ကြိုးကြာနီကို ယုံကြည်လိုက်

khinmintatthuNovember 4, 20111min010

၅ ရက်၊ စနေနေ့မှာယှဉ်ပြိုင်ကစားကြမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲတွေကတော့ အသင်းငယ်တွေနဲ့ အသင်းကြီးတွေ ထိပ်တိုက်ဆုံတွေ့ရမယ့်ပွဲလို့ ပြောလို့ရပါတယ်။ အဲဒီအသင်းတွေထဲမှာမှ ဘယ်အသင်းကြီးတွေကများ ဂိုးပြတ်အနိုင်ရရှိပြီး၊ ဘယ်အသင်းတွေက ကပ်ပြီးနိုင်မလဲဆိုတာကတော့ စဉ်းစားစရာတွေ ဖြစ်လို့နေပါတယ်။ ယှဉ်ပြိုင်ကစားကြမယ့် ပွဲစဉ်တွေထဲက ပရိသတ်တွေအတွက် အကျိုးပေးနိုင်မယ့် ပွဲတွေကို အခုလိုမျိုးသုံးသပ်ရေးသားပေးလိုက်ပါတယ်။

ဘလက်ဘန်း – ချယ်လ်ဆီး
ရပ်တည်မှု၊ ခြေစွမ်း၊ ကစားသမားအင်အားပါ ကွာဟနေတဲ့နှစ်သင်းဆုံတွေ့တဲ့ပွဲဖြစ်တာမို့ ပရိသတ်တွေအနေနဲ့ တစ်ဖက်သက်ဆန်ဆန် ကစားမယ့်ပွဲကိုကြည့်နေရမှာ အသေအချာပါ။ ဘလက်ဘန်းအသင်းဟာ ၁ဝ ပွဲကစားပြီးချိန်မှာ ၁ ပွဲသာ အနိုင်ရရှိထားပြီး ၃ ပွဲသရေနဲ့ ၆ ပွဲရှုံးထားတဲ့အသင်းဖြစ်တာကြောင့် အဆင့် ၁၈ နေရာကို ရောက်ရှိနေတဲ့အသင်းဖြစ်ပါတယ်။ ချယ်လ်ဆီးကတော့ အဆင့် ၄ နေရာမှာရောက်ရှိနေပြီး မန်စီးတီး၊ မန်ယူ၊ နယူးကာဆယ်တို့နောက်ကို အမီလိုက်နိုင်ဖို့ ကြိုးစားကစားပါလိမ့်မယ်။ အနိုင်ရမှဖြစ်တာမို့ ဒီပွဲကိုတော့ အနိုင်ရအောင် ချယ်လ်ဆီးကစားမှာပါ။ ချယ်လ်ဆီးရဲ့ အနိုင်က ၂ ဂိုးပြတ်ရင်တောင် ပါးပါးလေးပဲရှုံးမှာဖြစ်တာမို့ ပါးပါးလေးအရှုံးနဲ့ အပြည့်နိုင်ကို လဲလှယ်ရမှာဖြစ်တာကြောင့် ချယ်လ်ဆီးကိုပဲ ရွေးချယ်ကြည့်လိုက်တယ်။ ဘလက်ဘန်း ဝ-၃ ချယ်လ်ဆီးလို့ ခန့်မှန်းတယ်။ ဂိုးလည်းများမယ်။

နယူးကာဆယ် – အဲဗာတန်
ပရီးလိဂ်ပွဲစဉ် ၁၁ စနေညရဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးပွဲလို့ဆိုရမယ်။ နယူးကာဆယ်အသင်းက အိမ်ကွင်းရော၊ အဝေးကွင်းမှာပါ ရှုံးပွဲမရှိသေးဘဲ ပြိုင်ဘက်တွေကို တောက်လျှောက်အနိုင်ယူနိုင်ခဲ့သလို ပေးဂိုးအနည်းဆုံးအသင်းလည်းဖြစ်ပါတယ်။ သွင်းဂိုး ၁၅ ဂိုးအထိ သွင်းထားနိုင်တဲ့ နယူးကာဆယ် အသင်းရဲ့ တိုက်စစ်မှူးတွေကိုလည်း လျှော့တွက်ထားလို့ော့ မရပါဘူး။ နယူးကာဆယ်အသင်းဟာ တောက်လျှောက်ခြေစွမ်းပြလာခဲ့ပြီး နိုင်ပွဲတွေလည်း ဆက်တိုက်ယူနိုင်လာခဲ့လို့ အမှတ်ပေးဇယားရဲ့ တတိယနေရာကို တက်ရောက်လာနိုင်ခဲ့တယ်။ အဲဗာတန်အသင်းက တော့တင်ဟမ်နဲ့ ဒါဘီပွဲတစ်ပွဲလျှော့ကစား ထားခဲ့ပေမယ့် အသင့် ၁၆ နေရာကို ရောက်ရှိနေတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်သင်းတွေ့ဆုံတဲ့ပွဲမှာ အိမ်ရှင်နယူးကာဆယ်နဲ့ အတူတူမနေရဲစရာအကြောင်း မရှိပါဘူး။ ရဲရဲကြီးပြောလို့ရပါတယ်။ နယူးကာဆယ်နိုင်မယ်။ နယူးကာဆယ် ၂-ဝ အဲဗာတန်ပါ။

