မြောက်ဒဂုံ/ကလေးသူခိုး…နောက်ဆက်တွဲသတင်း..။။။

ခလေးခိုးယူသူများနဲ့ပါတ်သက်လို့ ဆက်လက်ရရှိတဲ့သတင်းကတော့

၃၀/၁၀/၂၀၁၁ ရက်နေ့က မနက်(၁ဝးဝ၀)ခန့်ကဒဂုံမြို့သစ်မြောက်ပိုင်းအမှတ်(၄၉)ရပ်ကွက်  ဓမ္မာရုံတွင် မြို့နယ် ရဲတပ်ဖွဲမှ ဒုရဲအုပ် အဆင့်

ရှိသူ-ဒုရဲအုပ် ဦးသိန်းဟန်မှ ရပ်ကွက်အတွင်း ရပ်ကွက် လူကြီးတစ်ချို့အားခေါ်ယူ ပြီး ခလေးသူခိုးဖြစ်စဉ်နှင့် ပါတ်သက်၍လာရောက်ရှင်းလင်း

ပြောကြားသွားကြောင်း သိရပါတယ် ။

ထိုသူမှပြောကြားရာတွင် ကလေးသူခိုးဖြစ်စဉ်မှာအမှန်မဟုတ်ကြောင်း  ခွေးခိုးခြင်းသာဖြစ်ကြောင်း  ၎င်းချင်း လူမျိုး(၃)ဥိး မှာ ခွေးခိုးရန်

လာရောက်ကြခြင်းဖြစ်ကြောင်း  ခွေးခိုးသည်ကို ကလေးခိုးသည်အထင်နှင့် လိုက်လံဖမ်းဆီးကြခြင်းဖြစ်ကြောင်း ရပ်ကွက် ရုံးတွင် ထိမ်းသိမ်း

ထားသောအခိုးခံရသည့် ကလေးမှာလည်း အမှန်တစ်ကယ် အခိုးခံရခြင်းမဟုတ်ကြောင်း အမှတ်(၄၉)ရပ်ကွက် (၅၀)ရပ်ကွက်(၅၁)ရပ်ကွက်

များ၏နယ်မြေချင်းဆက်စပ်နေသော  လမ်းဆုံမှ လိုင်းကားဂိတ်ရှိ အမှတ်(၆၁)အနီ  စစ်ကျန်ဘတ်(စ်)ကားဂိတ် မှ လိုင်းကားတစ်စီးပေါ်တွင်

အိပ်ပျော်နေသောကလေး ကလေးတစ်ဦးအား ဘယ်ကမှန်းမသိသောလူများမှ တွေ့ရှိ၍ အမှတ်(၄၉)ရပ်ကွက်ရုံးသို့လာရောက် အပ်နှံချိန်နှင့်

တိုက်ဆိုင်သွားသဖြင့် ကလေးခိုးသည်ဟု ရပ်ကွက်မှထင်မြင်ယူဆကာ ပြဿနာဖြစ်ပွားရခြင်းဖြစ်ကြောင်း ယင်းခလေးမှာ အမှတ် (၅၁)ရပ်

ကွက်မှ ဖြစ်ကြောင်း ပြောကြားသွားပါတယ်  ယင်းခလေး၏မိဘများအားတိကျစွာသိရှိရခြင်းမရှိပဲ ယင်းချင်းလူမျိုး(၃)ဦးမှာလဲ မည်သူများ

ဖြစ်ကြောင်းတိကျစွာရှင်းလင်းပြောပြခြင်းမရှိပဲ ရှင်းလင်းပွဲအားအလျှင် အမြန်ပြီးဆုံးစေခဲ့ပါတယ်။။

ရပ်ကွက်တွင်းရှိ လူအများ၏ ပြောဆိုနေကြတာကတော့ ခွေးလေခွေးလွင်ပေါများသော ရန်ကုန်မြို့တွင် ရပ်ကွက်အတွင်း ခွေးလိုက်လံခိုး

စရာမလိုပဲ အမှိုက်ပုံတွင်စောင့်ဖမ်း လျှင်ပင် တစ်နေ့ အကောင်တစ်ရာခန့်ရနိုင်ကြောင်းနှင့်  ညအချိန်ကျမှ အဘယ်ကြောင့် ရပ်ကွက်အတွင်း

ဝင်ရောက် ခိုးယူသည်ကို နားမလယ်နိုင်ကြောင်း  ရပ်ကွက်မှ ခလေးနှင့် ကလေးသူခိုးအားတိကျစွာ ဖမ်းဆီးပေးခဲ့ခြင်းအားဤကဲသို့  မလိမ်

