ကပေ့ရဲ့ အာဂလူစွမ်း ..စူပါမန်း …၁၁ယောက် (၂)

ムラカミNovember 1, 20111min016
တချိန်က ရပ်ကွက်က ပေးသော ဆီကို တိုးပီး ရောင်းစားခဲ့ရသော ငတိ၂ယောက် ယခုတော့ ဆီဒိုးနား
ရေကူးကန် ဘောင်တွင် မိန့်မိန့်ကြီး အနူယား ...အဲ့လေ အနားယူနေလေသည်။...
ရေဘင် မျက်မှန်ကိုင်းကို လက်ဖျားလေးနှင့် ဖိလိုက်ဖော့လိုက် လုပ်ရင်း မျက်နှာချင်းဆိုင်မှ မော်ဒလယ်လေးကို
ကပေ တယောက် ကလူ၏သို့ မြူ၏သို့ လုပ်နေသည်။

တခြားဟာသာ မကြိုးစားတာ ဒါမျိုး ကျ နည်းနည်းမှ သူများ အကျော မခံချင်သော အင်ဇာဂီမှာလည်း
မာလ်တီနီ တကြိုက်ကြိုက်ရင်း ဘေးနားကစကီလေးကို ဖလိုင်းကစ်စ်လိုက်ပြန်သည် ...

အရေးကောင်း ဒိန်းဒေါင်းဖျက်လေပီ ....
သူတို့၂ဦးကြားရှိ စားပွဲပုလေးပေါ်မှ Macbook Pro စက်ခရင် သည် ရုပ်ချည်းပြောင်းသွားပီး
အဲဗား ကွမ်းစား နဲဗား ဝမ်းမသွား သည့် မျက်နှာကြီးပေါ်လာသည် .....
ပေ။ ... ဟင် ...ဒါ ...ဒါ...
လက်အုပ်ပဲချီ ရမလို လက်ပဲ ပိုက်ရမလို ဖြစ်သွားသော ကပေ ကို သူဂျီးမှ...


ဂျီး။ ဟဲ့ ငပေ လားဟဲ့. ....ဘယ့်နှယ့်လဲ နေရာကျရဲ့လား ...
စိတ်သက်သာရာ ရသွားသော ကပေမှ..
ပေ။ ဟုတ်ကဲ့ သဂျီး ...အနော့် ကို ဟို ကောင်လေး ကောင်းကောင်းပြုစုထားပါတယ်။
ဂျီး။ ခွီး တဲ့မှပဲ ..နင်တို့ ကို ဟော်တယ်တက်ပီး အနူယား နေခိုင်းတာမဟုတ်ဘူးဟ ...
ငါခိုင်းတဲ့ ကိစ္စတွေ နေရာကျရဲ့လား လုပ်ပီးကြရဲ့လား မေးနေတာဟ...ဘယ်မလဲ ဟိုကောင်..
ဇာ။ ဟုတ် ...ဟုတ် ...တား ...ဒီဘက်မှာပါ သဂျီး....
ဂျီး။ ၁ပါတ်တောင် ရှိပီ နင် ဘာမှမလုပ်ရသေးဘူးလား ..ဘယ်မလဲ ကျန်တဲ့လူဒွေ ..
ဇာ။ ဟို ဟို ...ဒါက သည်လို ရှိပါတယ် သဂျီး ...
     သူရို့က တနေ့တနေ့ မှ တသုတ်ချင်း လွှတ်ပေးတာဆိုတော့ ကပေ့ကို အတော်စောင့်လိုက်ရလို့ပါ
ဂျီး။ ဟေ့ကောင် နင် သူများကို တော်ကီရောင်းလို့ရမယ် ငါ့ကိုတော့ ရောင်းလို့ရမယ် မမှတ်နဲ့
      သဂျိုင်ခီးတဲ့ကွနော် ....နင်ထမင်းစားတာ ငါဆွမ်းတော်တင်သလောက်တောင် မရှိသေးဝူး
      နင့်အရင် ရော့ပုံးဂီးမှာ ခြေချ လာတဲ့ကောင် ...ညာလို့ကတော့ သေပီသာမှတ်။
ဇာ။ စုံစမ်းကြည့်လို့ ရပါတယ် သဂျီးရယ် ....ကျနော် မျိုးဂျီး သဂျီးကိုတော့ မလိမ်ဝင့်ကြောင်းပါ။
ဂျီး။ ကဲ..ကဲ ...ကပေ ...
ပေ။ ဟုတ် သဂျီး။
ဂျီး။ နင်က လူကြီးပဲ ...နင်ဦးဆောင်တော့ ..ဟိုကောင်က စိတ်သိပ်နှံ့တာ မဟုတ်ဘူး ...
      အသေးစိတ် ကို အဲ့ကောင်ပဲမေးလိုက်တော့ ကြားလား ...မရှင်းတာရှိရင် ငါ့ကို မေးလ် ပို့ထား ..
      အင်း ....ညောင်းလိုက်တာ ....အော် အသက်ကလေးကလည်းရလာတော့ ...အနိစ္စ ..ဒုက္ခ အနတ္တပါလား ....
      သမီးလေးတို့ရေ ....ညောင်းဒလယ်ကွယ်...
စကီလေးများ။ ရှင် ...လာပါပီ ရှင့် ....
တွီတွိဒွီ ....(စကိုက် လော့ခ်အော့ဖ် ဖြစ်သွားသော အသံဖြစ်ပါသည်...)



