ကပေ့ရဲ့ အာဂလူစွမ်း ..စူပါမန်း …၁၁ယောက် (၃)

ムラカミNovember 2, 20111min030
နာမည်ကျော် ပါရမီရှင် အလစ်သမား ကပေါက်ဖော်...

လက်ထဲက ပုလင်းကို စားပွဲပေါ်တင်ရင်း ...ခုံ အလွတ် ၁လုံးတွင် ကပေါက်ဖော် ဝင်ထိုင်သည်
သူ့ဝသီအတိုင်း ခပ်ထွေထွေပင် နှုတ်ဆက်စကား ဆိုသည် ...ထူးဆန်းသည်မှာ သည်အလုပ်အားလုံးကို
တပြိုင်နက် ပြုလုပ်သွားခြင်းဖြစ် သည် ... ထူးဆန်းပါပေ့ ကပေါက်ဖော်....

ဖော်။ ဂေ့ အင်ဇာဂီ ... ကျုပ် နည်းနည်းနောက်ကျသွားတယ် ဆောရီး ....
ဇာ။ ရပါတယ်ဗျ ...ရောက်လာတာကိုပဲ ဝမ်းသာလှပါပီ .. ဆေးလိပ်သောက်ပါဦး ...
ဖော်။ ဘယ်ဗူးက စနှိုက်ရမတုန်းဗျ .....
ဇာ။ အင်. ... ကပေါက်ဖော် ..ကျနော် တင်ထားတာ ၁ဗူးတည်းလေဗျာ ...သေချာကြည့်ပါဦးဆြာသမားရယ်
ဖော်။ အော် ..အင် း ဆောရီး ...ဂေ့ အင်ဇာဂီ....
ပြောပြောဆိုဆို မတ်တပ် ထရပ်လိုက်သည် တဆက်တည်း ဘယ်ဘက်လက်က ဆေးလိပ်ဗူးဆီ လက်အလှမ်း
ညာဘက်လက်က စောစောက တင်ထားသော ပုလင်းဆီရောက်သွားသည် ...
တကယ်က ပုလင်း ဆီမဟုတ် ပုလင်းဘေးက မီးခြစ်ဆီ ...သို့သော် ... ကပေါက်ဖော်ပေပဲ ...တခြားလူမှတ်လို့


သူများမရိပ်မိနိုင်ခင်မှာပါ ပုလင်းဆီမှ မီးခြစ်ဆီသို့ လက်၏ လားရာ ကိုပြောင်းသည်...
ဘယ်ဘက်ဒူး အနည်းငယ်ညွတ်သည် ညာဘက်ခြေသလုံး အနည်းငယ် တောင့်လိုက်သည် ...
သို့ရာတွင် လိုရာမရောက်သေးသောကြောင့် ဘယ်ညာ အကွေးအညွတ် လုပ်ကာ ဘယ်လ်လန့်စ် ကို
ရှန်တိန်လုပ်သည် ... ဒါကိုက ကပေါက်ဖော်၏ မူပိုင် စတိုင်လ် ...
(မယုံလျှင် အဗေတာ ပုံကိုကြည့်ပါ...)