လီဗာပူး – ဆွမ်ဆီး
တောက်လျှောက်ခြေစွမ်းပြန်တည်ငြိမ်လာတဲ့ လီဗာပူးအသင်းနဲ့ ခြေစွာနေတဲ့ ဆွမ်ဆီးအသင်းတို့ ဆုံတွေ့တဲ့ပွဲဖြစ်ပါတယ်။ လီဗာပူးအသင်းကလည်း အသင်းခေါင်းဆောင်ဂျရတ် ပြန်လည်ပါဝင်လာခဲ့ပြီးနောက်ပိုင်း သိသိသာသာပြောင်းလဲလာခဲ့ပါတယ်။ ဆွမ်ဆီးအသင်းကလည်း အိမ်ကွင်းတွင်သာ ခြေစွာလေ့ရှိပြီး အဝေးကွင်းသွားရောက်ကစားတဲ့ပွဲတိုင်းလိုလိုမှာ အိမ်ရှင်အသင်းတွေရဲ့ တိုက်စစ်ကိုသာ ခံကစားလေ့ရှိတာကြောင့် လီဗာပူးလို လူပြန်စုံလာတဲ့ အသင်းကိုတော့ သူတို့အနေနဲ့ ပွဲချိန်ကြာလာတာနဲ့အမျှ ယှဉ်ကစားနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် နောက်ဆုံး လီဗာပူးအသင်း ပွဲချိန်ကြာလာတာနဲ့အမျှ လီဗာပူးအသင်းကသာ ပွဲကိုထိန်းကစားရင်း အနိုင်ယူသွားမယ့်ပွဲပါ။ လီဗာပူး ဂိုးပြတ်နိုင်မနိုင်ဘဲ စောင့်ကြည့်ရမယ့်ပွဲပါ။ လီဗာပူး ၃-ဝ ဆွမ်ဆီးဆိုရင် ကြိုးကြာနီတို့ဘက်မှာပဲ ပရိသတ်လုပ်ကြည့်ချင်တယ်။

ကျူပီအာ -မန်စီးတီး
ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာကို ရောက်ရှိနေပြီး ဒုတိယနေရာက မန်ချက်စတာယူနိုက်တက်အသင်းကို ၅ မှတ်ဖြတ်ထားနိုင်ခဲ့တဲ့ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၁ ဖြစ်တဲ့ ကျူပီအာနဲ့အဝေးကွင်းမှာ ဆုံတွေ့ရတယ်ဆိုပေမယ့် ချန်ပီယံလိဂ်မှာ ဗီလာရီးယဲလ်လိုအသင်းမျိုးကို အဝေးကွင်းမှာ ယှဉ်ကစားသွားနိုင်တဲ့ ခြေစွမ်းကတော့ အမြင်ပဲဖြစ်မှာပါ။ ခြေစွမ်းပိုင်းတည်ငြိမ်လာသလို တိုက်စစ်မှူးတွေနဲ့ ကွင်းလယ်ပိုင်းအချိတ်အဆက်တွေပါ မိနေတာကြောင့် ရက်သမ်မိနေတဲ့ မန်စီးတီးကို အိမ်ရှင်ကျူပီအာအသင်း ဖြိုလဲနိုင်မယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ မန်စီးတီးရဲ့ အဝေးကွင်းအနိုင်လည်း ပြတ်သားနိုင်ပါတယ်။ ကျွန်တော့်အကြိုက်ကတော့ ကျူပီအာ ၃ ဂိုးပြတ်လောက်ကို ရှုံးဖို့အနေအထားရှိနေတယ်လို့ ခန့်မှန်းမိတယ်။

