စနေညဖို ့မောင်ပေ ဦးဏှောက်စားထားသည်

မောင် ပေNovember 5, 20114min016

မင်္ဂလာပါ ခင်ဗျာ ။

ယခု ဆိုရင် မန်းတလေး ဂေဇက် ဆိုတဲ့ သတင်း/ရသ စတဲ့ ကဏ္ဍစုံလင်တဲ့ ဆိုက်ကြီးမှာ ၊ ဘောလုံးပွဲ အခန်းကဏ္ဍ ကို ကျုပ် မောင်ပေ တစ်ဦးထဲမက ၊ ဝါသနာလွန်ပညာရှင်များပါ  ထပ်မံ   ခန် ့မှန်းလာကြတာကို တွေ  ့ရတဲ့ အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ် ။

အခု ဒီပို ့စ်ကို ရေးတင်တဲ့ မောင်ပေ သည် ဘောလုံးပွဲကို ဝါသနာ လွန်စွာကြီးမားလွန်းသူ တစ်ဦးဖြစ်ပါသည် ။ ဝါသနာတူ စာဖတ်သူများနဲ ့ဂေဇက်ထဲမှ ဘောပွဲဝါသနာ ရှင်များ အတွက် ဦးဏှောက်စားပြီးသကာလ ရရှိလာသော ခန် ့မှန်းချက်များကို ပြန်လည် ဝေမျှ ပေးလိုက်ပါတယ်ခင်ဗျာ ။

ဝေဖန်မှုများကို နွေးထွေးစွာ ကြိုဆိုနေပါတယ် ခင်ဗျာ ။

5/11/2011 စနေ နေ ့ည ပွဲစဉ်များ နဲ ့အချိန်များကတော့

၇:၁၅      နယူးကာဆယ်   –   အဲဗာတန်

၉:၃၀      အာဆင်နယ်   –   ဝက်ဘရွန်း

။          အေဗီလာ   –   နော့ဝစ်

။          ဘလက်ဘန်း   –   ချဲဆီး

။          လီဗာပူး   –   ဆွမ်ဆီး

။          မန်ယူ   –   ဆန်းဒါးလန်း

၁၂:၀၀   ကျူပီအာ   –   မန်စီးတီး

၁၀:၃၀   ပါလာမို   –   ဘိုလော့နာ

၂:၁၅      နိုဗာရာ   –   ရိုးမား

၁၁:၃၀   မာယော့ကာ   –   ဆီဗီလာ

၁:၃၀     ဘက်တစ်   –   မာလာဂါ

၃:၃၀     လီဗန်တေး   –   ဗလင်စီယာ

*******************************************************

နယူးကာဆယ်(၃)   –   အဲဗာတန်(၁၆)

၁ဝပွဲကစားအပြီး ၆ ပွဲ နိုင် ၄ ပွဲသရေ ရဂိုး ၁၅ ပေးဂိုး ရ နဲ ့အဆင့် ၃ မှာ ရပ်တည်နေတဲ့ နယူးကာဆယ် ရဲ  ့ခြေစွမ်းဟာ အထင်ကြီးစရာပါပဲ ။

သူ ့ကို အားပေးခဲ့သူတွေကိုလည်း ပွဲတိုင်းနီးပါး အပြည့်အဝ ပျော်ရွှင်စေခဲ့ပါတယ် ။

နယူးကာဆယ် အိမ်ကွင်း ၅ ပွဲ ကစားခဲ့ရာမှာ ၃ ပွဲ နိုင် ၂ ပွဲ သရေ ၊ ရဂိုး ၈ ဂိုး ၊ ပေးဂိုး ၄ ဂိုး ဖြစ်ပါတယ် ။

နယူးကာဆယ် အသင်းရဲ  ့နောက်ဆုံး ငါးပွဲ ရလဒ်များမှာ 

ပြီးခဲ့တဲ့ အပတ် က လည်း အိမ်ကွင်းမာလှပါတယ် ဆိုတဲ့ စတုတ်အသင်းကို သူ ့ကွင်းမှာ ၃-၁ နဲ ့အနိုင်ယူခဲ့ပါတယ် ။