ထို့နောက်တွင်တော့ အရာရာ အသားကျသွားသည် ...
မီးခိုးများ ကိုနှာခေါင်းမှ မျှင်းထုတ်က ခပ် တိုးတိုးရယ်သည် ....
ဖော်။ မတွေ့တာ ကြာပေါ့ ကပေ့ ဂ် ....(ကပေ နှင့် ဂေ့  တွဲသွားသည်မှတ်ပါ..)
ပေ။ ဟုတ်ပါ့ဗျာ ...ဘယ်လိုတုန်းဗျ ...အခြေအနေ ...
ဖော်။  အနေအထားကတော့ ရွှေငါးဗျ. ...အေးဆေး...
        ဒါနဲ့ ပြောပါဦး ကိုယ့်လူတို့ရဲ့ ...ကျုပ်တို့ သဂျီးက ဘာများ အမိန့်တော် မှတ်သတဲ့တုန်း...
ပေ။ ကျုပ်တို့လဲ သေချာ မသိသေးဘူးဗျ... လူစု ခိုင်းတာပဲ သိတယ် ...လူစုံရင်
        သူ့ဆီလာဖို့ ပြောတယ်ဗျ....
ဖော်။ ဩဟော် ...ဂလိုလား ...ကျုပ်လည်း လိုကယ်လ်မှာ လှုပ်ရှားရတာ ပျင်းလာတာနဲ့
        အတော်ပဲဗျ ...တွေ့ကြချည်သေးရဲ့ သဂျီးရယ် ......ဂေ့ အင်ဇာဂီ ..ဒါနဲ့ နောက် ဘယ်သူ
        ကျန်သေးတာတုန်းဗျ......
ဇာ။ ကျန်သေးပါကောလားဗျာ ...သဂျီး အပြောအရ ဆိုလျင်တော့ ကျုပ်တို့ အလုပ်မှာ
       အလွန်အရေးပါပီး ကျုပ်တို့ အားလုံးထက် သူရသတ္တိအရာမှာ ပြောင်မြောက်တဲ့ ပုဂ္ဂိုလ်ဆိုပဲဗျ..


ကပေါက်ဖော် တချက်တွေဝေသွားပြီ ...ဟုတ်သည်လေ ...သရဲမကြောက် သဂျီးမကြောက်
လက်မရွံ့  သည်၃ယောက်ထက်ပင် ပိုမို သတ္တိကောင်းပြီး အရေးပါမယ့်လူ ဆိုတော့ ...
သူ့စတိုင်လ်အတိုင်း ရှေ့တိုးနောက်ငင် စဉ်းစားခန်း ဝင်တော့ပေသည်...
ပြောလို့သာပြောရတယ် ကပေါက်ဖော်ဟာ အလစ်သမား သာလုပ်တာ
တကယ်က လူရည်ချွန် ပညာတတ် တယောက် (နည်းနည်း ပင့်ပေးဦးမှ)
တော်ကီသမား အင်ဇာဂီ ... အတုလုပ်ရာတွင် စကေးလ် ကောင်းသလောက်
အကွက်မမြင်သော ကပေ့ ထက်စာလျင် သူက စဉ်းစား တွေးခေါ်ပုံအတော်ပင်
အကွက်မြင်သည့်လူ ဖြစ်သည် ...စဉ်းစားစမ်း ကပေါက်ဖော် စဉ်းစား ...


ခေါင်းထဲတွင် လက်ကနဲ ဖြစ်သွားသည် မျက်နှာမှာ ဝင်းကနဲ....
ကုန်လုလုဆေးလိပ်ကို ပြာခွက်တွင် ထိုးချေပီး ....
ဒေါင်းတိမောင်းတိ ပြောချလိုက်သည်မှာ
ဖော်။ ဟေ့လူတွေ အခု လာမှာ ဖဲဝိဇ္ဇာ မှော်ဆြာ မလား ....

မေးခွန်း ကြိုမအောက်ထားသော စာမေးပွဲတွင် အမှတ်ပြည့်ရသော
ကျောင်းသား ပေါ်ထွက်လာသကဲ့သို့ သော အံ့ဩမှု ကိုပြရင်း အင်ဇာဂီ
တရုတ်သိုင်းကားများထဲကလို ကပေါက်ဖော် ကို အရိုအသေပြုလိုက်သည်
ကပေ ကတော့ စေ့စေ့တွေးမှ ရေးရေးပေါ်သလို တဖြည်းဖြည်းချင်းပြုံးလာပြီး
ခေါင်းတညိမ့်ညိမ့်လုပ်သည်....


