုးအောက်

ပပ ရောက်သည် ထင်မိမှား…။


ဤနေရာတွင်…

နေခြည်ဆင်းသက်၊ အလင်းစက် ကဲ

မပူဘဲသာ၊ ငြိမ်းအေးလာ၍

မိုးရိပ်မမျှော်၊ ဘာသာ ပျော်လျှက်

ကဗျာဖတ်သော နှလုံးသား…။


ဤနေရာတွင်…

စုံညီမြင်ကွင်း၊ သတိုးမင်းဖျား

ဒွန်းစဏ္ဍားလည်း၊ ခံစား ဖွဲ့သီ

နှလုံးဆီမှ၊ လှစ်အန်ကျသည့်

မလှ တေးသွား၊ စံစားပါသည်

တပြေးညီသော ကဗျာများ…။


တောက ကိုရင်

၀၁.၁၁.၂၀၁၁
(ကိုုဟယ်ရီ၏ ဤနေရာတွင် ကို မှီ၍ လက်တန်းစပ်မိသော ကဗျာ)

2 comments

  • mandalarthu

    November 6, 2011 at 9:23 pm

    ကိုရင်ေ၇
    သိပ်ကောင်းတဲ ့ အတွေးနဲ ့ကဗျာလေးပါဘဲ။
    ဒီနေရာမှ အစပြုပြီး
    ကဗျာရေးသောသူများ က
    ကိုယ်တိုင် ခံစား ကဗျာတေးများ သီကျုးကြ………..
    ကဗျာချစ်သောသူများက ကဗျာဖတ်သော နှလုံးသားဖြင် ့မျှဝေခံစား မွေ ့လျော်ကြ…….
    ကဗျာတေးသံများဖြင် ့ပျော်မွေ ့ဖွယ် ရာ ရှင်သန်နေတဲ့ရွာကြီး
    အစဉ်အမြဲအေးချမ်း သာယာပါစေ။

    Reply

  • ရွှေအိမ်စည်

    November 12, 2011 at 10:13 pm

    ကဗျာသာဆိုလာထား..ကိုရင်….

    ၆ လုံးစပ်တစ်ပုတ်ရေးကြည့်ရအောင်နော်…
    နင်လည်း..နင့်စိတ်ကူးနဲ ့ရေး…
    ငါ့လည်း………

    စဉ်းစားထား……

    ဤနေရာတွင်…….ဂေဇာတ်ရွာကျိုးသယ်ပိုးကြည့်ရအောင်

    Reply

Leave a Reply to ရွှေအိမ်စည် Cancel Reply

Your email address will not be published.