သီချင်းရေးဆရာ ဘလက်

black chawOctober 30, 20111min014

တကယ်တော့ ဘလက်က စာရေးလေ့ရှိသူတစ်ယောက်မဟုတ်ပါ။ စာဖတ်သူတစ်ယောက်သာ ဖြစ်ပါသည်။ သို့သော် စိတ်ဓါတ်ကျနေသော အချိန်တစ်ခုတွင် ဖွင့်ဖတ်မိသော မန်းဂဇက်က ဘလက် ၏ စိတ်ကို လန်းဆန်းစေခဲ့ တက်ကြွစေခဲ့ကြောင်း ဝန်ခံချင်ပါသည်။ ဘလက် က ထိုစဉ်က အလုပ်ခွင်တစ်ခု၏ Admin Manager လုပ်နေသောအချိန်ဖြစ်ပါသည်။ သင်တန်းတွေတက်ပြီး လက်တွေ့ အသုံးချချင်နေသော ဘလက်နှင့် ရှေးရိုးစွဲ အလုပ်ရှင်များကြား အမြင်မတူညီမှုကြောင့် ရခဲ့သော Stress တွေက ဂဇက်ထဲရောက်လျှင် နည်းနည်း လျော့သွားသလိုခံစားရပါ၏။ ဘလက်အတွက်တော့ မန်းဂဇက်သည် Stress တွေပတ်လည်ဝိုင်းနေသော ပင်လယ်ကြီးတစ်ခုအတွင်းမှ စိတ်ဖြေရာကျွန်လေးတစ်ကျွန်း ဖြစ်ပါသည်။

တစ်နေ့က ဓါတ်ပုံဖေါ်ပြသော ကိုဖက်တီး ၏ သတ္တိ ကို အားကျမိပါသည်။ နောက် နီဂိမိ ဟူသော ပုဂိ္ဂုလ် အကောင်းစားလေးတစ်ယောက်ကလည်း မန္တလေးသို့ တောလားရင်း ၎င်း၏ ဓါတ်ပုံကို ရဲရင့်ပွင့်လင်းစွာ ဖေါ်ပြလာပြန်သောအခါ အံ့ဩ ရပါသည်။ ဘလက်ကတော့ ကိုယ့်ကိုယ်ကို ဘယ်သူဘယ်ဝါဖြစ်ကြောင်း ဖေါ်ပြဘို့ သတ္တိ မရှိသေးပါသဖြင့် ရှက်ရွံ့မိကြောင်း ဝန်ခံချင်ပါတယ်။ ဒါပေမယ့် တဖြေးဖြေးတော့ ကိုဖက်တီး တို့ ဆရာလေး နီဂိမိတို့ လမ်းစဉ်လိုက်ဖြစ်ပါလိမ့်မည်။ အခုသော်ကား ဘလက်၏ ဘဝတစ်စိတ်တစ်ပိုင်းကို ဖွင့်ဟခြင်းဖြစ်ပါသည်။ နာမည်တွေနဲ့ အတိအကျတော့ မပြောနိုင်သေးသည်ကို ခွင့်လွှတ်ပေးကြပါကုန်။

ဝန်ခံချင်သည်မှာ ဘလက်သည် မအောင်မြင်သော (အောင်မြင်မှုမရပါသော) သီချင်းရေးဆရာ တစ်ယောက်ဖြစ်ကြောင်းပါ။ ဘလက် ရေးသားပါသော သီချင်းများကို အဆိုတော် ၃ ယောက်တိတိ က သီဆိုခဲ့ ပါသော်လည်း ပေါက်သွားသည့်သီချင်းမရှိပါ။