ဝှူး ....သက်ပြင်းကို မှုတ်ထုတ်ရင်း ကပေ လေးလံစွာပြောလိုက်သည် ...
ဟေ့ကောင် သူဂျီးက ဘာမှာ တာလဲကွ ....ဘယ်မလဲ လူစာရင်း ...
ဇာ။ သည်လိုဗျ .. ဆြာပေရ သဂျီးက မစ်ရှင်းတခု တာဝန်ပေးချင်လို့ လူစုတာဗျ..
      ဘာလုပ်ရမလဲ ဆိုတာကတော့ ကျနော်လည်း သေချာ မသိဘူး ..ဟိုရောက်မှ ပဲ သိမှာဗျ ..
ပေ။ ဘာ ...ငါတို့ကို သဂျီးက ဟို ..ခေါ်တယ် ဟုတ်စ ....
ဇာ။ အင်း ......
ထီပေါက်ထားသော ယောက္ခမကြီး၏ အနိစ္စသတင်းကို ကြားလိုက်ရသည့်
သမက်နှယ် အလွန် ပျော်ရွှင်တက်ကြွသွားသော ကပေ သည်...
ပေ။ ဟေ့ကောင် ဒါနဲ့များ သည်မှာ ဘာလို့ အချိန်ဖြုန်းနေတာတုန်းကွာ..
အစောပိုင်းက ကလူ၏သို့ မြှူ၏သို့ လုပ်ခဲ့သော မော်ဒလယ်လေးများအား ..
နတ်သမီးမြင်ပြီးသကာလ အိမ်ကမယား မျောက်အိုမကြီး အသွင်ထင်သော ယောက်ျားနှယ်..
ပေ။ဟေး. ..ချာတိတ်တွေ ..တော်ရာ ရွေ့ကြစမ်း ...သည်မှာ အလုပ်အကြောင်းပြောမလို့
ခြေဆောင့်ပီးထွက်သွားသော မော်ဒလယ်မလေးများ၏ နောက်ပိုင်းအလှကို
မာလ်တီနီ တန်ခိုးဖြင့် ရီဝေစွာငေးကြည့်နေသော အင်ဇာဂီက .....

