ဘာအတွက်လဲ? ဘာကြောင့်လဲ?

who whoNovember 5, 20111min012

ကျနော်က ငယ်ကတည်းက ချူချာတယ်။ အမှားမခံဘူး။ ရေချိုးတာ ကြာသွားရင်လည်း ဖျားပြန်ရော။ ပူလွန်းလို့ ချွေးထွက်များပြန်ရင်လည်း သွေး ပေါင်ကျရတာနဲ့ ဘာနဲ့ ဘာမှကို အထိမခံဘူးလေ။ အိမ်မှာ ဆေးခန်းဟေ့ ဆို ကိုယ်ချည်းပဲ ဖြစ်နေတာသာကြည့်တော့။ အခြေခံ ကိုယ်ခံအားကိုက နည်းခဲ့ တာ ဆိုလားပါပဲ။
အင်း…မှတ်မှတ်ရရ ခုနှစ်တန်းတုန်းက ထင်တာပါပဲ။ သွေးလွန်တုပ်ကွေး ဖြစ်ရာက အားတွေ အနည်းလွန်ပြီး လမ်းသွားရင်း စက်ဘီး နောက်ကနေ တက်သွားလို့ လမ်းသွားတွေ ဝိုင်းပြီး တွေ့တဲ့ကား တားလို့ ဆေးရုံကို တန်းပို့ခဲ့ကြရတယ်။ ဆေးရုံရောက်တော့ အသက်က ၁၂ နှစ်တောင် မပြည့်သေးတာကြောင့် ကလေးဆေးရုံကို တက်ရမယ်ဆိုတော့ အရပ်က ရှည် နေတာကြောင့် ကုတင်နဲ့တောင် မဆံ့လို့ ကွေးအိပ်ခဲ့ရတဲ့ အဖြစ်။ အင်း အဲလို နဲ့ ဆေးရုံမှာ တော်တော်လေးကို ကြာခဲ့ပါတယ်။ အဲဒီမှာပဲ တစ်နေ့ တစ်နေ့ ဆေးရုံထဲမှာ လမ်းလျှောက်ထွက်တဲ့အခါတိုင်း လူနာပေါင်းစုံကို ကြည့်ပြီး စိတ်တွေပျက်စရာပါပဲ။ ဟိုကုတင်က လူနာက မနေ့က ရှိသေးတယ်။ ဒီနေ့ကျ သွားပြီလေ။ သူ့မိသားစုက အဲဒီကုတင်ဘေးမှာ ဝို်င်းငိုနေကြပြန်ပြီ။ ဟာ…ဒုက္ခ ပါပဲလို့ တွေးရင်းတောင် ကြောက်တတ်နေပါပြီ။ သေခြင်းတရားကိုလေ။
နောက်ပြီး တဆက်ထဲလည်း တွေးမိပါတယ်။ လူတွေ သေမှာကို ဘာလို့ ကြောက်ပါလိမ့်ဆိုတာကိုလေ။ တစ်ချို့လည်း လူကရှင်ရက်ကြီးနဲ့ ရောဂါသည်အဖြစ် သေမယ့်အရေးတွေးပြီး မျက်ရည်တွေ ဝဲလို့ နေပြန် ရောနော်။ အော် သူတို့တွေက ဘာလို့သေမှာ ကြောက်နေကြတာလဲ?။ ကျနော့ကို တွေးစေဖို့ ဒီမြင်ကွင်းတွေက ပြလို့နေပါပြီ။ ဒါဆို ကျနော့မှာ အဖြေရှာဖို့ မေးခွန်းတွေက များလာပြီနော်။

(၁)က လူ့ဘဝကို ဘာလာလုပ်ကြတာလဲ။ လူရယ်လို့ ဖြစ်လာပြီး ဘယ်အလုပ် က အဓိက အရေးကြီးဆုံး လဲ။? လူတစ်ယောက် အနေနဲ့ တခြားဘုံဘဝတွေ ထက် ပိုမို သာလွန်ပြီး လုပ်ခွင့်ရနိုင်တာက ဘာလဲ။ ?
(၂)ကတော့ လူတွေ ဘာလို့ သေမှာ ကြောက်နေကြရပြန်တာလဲ ဆိုတဲ့ တွေးစရာတွေ ထပ်လာပြန်ပါပြီ။ တဆက်တည်းလည်း သေမှာ မကြောက်တဲ့ လူမျိုးကရော ဘယ်လိုလူမျိုးလဲ ဆိုတာကိုပါ သိချင်လာတယ်လေ။