တစ်ယောက်ကတော့ ကျွန်တော့် သီချင်း သုံးပုဒ်တိတိ ပါသော စီးရီး ပေါက်သွားဘူးပါသည်။ ၁၉၉၆ လောက်ကပါ။ သို့သော်လည်း ဘလက်  ကတော့ ကုမ္ပဏီဝန်ထမ်းဘဝဖြင့် သီချင်းရေးခြင်းအလုပ်ကို ဆက်မလုပ်နိုင်တော့ပါ။ လွန်ခဲ့သည့် နှစ်နှစ်ခန့်ကတော့ ဘလက် သီချင်းတစ်ပုဒ်ကို ပြန်ဆိုချင်ပါသည် ဆိုသော အဆိုတော်အသစ်တစ်ယောက်က လာဝယ်ပါသဖြင့် ရောင်းလိုက်ဘူးပါသည်။ သူလည်း စီးရီးမပေါက်ပါ။ ဒါပေမယ့် ကာရာအိုကေဆိုင်ရောက်လျှင် လူရှိန်အောင်တော့ ကာရာအိုကေ ထုတ်ပေးပါသော အဆိုတော်ကို ကျေးဇူးတင်ရပါ၏ ကာရာအိုကေဆိုင်ရောက်လျှင် ကိုယ်ရေးတဲ့ သီချင်းကို ကိုယ်ပြန်ဆိုနိုင်သော အခွင့်အရေးက နည်းတာမှ မဟုတ်တာ နော။ နောက်တစ်ခါ သင်္ကြန်အတွက် ရည်ရွယ်ထုတ်လုပ်ပါသော Remix ခွေတစ်ခွေကလည်း ဘလက်ရေး၍ အဆိုတော်တစ်ယောက်သီဆိုခဲ့သော သီချင်းတစ်ပုဒ်ကို Remix လုပ်ဖို့ ဝယ်ယူဘူးပါသည်။ ဘလက်ကား မူရင်း Slow သီချင်းလေးထက်  Remix ပုံစံဖြင့် ပြန်ထုတ်သော သီချင်းလေးကို ပို် ကြိုက်နှစ်သက်မိ ပါသည်။ အချုပ်ဆိုရလျှင် ဘလက်သည် ကိုယ့်ကိုယ်ကို မအောင်မြင်သော တေးရေးဆရာ တစ်ယောက်ဟု တံဆိပ်ကပ်ချင်ပါသည်။ အခုရေးမှာကလည်း ထိုမအောင်မြင်ခဲ့သော အကြောင်းများဖြစ်ပါသဖြင့် စိတ်မဝင်စားသူများ ဆက်မဖတ်လျှင် စိတ်မဆိုးပါကြောင်း။

ဘလက်သီချင်းများကို တက္ကသိုလ်ကျောင်းသားဘဝက စရေးပါသည်။ ပထမနှစ်ကတည်းက စတွဲခဲ့သော သူငယ်ချင်းတစ်ယောက်က တော်တော်ချမ်းသာပါသည်။ တစ်ည သမိုင်းဝန်းထဲမှ သရဖီ အဆောင်ရှေ့တွင် ဂစ်တာတီးကြတော့ ဘလက်ရေးသော သီချင်းလေး တစ်ပုဒ်ကိုဆိုပြသောအခါ သူငယ်ချင်းက မေးပါသည်။

“ ဒီသီချင်း ဘယ်သူဆိုတာလဲ “ ဟု။

ဘလက်က ရိုးရိုးသားသားပင် “ငါဆိုတာ” ဟု ပြောသောအခါ သူငယ်ချင်းက မယုံနိုင်အောင်ဖြစ်နေပါသည်။ နောက်ရေးထားတာရှိသေးလား ဆိုပြီးမေးနေ၍ ရေးထားသမျှလေးကို ဟော်လိုဂစ်တာ အဟောင်းလေးခတ်ပြီး ဆိုပြဖြစ်ပါသည်။ နောက်နေ့တွင် ဘလက်ရေးထား၍ သူကြိုက်သောသီချင်းလေးများကို စာရွက်နှင့် ရေးခိုင်း၍ ဘလက် ရေးပေးခဲ့ရပါသည်။ ထိုသူငယ်ချင်းဖွပါသဖြင့် ဘလက် သီချင်းရေးတတ်ကြောင်း သူငယ်ချင်းများကြားတွင် ပွသွားပါတော့သည်။

သို့နှင့် သူငယ်ချင်းက ဘလက်သီချင်းတွေကို သူကိုယ်တိုင် ဆိုချင်ပါသည်ဆိုသဖြင့် (သူငယ်ချင်းက တော်တော်ချမ်းသာတယ်လို့ ကြိုပြောထားတယ်နော်) ဘယ်လို အသံသွင်းရသလဲ စုံစမ်းရာမှ  ဒရမ် တီးသော ကိုစန်းချိုလင်း (အဆိုတော် ရုပ်ရှင်မင်းသမီး အကယ်ဒမီ် ငြိမ်းငြိမ်းအိ ၏ ခင်ပွန်း) နှင့် အဆက်အသွယ်ရပါသည်။ ကိုစန်းချိုလင်း စီစဉ်ပေးမှုဖြင့် ရွှေတောင်ကြားထဲက ခင်စံပယ်ဦး စတူဒီယို တွင် အသံသွင်းဘို့ ဖြစ်လာပါသည်။