အဲဗာတန် အသင်း ကတော့ ၉ပွဲကစားအပြီး ၃ ပွဲ နိုင် ၊ ၁ ပွဲ သရေ ၊ ၅ ပွဲ ရှုံးထားပြီး ၊ ရဂိုး ၁ဝ ၊ ပေးဂိုး ၁၃ နဲ ့အဆင့် ၁၆ မှာ ရပ်တည်နေပါတယ် ။

အဲဗာတန် အသင်း အဝေးကွင်း ၄ ပွဲ ကစားအပြီး ၂ ပွဲ နိုင် ၊ ၂ ပွဲ ရှုံး ၊ ရဂိုး ၅ ၊ ပေးဂိုး ၆ ဖြစ်ပါတယ် ။

အဲဗာတန် အသင်း ရဲ  ့နောက်ဆုံးငါးပွဲ ရလဒ်များမှာ 

ပြီးခဲ့တဲ့ အပတ်က အိမ်ကွင်း မှာ မန်ယူ အသင်း ကို ၁-ဝ နဲ ့ရှုံးနိမ့်ခဲ့ပါတယ် ။ အဲဒီပွဲ မှာ ဆိုရင် ခြေအသာနဲ ့မန်ယူ ကို ယှဉ်ကစားနိုင်ခဲ့ပြီး ဂိုးသွင်းကံခေ လို ့သာ ရှုံးခဲ့ရတာကို တွေ ့ရပါတယ် ။

အဲဗာတန် အသင်း ဟာ ထိပ်ရောက်နေတဲ့ အသင်းများနဲ ့တွေ ့ ရင် အသည်းအသန် ကြိုးစားပြီး အနိုင် ၊ သရေ ရလဒ်ကောင်းများ ကန်တဲ့ အစဉ်အလာ ရှိပါတယ် ။

ဒါပေမယ့် ယခုနှစ် ရာသီမှာတော့ ၊ အားထားရတဲ့ ကွင်းလယ်ကစားသမား အာတီတာ ထွက်ခွါသွားခြင်း နှင့် အတူ ခြေမမှန် တာကို လည်း တွေ  ့ရပါတယ် ။

ဈေးအနေအထားအရ အဲဗာတန် ဟာ အောက်အသင်းဖြစ် သတ်မှတ်ခံရပါတယ် ။

နယူးကာဆယ် စားပွဲများနေပြီ ဖြစ်လို ့၊ ပြန်အန်ထုတ် ဖို ့အချိန်တန်ပြီလို ့ယူဆမိပါတယ် ။

အဲဗာတန် အသင်း ရဲ  ့အစဉ်အလာ အရ လည်း ဇယားထိပ်က အသင်းတွေ နဲ ့ဆုံရင် ရလဒ်ကောင်းတတ်တာမို ့၊ အခု ပွဲ ဟာ အဲဗာတန် အနည်းဆုံး သရေ လို ့မြင်မိပါတယ် ။

*******************************************************

နိုဗာရာ(၁၈)   –   ရိုးမား(၁၃)

တန်းတက် နိုဗာရာ အသင်းဟာ ၉ ပွဲ ကန်အပြီးမှာ ၁ ပွဲ နိုင် ၊ ၄ ပွဲ သရေ ၊ ၄ ပွဲ ရှုံး ၊ ရဂိုး ၁၂ ပေးဂိုး ၁ရ နဲ ့အဆင့် ၁၈ ပါ ။

ခြေမမှန် ရိုးမား ကတော့ ၉ ပွဲ ကန်အပြီး ၃ ပွဲ နိုင် ၊ ၂ ပွဲ သရေ ၊ ၄ ပွဲ ရှုံး ၊ ရဂိုး ၁၁ ၊ ပေးဂိုး ၁၁ နဲ ့အဆင့် ၁၃ ပါ ။