အင်း ကျနော် မသေခင်တော့ ဒီမေးခွန်းတွေရဲ့ အဖြေကို သိအောင် ကြိုးစားရ ပေတော့မည်။

12 comments

  • windtalker

    November 5, 2011 at 9:08 pm

    ရှေးဘဝ ကုသိုလ်ကံကြောင့် မြင့်မြတ်တဲ့ လူသားဘဝကို ရလာသည် ။
    နိဗ္ဗာန် ချမ်းသာရောက်ကြောင်း မကြိုးစားနိုင်သေးတောင် နောင်သံသရာ ကောင်းဖို ့အများကြီး ကုသိုလ်ပြုရမည် ။
    နောက်ဘဝ အတွက် စိတ်ချရပြီဆိုလျှင် သေရမှာ မကြောက်တော့ပါ
    အဲဒီလို ပဲ ယူဆပါသည်

    Reply

    • whowho

      November 6, 2011 at 4:01 pm

      နောင်သံသရာကောင်းဖို့က ဘယ်အလုပ်က အဓိကကျပါသလဲ။ ကုသိုလ်ပြုကြမယ်ဆိုတဲ့နေရာမှာ ဘယ်ကုသိုလ်က ဘယ်လောက်ထိ အာမခံချက်ပေးနိုင်ပါသလဲ။ နောက်ဘဝအတွက် စိတ်ချဖို့က မသေခင်ပဲ လုပ်ခွင့်ရှိမှာမို့ ဘယ်အလုပ်ကို ဘယ်အတိုင်းအတာထိ လုပ်သင့်တယ်ဆိုတာလေး မျှပေးပါလား။

      Reply

  • ပေါက်ဖော်

    November 5, 2011 at 9:24 pm

    သေမှာကြောက်နေတာ….တဏှာ မပြတ်သေးလို ့..
    အဲတာကြောင့်…တဏှာဖြတ်လိုက်ပါ..
    ဒါဆို ဘာမှ မကြောက်တော့ဘူး..
    ကျနော်ဆို အကုန်ဖြတ်ထားတာ..ကလား..
    😆

    Reply

    • TTNU

      November 5, 2011 at 10:07 pm

      Dear PF,
      I was shocked to read your comment : ကျနော်ဆို အကုန်ဖြတ်ထားတာ..ကလား..
      Oh my goodness! How come ? The bottle in your hand is still dancing, my dear.

      Just kidding. Don’t get mad at me.

      Reply

      • ပေါက်ဖော်

        November 5, 2011 at 10:14 pm

        ဟီး.ဟီး..
        ကျနော်တို ့ကို တရားပြနေကျ လူကို..အခွင်သာတုံး.. တရား ဝင်ပြလိုက်တာ.
        နဲနဲလွန်သွားတယ်.. တီချယ်..
        😆

        Reply

    • whowho

      November 6, 2011 at 4:01 pm

      ဟုတ် တဏှာဖြတ်နည်းလေး သိပါရစေနော်။ မစပါ။

      Reply

  • Shanma TUmdy

    November 5, 2011 at 9:49 pm

    ဘာသာရေးရှုထောင့်ကနေကြည့်မယ်ဆိုရင်.. (ဖြေကြည့်တာပါ)
    (၁) သံသရာကနေမလွတ်နိုင်သေးလို့ .. ဇာတိ (မွေးဖွားခြင်း) ထပ်ခါထပ်ခါရနေတာပေါ့.. လူ့ဘဝက ရခဲလှပါဘိ.. လူရယ်လို့ဖြစ်လာမှတော့ .. သံသရာကနေလွတ်အောင် မလုပ်နိုင်သေးရင်လည်း.. လောက ကောင်းကျိုးအတွက်တော့ ဆောင်ရွက်သင့်တာပေါ့ .. (တကယ်တော့ပြောတော့တာ လွယ်တာ .. တကယ်လုပ်ဖို့ကသိပ်ခက်) .. တခြားဘုံတွေထက် ပိုလုပ်ခွင့်ရှိတာကတော့ အထင်ရှားဆုံးပြရရင်.. ပညာ(အသိဉာဏ် ဝါ စိတ် )နဲ့ ဘာသာရေး (သံသရာကနေလွတ်ဖို့) ပဲပေါ့ ..
    (2) လူတိုင်းကတော့ ရနေတဲ့ဘဝကို မက်မောကြတာပဲလေ.. မတင်းတိမ်နိုင်တာက တပို်င်းပေါ့ .. မင်းခိုက်စိုးစန်ရဲ့ သုည ဝတ္ထုထဲမှာတော့ .. လူတစ်ယောက်ဟာ.. သေချင်စိတ်ဖြစ်ရင် တစ်ဆက်ထဲ ရှင်သန်ချင်တဲ့ စိတ်လည်းဖြစ်လာပါတယ်တဲ့ (ကျနော်တော့ မပေါက်ဝုူး ) သေမှာမကြောက်တဲ့သူရယ်လို့ .. ရှိလည်းရှိမှာပေါ့ဗျာ.. ရှားမှာပေါ့..