တီးဝိုင်းကတော့ ဆက်ရှင်ပလေယာတွေပဲ ခေါ်တီးဖြစ်ပါသည်။ ဘေ့စ် ကိုဖိုးကလဲ၊ လိဒ် ကိုမြတ်စိုး၊ ကီးဘုတ် ကိုသက် (အိုအေစစ်)၊ ဒရမ် ကိုစန်းချိုလင်း တို့ ဖြင့် ခင်စံပယ်ဦး စတူဒီယို တွင် သီချင်းသွင်းကြရန် အစီအစဉ်ဖြစ်သွားပါသည်။ ထိုစဉ်က ခင်စံပယ်ဦး စတူဒီယိုမှာ 8 tracks ဖြစ်ပါသည်။ သီချင်းများကို ကိုစန်းချိုလင်းက arrangement လုပ်ပေးပါသည်။ ရည်ရွယ်သည်က ၁၄ ပုဒ်လောက် သီဆိုအသံသွင်းရန်ဖြစ်ပါသည်။ သီချင်းလေးပုဒ်ခန့် အတီးပိုင်းပြတ်သွားသောအခါ ဘလက် သူငယ်ချင်းက အကြမ်း ဝင်ဆိုပါလေတော့၏။ ထိုအခါ……။

14 comments

  • Moe Z

    October 30, 2011 at 10:09 am

    ဟာ..တကယ်လား ဘဘ ဘလက်ရဲ့..ရွာထဲမှာသီချင်းရေးဆရာလည်းရှိတယ်လား
    အခုဆက်ပြီးလှုပ်ရှားလို့ရသေးတယ် ရွာသူရွာသားတွေထဲက ဝါသနာပါတဲ့သူတွေစုပြီးဆီးသီးထုပ်ရအောင်
    မိုးစက်ကဂစ်တာတီးမယ် 🙂

    Reply

  • ပေါက်ဖော်

    October 30, 2011 at 10:19 am

    ဦးချော..သီချင်း ကျနော်ဆိုလိုက်ရင် ပေါက်မှာ သေချာတယ်..
    ကျနော့်သံက အောင်တယ်..
    ညဘက်တွေဆို ပုလင်းထောင်ပြီး…ပလက်ဖောင်းမှာ..အာဗြဲကြီးနဲ ့..အော်အော်နေကြ..
    တိုက်ခန်းပေါ်ကနေ..မြေကြီးခဲတွေ ယမ်ယမ်ထုပ် တွေနဲ ့ပေါက်ပြီး အားပေးကြတယ်..
    ကျနော်ဆိုမယ်နော့်..ပေါက်စေရမယ်..စိတ်ချ
    😆

    Remix မှာ Disco တွေဘာတွေကော ဖန်တီးသေးလား..
    DJ တွေဘာတွေကော လုပ်တတ်လား…
    ဒီဂျေ ဆို ကျနော် ထ.က ပြမလို ့ပါ
    😆

    Reply

    • manawphyulay

      October 30, 2011 at 11:43 am

      ဟဟ ဦးချောရေ…. ပေါက်ဖော်ကို ပေးဆိုလို့ကတော့ မှားမယ်နော်………. တိုက်တာ အဆောက်အအုံတွေ ဆောက်ဖို့အတွက် မဝယ်မခြမ်းရပဲ အလကားလိုလိုရမှာတော့ မြင်ယောင်သေးတယ်…

      Reply

  • koyinmaung

    October 30, 2011 at 11:25 am

    ဘယ်ဆိုးလို့တုန်း…
    ရွာထဲမှာ တေးရေးဆရာကိုဘလက်
    သင်္ဘောသားလေးအီးတီ
    ဓါတ်ပုံဆရာ ဆရာပေါက်နဲ့ ကိုဘလက်
    ကဗျာဆရာကတော့များသဗျို ..
    မန်းလေးရွာကြီးတော်တော် စည်ကားလာပြီနော်….
    ဆက်ရေးပါအုံး…အားပေနေပါတယ်