တစ်ပါတ် သတင်းပျံပွားမှု မရှိစေရန် တစ်ဖက်လှည့်ဖြင့်လိမ်လယ် သတင်းလွှင့်ခြင်းဖြစ်နိုင်ကြောင်း  အခြင်းဖြစ်ညက ရပ်ကွက် လူအုပ်ကြီးမှ

ကလေးသူခိုးအား လိုက်လံဖမ်းဆီးရာတွင် မြောက်ဥက္ကလာပမြို့နယ် အဝိုင်း မှတ်တိုင်ထိ ၎င်း/ ကြိုး တံတားဖက်တွင်လဲ  မြောက်ဥက္ကလာ ဂရုဏာ

ရပ်ကွက် အထိ၎င်း /  (မ)ဒဂုံဖက်တွင် ဗိုလ်မှုး ဗထူးလမ်းတစ်လျှောက် ပိတ်ဆို့ရှာဖွေခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။။

။။။။ဘီလူး။။။။

22 comments

  • pan pan

    November 1, 2011 at 8:48 am

    ဒါဆိုတကယ်ကလေးသူခိုးလား
    လတ်တလောကြားမိတာက ကလေးတွေကို တရုတ်ပြည်ပို့ ရောင်းစားကြတယ်ဆိုပဲ
    ဟိုမှာ မျှော့စာကျွေးဖို့တဲ့

    Reply

    • thit min

      November 1, 2011 at 12:15 pm

      အဲဒါလေးသေခြာသိရရင်ကောင်းမယ်နော်ပန်ပန်ရေ။
      တဆင့်စကားဆိုရင် ဘယ်ကစပြောတာလဲလို့လိုက်ကြည့်ချင်တယ်။
      မဖြစ်နိုင်စရာတော့မရှိဘူးလေ။ခုခေတ်လူတွေရဲ့ဝိသမလောဘကသိ၊ကြား၊မြင်နေရတာဘဲနော့။

      Reply

  • koyinmaung

    November 1, 2011 at 9:18 am

    ကိုဘလူးခုလိုရှင်းပြတာကျေးဇူးပါ..
    ဒါပေမဲ့ခွေးခိုးတာလား ခလေးခိုးတာလားဆိုတာ
    အာဏာပိုင်အဖွဲ့တွေက ရပ်ကွက်လူထုကိုကျေနပ်လောက်အောင်
    ရှင်းပြသင့်ပါတယ်..
    ကိုဘလူးခင်ဗျာ..ရပ်ကွက်တွေထဲမှာ ခလေးပျောက်လို့ရဲကိုတိုင်ကြား
    ထားတာတွေရောကြားမိပါသလား.ခင်ဗျာ…. သိချင်လို့ပါ..

    Reply

    • “ဘီလူးကြီး”ogre

      November 1, 2011 at 6:25 pm

      ရန်ကုန်းတိုင်းမ် ဂျာနယ်မှာတော့ “သန်းနိုင်ဦး” ဆိုသူရေးသားထားသော
      သတင်းမှာတော့ ……
      ချင်းကျောင်းက ချင်းလူငယ်နှစ်ဦး ချင်းကျောင်းသို့ပြန်လာရာမှ
      ခလေးခိုးသည်ဟုအော်ဟစ်သံကြားသဖြင့် ကြောက်လန့်ပြီးထွက်ပြေးရာမှ
      ဖမ်းဆီးခံရတာလို့ရေးပါတယ် လူမှားတာပါလို့လဲပြောပါတယ် ..
      ချင်းကျောင်းကဘယ်မှာလဲ /ဘယ်ကိုသွားပြီးပြန်လာလို့ ဒီရပ်ကွက်ထဲက ဖြတ်လာတာလဲ/
      လိုင်းကားနဲ့သွားတာမဟုတ်ဘူးလား/ဒီလူတွေရပ်ကွက်ထဲဘာလို့ရောက်လာရတယ် ဆိုတာတော့
      မဖော်ပြထားပါဘူး ….
      ရဲကိုတိုင်တန်းမူကတော့ နည်းပါတယ် ရန်ကုန်တစ်တိုင်းလုံးမှ (မ)၄ဦး(ကျား)၁ဦး
      သာပျောက်ဆုံးနေကြောင်းတိုင်းတန်းထားတယ်လို့ ဂျာနယ်သတင်းအရသိရပါတယ်။။။။။
      ဖမ်းဆီးခံရသော်လဲပြန်လည် လွတ်မြောက်ခဲ့တဲ့ ဖြစ်စဉ် အနေနဲ့ကတော့
      မ/ဒဂုံ (၃၉) ရပ်ကွက်မှာစက်တင်ဘာ(၁၅)ကတစ်ကြိမ် ဒီတစ်ကြိမ်မှာမိန်းခလေးတစ်ဦး တော့ဖမ်းဆီးခံရတယ်လို့ဆိုပါတယ်ယောကျားလေးကလွတ်လာပါတယ် /စက်တင်ဘာ(၃၀) စမ်းချောင်းမှာတစ်ကြိမ် ဖြစ်ပေါ်ခဲ့တယ်လို့ သိရပြီး / ဒဂုံ အရှေ ့ပိုင်းမှာလဲ
      ဈေးအတွင်းကလေး အလစ်သုတ်မှုတစ်ကြိမ်ဖြစ်ခဲ့ကြောင်းပါခင်ဗျား

