ဂေါပကပြဿနာ

mg wineNovember 1, 20111min07

ဘာသာတွေထဲမှာဂေါပကပြဿနာရှိကြပါတယ်။အများစုကတော့အစ္စလာမ်ဘာသာမှာအဖြစ်များပါတယ်။ဧရာဝတီတိုင်းအိမ်မဲမြို့နယ်မှာဂေါပကကိစ္စကြောင့်

ပြဿနာဖြစ်ပုံသတင်းတခုတင်ပြပါရစေ။

ဖြစ်စဉ်မှာအိမ်မဲမြို့နယ်အထက်ပိုင်းရပ်ကွက်ဗလီကြီးဂေါပကသက်တမ်းပြည့်သည့်အပေါ်ဘာသာဝင်များမှပြန်လည်ရွေးချယ်ပေးပါရန်အိမ်မဲ

မြို့နယ်အစ္စလာမ်ဘာသာရေးအဖွဲ့လေးဖွဲ့ထံစာဖြင့်တင်ပြခဲ့ပါသည်။ဘာသာရေးအဖွဲ့၄ဖွဲ့ကလည်းမြို့နယ်သာသနာရေးဦးစီးမှူးထံတင်ပြလမ်းညွှန်မူခံယူ

ခဲ့ပါသည်။အုပ်ချုပ်ရေးမှူးထံစာဖြင့်တင်ပြပေးပိုခဲ့ပါသည်။

ဂေါပကဥက္ကဋ္ဌဖြစ်သူမှထွက်ပေးရန်ဆန္ဒမရှိပါ။ဘာသာရေးအဖွဲ့များကဂေါပကသက်တမ်းကို၃နှစ်သတ်မှတ်ထားသော်လည်းအထက်ပိုင်းမြို့မဗလီ

ဂေါပကသက်တမ်းမှာ၆နှစ်ရှိပါပြီ။်ရွေးချယ်ရန်ဘာသာရေးအဖွဲ့လေးဖွဲမှဗလီတွင်ကြေငြာစာကပ်သောအခါ    ဂေါပကဥက္ကဋ္ဌဖြစ်သူမှအာဏာပိုင်ထံနည်း

မျိုးစုံဖြင်ချည်းကပ်ပါတော့သည်။မြိုနယ်အုပ်ချုပ်ရေးမှူးမှအိမ်မဲမြိုနယ်ဘာသာရေးအဖွဲ့များဖြစ်သောအိုလမာအစ္စလာမ်သာသနပညာရှင်များအဖွဲ့၊မြန်မာမွတ်စလင်

လူငယ်များ(ဘာသာရေး)အဖွဲ့၊အစ္စလာမ်သာသနာရေးရာကောင်စီ၊၊မြန်မာမွတ်စလင်အမျိုုးသားရေးရာအဖွဲ့တို့ကို “မြို့နယ်အဆင့်ဖြင့်မရွှေးချယ်ဘဲတိုင်းအဆင့်

ဘာသာရေးအဖွဲ့များဖြင့်သာရွေးချယ်ရန်စာဖြင့်ညျွန်ကြားခဲ့ပါသည်။တိုင်းအဖွဲ့မှလာရေက်ရွေးမည်ဆိုသောအခါ။မြိုနယ်အုပ်ချုပ်ရေးမှူးမှဘာသာရေးဂေါပကစည်းမျည်း

ရေးဆွဲပြီးမှရွေးပါရန်ညှိနှိုင်းပါသည်ဆိုပြီးစာထုတ်ပြန်ပါသည်။၁၉.၅.၂၀၁၁ရက်မှစတင်သောဂေါပကကိစ္စမှာအခုထိရွေးလို့မရသေးပါ။

မြု့ိနယ်သာသနာရေးဦးစီးမှူးမှဧရာဝတီတိုင်းသာသနာရေးမှူးထံစာဖြင့်ရွေးချယ်ရေးအတွက်ညွှန်ကြားပါရန်တင်ပြသော်လည်းမထူးခြားခဲ့ပါ။တဖန်အုပ်ချုပ်

ရေးမှူးမှဘာသာရေးအဖွဲ့၄ဖွဲ့ကို၎င်းရုံးခန်းသို့ခေါ်ယူကာဆူပူငေါက်ငန်းပါသည်။စာဖြင့်ဆင့်ခေါ်ပြီးမြို့မဗလီဂေါပကဥက္ကဋ္ဌရှေ့တွင်ပြောဆိုကြိမ်မးမောင်းခြင်းဖြစ်သည်။

ထိုသို့ဂေါပကပြဿနာဖြစ်ပွားနေချိန်တွင်ဂေါပကအဖွဲ့ဝင်ဦးအေဇက်၏သားဖားလေးဆိုသူကဗလီပိုင်လေပန်ကာအပါအဝင်ပစ္စည်းများကိုခိုးယူ၍  မြို့မဗလီဂေါပက

အတွင်းရေးမှူးဦးကျော်မြင့်မှရဲစခန်းတွင်ခိုးမူဖြင့်အမူဖွင့်ပါသည်။(ဒီအကြောင်းကိုဆက်လက်တင်ပြပါဥိးမည်)၊