    Reply

  • windtalker

    October 30, 2011 at 12:11 pm

    ကိုဘလက် ဆီမှာ ကျုပ် အတွက် သီချင်းတစ်ပုဒ်ရေးပေးဖို ့အပ်ရဦးမယ်
    အိမ်က မိန်းမက ဂျစ်ရင် ချော့ဆိုလေး ဆိုပြရ သပ
    ရေးပေးပါနော်

    Reply

  • Koyin Sithu

    October 30, 2011 at 12:39 pm

    မော်ဒန်တေးရေးဆရာ… တေးသံက
    ဘာလိုင်းလဲ … ရော့ခ်လား၊ ပေါ့ခ်လား၊ ရက်ပ်ပါ..လား..
    ကိုရင်စည့်ကို တစ်ပုဒ်လောက်ရေးပေးပါလား..
    သင်ပုန်းကြီးအံ့ခဲ့တာဆိုတော့… အသံအောင်ပါတယ်ဂျ..
    အားပေးနေမယ်..
    သီချင်းရေးတဲ့ ဘလောချက် !!!!

    Reply

  • Mr.Know-All

    October 30, 2011 at 12:46 pm

    အဲဒီအခါကျရင် windtalker ဇနီးပြန်ဆိုဖို့သီချင်းလေး ကျွန်တော်စပ်ပေးမယ်
    …..”မတားနဲ့ နောက်မဆုတ်ဘူး… ဂျစ်မယ်ဆက်ပြီး ဂျစ်နေမယ်
    မဆိုနဲ့ နင့် သီချင်းတွေလည်း သိတယ် ကိုဘလက် ရေးပေးတယ်”………
    ဟိ စိတ်မဆိုးရဘူးနော် စတာ

    Reply

  • ဆူး

    October 30, 2011 at 1:33 pm

    ဦးလေး အမဲဆီ ရေ ခံစားချက် ရှိရင် ပေါက်တတ်ကြတယ် ထင်တာပဲ..
    တနေ့ တနေ့ FM တွေ ဖွင့်ထားရင် အောင်လ တယောက် တနေ့ တခါတော့ တောင်းပန်တာ တခါတလေ ဒီလိုင်းက တောင်းပန်လို့ နောက်တလိုင်းပြောင်းလိုက် နောက်တခါ တောင်းပန်နေတယ်။ သူက တောင်းပန်တာ များတော့ တော်တော် အားနာ လာတယ်။ ကိုယ်နဲ့ မဆိုင်ပေမဲ့ တောင်းပန်နေတာ များတော့ နားငြီးသလိုတောင် ဖြစ်နေပြီ။ ဦးလေး အမဲဆီလည်း အိမ်က မိန်းမ ကို ပြသနာ ရှာလိုက်လေ.. စောခူဆဲ လိုမျိုး မိန်းမကို ချော့လိုက်တာ (တောင်းပန်တာ) ပေါက်သွားတာမျိုး..
    ဦးလေး အမဲဆီကြီး အိမ်သူက လက်သံပြောင်တဲ့ မိန်းမ ဆိုရင်တော့ တောင်းပန်ချိန်မရလိုက်ရင်လည်း အာလူးဘူးသီး ထတဲ့ အကြောင်း သေးသေးလေးကော ကြီးကြီးကော ဖုသွားတယ် ဆိုပြီး သီချင်း ထပ်ရသွားပြန်ကော.. အဟိ.. [{(ခင်လို့ နောက်တာ စိတ်ဆိုးရဘူးနော်..။) (သဂျီး လေသံ)}]
    သိပ်သိပ်ချစ်ရတယ် နွဲ့တင်ရယ်.. အဲဟယ်… သိပ်သိပ်ခစ်ရတယ် ချောကတော်ရယ်…

    Reply

  • pooch

    October 30, 2011 at 2:16 pm

    MG ရွာအကြောင်းသီချင်းလေး စပ်ပေးရင်ကောင်းမှာ….. သူကြီးကတော့ ပင်တိုင်အဆိုရှင်ပေါ့ ရွာ သားတွေက တော့ ဟာမိုနီလိုက်လိမ့်မယ်…..ပြီးရင်ခဲမိုးရွာမှာမို့ ပြေးဖို့သာပြင်ထားပေါ့ …. 😛