နိုဗာရာ အသင်း နောက်ဆုံးငါးပွဲ ရလဒ်များမှာ   ပေးဂိုး ၁ဝ ၊ ရဂိုး ၅

ရိုးမား အသင်း နောက်ဆုံးငါးပွဲ ရလဒ်များမှာ      ပေးဂိုး ၈ ၊ ရဂိုး ၈

ဈေးအနေအထားအရ ရိုးမား အသင်းဟာ ၁ ဂိုးသွင်းရင် အပြည့်နီးပါး အကျိုးအမြတ်ရမှာပါ ။

ရိုးရိုးပဲ စဉ်းစားကြည့်ရင် ၊ အမေရိကန်ပိုင်ရှင်များ ရဲ  ့ရိုးမားအသင်းဟာ ဘာစီလက်ထောက်နည်းပြ နဲ ့အတူ ဒုတိယ ဘာစီအသင်းမျိုး တည်ဆောက်နေကြတာ ဖြစ်ပါတယ် ။

တဖြည်းဖြည်း နဲ ့အထိုင်ကျ လာတဲ့ ရိုးမား အတွက် ပြီးခဲ့ ၂ ပွဲ ဟာ ရှုံးပွဲများသာ ဖြစ်ခဲ့လို ့ယခု ပွဲကို မဖြစ်မနေ အနိုင်ပြန်ကစားမယ် လို ့ထင်မိပါတယ် ။

“ အကျိုးများ မယ့်  ရိုးမား ” ကို ဘဲ အားပေးပါမယ် ။

*******************************************************

ဘက်တစ်(၁၂)   –   မာလာဂါ(၆)

ဘက်တစ်အသင်း ၁ဝ ပွဲ ကန်အပြီး ၄ ပွဲနိုင် ၊ ၆ ပွဲ ရှုံး ၊ ရဂိုး ၁ဝ ၊ ပေးဂိုး ၁၅ နဲ ့အဆင့် ၁၅ ပါ ။

မာလာဂါအသင်း ၁ဝ ပွဲ ကန်အပြီး ၅ ပွဲနိုင် ၊ ၁ ပွဲ သရေ ၊ ၄ ပွဲရှုံး ၊ ရဂိုး ၁၂ ပေးဂိုး ၁၄ နဲ ့အဆင့် ၆ ပါ ။

ဘက်တစ်အသင်း နောက်ဆုံးငါးပွဲ ရလဒ်များမှာ

မာလာဂါ အသင်း နောက်ဆုံးငါးပွဲ ရလဒ်များမှာ 

ဘက်တစ် အသင်း ရဲ  ့အိမ်ရှင်ဆိုတာ ကို အားနာမိပေမယ့် ၊ ဒီနှစ်သင်း တွေ ့ဆုံမှု သမိုင်းကို ပြန်ကြည့်ရင် မာလာဂါ က ပဲ အသာစီး ရထားပါတယ် ။

ကစားသမား အင်အားချင်း ယှဉ်ရင်လည်း မာလာဂါ အသင်းက သာ ပိုပါတယ် ။ ဈေးအနေအထား ဖွင့်လှစ်မှု အရလည်း သရေဆိုရင် ပြန်ခွါမှာ ဖြစ်ပါတယ် ။

ဘာပဲဖြစ်ဖြစ်  မာလာဂါ ကို ပဲ ယုံကြည်မိပါတယ် ။

*******************************************************

—————- ဘောပွဲချစ်သူများ ရွှင်လန်းချမ်းမြေ  ့ကြပါစေ —————-

 

 

 

16 comments

  • Koyin Sithu

    November 5, 2011 at 1:47 pm

    အာကြီး… ဗီလာ… ဘာဘူလ်.. မန်ယူ
    ကြိုက်တာယူ… မိုက်ချင်သလောက်မိုက်..
    ဖိုက်ချင်သလောက်ဖိုက်….
    မသိသူကျော်သွား သိသူဖော်စားကြ….