ဇာ။ စောင့်နေတာ ကပေ ..စောင့်နေတာ ....
      စောင့်ဆိုင်းခြင်း အနုပညာ ဆိုတဲ့ ကျနော့် စာကို ခင်ဗျား မဖတ်ဖူးဘူး ထင်တယ်...
      (အင်ဇာဂီသည် ငယ်စဉ်ကတည်းက ပေါက်ပန်း လေးဆယ်များ ကို အရေးများခဲ့သူဖြစ်သည်)
ပေ။ ဟေ ...ဘယ်သူ့ကိုတုန်းဟ ...ဒါနဲ့ မင်းသေချာကော အကြောင်းကြားထားရဲ့လား ..
ဇာ။ စိတ်ပူတတ်ရန်ကော ကပေရယ် ...ဘယ့်နှယ့် စုံထောက်ကြီးကလည်း သွေးဆူလှချည်လားဗျ
      ညှင်း....ညှင်း...ညှင်း...
ပေ။ အေးကွာ ဟုတ်ရင်တော့ ဟုတ် မဟုတ်ရင်တော့ သဂျီး ကျိမ်းရင် နင်ပဲ ...
      ဒါနဲ့ ဘယ်သူတုန်း ဘယ်တော့ တုန်းကွ ....
ဇာ။ ဘယ်တော့ တုန်းဆို ခုပဲ။

ဘယ်သူတုန်းဆို နာမည်ကျော် ပါရမီရှင် အလစ်သမား ကပေါက်ဖော်...


ကပေတယောက် ထိုင်နေရင်းပင် ဆတ်ကနဲလည်း တုန်သွားသေးသည်...
ကပေါက်ဖော် ...ဒါ ဒါ ခေသူမဟုတ်သော နာမည်ကျော် တယောက်
ရွာမှ ထွက်ပီး ပေါက်ပေါက်မြောက်မြောက် ဖြစ်သွားသော သူများထဲတွင်
၁ယောက် အပါအဝင်... လက်သွက်ချက် က ပက်စက်သည် ...
သည်လူ ဂစ်တာ တီးလျှင် Iron False (False နဲ့ cross တူတူပဲ) က
ဂစ်တာသမားထက် နာမည်ကြီးဖို့ ရှိသည် ။ မြန်ချက် ကလည်း လန်ထွက်နေသည်
လှစ်ကနဲနေ သူ မရှိတော့ပီ ....
တိုင်းပြည်၏ မြို့တော် နေပြည်soemthing ကြီး၏ MRT များတွင်
သည်နာမည်ကြားလိုက်တာနှင့် ဖိန့် ဖိန့်တုန်ကြရသည်။
ကောင်မလေးများ ချွေး ဗူးသီးလုံးလောက်ကျအောင် လန့်ဖျားဖျားရသူတည်း။
တလောကတောင် တက်တူးအပြည့်နှင့် နာမည်ကျော် ယာကူဇာ တယောက်
ရွာထဲ မကြောက်မရွံ့ ပိုက်ဆံအိတ် ဖောင်းဖောင်းကားကားနှင့် ဝင်လာလိုက်သေးသည်
တော်သေးသည် ကပေါက်ဖော် မရှိလို့ ... ရှိလို့ကတော့ ယာကူဇာ မှ
အလှူအိမ ်က ဖာလူဒါ ဘွ ..ချက်ခြင်းပြောင်းသွားနိုင်သည်။


ပြန်တွေးကြည့်လိုက်တော့ အနှီ အင်ဇာဂီသည်လည်း လူကောင်းမဟုတ်...
မိမိကော ဘာထူးသနည်း ... သည်လိုလူတွေ စုတယ် ဆိုကတည်းကိုက
သဂျီးမှာ ဧရာမ ပလန်ကြီး တခု ရှိပေလိမ့်မည် မှာ မုချ တည်း...
သည်ပလန်ကြီးကို ဦးဆောင်ရမည် ဆိုတော့ ..နည်းနည်းတော့ လန့်နေသည်
အို ....ယောက်ျားပဲ ...ဘာဖစ်လဲ ..အနှီ ချာတိတ်တွေရှေ့မှာတော့ မာန်တင်းမှဖြစ်မည်...
ဟော ...လူရိပ် တခု ....
မြန်သည် ရေကန် တဖက်ထောင့်မှ တဖက်ထောင့်သို့ ....
ပြီးမှ မိမိဘေးရှိ dream bed တခုပေါ် ဖတ်ကနဲ .....
ထို့နောက် ရေကန်ထောင့်ပြန်ရောက်သွားပြန်သည် ပြီး ..မိမိအနား တဖန်...
အရိပ်မှလွဲပြီး ဘာမှ မမြင်ရသေးသော်လည်း ...စကော့တလန် စမ်းရေ အနံ့ အရ သိသည်
ဒါ ကပေါက်ဖော်ပဲ .....

