စက်တပ်ယာဉ်ကြောင့် ထိခိုက်သေဆုံးမှုအတွက် အာမခံကြေးထုတ်ယူသူနည်းပါး

klnMay 21, 20101min01

စက်တပ်ယာဉ်များကြောင့် ထိခို်က်ဒဏ်ရာရ သေဆုံးသူများ၏ အလိုအလျောက် ရပိုင်ခွင့်ဖြစ်သော အာမခံကြေးအား လာရောက်တောင်းခံမှုမှာ နည်းပါးလျက်ရှိနေသေးကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။ မြန်မာတစ်နိုင်ငံလုံးရှိ စက်တပ်ယာဉ်များသည် သူတစ်ပါးထိခိုက်မှုအာမခံကို မဖြစ်မနေထားရှိရပြီး အဆိုပါစနစ်ကြောင့် စက်တပ်ယာဉ်တစ်ခုခုဖြင့် မတော်တဆဖြစ်ပြီး ထိခိုက်ဒဏ်ရာရ သေဆုံးသူများသည် အလိုအလျောက် အာမခံကြေးကို ခံစားခွင့်ရှိသည်။ “ ဥပမာ ယာဉ်တိုက်မှုတစ်ခုဖြစ်ရင် နယ်တွေမှာဆိုရင် ရဲ၊ ယာဉ်မှုစစ်ဖြစ်ဖြစ် ပါရမယ်။ နောက် သေတာဖြစ်ဖြစ်၊ ဒဏ်ရာရတာပဲဖြစ်ဖြစ် ဆေးရုံရောက်မယ်။ လူဆိုရင် ရဲ၊ ဒါမှမဟုတ် ယာဉ်မှုစစ် နဲ့ ဆေးရုံက ထောက်ခံစာပါရင် ရတယ်။ ပစ္စည်းဆိုရင် ရဲပါမှရမယ်။ ဒါတွေပြည့်စုံပြီဆိုရင် တွက်ချက်ပြီးတော့ အာမခံက ထုတ်ပေးတယ် ” ဟု ၎င်းက ပြောသည်။ ထောက်ခံစာရရှိရန် လိုအပ်သည့် ပုံစံစာရွက်ကို မြန်မာ့အာမခံလုပ်ငန်းတွင် အခမဲ့ လာရောက်ထုတ်ယူကာ သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ တောင်းခံလျှောက်ထားနိုင်သည်။ စက်တပ်ယာဉ်ကြောင့် သေဆုံးသူများအတွက် ထိခိုက်မှုဖြစ်ပွားသည့်နေ့မှ ၁၂ လအတွင်းနှင့် ဒဏ်ရာရရှိမှုအတွက် ၂၄ လအတွင်း၊ ပစ္စည်းပျက်စီးဆုံးရှုံးမှုအတွက် ၁၂လအတွင်း တောင်းခံနိုင်သည်။ နစ်နာကြေးများအဖြစ် လူသေဆုံးမှု ဖြစ်ပွားပါက ငွေကျပ် တစ်သိန်း၊ ပစ္စည်းဆုံးရှုံးခဲ့ပါက အများဆုံး ကျပ် ၅၀၀၀ဝ အထိပေးအပ်ပြီး ဒဏ်ရာရရှိပါက အများဆုံး ကျပ် ၈၀၀၀ဝ အထိပေးသည်ဟုသိရသည်။

One comment

  • Shwemannmay

    May 21, 2010 at 8:24 am

    အော် ခုမှသိတာ၊ ကျေးဇူး။ မြန်မာပြည်မှာအာမခံတွေ ခေတ်စားလာပေမယ် ့ဒါကို လူတွေ သိပ်မသိကြတာလား ဒါမှမပာုတ် နည်းလို ့လားတော့မသိဘူး ။ လူတွေကြားထဲမှာ ပြောသံလည်းမကြားရဘူး ။ ပမာဏလေးတိုးပေးရင်ကောင်းမယ်ထင်တယ်နော် ။ခုခေတ်မှာ 50000 က ဘာမှလုပ်လို ့မရဘူး

    Reply

Leave a Reply

Your email address will not be published.