    Reply

    • whowho

      November 6, 2011 at 4:05 pm

      ၁။အဖြေက သံသရာကလွတ်ဖို့
      ၂။က သေမှာကြောက်တာသည် ခုရနေတဲ့ဘဝကို မက်မောတွယ်တာနေလို့ပေါ့နော်။
      ဟုတ်ကဲ့။ မှတ်ထားပါ့မယ်။

      Reply

  • TTNU

    November 5, 2011 at 10:14 pm

    ဟူးဟူးရေ

    ူလူဖြစ်လာဖို့ လိပ်ကန်းနဲ့ ထမ်းပိုးပေါက် တည့်ဖို့လောက်ကိုခက်တယ်မဟုတ်လား။

    လူရယ်လို့ ဖြစ်လာပြီး ဘယ်အလုပ် က အဓိက အရေးကြီးဆုံး လဲ။?ဆိုတော့…

    အဲဒီ အရေးအကြီးဆုံးကိုလုပ်ဖို့ လူဖြစ်လာကြရတာ။ ကျန်တဲ့ဘဝမှာ တရားထူးမရနှိုင်ဘူး

    မို့ လို့ Breakthrough ရဖို့ ဒီဘဝကို လာမှဖြစ်မယ်။ တိုက်ရိုက် မရောက်နှိုင်တဲ့ ခရီးတစ်ခု

    အတွက် Transit ဝင်ယူတဲ့ သဘောလားမသိ။

    Reply

    • whowho

      November 6, 2011 at 4:08 pm

      ဟုတ်ကဲ့ပါ။ အရေးကြီးဆုံးအလုပ်က တရားထူးရဖို့လို့ ဆိုလိုတာပေါ့နော်။ ဒီအရေးကြီးဆုံးအလုပ်ကို လုပ်ဖို့ လူလာဖြစ်တယ်ဆိုရင် သေသွားကြတဲ့လူတွေရော ဒီအလုပ်ကို လုပ်သွားကြတာ ဘယ်လောက်များပါသလဲလို့ စဉ်းစားစရာထွက်လာပြန်ပါတယ်။

      Reply

  • kai

    November 6, 2011 at 5:23 am

    ဒိရာစုနှစ်ထဲမှာပဲ.. လူဟာ မသေအောင် လုပ်နိုင်သွားမယ်လို့.. သိပ္ပံပညာရည်ညွှန်းချက်တွေ ပြနေပါတယ်.
    အဲဒါကို Discovery ချာနယ်မှာ ပြသွားတယ်..။
    The Green Mile (1999)ဆိုတဲ့ ရုပ်ရှင်ထဲကျ.. လူက.. မသေမှာကြောက်လာနေတဲ့သဘောကို ပြတယ်..။
    တချိန်ကျ.. အဲဒီလိုဖြစ်လာကောင်းမယ်ထင်မိပါတယ်..။
    မသေသွားမှာကြောက်ရမဲ့လူတွေလေ…။

    ဆိုတော့..
    လူက.. ဖြစ်ရခက်တယ်သာဆိုတယ်.. တီချယ်ရယ်..။
    သန်း၇၀၀ဝ ဖြစ်နေပြီ..။
    လွယ်လွန့်လွန်းလို့.. ဖန်မလီပလန်င်တွေ.. ပညာပေးတွေ အသည်းအသန်လုပ်နေရတာပဲ..။
    ဒါတောင်.. အသက်မပြည့်ပဲ..ရ,ရကုန်လွန့်လွန်းလွန်းလို့..

    ကြည့်ရတာ.. ဒီအယူအဆတွေက.. လွန်ခဲ့အနှစ် ၂၀၀ဝလောက်က.. ကလေးမွေးရင် အမိရော..ကလေးရော လေလွင့်နှုန်းအင်မတန်မြင့်တဲ့..အသိအတတ်ပညာတွေမဖွံ ့ဖြိုးခင်ခေတ်က.. ထုတ်ခဲ့တာဖြစ်ပါလိမ့်မယ်..။
    ပြောသာပြောရတာ.. မြန်မာ့ကလေးမွေးသေနှုန်းအခုဒီခေတ်မှာတောင်.. ကမ္ဘာ့အမြင့်ဆုံးထဲပါနေသေးတယ်..။
    ကမ္ဘာ့နိုင်ငံ ၁၉ရနိုင်ငံမှာ မြန်မာက.. ၁၄၈တဲ့..။
    http://en.wikipedia.org/wiki/List_of_countries_by_infant_mortality_rate
    လူက.. ဘာလုပ်ရမလည်းဆိုတော့.. အဲဒီနှုန်းလျှော့ချဖို့.. တခြားကမ္ဘာနိုင်ငံတန်းတွေနဲ့.. တန်းတူမဟုတ်တောင်.. နဲနဲမြင့်လာအောင် ဦးစားပေးလုပ်သင့်တယ် ထင်မိတယ်..။
    မြန်မာတွေ.. မြန်မာ့မြေမှာ လူရယ်လို့အရင်ဖြစ်လာသူတွေက.. နောက်မွေးလာသော..မွေးလတံ့သော သူတွေကို.. လေလွင့်မှုအနည်းဆုံးဖြစ်အောင် လုပ်ပေးရမှာက.. အဲဒီအလုပ် က အဓိက အရေးကြီးဆုံး သမိုင်းပေးတာဝန် ထင်မိတယ်..။