      Reply

  • ပေါက်ဖော်

    November 1, 2011 at 9:21 am

    လူဂျိုး..
    ခလေးသခိုးနဲ ့ခွေးသခိုးနဲ ့ မှားသတတ်
    အင်းလေ..
    ခလေးသခိုးဆို အထောင်းနာမှာ
    ခွေးသခိုးဆိုတော့ နာမည်သာဆိုးတာ..နောက်ထပ် ထပ်အထောင်း မခံရတော့ဘူးပေါ့
    တတ်နိုင်ပါ့..တတ်နိုင်ပါ့
    🙄

    Reply

  • Diamond Key

    November 1, 2011 at 9:30 am

    ဘယ့်နှယ် ကလေးကနေ ခွေးဖြစ်သွားရတာလဲ။
    ကိုယ့်မြို့နယ်မှာ ကအမှုမတက်ချင်လို့များ ခွေးသူခိုး ဖြစ်သွားတာလား၊
    ရပ်ကွက်မှ ခလေးနှင့် ကလေးသူခိုးအားတိကျစွာ ဖမ်းဆီးပေးခဲ့တယ်ဆိုရင်တော့
    —- ဟုတ်သေးဘာဘူး

    Reply

  • etone

    November 1, 2011 at 9:38 am

    ကလေးသူခိုးရော ၊ခွေးသူခိုးရော ကြောင် သူခိုးပါ … အတော်ခေတ်စားလာတယ် ကိုဘီလူးရေ … ။
    လှိုင်သာယာမှာလည်း ခဏခဏလူပျောက် ကြော်ငြာသံကြားရတယ် .. အစကတော့ ပြည်ပ မီဒီယာတွေက အော်နေသလို ကလေးစစ်သား အဖြစ် ဖမ်းဆီးခံရသလားပေါ့ …နောက်တော့ မဟုတ်ဘူးပဲ … ပျောက်သွားတဲ့ ကလေးတွေက လမ်းလျှောက်တတ်ခါစကနေ … လေး၊ငါးနှစ်အရွယ်လေးတွေဆိုတော့ … စစ်သားဖြစ်ဖို့နေနေသာသာ သူ့ဝေယျာဝစ္စတောင် မလုပ်နိုင်သေးဘူး … ။ ပျောက်သွားတာတော့ ဟိုးလေးတကျော်ကျော်ပဲ … ရပ်ကွက်ကလည်း လော်စပီကာကြီးငှားပြီး ပြန်တွေ့လျှင် ဆက်သွယ်ပါ …ဘာညာလိုက်အော်ပေးတယ် …. မိန်းမတွေ ဈေးသွားရင် ကလေးခေါ်မသွားသင့်ဘူး … (တယောက်ယောက်ကို ထိန်းခိုင်းသင့်တယ်) … အများဆုံးပျောက်တာက ဈေးထဲမှာ မို့ပါ … ။

    Reply

  • water-melon

    November 1, 2011 at 9:39 am

    ခွေးဖမ်းပြီးတော့ ဘာလုပ်တာလဲ။ ဆိတ်သားနဲ့ရောပြီးရောင်းတာလား။ :zzz

    Reply

    • etone

      November 15, 2011 at 11:36 am

      ခွေးဖမ်းပြီးတော့ ချက်စားတယ်လေ … ။ ခွေးသားကို အရက်သမားတွေကြိုက်ကြတယ် … ကျန်းမာရေးသားလို့လည်း ခေါ်သေးတယ် ။ 😀

      Reply

      • inz@ghi

        November 15, 2011 at 11:41 am

        ခွေးတားတော့ကြိုက်ပါဝူး တီတီတုန်ရယ်..
        အဟွာတော့တောက်တယ် ..ခစ်ခစ်…
        ခွေးမွေးပီးချက်စားတဲ့နေရာမှာ ဟိုစောက်ကိုရီးယား (south korea) တွေက နာမယ်ကျော်ပေါ့…