16 comments

  • windtalker

    November 1, 2011 at 6:42 pm

    ကပေါက်ဖော် တဲ့
    လူကတော့ တဖြည်းဖြည်းနဲ ့စုံလာဘီ
    တပ်မ 77 က ဧည့်သရုပ်ဆောင် အဖြစ်တောင် ပါလိုက်သေးဒယ်
    ဇါတ်လမ်းကောင်းရင် ကောင်းပေါ့…
    ဟွင်းဟွင်းဟွင်း

    Reply

  • comegyi

    November 2, 2011 at 3:22 am

    ဟူးရားးးးးးးးးဧရာမမစ်ရှင်တစ်ခု ကြံနေကြပြန်ပြီထင်တယ် …..

    Reply

  • Diamond Key

    November 2, 2011 at 10:14 am

    တရိပ်ရိပ် တက်လာပြီ၊ စိုးရိမ်စိတ်…………………………………

    Reply

    • inz@ghi

      November 2, 2011 at 10:18 am

      ပါမှာပါ ကိုသော့ရဲ့ …ကိုသော့လည်း အရေးပါတဲ့ အခန်းက ပါရမှာ ….
      မလောပါနဲ့ ….
      ဟိုသန်းကြွယ်သဌေး ဝတ္ထုလိုကို အတွဲလိုက်ရေးပစ်မှာ..
      အဲ့လောက်တော့ မရှည်ဘူးပေါ့နော့် …..

      ခင်တဲ့
      Guy Inz@ghi,

      Reply

  • pan pan

    November 2, 2011 at 10:22 am

    တကယ့်အစွမ်းအစရှိတဲ့ ဂဇက်ရဲ့ပုဂ္ဂိုလ်ကျော်ဂျီးဒွေချည်းဘဲ စုပြီးကြိတ်လုပ်ကြမယ့် မစ်ရှင်ဆိုတော့
    တော်တော်တန်တန် ခပ်သေးသေးမဟုတ်လောက်ပေဘူး
    အစွမ်းအစတွေကလည်း ထူးချွန်ပ့ါ
    အားရစရာချည်းဘဲ 😆

    Reply

    • inz@ghi

      November 2, 2011 at 10:26 am

      လာမယ် သမီး ညည်းလဲ ပါမယ် …မလောနဲ့ …

      Reply

  • ပေါက်ဖော်

    November 2, 2011 at 9:38 pm

    ပြောသားပဲ..
    ဘာလုပ်လုပ်..ပါရမီလိုပါတယ်လို ့….
    ကဇာဂီ့ပါရမီပါလို ့..ကပေါက်ဖော်လဲ ပါရမီရှင် အလစ်သုတ်သမားဖြစ်ရရှာပေါ့
    🙄

    Reply

  • inz@ghi

    November 2, 2011 at 9:42 pm

    ကပေါက် ..
    မျှော်နေတာကြာပေါ့ …
    မူလဇာတ်ကောင်ထဲ ထည့်ထားတဲ့ လူတွေ
    ပေါ်မလာရင် …သေစာရင်းသွင်းမလို့ဟာ

    ကိုရင် နည်းနည်း ကံကောင်းသွားတယ်…

    ဖတ်ပါဦး မန့်ပါဦးဗျ…
    ဆြာသမားလည်း အဓိက ဇာတ်ကောင်ပါ…

    Reply

  • Toungoo Thar

    November 2, 2011 at 10:33 pm

    မျှော်သူမော Marketing တော့ မလုပ်နဲ့နော်….