    Reply

    • whowho

      November 6, 2011 at 4:26 pm

      လူကို မသေအောင်လုပ်နိုင်ဖို့ထက် မအိုအောင် မနာအောင် အရင်လုပ်ပြပါလားလို့ တွေးမိတယ်။ လူဘဝရခဲတယ်ဆိုတဲ့အဓိပ္ပါယ်အပေါ်နားလည်မှုလွဲနေကြတယ်ထင်တယ်။
      လူဘဝရဲ့အနှစ်သာရကို ဖော်ထုတ်အသုံးချနိုင်တဲ့ လူအဖြစ် ရခဲလှတယ်လို့ ပြောချင်တာပါ။
      လူ့ဘဝမှာ အိပ်စားကာမဤသုံးဝလောက်နဲ့သာ ဘဝကို ရှင်သန်နေသူတွေသည် လူစင်စစ်က တိရိ စ္ဆာန် အလုပ်ကို လုပ်နေတာနဲ့တူပါတယ်လို့ ကျနော် ကြားနာဖူးပါတယ်။ ဒီတော့ လူ့ဘဝရဲ့ တိရိစ္ဆာန်ဘုံဘဝတွေထက် ပိုလို့ အထူးလုပ်ဆောင်နိုင်သောအလုပ်သည် သံသရာလွတ်မြောက် ခြင်းအလုပ်ပဲဖြစ်ပါတယ်။ သံသရာလွတ်မြောက်ဖို့က ဘုရားသာသနာနဲ့လည်းဆုံမှ။ တရားဓမ္မကို နာကြားနိုင်တဲ့ ဉာဏ်နားလေးလည်းပါမှ။ နာတဲ့အတိုင်း မြင်နိုင်တဲ့ အမြင်မှန် မျက်လုံးလေးလည်း ရှိနေမှ။ အဲဒီလိုမပါဘူးဆိုရင်တော့ လူခန္ဓာသာရှိပြီး လူ့ဘဝနဲ့ထိုက်တန်သော လူအဖြစ်မရရှိတဲ့ဘဝမျိုးဖြစ်နေပါတယ်။
      ဘုရားရှင်က လက်သည်းခွံပေါ်က မြေမှုန်နဲ့ မဟာပထဝီမြေကြီးနဲ့ နှိုင်းစာလို့ သေသွားကြသူတွေရဲ့လားရာကို နှိုင်းယှဉ်ပြတဲ့အခါ မြေထုလောက်ရှိသောပမာဏသည် ဒုက္ခတိဘုံသို့လားကြလေ၏။ လက်သည်းခွံပေါ်ကမြေမှုန်လောက်ကသာ သေလွန်ပြီးနောက် သုဂတိဘုံကို ရောက်ကြလေသည်။တဲ့။ ဒါကိုကြည့်ရင်ပဲ လူနဲ့တူသော လူ့ဘဝကို ပိုင်ဆိုင်နိုင်ကြတဲ့ဘဝပိုင်ရှင်သည် ဘယ်လောက်တောင် ပါးရှားသလဲဆိုတာ ပေါ်လာပါပြီ။ ဒါကြောင့် လူ့ဘဝသည် ရခဲသည်ဆိုတဲ့နေရာမှာ လူ့တန်ဖိုးနဲ့ တူစွာသော၊ သံသရာလွတ်မြောက်ရေးအလုပ်ကိုု လုပ်နိုင်သော သူများအဖြစ်ရဖို့ ရောက်ဖို့ ခဲယဉ်းသည်လို့ ဆိုလိုပါတယ်။ တနည်းတော့ ဂတိမြဲသောသူအဖြစ်ရောက်ဖို့ ကြိုးစားအားထုတ်နိုင်ကြသူများဆို ရင်ပိုမှန်လိမ့်မယ်ထင်ပါတယ်။

      ခုလို မိမိထင်မြင်ချက်လေးတွေကို ပြန်မျှပေးသောသူများ အားလုံးကို ကျေးဇူးတင်ပါတယ်။

      Reply

Leave a Reply

Your email address will not be published.