        သဂျီးလေသံအတိုင်း မန့်ရရင်တော့
        ရန်ကုန်မြို့ ကခွေးလေခွေးလွင့်တွေကို
        ဖမ်းပီး အဲ့ အိပ်စပို့လုပ်လိုက်ရရင် မီလျှံ ဘစ်ဇနက်စ်ပဲ

        Reply

        • etone

          November 15, 2011 at 4:56 pm

          အင်း ဗုဒ္ဓဘာသာဖြစ်ပါလျှက် ငရဲမကြောက် ဘာမကြောက် တဘဝစံ စားချင်တယ်ဆိုလည်း ရှိစေတော့ ရှိစေတော့ 🙄

  • ဆူး

    November 1, 2011 at 9:40 am

    သတင်းဖတ်ရတာ မလိမ့်တပတ် လုပ်နေသလိုကြီးပဲ
    တမျိုးကြီးပဲ..
    သတင်းမပြန့်အောင် လူတွေ ကျေနပ်အောက် ဗျူဟာ လုပ်တာများလား..
    ဒါမှ မဟုတ် ဝယ်လက်တွေကို နိုင်ငံနဲ့ ချီပြီး အံမတုနိုင်လို့ ဝိုင်းဖုံးပေးထားတာလား.. ထူးပေ့ဆန်းပေ့ပါပဲ။

    Reply

  • ilovemoeprinces

    November 1, 2011 at 12:11 pm

    တောက်…အဲသည့်နေ့ကတစ်ညလုံးအိ်ပ်ရေးပျက်ထားတာ..ခုတော့ခွေးသူခိုးတွေတဲ့လား…ခွေးသူခိုးကပညာတတ်ခွေးသူခိုးဘဲနေမှာ….

    Reply

  • KMN

    November 1, 2011 at 12:19 pm

    ကျနော်ကြားသိထားတာကတော့ ဗမာစကားမပြောတတ်သူသုံးဦးဟာ အိမ်ပေါ်တက်ပြီး 2နှစ်သားခန့်အရွယ် ကလေးကို ပုဆိုးဖြင့်အုပ်ပြီးခေါ်သွားရာ ခြေထောက်မလုံခြုံ၊ ပေါ်လျှက်ရှိသည်ကို အနီးဒေါ်ကြီးတစ်ယောက်မှ မြင်ပြီး မသင်္ကာသဖြင့် လှမ်းခေါ်ရာ ၊ထိုသူများမှ စိတ်မလုံပဲ ကလေးကိုချထားခဲ့ပြီး လူခွဲထွက်ပြေးသွားလေသည်။ သည်အထဲ တစ်ယောက်ကား အနီးအနားအိမ်ဘေးရှိ နောက်ဘေးလမ်းသို့ ပြေးဝင်သွားရာ ၊ သံစည်းရိုးခတ်ထားသော အိမ်ဖြစ်သဖြင့် နောက်ဘေးပေါက်သို့ ထွက်မရပဲ ရပ်ကွက်လူအများ ဝိုင်းဖမ်းတာကိုခံရလေသည်။

    အမှုဖြစ်နေရာ ဘေးအိမ်ကား ကျနော့်အသိဖြစ်သဖြင့် သူပြောပြချက်များကိုရည်ညွှန်းဖေါ်ပြပါသည်။

    Reply

  • windtalker

    November 1, 2011 at 12:28 pm

    သတို ့ခဗျာ လဲ
    သတင်းအမှန်ကို မထုတ်ပြန်ရဲရှာတော့
    ဟို ဂျာနယ်တွေ သတင်းရေးကြသလို
    ရောသမမွှေ လုပ်လိုက်ကြရှာတယ် ထင်ပါရဲ ့

    Reply

  • thit min

    November 1, 2011 at 12:29 pm

    ခွေးသခိုးဆိုတာမယုံဘူး။ စ ဖတ်လိုက်ကထဲက ရှေ့နောက်မညီစွာရှင်းနေတာတွေက “ဘာ” ဆိုတာသိနေတယ်။
    အမှန်တရားဆိုတာ ရှင်းပြသည်ဖြစ်စေ၊ရှင်းမပြသည်ဖြစ်စေ နဲနဲတော့ “အရသာ” ကွာတယ်။
    ဘုရားခေါင်းပေါ်တင်ပြောခိုင်းရမယ်။
    လိမ်တာညာတာထမင်းစားရေသောက်လာမလုပ်နဲ့
    နားထောင်လို့ကောင်းတယ် မယုံဘူးဟေ့။