အိမ်မဲအထက်ပိုင်းကစတင်လိုက်သောဂါပကပြဿနာသည်ကျေးရွာများသို့ပြန့်နံ့ကာမြို့နယ်ဘာသာရေးအဖွဲ့၏စီရင်ချက်များက်ုမနာခံကြတော့ဘဲ

အာဏာပိုင်ထံချည်းကပ်ကာ ထင်ရာကြဲနေကြပါတော့သည်။ဘာသာရေးအဖွဲ့၃ဖွဲ့မှာဝတ်စားဆင်ယာဉ်မူကစ၍မြန်မာဆန်ကြပါသည်။

နိုင်ငံချစ်ရန်၊ဘာသာရေးအစွန်းမရောက်ရန်၊ရပ်ကျိုးရွာကျိုးထမ်းရွက်ကြရန်သင်ပြနေသောအဖွဲ့များဖြစ်ပါသည်။နိုင်ငံတော်ထမ်းရွက်သူများလည်းဖြစ်ကြပါသည်။

ရှေးယခင်ကတည်းကမြို့နယ်ဂေါပကေွးချယ်ရာတွင်အာဏာပိုင်မှပံ့ပိုးကူညီသည့်အစဉ်အလာရှိသော်လည်းယခုအခါ  မြို့နယ်အဖွဲများမှလုပ်ဆောင်မူ

မအောင်မြင်တော့ကြောင်းဘာသာရေး၊အမျိုးသားရေးအဖွဲ့ခေါင်းဆောင်းများမှညည်းတွားပြောဆိုနေကြပါသည်။ဘာမှမဟုတ်သည့်ဗလီဂေါပကကိစ္စသည်မြို့နယ်

အဆင့်တိုင်းအဆင့်ဘာသာရေးအဖွဲ့များဖြင့်မပြီးြ့ပတ်ဘဲယခုအခါဗဟိုအဆင့်ဘာသာရေးအဖွဲ့မျးမှခေါ်ယူညှိနှိုင်းနေကြရပါပြီ။ဆရာမောင်သာရစကားငှားပြောရရင်

“ကြောင်ကိုဘယ်သူခြူဆွဲပေးပါသလဲ”လို့ပဲပြောချင်ပါတော့တယ်။

မှတ်ချက်။          ။ယခု(၁.၁၁.၂၀၁၁)ထိဂေါပကမရွေးချယ်ရသေးပါခင်ဗျား။သူ့ဆွေမျိုးကိုယ့်ဆွေမျိုးစွဲများဖြင့်တင်းမားမူများလည်းဘာသာဝင်အချင်းချင်း

ဖြစ်ပေါ်ပြီးဘာသာရေးအဖွဲ့များအပေါ်တွင်လည်းလက်ရှိဂေါပကမှအမြင်မကြည်လင်မူတွေရှိနေပါသည်။

7 comments

  • koyinmaung

    November 1, 2011 at 9:34 am

    အင်…ဒီအတိုင်းဆိုမလွယ်ဘူးထင်တယ်
    တိုင်ပင်ဘို့ကလဲ အိုစမာဘင်လာဒင်ကလဲမရှိ
    မူလာအိုမာ ကလဲဘယ်ရောက်မှန်းမသိ…
    ရွာထဲကအိုစမာကြောင်ကြီးဘဲအကူအညီတောင်းလိုက်ပါ
    အဆင်ပြေသွားမှာပါ…..ဟဲ ဟဲ ဟဲ ဟဲ

    Reply

  • Diamond Key

    November 1, 2011 at 9:59 am

    ဥက္ကဌ ဖြစ်ရတာ အရသာ အတော်ရှိမည်ဟု ထင်ပါသည်။ (ဂေါပကဥက္ကဋ္ဌ ဖြစ်သူမှ ထွက်ပေးရန် ဆန္ဒမရှိပါ။ ဘာသာရေးအဖွဲ့များ ကဂေါပကသက်တမ်းကို ၃နှစ် သတ်မှတ်ထားသော်လည်းဟု မောင်စပျစ်ရေက ဆိုသဖြင့်)၊
    ဦးဆောင်သူ ဖြစ်လိုသူအတွက် နောက်ပါလိုပါသည်။ ဘာသာရေးအဖွဲ့လေးဖွဲမှ ညီလျှင် ဗလီတွင်နေစရာ မရှိ ဖြစ်သွားနိုင်ပါသည်။ ဥက္ကဌ မှ ဌက္ကဥ သို့ အချိန်တန် (မှန်ကန်လျှင်) ပြောင်းသွားပါလိမ့်မည်။
    ယခု ခေတ်တွင် တွေ့နေရသည်မှာ မည်သည့် ဥက္ကဋ္ဌ ဖြစ်ဖြစ် ဖြစ်ပြီဆိုလျှင် ဆက်နေချင်ကြပါသည်။
    အတွေ့အကြူံအရ ဆိုရပါလျှင် နှစ် ၂ဝ – ၂၆ နှစ်ခန့်ကြာလျှင် ပြောင်းသွားပါလိမ့်မည်။ (အမည်) ဂေါပကဥက္ကဋ္ဌ မှ ဗလီ ထိမ်းသိမ်းရေးမှုးဆီသို့
    း) း)