    FTTX တို့လိုမျိုး….

    Reply

    • inz@ghi

      November 3, 2011 at 7:57 am

      လုပ်ပါဝူးဗျ
      အပိုင်း ၄ မကြာခင် လာပါ့မယ်…ခစ်ခစ်…

      ချစ်ခြင်းအားဖြင့်
      Inz@ghi

      Reply

  • ပေါက်ဖော်

    November 2, 2011 at 10:36 pm

    ကျနော်တို ့ရပ်ကွက်..မီးပျက်နေ၏..
    တလုတ်ပြည်က ကြွလာမဲ့စွယ်တော်အတွက်….မုခ်ဦး တည်ဆောက်ရမှ..မီးပါ အဖျက်ခံထားရဒယ်အာချိရေ
    ၂၄ နာရီခန် ့ ရွာနဲ ့ အဆက်ပြတ်သွားတယ်ဆိုပါတော့..
    ချောဒီးပါ…ဂဇာဂီရေ..
    🙄
    8 ဘီ..

    Reply

  • inz@ghi

    November 2, 2011 at 10:39 pm

    ဟာ ..
    ဟေ့လူ..
    အဲ့သည် ့လိုခယ်လ်က ..
    (XXXXXX)
    တွေနဲ့ယှဉ် ပြောတာကိုက ကိုရင်လွန်လှပီ …

    အဲဇလုံ သူဌေးကြီးရဲ့ ခေါင်းကိုင် ဖင်ကိုင် ..ကိုင်ချင်ရာကို င်(ကိုယ်တို့ သဂျီးနာမည်ကအစ်
    ကိုင် မဟုတ်လား..သွပ်သွပ် ……)
    ဖစ်စေရမယ်ဗျား.. ပေါက်စေရမယ် …
    သည်မယ် ယုံကြည်မှုလေးတော့ ထားလိုက်စမ်းဘာ..

    ခင်တဲ့

    GUY INZ@GHI….

    Reply

  • etone

    November 4, 2011 at 11:09 am

    ဟား ဟား ဟား … အတော်ရယ်ရတဲ့ပို့စ်ပဲ … ရေးတဲ့လူကလည်း .. ဉာဏ်လည်းပြေးတဲ့လူပဲ …
    ဟိုအိပ်ဖောင်းလာတဲ့ လူဂျီးကပါ အဆစ်ပါသေးဒယ် …. 😀

    Reply

  • မှော်ဆရာ

    November 4, 2011 at 3:28 pm

    ခင်ဗျား လူစိတ်ဝင်စားအောင်လဲ စာရေးတတ်တဲ့သူပဲ…

    Reply

  • ကြောင်လတ်

    November 8, 2011 at 8:40 am

    လူတင် စိတ်ဝင်စားတာမဟုတ်ဘူး ၊ကြောင် လည်းစိတ်ဝင်စားတယ်ဗျ၊
    အဆက်ပြတ်နေလို့ အခုမှနောက်ကြောင်းတွေပြန်ဖတ်နေရတယ်ဗျို့။

    Reply

  • Shwe Ei

    November 8, 2011 at 11:43 am

    ဟွင်း၊ ပို့စ်တခုလုံးပီးအောင်ဖတ်မှ မင်းသားတယောက် ထွက်လာတယ်။ ဒါတောင် အရိပ် နဲ့ အနံ့ ပဲတဲ့။ ကိုရီးယားနဲ့ တရုတ်ပေါင်းပီး အင်္ဂလိပ် အက်ရှင်ရိုက်တော့မယ်ထင်ပ။ နောက်အခန်းကျ ကုလားမလေးတွေနဲ့ နန့်တာ အဲလေ ဒန့်တာပါ ထည့်ပေးအုံး။ 😀

    Reply

Leave a Reply to Toungoo Thar Cancel Reply

Your email address will not be published.