    ဘယ်လိုမိုက်မိုက် အိမ်ကွင်းနဲ့မိုက်…
    ဖော့ကတ်/ဘော်ဒီ/ မောင်းသခင်… ကိုရင်စီ

    • Koyin Sithu

      November 5, 2011 at 11:59 pm

      အားကြီး အောင်၊ ဗီလာ အောင်၊ ဘာဘူလ် ကျ၊ မန်ယူ မအောင်တအောင်
      ဘယ်လောက်မိုက်မိုက အိမ်ကွင်းနဲ့ မိုက်ထားတဲ့
      ကိုရင်လေးခမျာ… ယခု ညနက်သန်ခေါင်းတောင်..
      မအိပ်နိုင်သေးဘဲ ကျန်ရှိနေသေးသော မန်စီးတီး ပွဲလေးကို…
      အဝေးကွင်းကနေ ဖိုက်ထားတုန်းကပါပဲ…
      ဝါး..ဝါး…
      ဘော်ဒါတို့ရဲ့ တစ်ခုအကြံပေးပါရစေ.. ကျနော်က ဘာဘူဖန်စစ်စစ်ပါ…
      နောက်ဆို ဘာဘူလ်မရိုက်တော့ဟု ယနေ့မှစ သစ္စာပြုပါသည်…
      ထိုအသင်းသည် တခါမျှ ကျွန်ုပ်အားမလုပ်ကျွေးပါ…
      မိတ်ဆွေတို့လဲ ဘာဘူပွဲဆို ရှောင်ပါလေတော့ဟု…
      ကျွန်တော်… ဖိုးကတ်ကိုရင် အကြံပြုပါစေ….

      • Foreign Resident

        November 6, 2011 at 12:25 am

        ဘာဘူလ် ဆိုတာဘယ်အသင်းလဲဟင် ။

        • amatmin

          November 6, 2011 at 7:59 am

          အဘ ဖောရိန်း ရေ

          အန်ဖီးကွင်း ဆိုလားပိုင်တဲ့ အာဖျံကွီး လုပ်သွားတဲ့ လီဗာပူး အသင်းပါဗျ…:)

  • ပေါက်ဖော်

    November 5, 2011 at 3:05 pm

    ကြိုက်ဘီဗျာ..
    ကိုရင်စည်နဲ ့..ကိုရင်ပေတို ့..
    နောက်ထပ် ခင်မင်တတ်သူ နဲ ့ ပေါင်းလိုက်လို ့ကတော့ ..ဟွင်း..ဟွင်း..
    ရှိသမျှ ပေါင်ပြီးကို ရင်းပစ်ဦးမယ်..
    😆

  • amatmin

    November 5, 2011 at 3:58 pm

    ကိုပေကရေး ဘောအတွေး..
    ကိုရင်ကအော် လောင်းကြနော်..
    ကပေါက်ဖော် မြှောက်ပေး လက်မနှေး..
    အမတ်မင်းဆော် ဒိုင်ကအော်… 🙂

    မနက်ဖြန်ကျမှ ဂေဇတ်ပြန်ကြည့် အဖြေညှိမယ်…

  • Koyin Sithu

    November 5, 2011 at 4:47 pm

    ဘောရောင်းရင်းတို့ရေ…
    နက်ဖန် အဖြေညှိလို့ မှန်ဒဲ့လူကို..
    ထန်းရည်တိုက်… ကြွက်ကြောက်ကိုက်ပီး…
    ရွာထဲက အပျိုအိမ်ကို ကာလသားလှည့်ကြမလား…
    ကိုပေ့ကို ခေါင်းတင်ပြီး… အောင်ပွဲခံမယ်လေ… ညှဲညှဲ…

    ဒီညတော့ ဘယ်လိုမိုက်မိုက်… အိမ်ကွင်းနဲ့သာ မိုက်ကြဗျာ…
    ဘော်ဒီ၊ ဖိုးကတ်၊ မောင်းသခင် ကိုရင်… 😀 😀

  • khinmintatthu

    November 5, 2011 at 5:49 pm

    အနော်က နယူးကာဆယ်ကို ပိုကြိုက်မိတယ်….