    Reply

  • windtalker

    November 1, 2011 at 12:26 pm

    အိုစမာ တော့ လစ်သွားပြီ
    ဂဒါဖီ ခဗျာ လည်း ပိုးစိုးပက်စက်
    အခု အိမ်မဲတဲ့

    Reply

  • etone

    November 1, 2011 at 1:00 pm

    ဂေါပကဆိုတာမျိုးသာ … ဘယ်ဘာသာမှာဖြစ်ဖြစ် … စည်းနဲ့ ကမ်းနဲ့ လုပ်ကိုင်တတ်တဲ့ လူ ၊ သမာသမတ်ရှိတဲ့ လူမျိုးသာ ကြာရှည ်လုပ်ကိုင်နိုင်တာပါ … ။စေတနာမမှန်သူတွေ ကြာကြာမလုပ်နိုင်ပါဘူး .. . သတင်းလည်း မကောင်းနိုင်ပါဘူး … ။ ဂေါပက တင်မြှောက်ရေး ကိစ္စဆိုတာကလည်း .. အများသဘောတူ ဆန္ဒမဲနဲ့ ရွေးချယ်သင့်ပါတယ် … သို့သော် …. အချိန်ကာလတိုတစ်ခုတော့ ကန့်သန့်သင့်တာပေါ့ …. ။ ဂေါပကရဲ့ လုပ်ရည် ကိုင်ရည်ကို ထို အချိန်ကာလအတွင်းမှာ လူတွေမြင်ရမယ် … အဲ့ဒီတော့မှ မဲအများစုရပြီး လူတကယ်ကြိုက်ရဲ့လား မကြိုက်ဘူးလား … ဦးဆောင်နိုင်စွမ်းရှိရဲ့လား … ငပျင်းလား ၊ အချောင်သမားလား .. သိတော့မယ် … ။ အများဆန္ဒရွေးချယ်တာနဲ့ ဂေါပက ရွေးချယ်တာကိုတော့… ကာလတိုအတွင်း ပြန်ပြန်လုပ်သင့်တယ် ထင်ပါတယ် … ။ ကိုယ့်လူ ကိုယ် မဲပေးသည့်တိုင်အောင် … အများကလက်ခံလက်မခံကို … ကာလတိုအတွင်း ပြန်သိရပြီး … နောက်တစ်ခါ မဲပေးရွေးချယ်မှာဖြစ်တာကြောင့် … ပိုအဆင်ပြေမယ်လို့တော့ထင်တယ် … ။ 🙂

    Reply

  • kyeemite

    November 2, 2011 at 11:58 am

    ရွာသားတွေနဲ့ စာဖတ် ဝင်မန့် သူတွေကို ဘာလုပ်ပေးစေချင်လို့ဒီပို့စ်တင်တာလဲ..
    တကယ်က ဘယ်သူမှဘာမှ လုပ်ပေးလို့မရဘူး…
    အိမ်မဲက မူစလင်တွေဘဲလုပ်ရမှာလေ……စုတ်ခဘာဘဲ

    Reply

  • mg wine

    November 4, 2011 at 9:22 am

    သတင်းရဲ့ပေးချင်တဲ့ရည်ရွယ်ချက်ကိုသေသေချာချာဖတ်စေချင်ပါတယ်
    အာဏာပိုင်ကိုချည်းကပ်ပြီး၊….တိုင်းသာသနာရေးမှူး…၊မြို့နယ်သာသနာရေးမှူး…
    ကြောင်ကိုဘယ်သူခြူဆွဲပေးသလဲ..စတာတွေကိုတွေးဆပေးစေလိုပါတယ်
    အစဉ်အဆက်အောင်မြင်ခဲ့တဲ့ငြိမ်းချမ်းရေးကို ငရုတ်သီးကိုဖျက်တာ
    ငရုတ်သီးထဲကပိုးတွေဆိုတာကိုလည်းပြောချင်ပါတယ်။
    ဖတ်ပေးတာကျေးဇူးတင်ပါတယ်

    Reply

  • nature

    November 4, 2011 at 12:01 pm

    ဂေါပကနေရာကို ဒီလောက် အပြိုင်အဆိုင် အလုအယက် လိုချင်နေကြတာ မက်လောက်တဲ့ အခွင့်အရေး ကောင်းကောင်းတခုတော့ ရှိပုံရတယ်။ ဒါကတော့ကိုယ့်ဘာသာဝင် အချင်းချင်း သင်းဖွဲ့စည်းကမ်းအတိုင်း စည်းလုံးညီညွတ်စွာဖြင့် ညှိနှိုင်း ဆောင်ရွက်သင့်တယ်ထင်တာပဲ။ ဘာသာမတူတဲ့သူတွေ ပါလာရင် ပိုများဆိုးသွားလေမလားလို့ထင်မိတယ်။

    Reply

Leave a Reply to etone Cancel Reply

Your email address will not be published.