    Reply

  • နွယ်ပင်

    November 1, 2011 at 1:31 pm

    ဒီကိစ္စက ကလေးခိုးတာလား ခွေးခိုးတာလား မရှင်းမရှင်းကြီးလိုပဲ
    အလုပ်က အစ်ကိုကြီးတစ်ယောက်ပြောတာကတော့ အဲတာ သူတို့ အိမ်နားမှာ
    ဖြစ်တယ်ဆိုလားပဲ သူပြောတေ့ာ့ ကလေးခိုးသွားတယ်လို့ အော်တာကို
    ဟိုခွေးခိုးတယ်ဆိုတဲ့ ချင်းက ဘာကိုကြောက်ပြီး ရေမြောင်းတယ် ဝင်ပုန်းလဲတော့
    မသိဘူးတဲ့ ။အဲ့ကိစ္စက အခုထိမရှင်းမရှင်းကြိး ကလေးလိုလို
    ခွေးလိုလိုနဲ့ လိမ်နေသလားထင်ရတယ်ဆိုပဲ ။

    Reply

  • ba gyi

    November 1, 2011 at 5:42 pm

    ( သူခိုး)ဆိုတာတော့ လွဲမသွားသေးဘူး ခွေး နဲ့ ခလေး ပဲ လွဲတာဆိုတော့–၊
    ဘီလူးကြီး ကိုပဲ အစောင့် ထားရပေ တော့မည်။

    Reply

  • mg wine

    November 2, 2011 at 10:11 am

    ကလေးသူခိုးတွေခောတ်စားတာတော့အမှန်ပဲ
    ရဲကလည်းသေချာစီစစ်သင့်ပါတယ်။
    အမူမမှန်ပဲမတရားတာတွေမကြာခဏ
    ဖြစ်နေတာကြားမိတယ်။

    Reply

  • nozomi

    November 2, 2011 at 5:28 pm

    အပေါ်က ပို့စ် နဲ့ ဆက်စပ်နေလို့ ၊ အောက်တိုဘာ ၂ဝ ထုတ် ရန်ကုန်တိုင်းဂျာနယ် မှာ ဖော်ပြထားတာလေး –

    ရန်ကုန်တိုင်းဒေသကြီး အတွင်းထဲမှာ ၂၀၁၁ ဇန်နဝါရီ လကနေ အောက်တိုဘာလအထိ
    အသက် ၁၆ နှစ်အောက် ကလေးငယ် ပျောက်ဆုံးမှုဟာ ယောင်္ကျားလေး ၈၁ ၊ မိန်းကလေး ၁၁၃ ရှိတာမှာ ယောင်္ကျားလေး ၅၉ ၊ မိန်းကလေး ၇၆ ပဲ ပြန်တွေ့တယ် ၊ ယောင်္ကျားလေး ၂၂ ၊ မိန်းကလေး ၃ရ ယောက် ကတော့ ပျောက်ဆုံးဆဲ လို့ ဖော်ပြထားတယ်…

    ပျောက်တာက တစ်လ ကို အယောက် ၂ဝ နီးနီးပဲ ၊ အခုထိ ကျန်နေသေးတာ ၅၉ ယောက် ဆိုတာ စိုးရိမ်စရာ ပမာဏ ပဲ ၊ ဒီထဲ ကိုယ့်သား သမီး တူ တူမ များပါနေရင် ငြိမ်ငြိမ်လေး မှ ထိုင်နေနိုင်ပါ့မလား

    Reply

  • cobra

    November 15, 2011 at 12:50 pm

    လောဘတွေ…လောဘတွေ…
    ကလေးလည်းမချန်
    ခွေးလည်းမချန်ပါလား…

    Reply

  • လင်းဝေကျော်

    November 17, 2011 at 5:30 pm

    ဒီကိစ္စကို ဖေါ့ပြီး အရေးတယူမလုပ်ရင်၊ လူတွေကို ပေါ့ပေါ့ဆဆ မှတ်အောင်လုပ်ရင် ပိုဆိုးလာလိမ့်မယ်။
    ရာဇဝတ်မှု မပျံ့ပွားဖို့ လူထုကလည်း အသိရှိပြီး ကြိုတင်ကာကွယ်သင့်တာကို လူထုကို ညာဖြီးပြီး ပေါ့ဆအောင်လုပ်နေရင် ပိုဆိုးလာမှာပေါ့။ နွားတွေပဲ။

    Reply

Leave a Reply to ba gyi Cancel Reply

Your email address will not be published.