10 comments

  • windtalker

    November 4, 2011 at 9:38 pm

    အလုပ်များနေလို ့ဘာပွဲတွေ ရှိမှန်းကို မသိရသေးဘူး ဗျာ ။ မနက်ဖန်ကြမှ ကျုပ်လည်း စိတ်ကြိုက်ပွဲလေးတွေ တင်ဦးမယ်

    Reply

  • khinmintatthu

    November 5, 2011 at 9:51 am

    လုပ်ပေါ့ဗျာ…ကောင်းတာပေါ့…. မျှကြတာပေါ့

    Reply

  • GreeNSheeP

    November 5, 2011 at 1:38 pm

    ဂျာရတ် ပြန်နာသွားပြီ လို ့သိရပါသည် ။

    Reply

  • Koyin Sithu

    November 5, 2011 at 3:40 pm

    ကျွန်ုပ်က ကြိုးကြာနီ ပရိသတ်
    ကြိုးကျာကိုရင်ပါဂျ…
    ယုံချက်ကတော့ ပြောမနေနဲ့..
    ကြိုးကြာနီတွေယုံလို့..
    ရှိသမျှအကုန်ချွတ်ရိုက်တာ…
    လန်ကွတ်တီနဲ့ ပြန်ခဲ့ရသေး…
    ယုံပါတယ်.. ယုံပါတယ်.. 🙄

    Reply

  • khinmintatthu

    November 5, 2011 at 5:34 pm

    ယုံကြည်လိုက်….. ယုံကြည်လိုက်…. သေချာပါတယ်….

    Reply

  • khinmintatthu

    November 5, 2011 at 9:14 pm

    နယူးကာဆယ်ကတော့ သေချာသွားပြီပေါ့…။ ကျန်ပွဲတွေပဲ စောင့်ကြည့်ရတော့မယ်..

    Reply

  • ရာဇဝင်လူဆိုး

    November 5, 2011 at 9:29 pm

    လီဗာပူး တော့ သေချာမယ်ထင်တယ်။

    Reply

  • ရာဇဝင်လူဆိုး

    November 5, 2011 at 11:10 pm

    အခုတောရှုံးနေပြီ ကြိုးကြာနီရေ….. ကုန်ပြီဗျ။ အိမ်ကွင်းကြီးကို ..၁ လုံးတောင်မရသေးဘူး အခုထိ။

    Reply

    • inz@ghi

      November 5, 2011 at 11:28 pm

      လစ်ဗာပူးလ်တွေ လုပ်ချလိုက်ရင် ဒါမျိုးချည်းပဲ ….
      ချယ်လဆီးလည်း ၁လုံးပဲရတယ် ပျော့ထှာ …
      မန်ချက်ကိုတော့ ဝက်စ်ဘရောင်းက ကျေးဇူးဆပ်သွားတယ်ဗျ….
      ဘယ့်နှယ့် …ကိုရင်စည်သူ…

      Reply

      • Koyin Sithu

        November 5, 2011 at 11:52 pm

        ကိုဂီ့ရေ… ဒီနေ့လည်း ဘာဘူတို့ ဒုတ်ခပေးတာ..
        ရှိတဲ့ လန်ကွတ်တီပါ.. ချွတ်ခဲ့ရပြန်ပီပေါ့…
        တော်သေးတယ်… မိုက်ချင်သလောက်မိုက်..
        အိမ်ကွင်းတွေပဲ ဖိုက်ထားလို့… မကုန်ဒယ်…
        လီပါပူးက ကံခေနေတာ.. သွင်းတဲ့ဂိုးက
        လူကျွံဘော၊ ကောင်းတဲ့ကစ်က ဂိုးသမားလက်စွမ်းပြနဲ့…
        ရွာသာများ.. နောက်ဆို ဘာဘူလ်ရှောင်လောင်းပါ..
        အားတော့ သက်သက်ပေးပေါ့…
        ဒီအသင်းက… သိပ်မရှာကျွေးဘူး…

        မောင်းပြန်/အိမ်ကွင်းငမိုက်… ကိုရင်မိုက်

        Reply

Leave a Reply to GreeNSheeP Cancel Reply

Your email address will not be published.