  • windtalker

    November 5, 2011 at 6:08 pm

    မှီတော့ မှီကောင်းပါရဲ ့ဗျာ
    ဒီနေ ့ည အတွက် အထူးစပါရှယ် ၂ ပွဲ ထပ်ရတာကတော့
    “မန်စီးတီး နဲ ့ ဆီဗီလာ” တို ့ပဲ ဖြစ်ပါတယ်
    နယူးကာဆယ် က ဈေးကို နုနုလေး ဖွင့်လာပါတယ်
    နယူးကာဆယ် ခေါ်တဲ့သဘောပဲမို ့အဲဗာတန် ပဲ အားပေးသင့်ပါတယ်
    အားလုံး အောင်မြင်ကြပါစေ

  • ရာဇဝင်လူဆိုး

    November 5, 2011 at 7:36 pm

    မန်စီတီး…..လီဗာပူး..ရိုးမား အသေချထားတာ။ ရှုံးရင်တော့ ……ဟွင်းဟွင်းဟွင်း…ရွာထဲဝင်ဖို့ ဝိုင်ဖိုင်ကြေး ရှင်းစရာမရှိ…..။

    • windtalker

      November 5, 2011 at 8:38 pm

      ဆီဗီလား လေးပါ ထည့်ဆော်လိုက် ကိုလူဆိုးရေ

  • naywoonni

    November 5, 2011 at 10:31 pm

    ဆီးဂိမ်း ပွဲစဉ်ကတော့ မြန်မာနဲ့ ဗီယက်နာမ် 0 0 သရေကျသွားပါကြောင်း….။ ဒါတောင် ဒုတိယပိုင်းမှာ မြန်မာ ကတစ်ယောက်အထုတ်ခံရတယ်ပြောတယ်…။ လောင်းကစားသမားတွေ လောင်းကြေးပွဲကြည့်နေကြလို့ ပြိးခါနီး 15 မိနစ်သာကြည့်လိုက်ရလို့ ပြန်မပြောနိုင်တာခွင့်လွှတ်ပါ….။

    • inz@ghi

      November 5, 2011 at 10:34 pm

      yes bro,
      ၆ရမ်း ဘက်လိုက်တဲ့ တရုတ်မျက်ခွက်နဲ့ ဒိုင်ကိုတော့ ၆ရမ်း …ဒေါသဖြစ်တယ်..
      ဘာတဲ့ ၂လုံးလောက်သိပ်မယ် ဆိုတဲ့ ၆၃မကျတဲ့ ဗလချိုက် နည်းပြကိုလည်း …ကောင်းကောင်း
      ပညာပေးနိုင်ခဲ့တယ်ထင်တာပဲ ….

      သည်ပွဲမှာ ကစားအား ကတော့ ၆ရမ်းမိုက်တယ်ဗျာ …စိတ်ဓါတ်လည်းအပြည့်ပဲ ….
      skill ပိုင်းပြည့်လာရင် မိုက်ပီပဲ

      မိနစ်၈ဝကျော်မှာ ကမာ္ဘမကျေ ထဆိုတဲ့ ပိတ်သတ်ကိုတော့ ၆ရမ်းကြက်သီးထစရာကောင်းကြောင်း ….

      ၆ရမ်းအားနေတဲ့
      အင်ဇာဂီ…

      • amatmin

        November 6, 2011 at 8:10 am

        မှန်တယ် bro ရေ…

        မြန်မာ ကစားသမားတွေဆို အနားတောင် အကပ်မခံ
        ဘာမှအပြောမခံ နဲ့ လုပ်နေတဲ့ ဒိုင်ကို ဆဲ ရင်းနဲ့ပဲ..ကိုယ့်လူတွေကို
        ဒီတခါတော့ ရေလည် ချီးကျူးမိတယ်ဗျာ…
        ဒါတွေ ကြိုသိပြီး ၁ဝ ယောက်နဲ့ လေ့ကျင့် ထားတယ်ပြောတာကိုး
        လေးစားတယ်ဗျာ……

  • ရာဇဝင်လူဆိုး

    November 5, 2011 at 11:07 pm

    လီဗာပူးကတော့ ရှုုံးဖို့ ၁၀၀% ပဲ…အခုတောင် မိနစ် ၇ဝ ကျော်ပြီ။

  • windtalker

    November 6, 2011 at 10:45 am

    အဲဗာတန် = အပြည့်ရှုံး
    ရိုးမား = အပြည့်နိုင်
    မာလာဂါ = ခပ်ပါးပါးနိုင်

Leave a Reply