ဟုတ်သည်လေ ...သူကြီး ဟိုတယ် နှင့် ကာစီနို ဆက်စပ်ကြည့်လိုက်လျင်
ဖဲဝိဇ္ဇာ ဆိုတာက ဖြစ်နိုင်ချေ အကောင်းဆုံးတည်း ...
ပြီးတော့ သတိ္တ အင်မတန်ကောင်း ဆိုကတည်းက ရွာက အသိများထဲတွင်
ပြေးကြည့်စရာမလို မှော်ဆြာ ပဲဖြစ်မည် ဆိုတာ ဒက်ထိ သိနိုင်သည်...
စုံထောက်ကြီး ဦးလန်ဘား သည်တခါ ရှော်သွားလေပြီ..



ငယ်စဉ်ကတည်း က တီကောင် ကို အပိုင်းပိုင်းဖြတ် ကစားလာသူ
ဖားအစ ကြွက်အလယ်  လယ်ပုစွန်လုံး အဆုံး ရဲဝင့်စွာ ဖမ်းဆီးမီးဖုတ်စားသူ
ဒါ့ပုံဆြာ ဖြစ်လာတော့လည်း မျက်တောင်မခတ် မော်ဒယ်များကို
လက်မရွံ့ ရိုက်ကူးတီးဖြတ်သူ ... အာဂ သတ္တိရှင် ဖြစ်၏


အသုဘ အင်တာဗျူးကို တီထွင်အောင်မြင်သဖြင့် နာမည်ဟုန်းဟုန်းကျော်
လာသူလည်း ဖြစ်သည်...တကယ်က အသုဘများတွင် ဒါ့ပုံဗွီဒို ရိုက်သည်ဆိုသည်မှာ အမည်ခံ
သာဖြစ်၏ တကယ့် တကယ်တမ်းတွင်မူ နာမည်ကျော် ကြေးရတက်
များ၏ အသုဘဖဲဝိုင်းများတွင် ဖဲဝိဇ္ဇာ အဖြစ် တတ်ကျွမ်းသည့်
မှော်ပညာ ဖြင့် အစွမ်းပြလေတော့ သတည်း...

ဇာ။ကဲ ကပေါက်ဖော် ...ကျနော်နဲ့ ကပေ့ သွားနားလိုက်ဦးမယ်ဗျာ...
     ရေကူးထားတာ အကျောတွေအခြင်တွေ ညောင်းနေပီဗျ..
     မှော်ဆြာ လာရင် ခင်ဗျားပဲ ဧည့်ခံထားလိုက်ပါ ..
    အလိုရှိတာလည်း မှာပီး သုံးဆောင်ပါဗျာ ...
    သဂျီးက ရန်ပုံငွေ ထုတ်ပေးထားတယ်ဗျ...
ဖော်။ အိုကေဗျာ ဂေ့ အင်ဇာဂီ ...


အင်ဇာဂီနှင့် ကပေ့ ကား ...ယိုးဒယား ဆီသုတ် အနှိပ်မယ်လေးများ ထံ ခြေလှမ်းကျဲကြီးများနှင့်
ချီတက်သွားကြလေ သတည်း ....

ကပေါက်ဖော် တယောက်ကတော့ စားပွဲပေါ်က ဂျော်နီနှင့်အတူ ရှေ့တိုးနောက်ငင်လမ်းလျောက်နေသည်မှာ
အတော်ပင် ခရီးရောက်နေပြီတည်း.......
သို့နှင့် မှောင်ရီဝိုးတဝါး ညီအစ်ကို မသိတသိ အချိန်တွင် ....
......................ချပ်စ်....................................