    Reply

  • thit min

    October 30, 2011 at 6:06 pm

    သရဖီကိုဘဲသွားရတာပေါ့နော်။
    အင်း……………….
    ကိုဘလက်ကိုမြင်ဘူးချင်ပါတယ်။
    အရင်ကမြင်ဘူးချင်မြင်ဘူးမှာမလို့လေ။
    ကျနော်ကိုတော့မြင်ဘူးတယ်ဆိုတော့။
    ဘာဘဲဖြစ်ဖြစ်နောက်ဆုံကြမှာဘဲလေ။

    Reply

  • etone

    October 31, 2011 at 9:41 am

    ကိုချောကလက်ကြီးက etone ကိုမှ မဆိုခိုင်းပဲ …
    etone သီချင်းဆိုလျှင် လျှမ်းလျှမ်းတောက်ဖြစ်သွားမှာစိုးလို့ … အမေက ဖျောင်းဖျောင်းဖျဖျနဲ့ သမီးလေးရယ် သီချင်းဆိုတာကလွဲလျှင် ကြိုက်တာလုပ်နော်လို့ … ပြောထားရဒယ် :mrgreen:

    မှတ်မှတ်ရရ ရုံးပိတ်ရက် … ဘယ်သူမှ မရှိတုန်း တံခါးပိတ်ပြီး ကာရာအိုကေဆိုနေတာ … (အဲ့ဒီအချိန် အိမ်ရှေ့ဗလီကလည်း ဘာတွေ အော်နေမှန်းမသိဘူး … ) အမေတို့ အပြင်က ပြန်လာလို့ တခါး ခေါက်တာ အော်မကြား ၊ ခေါ်မကြားပဲ … ဖုန်းဆက်တော့လည်း အသံမကြား … ။ လေးဆယ့်ငါးမိနစ်လောက် တံခါးဝမှာ ရပ်စောင့်လိုက်ရတယ်တဲ့ … နောက်ပိုင်း အမေက အပြင်သွားမယ်ဆိုလျှင် … သီချင်းဆိုမယ့် မိုက်ကိုဖွက်ထားလေတော့တယ် … 😛

    (ဆူးရေ … ဒီတခါ … မြို့ထဲက 38 လမ်းအိမ်မှာပါ 🙂 )

    Reply

    • ကြောင်ကြီး

      October 31, 2011 at 9:55 am

      ဘလက်ရေ
      ဖော်ပြတယ်ဆိုတာ
      တော်ကြလို့ကွဲ့
      စော်မရသူတွေက
      မော်ကြွနိုင်ပါ့မလား
      ဇော်ကကြည့်ပြန်တော့
      ညှော်ထပြီနဲ့ရိကြတယ်
      အော်ဗမာ့ငပိ….။ 🙁

      ကြောင်ကြီး ကောင်မလေးတွေအတွက် သီးသန့်strip show uတဲ့အခါသုံးဖို့ sexy မြူးမြူးကြွကြွ သီချင်းလေး တပုဒ်လောက် စပ်ပေးပါနော်။ သီချင်းရေးခအဖြစ် ဘလက်ချောအတွက် ပရိုက်ဗိတ်ရှိုးပွဲ လုပ်ပေးပါ့မယ်..။ 😳

      Reply

  • inz@ghi

    October 31, 2011 at 10:08 am

    ဂယ်နော် ဆြာ ဘလက်…

    တားရဲ ချိုချင်ရို့ …

    ကိုယ်ပိုင်မော်ဒလယ် မချိလို့ ကိုယ်ပိုင်မော်ဒလယ် ဆောင်ထားနိုင်တဲ့
    ဒါ့ပုံဆြာတွေကြားမှာ သူရို့ မော်ဒလယ်ကို ကပ်ရိုက်ရင်း ..မျက်နှာငယ်ရတဲ့
    ဒါ့ပုံသမား ဘွ အကြောင်းရေးပေးပါ …
    😀

    Reply

  • pan pan

    October 31, 2011 at 10:55 am

    ဦးချောက အနုပညာပါရမီကိုရှိတယ်ထင်ပါရဲ့
    စာရေးလည်းကောင်းတယ်
    မpoochပြောသလို ရွာသီချင်းရေးမယ်ဆိုရင် မetoneကိုမဆိုခိုင်းနဲ့
    ဒါလေးတစ်ခုတော့ နားလည်စေချင်သည်
    (အစ်မတော် စိတ်ဆိုးနဲ့နော်၊ စဒါ) :mrgreen:

    Reply

Leave a Reply

Your email address will not be published.