30 comments

  • windtalker

    November 2, 2011 at 11:59 am

    မှော်ဆရာ ရောက်လာရင်
    ကျုပ် နဲ ့ပေါက်ဖော် တို ့ဆီလူးခံနေတာကို
    ဓါတ်ပုံလိုက်ခိုးမရိုက်ဖို ့ပြောလိုက်ဦးနော်
    လာချောင်းလို ့ကတော့ ၊ သခွါးသီးစာ မိမယ်မှတ်
    ညှင်းညှင်းညှင်းညှင်း
    (သခွါးသီး = ဆီနှိပ်ခန်းထဲ တွင် ပေါင်းတင်သည့်အခါ သုံးသော အသီး)

    Reply

    • inz@ghi

      November 2, 2011 at 12:01 pm

      ဟိတ်လူ သေချာဖတ်. ..
      ဆီလူးတာ ခင်ဗျားနဲ့ ကျုပ် …
      ကပေါက်ဖော် က မှော်ဆြာ ကို စောင့်နေတာ …
      မှာချင် သူ့မှာ ….

      Reply

      • windtalker

        November 2, 2011 at 12:11 pm

        ဟီး တစ်ကယ်တောင်းပန်ပါတယ်ဗျို ့
        ကွန်မင့် ဦးဦးဖျားဖျားပေးချင်ဇော အားကီးပီး ၊ လူမှားကုန်တယ်
        အဲဒါပြောတာဘဲ
        ရှေးတုန်းက ဆရာသခင်ဂုလုမာစတာများကလဲ ပြောပါတယ်
        အရက်သမား အမှားတစ်ရာ၊တစ်ထောင်၊တစ်သောင်း တဲ ့
        ကျုပ် မောင်ပေ လဲ ၊ ခင်ဗျား ပို ့စ်ထဲက အကောင်းစားတွေ ကို
        အမြင်နဲ ့တင် သုံးဆောင် ပြီး ယစ်မူးပြီး သကာလ
        မွှားကုန်တော့တာပဲဗျို ့
        မွှားတဲ့အခါ လဲ မွှားပေမပေါ့ ဗျ
        ဝမ်းနည်းပါ၏ ( ကောက်ညှင်းပေါင်းစားတာများသွားလို ့)

        Reply

    • king

      November 2, 2011 at 4:44 pm

      ခပ်ကင်းကင်းပဲ နေတယ်ဟေ့
      အပြင်မှာ ဗွီဒီယိုဖိုင်တွေပြန့်ကုန်ရင်
      KING Entertainment က ဖြန့်တာ ဟုတ်ဘူးနော် … 😛

      Reply

    • etone

      November 4, 2011 at 11:28 am

      ဟား ဟား ဟား ဟား …ကိုပေတို့ကတော့ လုပ်တော့မယ် … သူ့ပို့စ်ထဲက သခွားသီးရေဆေးတာလေးပါ ပြန်အစဖော်ပေးလိုက်သေးတယ် … ။
      ရေးတဲ့လူကလည်းရေးတတ်ပါ့ … ဖတ်တဲ့လူက သွားစေ့မရတော့ဘူး 😆

      Reply

  • Moe Z

    November 2, 2011 at 12:13 pm

    ကိုပေါက်ဖော်ခေါ်တဲ့လေသံကို ဖတ်တာမျက်စိလျှမ်းပြီး ဂေးအင်ဇာဂီဖြစ်သွားတယ် ဆောရီး…..

    Reply

    • inz@ghi

      November 2, 2011 at 12:23 pm

      အင်ဇာဂီက ဂေး ဟုတ်ဝူး ဂျစ်ဂလို …
      အဲ့ ..ယောင်လို့ ..ခစ်ခစ်..

      Reply

  • Foreign Resident

    November 2, 2011 at 12:24 pm

    အင်းးးးးးးးး တဖြေးဖြေးနှင့် မာစွတ် ဘက်ကိုရောက်လာပြီ ။
    ဘုရား ဘုရား ဘုရား

    Reply

    • windtalker

      November 2, 2011 at 12:29 pm

      အဲဒါကို အရမ်းသိချင်နေတာ ဘ ရဲ ့
      သားတို ့က မန်းတလေးမှာနေတာဆိုတော့လေ
      သိတယ်မို ့လား
      ဘာဘာညာညာ တွေ လဲ နားမလည်

      Reply

    • inz@ghi

      November 2, 2011 at 12:31 pm

      အဘရဲ့ ကိုယ်တွေ့လေးတွေရှဲပါဦးလားဗျာ..
      ဇာတ်လမ်းဇာတ်ကွက် ပိုပီပြင်သွားအောင်ပါ …
      မော်ဒယ်တို့ရဲ့ ခယောင်းလမ်း ကိုလည်း မျှော်နေတယ်နော် အဘ။.

      Reply

      • Moe Z

        November 2, 2011 at 12:39 pm

        အဘကမျက်စိမကောင်းတော့ပါဘူးဆိုမှ …..

        ရေးပေးလိုက်ပါအဘရယ် သူတို့မှာတစ်နေ့တစ်နေ့
        အဘရဲ့ပို့စ်များတက်လာမလားလို့ home page ကိုဘယ်နှစ်ကြိမ်နှိပ်မိမှန်း
        မသိတော့ဘူး 😀 😛

        Reply

        • inz@ghi

          November 2, 2011 at 12:46 pm

          {မှော်ဆြာနှင့် Moe Z တို့ တွေ့ဆုံခန်းမှ ကောက်နှုတ်ချက် …. အပိုင်း ၄ မှ….}
          ………………………………
          မှော်။(တောက် ..အင်ဇာဂီ….နေနှင့်ဦးပေါ့ ကွာ ….ဒင်း က ဒင်းကျ ရိုက်တယ် သူများကျ မရိုက်ရအောင်
          လျောက်လျောက်ရေးတယ် …တွေ့ ပစေဦး…..)
          သို့သော် .အခြေအနေအရ .မျက်နှာကို ရုတ်တရက် အိုချ လိုက်ကာ …
          မှော်။ အော် ညလေး ရယ် အကိုကြီးတို့ကလေ ကင်မလာ စမ်းတာ ဆိုတော့ တပုံတလေတော့ အဟဲ …
          ပါသွားကောင်းပါ သွားမှာပေါ့နော်…
          မိန်း။ ဘာတပုံတလေလဲ ..သိနေတယ်လေ Z ကို သည်လို လာလိမ်လို့မရဝူး …စောစောက
          ဟိုလူကြီး ပုခုံးပေါ်က Z ကို ကျော်ရိုက်လိုက်တာမဟုတ်လား …
          …………………….
          ဆက်ရန် ……မျှော်…

    • အီးတီ

      November 4, 2011 at 3:44 am

      ယိုးဒယား ဆီသုတ် အနှိပ်မယ်လေးများတဲ့ အဘရေ ့… စိတ်မပူပါနဲ ့ဦးဖော အပိုင်း ၂
      ထဲမှာ ကိုအင်ဇာဂီတို ့က ဆီဒိုးနားမှာဘဲ ရှိသေးတယ်။ သင်္ဘောသီးတွေပျော်တဲ့
      ယိုးဒယား မှာမဟုတ်သေးဘူး။

      Reply

  • Koyin Sithu

    November 2, 2011 at 12:25 pm

    ကြက်မောက်တော်ကီ ဆရာအင်ဂီ
    ယိုးဒယားဆီသုတ် ကပေ့လုပ်…
    ပေါက်ဖော်တစ်ယောက် ဂျော်နီလျှောက်…
    ထိုသူသုံးယောက် ယိုးဒယားရောက်
    ကြောက်ဖွယ်လိလိကား… 🙄

    Reply

  • pan pan

    November 2, 2011 at 12:53 pm

    အင်း…..ဇာတ်လမ်းကတော့ တော်တော်စိတ်ဝင်စားဖို့ကောင်းလာပြီ
    တဖွဲ့လုံး ကောင်းစားနေလိုက်ကြတာများ
    ကိုဇာဆို ကောင်းစားနေပေမယ့် အကြွေးကျတော့မဆပ်ဘူး 😛
    ပြန်လာရဲလာကြည့် အိုင်ဖုန်းကိုသမပစ်မယ် 😆

    Reply

    • inz@ghi

      November 2, 2011 at 7:56 pm

      မိပန်ပန် ညည်းဒုက္ခနဲ့ ပန်ပန် တွေ့သွားချင်သလား ….
      ညည်းလဲပါဦးမှာ ….
      ငယ်ကျိုးငယ်နာတွေ ဖော်နဲ့ …

      Reply

  • manawphyulay

    November 2, 2011 at 2:53 pm

    ဒါတောင် ၃ ယောက်ပေါင်းလောင်းကျော် အဲ ၃ ယောက်ပေါင်း မှော်ဆြာကို ဓာတ်ပုံရိုက်ခံဖို့စောင့်နေကြတာမလား။ မှော်ဆြာက လာပြီးငြိမ်ငြိမ်နေ မျက်တောင်မခတ်နဲ့ဆိုပြီး ပြောမှာတော့ မြင်ယောင်သေး……

    Reply

    • inz@ghi

      November 2, 2011 at 2:58 pm

      ဟင့်အင်း …ကောမန့်ထဲမှာ မှော်ဆြာ နဲ့ Moe Z အမှတ်မထင် ဆုံတဲ့အကြောင်း အမြည်းပေးထားတယ်လေ…
      မှော်ဆြာ နဲ့မှ ၄ယောက်ရှိသေးတာ.. ဇာတ်ကောင် အသစ်တွေ လာဦးမှာ ….
      မမနောရော ပါဦး မား??

      Reply

  • Diamond Key

    November 2, 2011 at 3:57 pm

    မှော်ဆြာလာရင် ကုလားကြီးဆီက ယူလာတဲ့ လက်ဆောင်ပစ္စည်းတွေ ကိုဇာအတွက် ပါလာမယ်ထင်တယ်။

    Reply

  • Diamond Key

    November 2, 2011 at 3:57 pm

    မှော်ဆြာလာရင် တရုပ်ကြီး ဆီက ယူလာတဲ့ လက်ဆောင်ပစ္စည်းတွေ ကိုဇာအတွက် ပါလာမယ်ထင်တယ်။

    Reply

    • inz@ghi

      November 2, 2011 at 7:57 pm

      ကစိန်သော့. …
      ကစိန်သော့ အခန်းက နည်းနည်းနောက်ကျမယ်ဗျ …
      ချာတိတ်တွေ အရင် မိတ်ဆက်ရဦးမှာဆိုတော့
      ကီးပါဆင်တွေက နည်းနည်းနောက်ကျမယ်. ….

      ခနစောင့်နော်….

      Reply

  • nozomi

    November 2, 2011 at 6:09 pm

    Ocean 11 ပဲ ဆိုတဲ့ ကားကိုတော့ တော်တော် သဘောကျတယ် ၊ သူတို့ စဉ်းစားတာ စီစဉ်တာ

    inz@ghi ရဲ့ ဒီပို့စ်လေးကိုလဲ မြန်မာဇာတ်လမ်းတွဲရိုက်ပေါ့၊ ပြီးတော့မှ သူကြီးနဲ့ ညှိလိုက်၊ ဒီဇာတ်လမ်းခွေ ဝယ်ပြီးကြောင်း အထောက်အထားပါမှ ရွာသားအဖြစ်လက်ခံ၊ ပွိုင့်တစ်သိန်းပြည့်သွားရင်လဲ ပိုက်ဆံအစား အခွေပေးပေါ့

    Reply

    • inz@ghi

      November 2, 2011 at 7:44 pm

      ဟုတ်ပါ့ဗျာ …
      အိုးရှင်း အီလဲဗင်း ……
      အပိုင်း ၃မှာ ကိုနိုဇိုမိ က ဖော်နိုင်သွားပီ …..

      လူရှာတဲ့ လူစုတဲ့အပိုင်းကို ကျနော် နည်းနည်းပြင်ထားတယ်ဗျ…အဟီး….
      ဗမာမှု ပြုထားသည်ပေါ့ဗျာ….

      ဇာတ်ကောင် ဇရိုက်ပေါလွင်အောင် လုပ်ရသေးတော့
      ၁ပိုစ့်ကို ဇာတ်ကောင် ၁ကောင်စီပဲ မိတ်ဆက်ပေးနိုင်တယ်ဗျာ…..

      good artists copy, best artists steal …..
      Inz@ghi

      Reply

      • အီးတီ

        November 4, 2011 at 3:50 am

        Ocean 11 ဆိုတော့ 12,13 လာဦးမှာပေါ့နော် ကိုအင်ဇာဂီ

        Reply

        • inz@ghi

          November 4, 2011 at 3:57 am

          အီလဲဗန်င်းတောင် ခုမှ လူစုတုန်းဆြာ …တွဲလ် သာ့တိင်န်း …ကအဝေးကြီးလိုပါသေးတယ်….

  • inz@ghi

    November 2, 2011 at 7:58 pm

    သည်လိုင်းဖောက်လို့ အောင်မြင်ရင်…
    ရွာထဲက ရှိသမျှ ရွာသူား အားလုံးကို
    ကြည့်ဖူးသမျှ ရုပ်ရှင်တွေထဲ ..အကုန် သိမ်းကျုံး သွပ်သွင်းပစ်လိုက်မယ်….

    ညှင်းညှင်း…..

    Reply

  • ပေါက်ဖော်

    November 2, 2011 at 9:47 pm

    ဖြစ်ချေဘူး.
    သဂျီးပေးတဲ့ထောက်ပံ့ပွိုင့်တွေ..ဂဇာဂီနဲ ့..ဂပေ တို ့နှစ်ယောက် အလွဲသုံးစား မလုပ်အောင်
    ဂမှော်ချာနဲ ့..လိုက်ချောင်းပြီးမှတ်တမ်းတင်ရမှာဘဲ.
    ငှဲ.ငှဲ..ညှင်း.. 😆

    Reply

  • blackchaw

    November 2, 2011 at 10:01 pm

    မာဆတ်ဆိုတော့ အဘFR က ဘုရားတတယ်။

    Reply

    • inz@ghi

      November 2, 2011 at 10:29 pm

      ဖြစ်ချေဝူး ကို မှောင်ရေ့
      ကပေ့နဲ့ ဘဖော်ကြား
      ကိုယ်တွေမသိတဲ့ လျှိုဝှက်ချက်တွေ ရှိမလားပဲ…

      (မြန်မြန်ဖြေနော် မဖြေရင် အမှောင်တန်းတို့ လျှပ်ဒပျက် ခွချက် … တို့ နှလုံးမူပီပဲ…..)

      Reply

  • မှော်ဆရာ

    November 4, 2011 at 3:34 pm

    အော် ရွာထဲမှာ တီးတိုးတီးတိုး လုပ်နေကြတယ် ထင်ပါတယ်ဆိုတာ
    ကိုယ်ကိုကိုယ် ဖဲဝိဇ္ဖာ ဖြစ်လို့ ဖြစ်မှန်း မသိလိုက်တာကိုး
    အင်း ဆရာလေး အင်ဇာဂီရေ
    မစ်ရှင်ကို အရောက်နောက်ကျသွားတာ တခြားကြောင့် မဟုတ်ပါဘူးဗျာ ….
    ကထိန်ရာသီဆိုတော့ ကထိန်အလှူပွဲလေးတွေ မှတ်တမ်းတင် လိုက်ရိုက်နေရလို့ပါ ….
    နောက်များဆိုရင်တော့ အချိန်ပြည့် အသုံးတော်ခံပါ့မယ် ……

    Reply

Leave a Reply

Your email address will not be published.